သမၼတ Trump အမႈ ကန္အထက္လႊတ္ေတာ္ ဘယ္လို စစ္ေဆးမလဲ

သမၼတ Trump အမႈ ကန္အထက္လႊတ္ေတာ္ ဘယ္လို စစ္ေဆးမလဲ 
(Zawgyi/Unicode)

အေမရိကန္သမၼတ ေဒၚနယ္လ္ဒ္ ထရမ့္ပ္ဟာ ရာထူးကဖယ္ရွားခံရမယ့္အေရးနဲ႔ တဆင့္နီးလာၿပီျဖစ္ပါတယ္။ သူ႔ကိုတရားစြဲဖို႔ ေအာက္လႊတ္ေတာ္မွာ အတည္ျပဳလိုက္ၿပီျဖစ္တာေၾကာင့္ အထက္လႊတ္ေတာ္မွာ တရားရင္ဆိုင္ရေတာ့မွာပါ။ တရားစစ္ေဆးတဲ့ေနရာမွာ အထက္လႊတ္ေတာ္ရဲ႕ အခန္းက႑က ဘယ္လိုရွိပါသလဲ။ ဗီြအိုေအသတင္းေထာက္ Steve Redisch ရဲ႕သတင္းလႊာကို ကိုေက်ာ္ေက်ာ္သိန္းက ေျပာျပပါမယ္။

သမၼတအေပၚ တရားစြဲမယ့္ စြဲခ်က္ေတြကို ေအာက္လႊတ္ေတာ္က အတည္ျပဳၿပီးျဖစ္တာမို႔ တရားစစ္ေဆးဖုိ႔ရာဟာ အေျခခံ ဥပေဒအရ အထက္လႊတ္ေတာ္ရဲ႕တာဝန္ျဖစ္ပါတယ္။ သမၼတမွာ အျပစ္ရွိတယ္လုိ႔ ဆံုးျဖတ္ရင္ ရာထူးက ဖယ္ရွားခံရမွာပါ။

အေမရိကန္သမၼတကို တရားစြဲဆိုစစ္ေဆးတဲ့ တရားခြင္မွာ တရား႐ံုးခ်ဳပ္ တရားသူႀကီးခ်ဳပ္က သဘာပတိလုပ္ရပါတယ္။Georgetown တကၠသိုလ္ ဥပေဒဘာသာရပ္ ပါေမာကၡ Susan Low Bloch က အခုလုိရွင္းျပပါတယ္။

“အဲဒီလိုမဟုတ္ရင္ အထက္လႊတ္ေတာ္မွာ ဒုတိယသမၼတက သဘာပတိလုပ္ရမွာျဖစ္ၿပီး သူ႔မွာ အက်ဳိးစီးပြား ၿငိစြန္းတာျဖစ္လာပါလိမ့္မယ္။”

ေအာက္လႊတ္ေတာ္အမတ္ အေတာ္မ်ားမ်ားက တရားခြင္မွာ House Manager လို႔ေခၚတဲ့ စြဲခ်ေရွ႕ေနေတြအျဖစ္ ပါဝင္ရပါမယ္။ သူတို႔ရဲ႕အခန္းက႑က သမၼတကို တရားစြဲဆိုၿပီး ရာထူးကဖယ္ရွားဖို႔ ခုိင္လံုေအာင္ တင္ျပၾကရမွာျဖစ္ပါတယ္။ သမၼတအေနနဲ႔ သူ႔အေပၚ စြပ္စြဲခ်က္ေတြကို ေရွ႕ေနေတြနဲ႔ ခုခံကာကြယ္ခြင့္ ရမွာျဖစ္ပါတယ္။

အထက္လႊတ္ေတာ္အမတ္ေတြက ဂ်ဴရီလူႀကီးေတြအျဖစ္ House Manager ေတြ၊ သမၼတရဲ႕ေရွ႕ေနေတြ၊ တင္သြင္းလာတဲ့ တျခား သက္ေသေတြရဲ႕ ထြက္ဆိုခ်က္ေတြကို ၾကားနာရပါမယ္။ သမၼတမွာ အျပစ္ရွိတာေၾကာင့္ ရာထူးကဖယ္ရွားမယ္ဆိုတဲ့ ဆံုးျဖတ္ ခ်က္ကို အထက္လႊတ္ေတာ္အမတ္ ၃ ပံု ၂ ပံုက ေထာက္ခံရပါမယ္။ပါတီစြဲကင္း မူဝါဒေရးရာစင္တာက John Fortier က အခုလိုေျပာပါတယ္။

“သမၼတကို ရာထူးကဖယ္ရွားဖို႔ဆိုရင္ ပါတီႏွစ္ရပ္စလံုးက အမတ္အေရအတြက္ အမ်ားစုက သေဘာတူရပါမယ္။”

အေမရိကန္သမၼတတဦးကို အထက္လႊတ္ေတာ္မွာ တရားစစ္ေဆးတာ ႏွစ္ႀကိမ္ပဲ ရွိဖူးေသးၿပီး အဲဒီႏွစ္ႀကိမ္က သိပ္ကိုကြာျခားပါတယ္။

သမၼတ Andrew Johnson ကို ၁၈၆၈ ခုႏွစ္၊ ေႏြဦးရာသီမွာ စစ္ေဆးတဲ့ တရားခြင္ဟာ သီတင္း ၁၁ ပတ္ၾကာပါတယ္။ သက္ေသ ၄၀ ေက်ာ္ထြက္ဆိုခဲ့ၿပီး လာနားေထာင္တဲ့လူ ျပည့္လွ်ံေနတဲ့ တရားခြင္မွာ အထက္လႊတ္ေတာ္အမတ္ေတြ မိန္႔ခြန္းေျပာၾကပါတယ္။ စြဲခ်က္ ၁၁ ခု တင္သြင္းခဲ့ၿပီး သံုးခုပဲ မဲခြဲဆံုးျဖတ္တဲ့အဆင့္ ေရာက္ပါတယ္။

အထက္လႊတ္ေတာ္အမတ္ ၅၄ ေယာက္မွာ အမ်ားစုက သမၼတ Johnson ကိုအေရးယူဖို႔ ေထာက္ခံေပမယ့္ အျပစ္ရွိတယ္ဆိုၿပီး ရာထူးကဖယ္ရွားဖို႔လိုအပ္တဲ့ ေထာက္ခံမဲ ၃ ပံု ၂ ပံုရဖို႔ တမဲလိုခဲ့ပါတယ္။

ဒါနဲ႔ပတ္သက္ၿပီး Vanderbilt တကၠသိုလ္က Thomas Schwartz က အခုလိုရွင္းျပပါတယ္။

“ဒါေၾကာင့္ ၃ ပံု ၂ ပံုေထာက္ခံမဲက တကယ့္ကို ထူးျခားပါတယ္။ အျပစ္ရွိေၾကာင္း အထက္လႊတ္ေတာ္မွာ ဆံုးျဖတ္ဖို႔ သိပ္မ်ားတဲ့ေထာက္ခံမႈ လိုပါတယ္။”

သမၼတ Bill Clinton ကို တရားစစ္ေဆးခ်ိန္ကေတာ့ အထက္လႊတ္ေတာ္ဟာ ႏုိင္ငံေရးအရ ပိုၿပီးကြဲျပားပါတယ္။ ရီပတ္ဘလီကန္ က အမ်ားစုျဖစ္ေပမယ့္ ျပန္ေရြးေကာက္ခံရဖို႔ ခက္ခဲတဲ့ေရြးေကာက္ပြဲက ရွိေနတာပါ။

အဲဒီအခ်ိန္က အေျခအေနကို Brookings Institution က William Galston က အခုလိုရွင္းျပပါတယ္။

“အထက္လႊတ္ေတာ္ကို ေရာက္လာတဲ့အခါ ႏွစ္ဘက္လံုးမွာ ေလးစားသမႈနဲ႔ စိတ္သေဘာထားေကာင္း ရွိၾကပါ တယ္။ ဒါေၾကာင့္ ရီပတ္ဘလီကန္နဲ႔ ဒီမိုကရက္ပါတီ ေခါင္းေဆာင္ေတြ တုိင္ပင္ၾကၿပီး ရလဒ္ေပၚ သေဘာမတူေပမယ့္ ဂုဏ္သိကၡာ ရွိ သင့္တင့္ေလ်ာက္ပတ္တဲ့ စစ္ေဆးမႈတခုေပၚ သေဘာတူၾကမလားလို႔ ညႇိၾကၿပီးတဲ့ေနာက္ သေဘာတူခဲ့ၾကတာပါ။”

အမွားနည္းနည္းနဲ႔ ေႏွာင့္ေႏွးမႈမရွိ စစ္ေဆးဖို႔ အထက္လႊတ္ေတာ္အမတ္ေတြ သေဘာတူခဲ့ၿပီး House Manager ေတြနဲ႔ သမၼတ ကလင္တန္ရဲ႕ ေရွ႕ေနေတြ ေလွ်ာက္လဲတာကိုပဲ ၾကားနာခဲ့ပါတယ္။

အထက္လႊတ္ေတာ္အမတ္ေတြ ေမးခ်င္တာကို တရားသူႀကီးခ်ဳပ္ဆီကိုပဲ ေပးပို႔ခြင့္ရၿပီး တရားသူႀကီးခ်ဳပ္က ဖတ္ေပးခဲ့ပါတယ္။

သီတင္းေလးပတ္ၾကာ တရားစစ္ေဆးၿပီးတဲ့ေနာက္ သမၼတကလင္တန္ကို အေရးယူဖို႔လိုအပ္တဲ့ ေထာက္ခံမဲ ၃ ပုံ ၂ ပံု မရခဲ့ပါဘူး။

အခုေတာ့ သမၼတထရမ့္ပ္ကို အေရးယူမလားဆိုတာ အထက္လႊတ္ေတာ္မွာ စစ္ေဆးရေတာ့မွာပါ။ အထက္လႊတ္ေတာ္ လူမ်ားစု ေခါင္းေဆာင္က တရားခြင္ စည္းမ်ဥ္းစည္းကမ္းေတြကို သတ္မွတ္မွာျဖစ္ပါတယ္။

သမၼတကို ရာထူးကဖယ္ရွားဖို႔ အထက္လႊတ္ေတာ္အမတ္ ၁၀၀ မွာ ၆၇ ေယာက္က ေထာက္ခံရမွာျဖစ္ၿပီး အမတ္ ၅၃ ေယာက္ ဟာ သမၼတထရမ့္ပ္ရဲ႕ ရီပတ္ဘလီကန္ပါတီက ျဖစ္ၾကပါတယ္။

.............................

သမ္မတ Trump အမှု ကန်အထက်လွှတ်တော် ဘယ်လို စစ်ဆေးမလဲ

(Unicode)

အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ဟာ ရာထူးကဖယ်ရှားခံရမယ့်အရေးနဲ့ တဆင့်နီးလာပြီဖြစ်ပါတယ်။ သူ့ကိုတရားစွဲဖို့ အောက်လွှတ်တော်မှာ အတည်ပြုလိုက်ပြီဖြစ်တာကြောင့် အထက်လွှတ်တော်မှာ တရားရင်ဆိုင်ရတော့မှာပါ။ တရားစစ်ဆေးတဲ့နေရာမှာ အထက်လွှတ်တော်ရဲ့ အခန်းကဏ္ဍက ဘယ်လိုရှိပါသလဲ။ ဗွီအိုအေသတင်းထောက် Steve Redisch ရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

သမ္မတအပေါ် တရားစွဲမယ့် စွဲချက်တွေကို အောက်လွှတ်တော်က အတည်ပြုပြီးဖြစ်တာမို့ တရားစစ်ဆေးဖို့ရာဟာ အခြေခံ ဥပဒေအရ အထက်လွှတ်တော်ရဲ့တာဝန်ဖြစ်ပါတယ်။ သမ္မတမှာ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင် ရာထူးက ဖယ်ရှားခံရမှာပါ။

အမေရိကန်သမ္မတကို တရားစွဲဆိုစစ်ဆေးတဲ့ တရားခွင်မှာ တရားရုံးချုပ် တရားသူကြီးချုပ်က သဘာပတိလုပ်ရပါတယ်။Georgetown တက္ကသိုလ် ဥပဒေဘာသာရပ် ပါမောက္ခ Susan Low Bloch က အခုလိုရှင်းပြပါတယ်။

“အဲဒီလိုမဟုတ်ရင် အထက်လွှတ်တော်မှာ ဒုတိယသမ္မတက သဘာပတိလုပ်ရမှာဖြစ်ပြီး သူ့မှာ အကျိုးစီးပွား ငြိစွန်းတာဖြစ်လာပါလိမ့်မယ်။”

အောက်လွှတ်တော်အမတ် အတော်များများက တရားခွင်မှာ House Manager လို့ခေါ်တဲ့ စွဲချရှေ့နေတွေအဖြစ် ပါဝင်ရပါမယ်။ သူတို့ရဲ့အခန်းကဏ္ဍက သမ္မတကို တရားစွဲဆိုပြီး ရာထူးကဖယ်ရှားဖို့ ခိုင်လုံအောင် တင်ပြကြရမှာဖြစ်ပါတယ်။ သမ္မတအနေနဲ့ သူ့အပေါ် စွပ်စွဲချက်တွေကို ရှေ့နေတွေနဲ့ ခုခံကာကွယ်ခွင့် ရမှာဖြစ်ပါတယ်။

အထက်လွှတ်တော်အမတ်တွေက ဂျူရီလူကြီးတွေအဖြစ် House Manager တွေ၊ သမ္မတရဲ့ရှေ့နေတွေ၊ တင်သွင်းလာတဲ့ တခြား သက်သေတွေရဲ့ ထွက်ဆိုချက်တွေကို ကြားနာရပါမယ်။ သမ္မတမှာ အပြစ်ရှိတာကြောင့် ရာထူးကဖယ်ရှားမယ်ဆိုတဲ့ ဆုံးဖြတ် ချက်ကို အထက်လွှတ်တော်အမတ် ၃ ပုံ ၂ ပုံက ထောက်ခံရပါမယ်။ပါတီစွဲကင်း မူဝါဒရေးရာစင်တာက John Fortier က အခုလိုပြောပါတယ်။

“သမ္မတကို ရာထူးကဖယ်ရှားဖို့ဆိုရင် ပါတီနှစ်ရပ်စလုံးက အမတ်အရေအတွက် အများစုက သဘောတူရပါမယ်။”

အမေရိကန်သမ္မတတဦးကို အထက်လွှတ်တော်မှာ တရားစစ်ဆေးတာ နှစ်ကြိမ်ပဲ ရှိဖူးသေးပြီး အဲဒီနှစ်ကြိမ်က သိပ်ကိုကွာခြားပါတယ်။

သမ္မတ Andrew Johnson ကို ၁၈၆၈ ခုနှစ်၊ နွေဦးရာသီမှာ စစ်ဆေးတဲ့ တရားခွင်ဟာ သီတင်း ၁၁ ပတ်ကြာပါတယ်။ သက်သေ ၄၀ ကျော်ထွက်ဆိုခဲ့ပြီး လာနားထောင်တဲ့လူ ပြည့်လျှံနေတဲ့ တရားခွင်မှာ အထက်လွှတ်တော်အမတ်တွေ မိန့်ခွန်းပြောကြပါတယ်။ စွဲချက် ၁၁ ခု တင်သွင်းခဲ့ပြီး သုံးခုပဲ မဲခွဲဆုံးဖြတ်တဲ့အဆင့် ရောက်ပါတယ်။

အထက်လွှတ်တော်အမတ် ၅၄ ယောက်မှာ အများစုက သမ္မတ Johnson ကိုအရေးယူဖို့ ထောက်ခံပေမယ့် အပြစ်ရှိတယ်ဆိုပြီး ရာထူးကဖယ်ရှားဖို့လိုအပ်တဲ့ ထောက်ခံမဲ ၃ ပုံ ၂ ပုံရဖို့ တမဲလိုခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး Vanderbilt တက္ကသိုလ်က Thomas Schwartz က အခုလိုရှင်းပြပါတယ်။

“ဒါကြောင့် ၃ ပုံ ၂ ပုံထောက်ခံမဲက တကယ့်ကို ထူးခြားပါတယ်။ အပြစ်ရှိကြောင်း အထက်လွှတ်တော်မှာ ဆုံးဖြတ်ဖို့ သိပ်များတဲ့ထောက်ခံမှု လိုပါတယ်။”

သမ္မတ Bill Clinton ကို တရားစစ်ဆေးချိန်ကတော့ အထက်လွှတ်တော်ဟာ နိုင်ငံရေးအရ ပိုပြီးကွဲပြားပါတယ်။ ရီပတ်ဘလီကန် က အများစုဖြစ်ပေမယ့် ပြန်ရွေးကောက်ခံရဖို့ ခက်ခဲတဲ့ရွေးကောက်ပွဲက ရှိနေတာပါ။

အဲဒီအချိန်က အခြေအနေကို Brookings Institution က William Galston က အခုလိုရှင်းပြပါတယ်။

“အထက်လွှတ်တော်ကို ရောက်လာတဲ့အခါ နှစ်ဘက်လုံးမှာ လေးစားသမှုနဲ့ စိတ်သဘောထားကောင်း ရှိကြပါ တယ်။ ဒါကြောင့် ရီပတ်ဘလီကန်နဲ့ ဒီမိုကရက်ပါတီ ခေါင်းဆောင်တွေ တိုင်ပင်ကြပြီး ရလဒ်ပေါ် သဘောမတူပေမယ့် ဂုဏ်သိက္ခာ ရှိ သင့်တင့်လျောက်ပတ်တဲ့ စစ်ဆေးမှုတခုပေါ် သဘောတူကြမလားလို့ ညှိကြပြီးတဲ့နောက် သဘောတူခဲ့ကြတာပါ။”

အမှားနည်းနည်းနဲ့ နှောင့်နှေးမှုမရှိ စစ်ဆေးဖို့ အထက်လွှတ်တော်အမတ်တွေ သဘောတူခဲ့ပြီး House Manager တွေနဲ့ သမ္မတ ကလင်တန်ရဲ့ ရှေ့နေတွေ လျှောက်လဲတာကိုပဲ ကြားနာခဲ့ပါတယ်။

အထက်လွှတ်တော်အမတ်တွေ မေးချင်တာကို တရားသူကြီးချုပ်ဆီကိုပဲ ပေးပို့ခွင့်ရပြီး တရားသူကြီးချုပ်က ဖတ်ပေးခဲ့ပါတယ်။

သီတင်းလေးပတ်ကြာ တရားစစ်ဆေးပြီးတဲ့နောက် သမ္မတကလင်တန်ကို အရေးယူဖို့လိုအပ်တဲ့ ထောက်ခံမဲ ၃ ပုံ ၂ ပုံ မရခဲ့ပါဘူး။

အခုတော့ သမ္မတထရမ့်ပ်ကို အရေးယူမလားဆိုတာ အထက်လွှတ်တော်မှာ စစ်ဆေးရတော့မှာပါ။ အထက်လွှတ်တော် လူများစု ခေါင်းဆောင်က တရားခွင် စည်းမျဉ်းစည်းကမ်းတွေကို သတ်မှတ်မှာဖြစ်ပါတယ်။

သမ္မတကို ရာထူးကဖယ်ရှားဖို့ အထက်လွှတ်တော်အမတ် ၁၀၀ မှာ ၆၇ ယောက်က ထောက်ခံရမှာဖြစ်ပြီး အမတ် ၅၃ ယောက် ဟာ သမ္မတထရမ့်ပ်ရဲ့ ရီပတ်ဘလီကန်ပါတီက ဖြစ်ကြပါတယ်။

ေက်ာ္ေက်ာ္သိန္း/VOA Burmese
https://burmese.voanews.com
သမၼတ Trump အမႈ ကန္အထက္လႊတ္ေတာ္ ဘယ္လို စစ္ေဆးမလဲ သမၼတ Trump အမႈ ကန္အထက္လႊတ္ေတာ္ ဘယ္လို စစ္ေဆးမလဲ Reviewed by THITHTOOLWIN on 02:18 Rating: 5
Powered by Blogger.