သမၼတ Trump ကို သိကၡာခ်ဖို႔ ေျမာက္ကိုရီးယား ၿခိမ္းေျခာက္

သမၼတ trump

(Zawgyi/Unicode)

အေမရိကန္ သမၼတ Donald Trump က ေျမာက္ကိုရီးယား အေပၚဆက္ၿပီးရန္စေနမယ္ဆိုရင္ သမၼတ Trump ဂုဏ္သိကၡာထိခိုက္ေစတဲ့ အသံုးအႏႈန္းေတြနဲ႔ ေျမာက္ကိုရီးယားဘက္က ျပန္လည္တုန္႔ျပန္မွာ ျဖစ္ေၾကာင္း ေျမာက္ကိုရီးယား ဒုတိယႏုိင္ငံျခားေရးဝန္ႀကီး (၁) Choe Son Hui က ၾကာသပေတးေန႔မွာ သတိေပးလိုက္ပါတယ္။

ေျမာက္ကိုရီးယားရဲ့ ႏ်ဴကလီယားနဲ႔ ပဲ့ထိန္းတပ္ဒံုးလက္နက္ အစီစဥ္ေတြနဲ႔ ပတ္သက္ၿပီး အေမရိကန္နဲ႔ ေျမာက္ကိုရီးယားတုိ႔ၾကား ညွိႏႈိင္း ေဆြးေႏြးေရး အလားအလာ ေမွးမွိန္ေနခ်ိန္မွာ အခုလိုသတိေပးစကား ေျပာလိုက္တာ ျဖစ္ပါတယ္။

တကယ္လို႔ အေမရိကန္ဘက္က လိုက္ေလ်ာမႈတစံုတရာ မျပႏုိင္ဘူးဆိုရင္ သူ႔ရဲ့ ႏ်ဴကလီယားနဲ႔ တာေဝးပစ္ဒံုးလက္နက္ စမ္းသပ္မႈေတြ ျပန္လည္လုပ္ေဆာင္မွာ ျဖစ္ေၾကာင္း မၾကာခင္ သီတင္းပတ္ေတြ အတြင္းမွာပဲ ေျမာက္ကိုရီးယားက ေျပာခဲ့တာပါ။

လန္ဒန္မွာ က်င္းပတဲ့ NATO စစ္မဟာမိတ္အဖြဲ႔ အစည္းအေဝးမွာ သမၼတ Trump က သူနဲ႔ ေျမာက္ကိုရီးယား ေခါင္းေဆာင္ Kim Jong Un တို႔ၾကား ဆက္ဆံေရးဟာ သိပ္ကို ေကာင္းမြန္ေနေၾကာင္း ေျပာခဲ့ေပမယ့္ ႏ်ဴကလီယားကင္းမဲ့ေအာင္ လုပ္မယ္ဆိုတဲ့ Kim ရဲ႕ ကတိစကားအတိုင္းေတာ့ လုပ္ေဆာင္ဖို႔ တိုက္တြန္းခဲ့ပါတယ္။ ဒါ့အျပင္ Kim ဟာ ဒံုးက်ည္ေတြ ပစ္လႊတ္ဖို႔ႏွစ္သက္တဲ့ သူမို႔ သူက ေရာ့ကက္သမား Rocket man လုိ႔ ေခၚတာ ျဖစ္ေၾကာင္းလည္း ေျပာခဲ့တာပါ။

သမၼတ Trump အခုလို ေျပာတာဟာ အရင္ ၂၀၁၇ ခုႏွစ္တုန္းက Kim နဲ႔ Trump တို႔ၾကား တဖက္နဲ႔တဖက္ နစ္နစ္နာနာ ေျပာဆိုခဲ့တဲ့ သေဘာမ်ိဳးအတိုင္း ျပန္ေျပာေနတာ ဆိုရင္ေတာ့ အင္မတန္အႏၱရာယ္ႀကီးတဲ့ စိန္ေခၚမႈ တခုျဖစ္ေနတယ္လို႔လည္း Choe က ေျပာပါတယ္။

အဲဒီေနာက္ပိုင္းမွာ ေခါင္းေဆာင္ ၂ ဦးၾကား ၃ ႀကိမ္တိုင္တိုင္ ေတြ႔ဆံုခဲ့ၾကေပမယ့္ ညွိႏႈိင္းေဆြးေႏြးမႈေတြ ကေတာ့ အေျခေနေကာင္းမလာ တဲ့အျပင္ တင္းမာမႈေတြ ဆက္ၿပီး တိုးလာေနတာျဖစ္ပါတယ္။

...................

သမ္မတ Trump ကို သိက္ခာချဖို့ မြောက်ကိုရီးယား ခြိမ်းခြောက်

(Unicode)

အမေရိကန် သမ္မတ Donald Trump က မြောက်ကိုရီးယား အပေါ်ဆက်ပြီးရန်စနေမယ်ဆိုရင် သမ္မတ Trump ဂုဏ်သိက္ခာထိခိုက်စေတဲ့ အသုံးအနှုန်းတွေနဲ့ မြောက်ကိုရီးယားဘက်က ပြန်လည်တုန့်ပြန်မှာ ဖြစ်ကြောင်း မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး (၁) Choe Son Hui က ကြာသပတေးနေ့မှာ သတိပေးလိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီယားနဲ့ ပဲ့ထိန်းတပ်ဒုံးလက်နက် အစီစဉ်တွေနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ကြား ညှိနှိုင်း ဆွေးနွေးရေး အလားအလာ မှေးမှိန်နေချိန်မှာ အခုလိုသတိပေးစကား ပြောလိုက်တာ ဖြစ်ပါတယ်။

တကယ်လို့ အမေရိကန်ဘက်က လိုက်လျောမှုတစုံတရာ မပြနိုင်ဘူးဆိုရင် သူ့ရဲ့ နျူကလီယားနဲ့ တာဝေးပစ်ဒုံးလက်နက် စမ်းသပ်မှုတွေ ပြန်လည်လုပ်ဆောင်မှာ ဖြစ်ကြောင်း မကြာခင် သီတင်းပတ်တွေ အတွင်းမှာပဲ မြောက်ကိုရီးယားက ပြောခဲ့တာပါ။

လန်ဒန်မှာ ကျင်းပတဲ့ NATO စစ်မဟာမိတ်အဖွဲ့ အစည်းအဝေးမှာ သမ္မတ Trump က သူနဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un တို့ကြား ဆက်ဆံရေးဟာ သိပ်ကို ကောင်းမွန်နေကြောင်း ပြောခဲ့ပေမယ့် နျူကလီယားကင်းမဲ့အောင် လုပ်မယ်ဆိုတဲ့ Kim ရဲ့ ကတိစကားအတိုင်းတော့ လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် Kim ဟာ ဒုံးကျည်တွေ ပစ်လွှတ်ဖို့နှစ်သက်တဲ့ သူမို့ သူက ရော့ကက်သမား Rocket man လို့ ခေါ်တာ ဖြစ်ကြောင်းလည်း ပြောခဲ့တာပါ။

သမ္မတ Trump အခုလို ပြောတာဟာ အရင် ၂၀၁၇ ခုနှစ်တုန်းက Kim နဲ့ Trump တို့ကြား တဖက်နဲ့တဖက် နစ်နစ်နာနာ ပြောဆိုခဲ့တဲ့ သဘောမျိုးအတိုင်း ပြန်ပြောနေတာ ဆိုရင်တော့ အင်မတန်အန္တရာယ်ကြီးတဲ့ စိန်ခေါ်မှု တခုဖြစ်နေတယ်လို့လည်း Choe က ပြောပါတယ်။

အဲဒီနောက်ပိုင်းမှာ ခေါင်းဆောင် ၂ ဦးကြား ၃ ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ကြပေမယ့် ညှိနှိုင်းဆွေးနွေးမှုတွေ ကတော့ အခြေနေကောင်းမလာ တဲ့အပြင် တင်းမာမှုတွေ ဆက်ပြီး တိုးလာနေတာဖြစ်ပါတယ်။

VOA Burmese
https://burmese.voanews.com
သမၼတ Trump ကို သိကၡာခ်ဖို႔ ေျမာက္ကိုရီးယား ၿခိမ္းေျခာက္ သမၼတ Trump ကို သိကၡာခ်ဖို႔ ေျမာက္ကိုရီးယား ၿခိမ္းေျခာက္ Reviewed by THITHTOOLWIN on 09:28 Rating: 5
Powered by Blogger.