ဘူးသီးတာင္ၿမိဳ႕နယ္ NLD ဥကၠဌ ဦးရဲသိန္းကို လႊတ္ေပးဖို႔မရွိေသးဘူးလို႔ ေအေအေျပာ

(Zawgyi)⤵⤵⤵
ဘူးသီးေတာင္၊ ဒီဇင္ဘာ ၁၇-၂၀၁၉

ေအေအရဲ႕ဖမ္းဆီးျခင္းကိုခံထားရတဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီ ဘူးသီးေတာင္ၿမိဳ႕နယ္ ဥကၠဌ ဦးရဲသိန္းကို အျမန္ဆုံးျပန္လည္လႊတ္ေပးဖို႔အတြက္ NLD ပါတီကေန မေန႔ကရက္စြဲနဲ႔ ေၾကညာခ်က္တစ္ေစာင္ကို ထုန္ျပန္လိုက္ပါတယ္။

အဲ့ဒီေၾကညာခ်က္ကို ထုတ္ျပန္ရတာဟာ ဖမ္းဆီးခံထားရတဲ့ ဦးရဲသိန္းဟာ ပါတီတာဝန္ေတြကို ႐ိုး႐ိုးသားသား လုပ္ကိုင္ေနသူတစ္ဦးျဖစ္ၿပီး ၊ သူ႔ကိုျပန္လည္လႊတ္ေပးေစခ်င္တဲ့အတြက္ ပါတီကေန တာဝန္အရထုတ္ျပန္ရတာျဖစ္တယ္လို႔ ရခိုင္ျပည္နယ္ NLD ပါတီကေနသိရပါတယ္။

“ကိုရဲသိန္းက ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ရဲ႕ ICJ မွာ သြားေရာက္ေျဖရွင္းတာကို ေထာက္ခံပြဲလုပ္ဖို႔အတြက္ စည္း႐ုံးေနတဲ့အခ်ိန္မွာ ဖမ္းဆီးခံလိုက္ရတယ္။ သူက ပါတီလုပ္ငန္းေတြကို လုပ္ေနတာျဖစ္တယ္။ ၿမိဳ႕နယ္ဥကၠဌ တစ္ေယာက္လည္းျဖစ္တဲ့အတြက္ ပါတီကေန လုပ္သင့္တဲ့အတြက္ ဒီထုတ္ျပန္ခ်က္ကို ထုတ္ျပန္လိုက္တာျဖစ္တယ္”လို႔ ရခိုင္ျပည္နယ္ NLD ပါတီ ဒုတိယဥကၠဌ ဦးစိုးေလးက ေျပာပါတယ္။

NLD ပါတီကေတာ့ ဖမ္းဆီးခံေနရတဲ့ ဦးရဲသိန္းကို ျပန္လည္လႊတ္ေပးဖို႔ ေတာင္းဆိုထားေပမယ့္ ေလာေလာဆယ္မွာ စစ္ေဆးစရာေတြရွိေနေသးတဲ့အတြက္ လႊတ္ေပးဖို႔မရွိေသးဘူးလို႔လည္း သိရပါတယ္။

“ဘူးသီးေတာင္ၿမိဳ႕နယ္ ဥကၠဌ ဦးရဲသိန္းကို ကြၽန္ေတာ္တို႔ စစ္ေဆးစရာေတြရွိေနတဲ့အတြက္ ထိန္းသိမ္းထားတာျဖစ္တယ္။ ေလာေလာဆယ္မွာေတာ့ လႊတ္ေပးဖို႔မရွိေသးဘူး”လို႔ ေအေအရဲ႕ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခက ေျပာပါတယ္။

ဦးရဲသိန္းဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၁၁ ရက္ေန႔ကေန ဖမ္းဆီးခံလိုက္ရတာျဖစ္ၿပီး တစ္ပတ္ခန႔္ရွိၿပီျဖစ္ကာ ဖမ္းဆီးခံလိုက္ရတဲ့အခ်ိန္ကေန အဆက္အသြယ္မရရွိဘဲျဖစ္ေနတဲ့အတြက္ ဦးရဲသိန္းေပၚမွာ စိုးရိမ္မႈေတြရွိေနတယ္လို႔လည္း မိသားစုဝင္ေတြက ေျပာဆိုပါတယ္။

တပ္မေတာ္နဲ႔ တိုက္ပြဲေတြျဖစ္ပြားေနတဲ့ ရကၡိဳင့္တပ္ေတာ္ ေအေအကေန အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ပါတီဝင္ေတြျဖစ္တဲ့ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းကို ၿပီးခဲ့တဲ့လက ဖမ္းဆီးခဲ့ၿပီး အခုလ ၁၁ ရက္ေန႔မွာ ဦးရဲသိန္းကို ထပ္မံဖမ္းဆီးလိုက္တာျဖစ္ပါတယ္။

ခိုင္လင္းစံ (VOM)
https://www.facebook.com/GoldenTriangleRegionalNews/
-------------
(Unicode)⤵⤵⤵
ဘူးသီးတာင်မြို့နယ် NLD ဥက္ကဌ ဦးရဲသိန်းကို လွှတ်ပေးဖို့မရှိသေးဘူးလို့ အေအေပြော

ဘူးသီးတောင်၊ ဒီဇင်ဘာ ၁၇-၂၀၁၉

အေအေရဲ့ဖမ်းဆီးခြင်းကိုခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဘူးသီးတောင်မြို့နယ် ဥက္ကဌ ဦးရဲသိန်းကို အမြန်ဆုံးပြန်လည်လွှတ်ပေးဖို့အတွက် NLD ပါတီကနေ မနေ့ကရက်စွဲနဲ့ ကြေညာချက်တစ်စောင်ကို ထုန်ပြန်လိုက်ပါတယ်။

အဲ့ဒီကြေညာချက်ကို ထုတ်ပြန်ရတာဟာ ဖမ်းဆီးခံထားရတဲ့ ဦးရဲသိန်းဟာ ပါတီတာဝန်တွေကို ရိုးရိုးသားသား လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး ၊ သူ့ကိုပြန်လည်လွှတ်ပေးစေချင်တဲ့အတွက် ပါတီကနေ တာဝန်အရထုတ်ပြန်ရတာဖြစ်တယ်လို့ ရခိုင်ပြည်နယ် NLD ပါတီကနေသိရပါတယ်။

“ကိုရဲသိန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ICJ မှာ သွားရောက်ဖြေရှင်းတာကို ထောက်ခံပွဲလုပ်ဖို့အတွက် စည်းရုံးနေတဲ့အချိန်မှာ ဖမ်းဆီးခံလိုက်ရတယ်။ သူက ပါတီလုပ်ငန်းတွေကို လုပ်နေတာဖြစ်တယ်။ မြို့နယ်ဥက္ကဌ တစ်ယောက်လည်းဖြစ်တဲ့အတွက် ပါတီကနေ လုပ်သင့်တဲ့အတွက် ဒီထုတ်ပြန်ချက်ကို ထုတ်ပြန်လိုက်တာဖြစ်တယ်”လို့ ရခိုင်ပြည်နယ် NLD ပါတီ ဒုတိယဥက္ကဌ ဦးစိုးလေးက ပြောပါတယ်။

NLD ပါတီကတော့ ဖမ်းဆီးခံနေရတဲ့ ဦးရဲသိန်းကို ပြန်လည်လွှတ်ပေးဖို့ တောင်းဆိုထားပေမယ့် လောလောဆယ်မှာ စစ်ဆေးစရာတွေရှိနေသေးတဲ့အတွက် လွှတ်ပေးဖို့မရှိသေးဘူးလို့လည်း သိရပါတယ်။

“ဘူးသီးတောင်မြို့နယ် ဥက္ကဌ ဦးရဲသိန်းကို ကျွန်တော်တို့ စစ်ဆေးစရာတွေရှိနေတဲ့အတွက် ထိန်းသိမ်းထားတာဖြစ်တယ်။ လောလောဆယ်မှာတော့ လွှတ်ပေးဖို့မရှိသေးဘူး”လို့ အေအေရဲ့ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။

ဦးရဲသိန်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ကနေ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး တစ်ပတ်ခန့်ရှိပြီဖြစ်ကာ ဖမ်းဆီးခံလိုက်ရတဲ့အချိန်ကနေ အဆက်အသွယ်မရရှိဘဲဖြစ်နေတဲ့အတွက် ဦးရဲသိန်းပေါ်မှာ စိုးရိမ်မှုတွေရှိနေတယ်လို့လည်း မိသားစုဝင်တွေက ပြောဆိုပါတယ်။

တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရက္ခိုင့်တပ်တော် အေအေကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေဖြစ်တဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ပြီးခဲ့တဲ့လက ဖမ်းဆီးခဲ့ပြီး အခုလ ၁၁ ရက်နေ့မှာ ဦးရဲသိန်းကို ထပ်မံဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

ခိုင်လင်းစံ (VOM)
https://www.facebook.com/GoldenTriangleRegionalNews/
ဘူးသီးတာင္ၿမိဳ႕နယ္ NLD ဥကၠဌ ဦးရဲသိန္းကို လႊတ္ေပးဖို႔မရွိေသးဘူးလို႔ ေအေအေျပာ ဘူးသီးတာင္ၿမိဳ႕နယ္ NLD ဥကၠဌ ဦးရဲသိန္းကို လႊတ္ေပးဖို႔မရွိေသးဘူးလို႔ ေအေအေျပာ Reviewed by THITHTOOLWIN on 23:17 Rating: 5
Powered by Blogger.