တပ္နဲ႔ ႀကံ့ခိုင္ေရးရဲ႕ ေျခဥျပင္ေရးမူၾကမ္း NLD ေဝဖန္

NLD ပါတီ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမတ္ေလးဦး ျပည္ေထာင္စုလႊတ္ေတာ္မွာ ၂၀၁၉ ဒီဇင္ဘာ ၅ ရက္ေန႔ကေဆြး‌ေႏြးစဥ္
(Zawgyi)⤵⤵⤵
ဖြဲ႕စည္းပုံ ျပင္ဆင္ေရးအတြက္ လႊတ္ေတာ္က ပူးေပါင္းေကာ္မတီ ဖြဲ႕စည္းၿပီးခ်ိန္ေနာက္ပိုင္းမွ တပ္မေတာ္နဲ႔ ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီတို႔ဘက္က ျပင္ဆင္ေရးမူၾကမ္းေတြ ဆက္တိုက္တင္လာတာဟာ ေစတနာေကာင္းနဲ႔ လုပ္ေနတာလားဆိုတာ သံသယျဖစ္မိတယ္လို႔ NLD ပါတီ လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ဦးက ေဝဖန္ လိုက္ပါတယ္။

လႊတ္ေတာ္ကို ဖ်က္သိမ္းဖို႔ သမၼတကို အႀကံေပးႏိုင္တဲ့ အခြင့္အေရးရွိတဲ့ အမ်ိဳးသားကာကြယ္ေရးနဲ႔ လုံၿခဳံေရး ေကာင္စီရဲ႕ တာဝန္နဲ႔ လုပ္ပိုင္ခြင့္ကို ျပင္ဆင္ထည့္သြင္းထားတဲ့ ဥပေဒမူၾကမ္းအေပၚ အစီရင္ခံစာကို ျပည္ေထာင္ စုလႊတ္ေတာ္မွာ ဒီေန႔ ေဆြးေႏြးစဥ္ ထည့္သြင္းေျပာဆိုခဲ့တာပါ။

ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီက ဦးစိုင္းသန္းႏိုင္နဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ ၁၄၅ ဦးက အမ်ိဳးသားကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီရဲ႕ လုပ္ပိုင္ခြင့္တာဝန္ေတြကို တိုးျမႇင့္ျပင္ဆင္ဖို႔ အခ်က္အပါအဝင္ ဥပေဒပုဒ္မ ၃ ခုကို ျပင္ဆင္ဖို႔ မူၾကမ္းကို လႊတ္ေတာ္ကို တင္ျပထားတာပါ။ အဲဒီမူၾကမ္းနဲ႔ပတ္သက္လို႔ ‌ေတြ႕ရွိခ်က္ အစီရင္ခံစာကို လႊတ္ေတာ္မွာ ဒီေန႔ ေဆြးေႏြးၾကတာပါ။

အုပ္ခ်ဳပ္ေရးနဲ႔ ဥပေဒျပဳေရးက႑ အျပန္အလွန္ထိန္းေက်ာင္း ေဆာင္႐ြက္ရာမွာ သမၼတစနစ္ ပိုမိုပီျပင္ေစဖို႔ သမၼတက အမ်ိဳးသားကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီရဲ႕ေထာက္ခံခ်က္နဲ႔ လႊတ္ေတာ္ေတြကို ဖ်က္သိမ္းႏိုင္တဲ့ အခြင့္အေရးရရွိေစဖို႔ ျပင္ဆင္တာျဖစ္ေၾကာင္း လႊတ္ေတာ္ကိုတင္ျပတဲ့ အဲဒီဥပေဒမူၾကမ္းမွာ ေဖာ္ျပထားပါတယ္။

NLD ပါတီ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမတ္ေလးဦးက ဖြဲ႕စည္းပုံျပင္ဆင္ေရးအတြက္ လႊတ္ေတာ္က ပူးေပါင္းေကာ္မတီ ဖြဲ႕စည္းၿပီးခ်ိန္မွာ မူၾကမ္းေတြဆက္တိုက္ တင္လာတာဟာ ႐ိုးသားၿပီး ေစတနာေကာင္းနဲ႔ လုပ္ေနတာလားဆိုတာ သံသယျဖစ္မိတယ္လို႔ ေဝဖန္ပါတယ္။

တပ္မေတာ္နဲ႔ ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီတို႔ ပူးေပါင္းၿပီး ဖြဲ႕စည္းပုံ ျပင္ဆင္ဖို႔ ျပည္ေထာင္စု လႊတ္ေတာ္ကို တင္ျပ ထားတဲ့ ဥပေဒမူၾကမ္း ငါးခုရွိပါတယ္။

ဒီမူၾကမ္းေတြကို NLD ပါတီက ကိုယ္စားလွယ္ အမ်ားစုပါဝင္တဲ့ ဖြဲ႕စည္းပုံျပင္ဆင္ေရး ၄၅ ဦး ပူးေပါင္းေကာ္မတီရဲ႕ အစီရင္ခံစာၿပီးမွသာ တၿပိဳင္ထဲယွဥ္တြဲၿပီး ေဆြးေႏြးမယ္လို႔ လႊတ္ေတာ္မွာ မဲခြဲၿပီးဆုံးျဖတ္ခဲ့တဲ့အေပၚ  ကန႔္ကြက္မႈ တခ်ိဳ႕ ရွိေနတာပါ။

ကာလုံနဲ႔ ပတ္သက္ၿပီး ျဖည့္စြက္ထားတဲ့ အခ်က္ေတြထဲမွာ ဥပေဒျပဳေရးနဲ႔ အုပ္ခ်ဳပ္ေရးက႑အခ်င္းခ်င္း အျပန္အလွန္ထိန္းေက်ာင္းမႈ ယိုယြင္းလာတဲ့အခါ လႊတ္ေတာ္ကို ဖ်က္သိမ္းဖို႔ သင့္၊ မသင့္ သမၼတကို ကာလုံက အႀကံေပးဖို႔၊ ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္အေရအတြက္ သုံးပုံတစ္ပုံနဲ႔အထက္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ လစ္လပ္သြားပါက လႊတ္ေတာ္ကို ဖ်က္သိမ္းဖို႔ သင့္၊ မသင့္ သမၼတကို အႀကံေပးဖို႔ စတဲ့အခ်က္ေတြ ပါဝင္ပါတယ္။

၂၀၀၈ ဖြဲ႕စည္းပုံမွာ အမ်ိဳးသားကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီ ဖြဲ႕စည္းျခင္းသာပါရွိၿပီး အခုျပင္ဆင္ဖို႔ တင္သြင္းတဲ့ ဥပေဒၾကမ္းမွာ ကာလုံရဲ႕ တာဝန္ေတြကို တိုးျမႇင့္ၿပီး ထပ္မံျဖည့္စြက္ထားပါတယ္။

NLD ဦးေဆာင္တဲ့ အစိုးရသက္တမ္းအတြင္း အမ်ိဳးသားကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီ ေခၚယူဖူးျခင္း မရွိေသးပါဘူး။

တပ္မေတာ္သား အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဒုတိယဗိုလ္မႉးႀကီး မ်ိဳးထြန္းေအာင္ က တင္သမွ် မူၾကမ္းေတြကို မဲခြဲဆုံးျဖတ္ၿပီး ေ႐ႊ႕ဆိုင္းေနရင္ ဒီမိုကေရစီအႏိုင္က်င့္မႈအျဖစ္ ျပည္သူလူထုက ယူဆႏိုင္လို႔ သတိျပဳဖို႔လိုေၾကာင္း ေထာက္ျပေဆြးေႏြးပါတယ္။ ဒီတင္ျပခ်က္ကိုလည္း NLD ကိုယ္စားလွယ္ေတြက ကန႔္ကြက္ၾကပါတယ္။

ဒုတိယဗိုလ္မႉးႀကီး မ်ိဳးထြန္းေအာင္ရဲ႕ ေဆြးေႏြးခ်က္မွာ ေကာ္မတီရဲ႕ အစီရင္ခံစာနဲ႔ မပတ္သက္တဲ့ ဝန္ႀကီးခ်ဳပ္ ဦးႏုလက္ထက္က အာဏာရွင္ဆန္ဆန္ ျပဳမူခဲ့တာေတြ၊  ဗိုလ္ခ်ဳပ္ႀကီး ေနဝင္းက တိုင္းျပည္အေျခအေန အရပ္ ရပ္ေၾကာင့္ အာဏာသိမ္းခဲ့ရတာေတြ၊ ဒီမိုကေရစီအႏိုင္က်င့္မႈစတဲ့ ေျပာဆိုခ်က္ေတြပါဝင္တဲ့အတြက္ NLD ပါတီက ဦးေအာင္ၾကည္ၫြန႔္က မတ္တပ္ရပ္ ကန႔္ကြက္ခဲ့တာပါ။

ျပည္ေထာင္စုလႊတ္ေတာ္ နာယက က ကိုယ္စားလွယ္ေတြ အားလုံးရဲ႕ ေဆြးေႏြးခ်က္ေတြကို ျပန္လည္စိစစ္ၿပီး စည္းကမ္းနဲ႔ မညီတာေတြကို ပယ္ဖ်က္မယ္လို႔ တုံ႔ျပန္ေျပာၾကားခဲ့ပါတယ္။

ဒီေန႔ လႊတ္ေတာ္ အစည္းအေဝးမွာ NLD ပါတီက ကိုယ္စားလွယ္တစ္ဦး ေဆြးေႏြးရာမွာ အာဏာရွင္ဆိုတဲ့ စကားအသုံးအႏႈန္း ပါဝင္တဲ့အတြက္ တပ္မေတာ္သား  ကိုယ္စားလွယ္ေတြဘက္ကလည္း ကန႔္ကြက္တာေတြ ရွိခဲ့ပါတယ္။

လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚထုေမက အေျခခံဥပေဒ ျပင္ဆင္ေရးနဲ႔ ပတ္သက္လို႔ ဘယ္လမ္းေၾကာင္းက ျပင္ဆင္မလဲဆိုတာ တပ္မေတာ္၊ အတိုက္အခံပါတီ USDP နဲ႔ အာဏာရပါတီတို႔အၾကား သေဘာထား ကြဲလြဲ ေနေပမယ့္ ဖြဲ႕စည္းပုံ ျပင္ရမယ္၊ တိုင္းရင္းသားအခြင့္အေရးေတြ ထည့္သြင္းရမယ္လို႔ ႏွစ္ဖက္လုံးက ထပ္ခါ ထပ္ခါ ေျပာေနၾကတဲ့အတြက္ သဘာထားတိုက္ဆိုင္မႈေတာ့ရွိေနတယ္လို႔ ယူဆေၾကာင္း ေျပာပါတယ္။

တိုင္းရင္းသားေတြ အခြင့္အေရးအတြက္ အမွန္တကယ္ ဖြဲ႕စည္းပုံ ျပင္လိုတယ္ဆိုရင္ ျပင္ဆင္ဖို႔ အခြင့္အာဏာရွိတဲ့ အစုအဖြဲ႕ေတြအေနနဲ႔ ျငင္းခုန္မေနပဲ ပူးေပါင္းေဆာင္႐ြက္ဖို႔ ရခိုင္ျပည္နယ္မဲဆႏၵနယ္ အမွတ္ ၁၁ က အမ်ိဳးသား လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚထုေမက တိုက္တြန္းခဲ့ပါတယ္။

လႊတ္ေတာ္နာယက ဦးတီခြန္ျမတ္က ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးလုပ္ငန္းနဲ႔ ပတ္သက္ၿပီး ဒီလႊတ္ေတာ္ သက္တမ္းအတြင္းပဲ အၿပီးေဆာင္႐ြက္သြားမယ္လို႔ ဒီဇင္ဘာလ ၃ ရက္ေန႔ကက်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာ အသိေပးေျပာၾကားခဲ့ပါတယ္။

ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီက ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေမာင္ျမင့္က ဖြဲ႕စည္းပုံျပင္ဆင္ေရးအတြက္ အဆုံးအျဖတ္ေပးရမွာ လႊတ္ေတာ္ကိုယ္စားလွယ္အားလုံးရဲ႕ ဆႏၵမဲနဲ႔သာျဖစ္လို႔ နာယကတစ္ဦးထဲလုပ္လို႔ မရႏိုင္ေၾကာင္း ေျပာပါတယ္။

ဒါ့အျပင္ ဖြဲ႕စည္းပုံ ျပင္ဆင္ေရးအတြက္ အခ်ိန္ဇယားကို ခ်ျပရမွာက ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီရဲ႕ တာဝန္သာ ျဖစ္တယ္လို႔လည္း ေဝဖန္ပါတယ္။

ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီက ဦးစိုင္းသန္းႏိုင္နဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ ၁၄၅ ဦး တင္သြင္းတဲ့ ဒီမူၾကမ္းကို ေဆြးေႏြးဖို႔ စာရင္းေပးထားတဲ့ ကိုယ္စားလွယ္ စုစုေပါင္း ၄၅ ဦးရွိၿပီး ေနာက္ရက္ေတြမွာက်င္းပမယ့္ ျပည္ေထာင္စုလႊတ္ေတာ္ မွာ ဆက္ေဆြးေႏြးၾကဦးမွာျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
---------------
(Unicode)⤵⤵⤵
တပ်နဲ့ ကြံ့ခိုင်ရေးရဲ့ ခြေဥပြင်ရေးမူကြမ်း NLD ဝေဖန်

NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်လေးဦး ပြည်ထောင်စုလွှတ်တော်မှာ ၂၀၁၉ ဒီဇင်ဘာ ၅ ရက်နေ့ကဆွေး‌နွေးစဉ်
Photo: Thiha Tun/RFA

ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် လွှတ်တော်က ပူးပေါင်းကော်မတီ ဖွဲ့စည်းပြီးချိန်နောက်ပိုင်းမှ တပ်မတော်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့ဘက်က ပြင်ဆင်ရေးမူကြမ်းတွေ ဆက်တိုက်တင်လာတာဟာ စေတနာကောင်းနဲ့ လုပ်နေတာလားဆိုတာ သံသယဖြစ်မိတယ်လို့ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဝေဖန် လိုက်ပါတယ်။

လွှတ်တော်ကို ဖျက်သိမ်းဖို့ သမ္မတကို အကြံပေးနိုင်တဲ့ အခွင့်အရေးရှိတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို ပြင်ဆင်ထည့်သွင်းထားတဲ့ ဥပဒေမူကြမ်းအပေါ် အစီရင်ခံစာကို ပြည်ထောင် စုလွှတ်တော်မှာ ဒီနေ့ ဆွေးနွေးစဉ် ထည့်သွင်းပြောဆိုခဲ့တာပါ။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးစိုင်းသန်းနိုင်နဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ လုပ်ပိုင်ခွင့်တာဝန်တွေကို တိုးမြှင့်ပြင်ဆင်ဖို့ အချက်အပါအဝင် ဥပဒေပုဒ်မ ၃ ခုကို ပြင်ဆင်ဖို့ မူကြမ်းကို လွှတ်တော်ကို တင်ပြထားတာပါ။ အဲဒီမူကြမ်းနဲ့ပတ်သက်လို့ ‌တွေ့ရှိချက် အစီရင်ခံစာကို လွှတ်တော်မှာ ဒီနေ့ ဆွေးနွေးကြတာပါ။

အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးကဏ္ဍ အပြန်အလှန်ထိန်းကျောင်း ဆောင်ရွက်ရာမှာ သမ္မတစနစ် ပိုမိုပီပြင်စေဖို့ သမ္မတက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ထောက်ခံချက်နဲ့ လွှတ်တော်တွေကို ဖျက်သိမ်းနိုင်တဲ့ အခွင့်အရေးရရှိစေဖို့ ပြင်ဆင်တာဖြစ်ကြောင်း လွှတ်တော်ကိုတင်ပြတဲ့ အဲဒီဥပဒေမူကြမ်းမှာ ဖော်ပြထားပါတယ်။

NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်လေးဦးက ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လွှတ်တော်က ပူးပေါင်းကော်မတီ ဖွဲ့စည်းပြီးချိန်မှာ မူကြမ်းတွေဆက်တိုက် တင်လာတာဟာ ရိုးသားပြီး စေတနာကောင်းနဲ့ လုပ်နေတာလားဆိုတာ သံသယဖြစ်မိတယ်လို့ ဝေဖန်ပါတယ်။

တပ်မတော်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့ ပူးပေါင်းပြီး ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ ပြည်ထောင်စု လွှတ်တော်ကို တင်ပြ ထားတဲ့ ဥပဒေမူကြမ်း ငါးခုရှိပါတယ်။

ဒီမူကြမ်းတွေကို NLD ပါတီက ကိုယ်စားလှယ် အများစုပါဝင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာပြီးမှသာ တပြိုင်ထဲယှဉ်တွဲပြီး ဆွေးနွေးမယ်လို့ လွှတ်တော်မှာ မဲခွဲပြီးဆုံးဖြတ်ခဲ့တဲ့အပေါ်  ကန့်ကွက်မှု တချို့ ရှိနေတာပါ။

ကာလုံနဲ့ ပတ်သက်ပြီး ဖြည့်စွက်ထားတဲ့ အချက်တွေထဲမှာ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍအချင်းချင်း အပြန်အလှန်ထိန်းကျောင်းမှု ယိုယွင်းလာတဲ့အခါ လွှတ်တော်ကို ဖျက်သိမ်းဖို့ သင့်၊ မသင့် သမ္မတကို ကာလုံက အကြံပေးဖို့၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အရေအတွက် သုံးပုံတစ်ပုံနဲ့အထက် အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားပါက လွှတ်တော်ကို ဖျက်သိမ်းဖို့ သင့်၊ မသင့် သမ္မတကို အကြံပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်းသာပါရှိပြီး အခုပြင်ဆင်ဖို့ တင်သွင်းတဲ့ ဥပဒေကြမ်းမှာ ကာလုံရဲ့ တာဝန်တွေကို တိုးမြှင့်ပြီး ထပ်မံဖြည့်စွက်ထားပါတယ်။

NLD ဦးဆောင်တဲ့ အစိုးရသက်တမ်းအတွင်း အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ခေါ်ယူဖူးခြင်း မရှိသေးပါဘူး။

တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထွန်းအောင် က တင်သမျှ မူကြမ်းတွေကို မဲခွဲဆုံးဖြတ်ပြီး ရွှေ့ဆိုင်းနေရင် ဒီမိုကရေစီအနိုင်ကျင့်မှုအဖြစ် ပြည်သူလူထုက ယူဆနိုင်လို့ သတိပြုဖို့လိုကြောင်း ထောက်ပြဆွေးနွေးပါတယ်။ ဒီတင်ပြချက်ကိုလည်း NLD ကိုယ်စားလှယ်တွေက ကန့်ကွက်ကြပါတယ်။

ဒုတိယဗိုလ်မှူးကြီး မျိုးထွန်းအောင်ရဲ့ ဆွေးနွေးချက်မှာ ကော်မတီရဲ့ အစီရင်ခံစာနဲ့ မပတ်သက်တဲ့ ဝန်ကြီးချုပ် ဦးနုလက်ထက်က အာဏာရှင်ဆန်ဆန် ပြုမူခဲ့တာတွေ၊  ဗိုလ်ချုပ်ကြီး နေဝင်းက တိုင်းပြည်အခြေအနေ အရပ် ရပ်ကြောင့် အာဏာသိမ်းခဲ့ရတာတွေ၊ ဒီမိုကရေစီအနိုင်ကျင့်မှုစတဲ့ ပြောဆိုချက်တွေပါဝင်တဲ့အတွက် NLD ပါတီက ဦးအောင်ကြည်ညွန့်က မတ်တပ်ရပ် ကန့်ကွက်ခဲ့တာပါ။

ပြည်ထောင်စုလွှတ်တော် နာယက က ကိုယ်စားလှယ်တွေ အားလုံးရဲ့ ဆွေးနွေးချက်တွေကို ပြန်လည်စိစစ်ပြီး စည်းကမ်းနဲ့ မညီတာတွေကို ပယ်ဖျက်မယ်လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။

ဒီနေ့ လွှတ်တော် အစည်းအဝေးမှာ NLD ပါတီက ကိုယ်စားလှယ်တစ်ဦး ဆွေးနွေးရာမှာ အာဏာရှင်ဆိုတဲ့ စကားအသုံးအနှုန်း ပါဝင်တဲ့အတွက် တပ်မတော်သား  ကိုယ်စားလှယ်တွေဘက်ကလည်း ကန့်ကွက်တာတွေ ရှိခဲ့ပါတယ်။

လွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ဘယ်လမ်းကြောင်းက ပြင်ဆင်မလဲဆိုတာ တပ်မတော်၊ အတိုက်အခံပါတီ USDP နဲ့ အာဏာရပါတီတို့အကြား သဘောထား ကွဲလွဲ နေပေမယ့် ဖွဲ့စည်းပုံ ပြင်ရမယ်၊ တိုင်းရင်းသားအခွင့်အရေးတွေ ထည့်သွင်းရမယ်လို့ နှစ်ဖက်လုံးက ထပ်ခါ ထပ်ခါ ပြောနေကြတဲ့အတွက် သဘာထားတိုက်ဆိုင်မှုတော့ရှိနေတယ်လို့ ယူဆကြောင်း ပြောပါတယ်။

တိုင်းရင်းသားတွေ အခွင့်အရေးအတွက် အမှန်တကယ် ဖွဲ့စည်းပုံ ပြင်လိုတယ်ဆိုရင် ပြင်ဆင်ဖို့ အခွင့်အာဏာရှိတဲ့ အစုအဖွဲ့တွေအနေနဲ့ ငြင်းခုန်မနေပဲ ပူးပေါင်းဆောင်ရွက်ဖို့ ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ် ၁၁ က အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက တိုက်တွန်းခဲ့ပါတယ်။

လွှတ်တော်နာယက ဦးတီခွန်မြတ်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး ဒီလွှတ်တော် သက်တမ်းအတွင်းပဲ အပြီးဆောင်ရွက်သွားမယ်လို့ ဒီဇင်ဘာလ ၃ ရက်နေ့ကကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အသိပေးပြောကြားခဲ့ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အဆုံးအဖြတ်ပေးရမှာ လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ဆန္ဒမဲနဲ့သာဖြစ်လို့ နာယကတစ်ဦးထဲလုပ်လို့ မရနိုင်ကြောင်း ပြောပါတယ်။

ဒါ့အပြင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် အချိန်ဇယားကို ချပြရမှာက ပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ တာဝန်သာ ဖြစ်တယ်လို့လည်း ဝေဖန်ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးစိုင်းသန်းနိုင်နဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦး တင်သွင်းတဲ့ ဒီမူကြမ်းကို ဆွေးနွေးဖို့ စာရင်းပေးထားတဲ့ ကိုယ်စားလှယ် စုစုပေါင်း ၄၅ ဦးရှိပြီး နောက်ရက်တွေမှာကျင်းပမယ့် ပြည်ထောင်စုလွှတ်တော် မှာ ဆက်ဆွေးနွေးကြဦးမှာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
တပ္နဲ႔ ႀကံ့ခိုင္ေရးရဲ႕ ေျခဥျပင္ေရးမူၾကမ္း NLD ေဝဖန္ တပ္နဲ႔ ႀကံ့ခိုင္ေရးရဲ႕ ေျခဥျပင္ေရးမူၾကမ္း NLD ေဝဖန္ Reviewed by THITHTOOLWIN on 01:02 Rating: 5
Powered by Blogger.