ဖမ္းဆီးထားသည့္ ဘူးသီးေတာင္ NLD ဥကၠ႒ ေသဆံုးေၾကာင္း AA ထုတ္ျပန္

အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD ပါတီရဲ႕ ဘူးသီးေတာင္ၿမိဳ႕နယ္ ဥကၠ႒ ဦးရဲသိန္း (ဓါတ္ပံု - ဦးရဲသိန္း Facebook )

Zawgyi/Unicode

ရခိုင္လက္နက္ကိုင္အဖြဲ႔ AA က ဒီဇင္ဘာလ ၁၁ ရက္ေန႔ကတည္းက ဖမ္းဆီးထားတဲ့ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD ပါတီရဲ႕ ဘူးသီးေတာင္ၿမိဳ႕နယ္ ပါတီအဖြဲ႔ခြဲဥကၠ႒ ဦးရဲသိန္းဟာ တပ္မေတာ္ကပစ္ခတ္တဲ့ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲတာ ေၾကာင့္ ပြဲခ်င္းၿပီး ေသဆံုးသြားတယ္လုိ႔ AA အဖြဲ႔က သူတို႔ဝက္ဘ္ဆိုက္တ္မွာတင္ထားတဲ့ ဒီဇင္ဘာလ ၂၅ ရက္ ရခုိင္္ျပည္တုိုက္ပြဲ သတင္းမ်ားဆိုတဲ့ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒါနဲ႔ပတ္သက္ၿပီး တပ္္မေတာ္ဘက္ကေရာ၊ NLD ပါတီဘက္ကပါ တုံ႔ျပန္ေျပာဆိုတာေတာ့ ထြက္မလာေသးပါဘူး။ ဦးရဲသိန္းဟာ ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အျပည္ျပည္ဆိုင္ရာတရား႐ံုး ICJ မွာ သြားေရာက္ ရွင္းလင္း ေျပာဆုိတာကို ေထာက္ခံပြဲလုပ္ဖို႔ စီစဥ္ေနရင္း ဖမ္းဆီးခံရတာျဖစ္ပါတယ္။

ခရစၥမတ္စ္ေန႔ ေန႔လည္ ၃ နာရီေက်ာ္မွာ တပ္မေတာ္ဘက္က ပစ္ခတ္တဲ့ လက္နက္ႀကီးက်ည္ေတြေၾကာင့္ သူတို႔ဖမ္းဆီးထားသူ ေတြထဲက ေသဆံုး ဒဏ္ရာရသူတခ်ဳိ႕ရွိခဲ့တာမွာ ေသဆံုးသူေတြထဲ ဦးရဲသိန္းလည္းပါတယ္လုိ႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားၿပီး တျခား ေသဆံုးဒဏ္ရာရသူေတြ ဘယ္သူေတြဆိုတာကိုေတာ့ ေျပာမထားပါဘူး။

ခရစၥမတ္စ္ေန႔မွာကိုပဲ ပလက္ဝ၊ ဘူးသီးေတာင္နဲ႔ ေျမပံုၿမိဳ႕နယ္ေတြမွာ ျပင္းထန္တဲ့တုိက္ပြဲေတြ ဆက္ျဖစ္တယ္လုိ႔လည္း AA ရဲ႕ အဲဒီထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ေျမပံုတိုက္ပြဲမွာ တပ္မေတာ္ဘက္က ရဟတ္ယာဥ္ႏွစ္စင္းနဲ႔ လာတိုက္သလို တပ္မေတာ္အရာရွိႀကီးေတြ ထပ္ၿပီးေသဆံုးတယ္လို႔ AA ထုတ္ျပန္ခ်က္ကဆိုပါတယ္။

----------------

ဖမ်းဆီးထားသည့် ဘူးသီးတောင် NLD ဥက္ကဋ္ဌ သေဆုံးကြောင်း AA ထုတ်ပြန်
ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ဒီဇင်ဘာလ ၁၁ ရက်နေ့ကတည်းက ဖမ်းဆီးထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဘူးသီးတောင်မြို့နယ် ပါတီအဖွဲ့ခွဲဥက္ကဋ္ဌ ဦးရဲသိန်းဟာ တပ်မတော်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာ ကြောင့် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ AA အဖွဲ့က သူတို့ဝက်ဘ်ဆိုက်တ်မှာတင်ထားတဲ့ ဒီဇင်ဘာလ ၂၅ ရက် ရခိုင်ပြည်တိုက်ပွဲ သတင်းများဆိုတဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါနဲ့ပတ်သက်ပြီး တပ်မတော်ဘက်ကရော၊ NLD ပါတီဘက်ကပါ တုံ့ပြန်ပြောဆိုတာတော့ ထွက်မလာသေးပါဘူး။
ဦးရဲသိန်းဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ သွားရောက် ရှင်းလင်း ပြောဆိုတာကို ထောက်ခံပွဲလုပ်ဖို့ စီစဉ်နေရင်း ဖမ်းဆီးခံရတာဖြစ်ပါတယ်။
ခရစ္စမတ်စ်နေ့ နေ့လည် ၃ နာရီကျော်မှာ တပ်မတော်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေကြောင့် သူတို့ဖမ်းဆီးထားသူ တွေထဲက သေဆုံး ဒဏ်ရာရသူတချို့ရှိခဲ့တာမှာ သေဆုံးသူတွေထဲ ဦးရဲသိန်းလည်းပါတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး တခြား သေဆုံးဒဏ်ရာရသူတွေ ဘယ်သူတွေဆိုတာကိုတော့ ပြောမထားပါဘူး။
ခရစ္စမတ်စ်နေ့မှာကိုပဲ ပလက်ဝ၊ ဘူးသီးတောင်နဲ့ မြေပုံမြို့နယ်တွေမှာ ပြင်းထန်တဲ့တိုက်ပွဲတွေ ဆက်ဖြစ်တယ်လို့လည်း AA ရဲ့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြေပုံတိုက်ပွဲမှာ တပ်မတော်ဘက်က ရဟတ်ယာဉ်နှစ်စင်းနဲ့ လာတိုက်သလို တပ်မတော်အရာရှိကြီးတွေ ထပ်ပြီးသေဆုံးတယ်လို့ AA ထုတ်ပြန်ချက်ကဆိုပါတယ်။

VOA Burmese
https://burmese.voanews.com
ဖမ္းဆီးထားသည့္ ဘူးသီးေတာင္ NLD ဥကၠ႒ ေသဆံုးေၾကာင္း AA ထုတ္ျပန္ ဖမ္းဆီးထားသည့္ ဘူးသီးေတာင္ NLD ဥကၠ႒ ေသဆံုးေၾကာင္း AA ထုတ္ျပန္ Reviewed by THITHTOOLWIN on 08:42 Rating: 5
Powered by Blogger.