ဘူးသီးေတာင္ NLD ဥကၠ႒ကို AA ဖမ္းဆီးထား

AA က ဖမ္းဆီးထားတဲ့ ဘူးသီးေတာင္ NLD ဥကၠ႒ ဦးရဲသိန္း ကိုေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕နယ္က အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီရဲ႕ ၿမိဳ႕နယ္ ဥကၠ႒ ဦးရဲသိန္းကို ရကၡိဳင့္တပ္ေတာ္ AA က သူတို႔ ထိန္းသိမ္းထားတယ္လို႔ ထုတ္ေဖာ္ေျပာဆိုလိုက္ၿပီး မိသားစုနဲ႔ NLD ပါတီကေတာ့ အျမန္ဆုံးျပန္လႊတ္ေပးဖို႔ ေတာင္းဆိုၾကပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီရဲ႕ ရခိုင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕နယ္ ဥကၠ႒ ဦးရဲသိန္းကို စစ္ေဆး စရာေတြရွိေနလို႔ ေခၚေဆာင္ထားတယ္လို႔ ရကၡိဳင့္တပ္ေတာ္ AA ေျပာခြင့္ရသူ ခိုင္သုခက RFA ကို ဒီကေန႔ ေျပာ ပါတယ္။

ဦးရဲသိန္းေပ်ာက္္ဆုံးၿပီးေနာက္ တစ္ရက္ေက်ာ္အၾကာမွာ ရကၡိဳင့္တပ္ေတာ္ AA ရဲ႕ေျပာခြင့္ရသူ ခိုင္သုခက သူတို႔ ဖမ္းထားတာျဖစ္ေၾကာင္း အခုလိုအတည္ျပဳခဲ့တာပါ။

“ဘူးသီးေတာင္ NLD ဥကၠ႒ကိုေတာ့ ကြၽန္ေတာ္တို႔ဘက္က စစ္ေဆးစရာ ကိစၥေတြရွိလို႔ ကြၽန္ေတာ္တို႔ ေခၚထားတယ္ဗ်”

ဘာေၾကာင့္ေခၚထားတယ္ ၊ ဘာေတြ စစ္ေဆးေနတယ္၊ ဘယ္ေတာ့ ျပန္လႊတ္ေပးမယ္ ဆိုတာေတြကိုေတာ့ အေသးစိတ္ ေျပာဆိုတာမရွိပါဘူး။

ဦးရဲသိန္းဟာ ႏိုင္ငံတကာတရား႐ုံး ICJ မွာ သြားေရာက္ၾကားနာေနတဲ့  ေဒၚေအာင္ဆန္းစုၾကည္ကို ဘူးသီးေတာင္ ၿမိဳ႕နယ္အတြင္း ေထာက္ခံပြဲလုပ္ဖို႔အတြက္ ဦးေဆာင္စီစဥ္ေနခ်ိန္မွာ ေပ်ာက္ဆုံးသြားတာပါ။

ေထာက္ခံပြဲကို ဒီဇင္ဘာလ ၁၂ ရက္ေန႔ ဘူးသီးေတာင္ၿမိဳ႕မွာ ျပဳလုပ္ဖို႔စီစဥ္ခဲ့တာျဖစ္ၿပီး ဦးရဲသိန္းအခုလို ထိန္းသိမ္း ခံလိုက္ရတဲ့အတြက္ ေထာက္ခံပြဲ အစီအစဥ္လည္း ပ်က္သြားတယ္လို႔သိရပါတယ္။

ဦးရဲသိန္းဟာ ဒီဇင္ဘာ ၁၁ ရက္ မနက္ ၆ နာရီေလာက္က ဖိတ္စာေတြနဲ႔အတူ ျပင္ရွည္ေက်း႐ြာကို သြားခဲ့တာ ျဖစ္ၿပီး အဲဒီေန႔ ေန႔လယ္ ၁ နာရီ ေလာက္မွာ ဦးရဲသိန္းနဲ႔ အဆက္အသြယ္ ျပတ္သြားခဲ့ၾကတယ္လို႔ ပါတီ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာ မ်ိဳးၫြန႔္က ေျပာပါတယ္။

ဦးရဲသိန္းရဲ႕ ညီျဖစ္သူ ဦးေအာင္ကိုေဆြကေတာ့ စစ္ေဆးစရာေတြကို စစ္ေဆးၿပီးရင္ အျမန္ဆုံးျပန္လႊတ္ေပးေစ လိုေၾကာင္းေျပာပါတယ္။

“ကြၽန္ေတာ္တို႔က စုံစမ္းေနတုန္းပဲရွိေသးတယ္။ ရဲနယ္ထိန္းအဖြဲ႕ကလည္း အပူတျပင္း လိုက္ရွာေနတယ္။ သတင္းအစအနေတာ့ မရေသးဘူး။ သူတို႔ဘက္က တကယ္လို႔ ထိန္းသိမ္းထားတယ္ဆိုရင္ ေမးစရာျမန္းစရာ ရွိတာကိုေမးျမန္းၿပီး ျပန္လႊတ္ေပးေစခ်င္ပါတယ္”

ရခိုင္ျပည္နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီ ဒုတိယဥကၠ႒ ဦးစိုးေလးကလည္း ဦးရဲသိန္းဟာ ပါတီရဲ႕ ပုံမွန္လုပ္ငန္းေတြကို လုပ္႐ိုးလုပ္စဥ္အတိုင္း လုပ္ေဆာင္ေနသူ ျဖစ္တာေၾကာင့္ ျပန္လႊတ္ေပးေစလိုတယ္ လို႔ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ဘက္က ေျပာရရင္ ဒါလုပ္႐ိုးလုပ္စဥ္၊ ကိုယ့္ပါတီရဲ႕လုပ္႐ိုးလုပ္စဥ္၊ ကိုယ့္ပါတီရဲ႕ေခါင္းေဆာင္ ကိုယ့္ႏိုင္ရဲ႕ေခါင္းေဆာင္ ကိုယ့္ႏိုင္ငံအတြက္ အလုပ္လုပ္တဲ့ ဒီမွန္ကန္တဲ့လမ္းေၾကာင္းအေပၚမွာ ကြၽန္ေတာ္တို႔က အားျဖည့္ၿပီးေတာ့ ေထာက္ခံေပးတယ္။ ဒီအလုပ္အတြက္ သူဟာႀကိဳးစားတာျဖစ္လို႔ သူကဘာမွျပႆနာ မရွိဘူးေပါ့ေနာ္။ ျပန္လႊတ္ေပးေစခ်င္ပါတယ္”

ရခိုင္ေဒသမွာ AA နဲ႔ တပ္မေတာ္တို႔ရဲ႕ တိုက္ပြဲေတြဟာ အဆက္မျပတ္ျဖစ္ေနၿပီး အခုလို ဖမ္းဆီးစစ္ေဆးမႈ ေတြကိုလည္း ႏွစ္ဘက္စလုံးက လုပ္ေဆာင္ေနၾကတာ ျဖစ္ပါတယ္။

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးကေတာ့ ဦးရဲသိန္းကို AA အဖြဲ႕က ထိန္းသိမ္းတဲ့ ကိစၥအေပၚ  အခုလိုေဝဖန္ပါတယ္။

“ျပည္သူတစ္ေယာက္ျဖစ္တဲ့ ဥကၠ႒ကို ဖမ္းသြားတာကေတာ့ ဒါကေတာ့ မေကာင္းတဲ့လုပ္ရပ္ေပါ့ဗ်ာ။ ဘာမွမဟုတ္ဘဲနဲ႔ အရပ္သားကို ဖမ္းတာကေတာ့ သူတို႔ခဏခဏေျပာေနတဲ့ … ထားလိုက္ပါေတာ့ မေျပာေတာ့ပါဘူးဗ်ာ။ အရပ္သားေတြကို ဖမ္းတာကေတာ့ မေကာင္းဘူးလို႔ပဲ ေျပာခ်င္ပါတယ္ ဒါပါပဲ”

AA အဖြဲ႕ဟာ ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္မွာ သူတို႔သံသယရွိတဲ့ သူေတြကို မၾကာခဏဆိုသလို ဖမ္းဆီး ေခၚေဆာင္သြားေလ့ရွိပါတယ္။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ၃ ရက္ေန႔ကလည္း ခ်င္းျပည္နယ္က အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီရဲ႕ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းကို AA အဖြဲ႕က ဖမ္းဆီးထိန္းသိမ္းထားၿပီး အခုအခ်ိန္တစ္လေက်ာ္ ၾကာလာတဲ့အထိ ျပန္လႊတ္ေပးတာ မရွိေသးပါဘူး။

RFA Burmese
https://www.rfa.org
----------------
(Unicode)⤵⤵⤵
ဘူးသီးတောင် NLD ဥက္ကဋ္ဌကို AA ဖမ်းဆီးထား

AA က ဖမ်းဆီးထားတဲ့ ဘူးသီးတောင် NLD ဥက္ကဋ္ဌ ဦးရဲသိန်း ကိုတွေ့ရစဉ်

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ မြို့နယ် ဥက္ကဋ္ဌ ဦးရဲသိန်းကို ရက္ခိုင့်တပ်တော် AA က သူတို့ ထိန်းသိမ်းထားတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပြီး မိသားစုနဲ့ NLD ပါတီကတော့ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဥက္ကဋ္ဌ ဦးရဲသိန်းကို စစ်ဆေး စရာတွေရှိနေလို့ ခေါ်ဆောင်ထားတယ်လို့ ရက္ခိုင့်တပ်တော် AA ပြောခွင့်ရသူ ခိုင်သုခက RFA ကို ဒီကနေ့ ပြော ပါတယ်။

ဦးရဲသိန်းပျောက်ဆုံးပြီးနောက် တစ်ရက်ကျော်အကြာမှာ ရက္ခိုင့်တပ်တော် AA ရဲ့ပြောခွင့်ရသူ ခိုင်သုခက သူတို့ ဖမ်းထားတာဖြစ်ကြောင်း အခုလိုအတည်ပြုခဲ့တာပါ။

“ဘူးသီးတောင် NLD ဥက္ကဋ္ဌကိုတော့ ကျွန်တော်တို့ဘက်က စစ်ဆေးစရာ ကိစ္စတွေရှိလို့ ကျွန်တော်တို့ ခေါ်ထားတယ်ဗျ”

ဘာကြောင့်ခေါ်ထားတယ် ၊ ဘာတွေ စစ်ဆေးနေတယ်၊ ဘယ်တော့ ပြန်လွှတ်ပေးမယ် ဆိုတာတွေကိုတော့ အသေးစိတ် ပြောဆိုတာမရှိပါဘူး။

ဦးရဲသိန်းဟာ နိုင်ငံတကာတရားရုံး ICJ မှာ သွားရောက်ကြားနာနေတဲ့  ဒေါ်အောင်ဆန်းစုကြည်ကို ဘူးသီးတောင် မြို့နယ်အတွင်း ထောက်ခံပွဲလုပ်ဖို့အတွက် ဦးဆောင်စီစဉ်နေချိန်မှာ ပျောက်ဆုံးသွားတာပါ။

ထောက်ခံပွဲကို ဒီဇင်ဘာလ ၁၂ ရက်နေ့ ဘူးသီးတောင်မြို့မှာ ပြုလုပ်ဖို့စီစဉ်ခဲ့တာဖြစ်ပြီး ဦးရဲသိန်းအခုလို ထိန်းသိမ်း ခံလိုက်ရတဲ့အတွက် ထောက်ခံပွဲ အစီအစဉ်လည်း ပျက်သွားတယ်လို့သိရပါတယ်။

ဦးရဲသိန်းဟာ ဒီဇင်ဘာ ၁၁ ရက် မနက် ၆ နာရီလောက်က ဖိတ်စာတွေနဲ့အတူ ပြင်ရှည်ကျေးရွာကို သွားခဲ့တာ ဖြစ်ပြီး အဲဒီနေ့ နေ့လယ် ၁ နာရီ လောက်မှာ ဦးရဲသိန်းနဲ့ အဆက်အသွယ် ပြတ်သွားခဲ့ကြတယ်လို့ ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

ဦးရဲသိန်းရဲ့ ညီဖြစ်သူ ဦးအောင်ကိုဆွေကတော့ စစ်ဆေးစရာတွေကို စစ်ဆေးပြီးရင် အမြန်ဆုံးပြန်လွှတ်ပေးစေ လိုကြောင်းပြောပါတယ်။

“ကျွန်တော်တို့က စုံစမ်းနေတုန်းပဲရှိသေးတယ်။ ရဲနယ်ထိန်းအဖွဲ့ကလည်း အပူတပြင်း လိုက်ရှာနေတယ်။ သတင်းအစအနတော့ မရသေးဘူး။ သူတို့ဘက်က တကယ်လို့ ထိန်းသိမ်းထားတယ်ဆိုရင် မေးစရာမြန်းစရာ ရှိတာကိုမေးမြန်းပြီး ပြန်လွှတ်ပေးစေချင်ပါတယ်”

ရခိုင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဦးစိုးလေးကလည်း ဦးရဲသိန်းဟာ ပါတီရဲ့ ပုံမှန်လုပ်ငန်းတွေကို လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ဆောင်နေသူ ဖြစ်တာကြောင့် ပြန်လွှတ်ပေးစေလိုတယ် လို့ပြောပါတယ်။

“ကျွန်တော်တို့ဘက်က ပြောရရင် ဒါလုပ်ရိုးလုပ်စဉ်၊ ကိုယ့်ပါတီရဲ့လုပ်ရိုးလုပ်စဉ်၊ ကိုယ့်ပါတီရဲ့ခေါင်းဆောင် ကိုယ့်နိုင်ရဲ့ခေါင်းဆောင် ကိုယ့်နိုင်ငံအတွက် အလုပ်လုပ်တဲ့ ဒီမှန်ကန်တဲ့လမ်းကြောင်းအပေါ်မှာ ကျွန်တော်တို့က အားဖြည့်ပြီးတော့ ထောက်ခံပေးတယ်။ ဒီအလုပ်အတွက် သူဟာကြိုးစားတာဖြစ်လို့ သူကဘာမှပြဿနာ မရှိဘူးပေါ့နော်။ ပြန်လွှတ်ပေးစေချင်ပါတယ်”

ရခိုင်ဒေသမှာ AA နဲ့ တပ်မတော်တို့ရဲ့ တိုက်ပွဲတွေဟာ အဆက်မပြတ်ဖြစ်နေပြီး အခုလို ဖမ်းဆီးစစ်ဆေးမှု တွေကိုလည်း နှစ်ဘက်စလုံးက လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ ဦးရဲသိန်းကို AA အဖွဲ့က ထိန်းသိမ်းတဲ့ ကိစ္စအပေါ်  အခုလိုဝေဖန်ပါတယ်။

“ပြည်သူတစ်ယောက်ဖြစ်တဲ့ ဥက္ကဋ္ဌကို ဖမ်းသွားတာကတော့ ဒါကတော့ မကောင်းတဲ့လုပ်ရပ်ပေါ့ဗျာ။ ဘာမှမဟုတ်ဘဲနဲ့ အရပ်သားကို ဖမ်းတာကတော့ သူတို့ခဏခဏပြောနေတဲ့ … ထားလိုက်ပါတော့ မပြောတော့ပါဘူးဗျာ။ အရပ်သားတွေကို ဖမ်းတာကတော့ မကောင်းဘူးလို့ပဲ ပြောချင်ပါတယ် ဒါပါပဲ”

AA အဖွဲ့ဟာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ သူတို့သံသယရှိတဲ့ သူတွေကို မကြာခဏဆိုသလို ဖမ်းဆီး ခေါ်ဆောင်သွားလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့ကလည်း ချင်းပြည်နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို AA အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး အခုအချိန်တစ်လကျော် ကြာလာတဲ့အထိ ပြန်လွှတ်ပေးတာ မရှိသေးပါဘူး။

RFA Burmese
https://www.rfa.org
ဘူးသီးေတာင္ NLD ဥကၠ႒ကို AA ဖမ္းဆီးထား ဘူးသီးေတာင္ NLD ဥကၠ႒ကို AA ဖမ္းဆီးထား Reviewed by THITHTOOLWIN on 00:26 Rating: 5
Powered by Blogger.