Mytel ဆက္သြယ္ေရး၀န္ထမ္း ၂ ဦး AA ဖမ္းဆီးသြားဟု တပ္မေတာ္ထုတ္ျပန္

AA တပ္ဖြဲ႔ဝင္မ်ား။ (ဓာတ္ပုံ - ရကၡိဳင့္တပ္မေတာ္ သတင္းႏွင့္ ျပန္ၾကားေရးဌာန)

(Zawgyi / Unicode)

တပ္မေတာ္ပိုင္ Mytel ဆက္သြယ္ေရးလုပ္ငန္းက ဝန္ထမ္းႏွစ္ဦးကို ရခိုင္လက္နက္ကိုင္ AA အဖြဲ႔က ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ တပ္မေတာ္ဘက္က ေျပာပါတယ္။ ဒီလို အစိုးရလုပ္ငန္း ၀န္ထမ္းေတြကို ဖမ္းဆီးတာဟာ AA အေနနဲ႔ အာဏာတည္ေဆာက္တာလို႔လည္း ေျပာပါတယ္။ တပ္မေတာ္ကေန ထုတ္ျပန္တဲ့ ၀န္ထမ္းဖမ္းဆီးမႈ သတင္းအေပၚ မသိရွိေသးဘူးလို႔ AA ဘက္က ေျပာပါတယ္။ အျပည့္အစုံကုိ ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ ႏုိင္ကြန္းအိန္ သတင္းေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္အတြင္း ဆက္သြယ္ေရးလုပ္ငန္းေတြကို တုိးျမႇင့္ေဆာင္ရြက္ဖို႔အတြက္ ကြင္းဆင္းေဆာင္ရြက္ေနတဲ့ Mytel ကုမၸဏီ၀န္ထမ္းႏွစ္ဦးကို AA ရခိုင္လက္နက္ကိုင္အဖြဲ႔ကေန ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

“ဆက္သြယ္ေရးလုပ္ငန္း ေဆာင္ရြက္ဖို႔အတြက္ သူက စစ္ေတြကေန ေက်ာက္ေတာ္ကို သြားပါတယ္။ ေက်ာက္ေတာ္ကေန သူတို႔ ဆက္သြယ္ေရးလုပ္ငန္းေတြ စစ္ေဆးၿပီးေတာ့ ျပန္အလာမွာ ဖမ္းဆီးခံရတာ ျဖစ္ပါတယ္။ က်ေနာ္တုိ႔လည္း သတင္းလိုက္လံစုံစမ္းဆဲပဲ ျဖစ္ပါတယ္။ ေနာက္ဆုံးအေျခအေနကေတာ့ သတင္း ထပ္ေတာ့ရရွိမႈ မရွိေသးပါဘူး။”

စစ္ေတြၿမိဳ႕အေျခစိုက္ Mytel ဆက္သြယ္ေရးလုပ္ငန္းက ျပည္နယ္ ဆက္သြယ္ေရးဆုိင္ရာ ၫႊန္ၾကားေရးမွဴး ဦးေဇာ္ထြန္းေအာင္နဲ႔ ယာဥ္ေမာင္းျဖစ္သူ ဦးေစာသိန္းေမာင္တုိ႔ ႏွစ္ဦးဟာ ရခုိင္ျပည္နယ္အတြင္း ဆက္သြယ္ေရးလုပ္ငန္း ပိုမုိေကာင္းမြန္ေအာင္ ေဆာင္ရြက္ဖို႔အတြက္ စစ္ေတြၿမိဳ႕ကေန ဒီဇင္ဘာ ၁၇ ရက္မွာ စတင္ထြက္ခြာခဲ့ၿပီး အမ္းၿမိဳ႕၊ သံတြဲၿမိဳ႕၊ မင္းျပားၿမိဳ႕ေတြကို သြားေရာက္ၾကည့္႐ႈခဲ့ၿပီး ဒီဇင္ဘာ ၂၃ ရက္မွာ ေက်ာက္ေတာ္ၿမိဳ႕ကို ဆက္လက္ထြက္ခြာစဥ္ ဆက္သြယ္မႈမရရွိဘဲ ေပ်ာက္ဆံုးသြားရာမွာ AA အဖြဲ႔က ဖမ္းဆီးသြားေၾကာင္း တပ္မေတာ္စစ္ဦးစီးခ်ဳပ္႐ုံးကေန ဒီကေန႔မွာ သတင္းထုတ္ျပန္ထားပါတယ္။

ဖမ္းဆီးေခၚေဆာင္သြားျခင္း ခံရသူႏွစ္ဦးဟာ ရခုိင္တုိင္းရင္းသားေတြျဖစ္ၿပီး AA ရခိုင္လက္နက္ကိုင္အဖြဲ႔ အေနနဲ႔ ေဒသတြင္း ဆက္သြယ္ေရးလုပ္ငန္းေတြ ဖြံ႔ၿဖိဳးတုိးတက္မႈ ေႏွာင့္ေႏွးပ်က္စီးေစဖို႔ ရည္ရြယ္ၿပီး ဒီလို ဖမ္းဆီးေခၚေဆာင္တာလို႔လည္း ေဖာ္ျပထားပါတယ္။

Mytel ဆက္သြယ္ေရးလုပ္ငန္းဟာ ျမန္မာစစ္တပ္ကေန အစုရွယ္ရာ ပါ၀င္တဲ့ လုပ္ငန္းလည္း ျဖစ္ပါတယ္။

Mytel ဆက္သြယ္ေရးလုပ္ငန္းမွ ဝန္ထမ္းႏွစ္ဦးကို ရခိုင္လက္နက္ကိုင္ AA အဖြဲ႔က ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ သတင္းထုတ္ျပန္ခ်က္အေပၚ AA ျပန္ၾကားေရးတာဝန္ခံ ခိုင္သုခက ဒီျဖစ္စဥ္ကို မသိေသးဘူးလို႔ ဆိုပါတယ္။

“က်ေနာ္လည္း အဲဒီသတင္း အေသးစိတ္ ဘာမွမသိရေသးဘူး။ ႐ုံးကိုေတာ့ ျပန္ေမးထားတယ္။”

ဒီရက္ပိုင္းမွာ ရခိုင္ျပည္နယ္အတြင္း ဖမ္းဆီးမႈေတြ မ်ားျပားေနတာပါ။ ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၂၄ ရက္ေန႔က ဘူးသီးေတာင္ၿမိဳ႕နယ္ ေတာင္ဘဇာစခန္းမွာ တာ၀န္က်တဲ့ လူ၀င္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အား ဦးစီးဌာနက အမ်ဳိးသား၀န္ထမ္း ၃ ဦးကို AA ရခိုင္လက္နက္ကိုင္အဖြဲ႔ကေန ဖမ္းဆီးသြားခဲ့ပါတယ္။

ဒီဇင္ဘာလ ၁၁ ရက္ေန႔ကလည္း ဘူးသီးေတာင္ၿမိဳ႕နယ္ NLD ဥကၠ႒ ဦးရဲသိန္းကို AA အဖြဲ႔က ဖမ္းဆီးၿပီး ထိန္းသိမ္းထားစဥ္ တပ္မေတာ္က ပစ္ခတ္တဲ့ လက္နက္ႀကီးက်ည္ ထိမွန္ခဲ့လို႔ ေသဆုံးသြားေၾကာင္း AA ဘက္က ထုတ္ျပန္ထားပါတယ္။

ရခိုင္ျပည္နယ္အတြင္း အစိုးရ၀န္ထမ္းေတြကို AA အဖြဲ႔ကေန ဖမ္းဆီးမႈမ်ားလာတဲ့ ျဖစ္စဥ္အေပၚ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက အခုလို ဆက္ေျပာပါတယ္။

“ဒီဇင္ဘာလ ၂၀ ရက္ေန႔ေက်ာ္ေက်ာ္မွာ သူတို႔အေနနဲ႔ ျပည္သူအာဏာပိုင္စနစ္ ျပဳလုပ္မယ္ ဆိုတဲ့ဟာ ေျပာၿပီးသားပဲ။ သူတို႔ အာဏာလႊမ္းမိုးတဲ့ ေနရာမွာ ျပည္သူ႔အာဏာရွင္စနစ္ေပါ့။ အစိုးရအုပ္ခ်ဳပ္မႈ ယႏၱရားကို အစားထိုးဖို႔ သူတို႔လုပ္တာေပါ့။ သူတို႔ရဲ႕ အုပ္ခ်ဳပ္မႈယႏၱရားကို အစားထိုးဖို႔လုပ္တာ။”

ဆက္သြယ္ေရး၀န္ထမ္းႏွစ္ဦး ဖမ္းဆီးခံရအၿပီး ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္း စစ္တပ္ဘက္က စိစစ္မႈေတြ မ်ားလာတယ္လို႔ ေက်ာက္ေတာ္ေဒသခံေတြက ေျပာပါတယ္။

ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔အၾကား ရခိုင္ျပည္နယ္ ေျမာက္ပိုင္းေဒသအတြင္း တႏွစ္အၾကာ စစ္ေရးတင္းမာမႈအတြင္းမွာ အရပ္သားေတြ ေသဆုံးထိခိုက္ဒဏ္ရာရရွိမႈ၊ အဖမ္းဆီးခံရမႈေတြကလည္း တေန႔ထက္တေန႔ မ်ားျပားလာေနပါတယ္။

---------------------------------------

(Unicode)

Mytel ဆက်သွယ်ရေးဝန်ထမ်း ၂ ဦး AA ဖမ်းဆီးသွားဟု တပ်မတော်ထုတ်ပြန်

တပ်မတော်ပိုင် Mytel ဆက်သွယ်ရေးလုပ်ငန်းက ဝန်ထမ်းနှစ်ဦးကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။ ဒီလို အစိုးရလုပ်ငန်း ဝန်ထမ်းတွေကို ဖမ်းဆီးတာဟာ AA အနေနဲ့ အာဏာတည်ဆောက်တာလို့လည်း ပြောပါတယ်။ တပ်မတော်ကနေ ထုတ်ပြန်တဲ့ ဝန်ထမ်းဖမ်းဆီးမှု သတင်းအပေါ် မသိရှိသေးဘူးလို့ AA ဘက်က ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေးလုပ်ငန်းတွေကို တိုးမြှင့်ဆောင်ရွက်ဖို့အတွက် ကွင်းဆင်းဆောင်ရွက်နေတဲ့ Mytel ကုမ္ပဏီဝန်ထမ်းနှစ်ဦးကို AA ရခိုင်လက်နက်ကိုင်အဖွဲ့ကနေ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ဆက်သွယ်ရေးလုပ်ငန်း ဆောင်ရွက်ဖို့အတွက် သူက စစ်တွေကနေ ကျောက်တော်ကို သွားပါတယ်။ ကျောက်တော်ကနေ သူတို့ ဆက်သွယ်ရေးလုပ်ငန်းတွေ စစ်ဆေးပြီးတော့ ပြန်အလာမှာ ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။ ကျနော်တို့လည်း သတင်းလိုက်လံစုံစမ်းဆဲပဲ ဖြစ်ပါတယ်။ နောက်ဆုံးအခြေအနေကတော့ သတင်း ထပ်တော့ရရှိမှု မရှိသေးပါဘူး။”

စစ်တွေမြို့အခြေစိုက် Mytel ဆက်သွယ်ရေးလုပ်ငန်းက ပြည်နယ် ဆက်သွယ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်နဲ့ ယာဉ်မောင်းဖြစ်သူ ဦးစောသိန်းမောင်တို့ နှစ်ဦးဟာ ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေးလုပ်ငန်း ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ဖို့အတွက် စစ်တွေမြို့ကနေ ဒီဇင်ဘာ ၁၇ ရက်မှာ စတင်ထွက်ခွာခဲ့ပြီး အမ်းမြို့၊ သံတွဲမြို့၊ မင်းပြားမြို့တွေကို သွားရောက်ကြည့်ရှုခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်မှာ ကျောက်တော်မြို့ကို ဆက်လက်ထွက်ခွာစဉ် ဆက်သွယ်မှုမရရှိဘဲ ပျောက်ဆုံးသွားရာမှာ AA အဖွဲ့က ဖမ်းဆီးသွားကြောင်း တပ်မတော်စစ်ဦးစီးချုပ်ရုံးကနေ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရသူနှစ်ဦးဟာ ရခိုင်တိုင်းရင်းသားတွေဖြစ်ပြီး AA ရခိုင်လက်နက်ကိုင်အဖွဲ့ အနေနဲ့ ဒေသတွင်း ဆက်သွယ်ရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးပျက်စီးစေဖို့ ရည်ရွယ်ပြီး ဒီလို ဖမ်းဆီးခေါ်ဆောင်တာလို့လည်း ဖော်ပြထားပါတယ်။

Mytel ဆက်သွယ်ရေးလုပ်ငန်းဟာ မြန်မာစစ်တပ်ကနေ အစုရှယ်ရာ ပါဝင်တဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်။

Mytel ဆက်သွယ်ရေးလုပ်ငန်းမှ ဝန်ထမ်းနှစ်ဦးကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သတင်းထုတ်ပြန်ချက်အပေါ် AAပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ဒီဖြစ်စဉ်ကို မသိသေးဘူးလို့ ဆိုပါတယ်။

“ကျနော်လည်း အဲဒီသတင်း အသေးစိတ် ဘာမှမသိရသေးဘူး။ ရုံးကိုတော့ ပြန်မေးထားတယ်။”

ဒီရက်ပိုင်းမှာ ရခိုင်ပြည်နယ်အတွင်း ဖမ်းဆီးမှုတွေ များပြားနေတာပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့က ဘူးသီးတောင်မြို့နယ် တောင်ဘဇာစခန်းမှာ တာဝန်ကျတဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာနက အမျိုးသားဝန်ထမ်း ၃ ဦးကို AA ရခိုင်လက်နက်ကိုင်အဖွဲ့ကနေ ဖမ်းဆီးသွားခဲ့ပါတယ်။

ဒီဇင်ဘာလ ၁၁ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် NLD ဥက္ကဋ္ဌ ဦးရဲသိန်းကို AA အဖွဲ့က ဖမ်းဆီးပြီး ထိန်းသိမ်းထားစဉ် တပ်မတော်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်ခဲ့လို့ သေဆုံးသွားကြောင်း AA ဘက်က ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း အစိုးရဝန်ထမ်းတွေကို AA အဖွဲ့ကနေ ဖမ်းဆီးမှုများလာတဲ့ ဖြစ်စဉ်အပေါ် တပ်မတော် သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အခုလို ဆက်ပြောပါတယ်။

“ဒီဇင်ဘာလ ၂၀ ရက်နေ့ကျော်ကျော်မှာ သူတို့အနေနဲ့ ပြည်သူအာဏာပိုင်စနစ် ပြုလုပ်မယ် ဆိုတဲ့ဟာ ပြောပြီးသားပဲ။ သူတို့ အာဏာလွှမ်းမိုးတဲ့ နေရာမှာ ပြည်သူ့အာဏာရှင်စနစ်ပေါ့။ အစိုးရအုပ်ချုပ်မှု ယန္တရားကို အစားထိုးဖို့ သူတို့လုပ်တာပေါ့။ သူတို့ရဲ့ အုပ်ချုပ်မှုယန္တရားကို အစားထိုးဖို့လုပ်တာ။”

ဆက်သွယ်ရေးဝန်ထမ်းနှစ်ဦး ဖမ်းဆီးခံရအပြီး ကျောက်တော်မြို့နယ်အတွင်း စစ်တပ်ဘက်က စိစစ်မှုတွေ များလာတယ်လို့ ကျောက်တော်ဒေသခံတွေက ပြောပါတယ်။

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသအတွင်း တနှစ်အကြာ စစ်ရေးတင်းမာမှုအတွင်းမှာ အရပ်သားတွေ သေဆုံးထိခိုက်ဒဏ်ရာရရှိမှု၊ အဖမ်းဆီးခံရမှုတွေကလည်း တနေ့ထက်တနေ့ များပြားလာနေပါတယ်။

ႏုိင္ကြန္းအိန္/VOA Burmese
https://burmese.voanews.com
Mytel ဆက္သြယ္ေရး၀န္ထမ္း ၂ ဦး AA ဖမ္းဆီးသြားဟု တပ္မေတာ္ထုတ္ျပန္ Mytel ဆက္သြယ္ေရး၀န္ထမ္း ၂ ဦး AA ဖမ္းဆီးသြားဟု တပ္မေတာ္ထုတ္ျပန္ Reviewed by THITHTOOLWIN on 00:32 Rating: 5
Powered by Blogger.