Kirin ကုမၸဏီအေပၚ သပိတ္ေမွာက္ေရး ဖိအား ပိုျမင့္မားလာ

Kirin ဘီယာ

(Zawgyi/Unicode)

ျမန္မာစစ္တပ္ကို ေငြေၾကးပံ့ပိုးမႈမွာ ပတ္သက္ေနတယ္လို႔ စြပ္စဲြခံထားရတဲ့ Kirin ဘီယာကုမၸဏီနဲ႔ စီးပြားေရးအရ မပတ္သက္ဖို႔ အေမရိကန္ျပည္ေထာင္စု ေကာ္လိုရာဒိုျပည္နယ္အေျခစိုက္ New Belgium ဘီယာကုမၸဏီ အစုရွယ္ယာ၀င္ေတြနဲ႔ ၀န္ထမ္းေတြက ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းက ဆႏၵျပခဲ့ၾကသလို ဒီဇင္ဘာလ ၁၇ ရက္ေန႔မွာ မဲခဲြဆံုးျဖတ္ဖို႔ရွိေနပါတယ္။

ျမန္မာဘီယာနဲ႔ မႏၱေလးဘီယာ ကုမၸဏီေတြနဲ႔ ဖက္စပ္လုပ္ကိုင္ေနတဲ့ Kirin ဘီယာကုမၸဏီထုတ္ အေဖ်ာ္ယမကာေတြကို သပိတ္ေမွာက္ၾကဖို႔ အေမရိကန္အေျခစိုက္ လူထုအေျချပဳအဖဲြ႔အစည္းေတြရဲ႕ လႈပ္ရွားမႈ အရွိန္ျမင့္တက္လာေနတာနဲ႔ ပတ္သက္လို႔ မအင္ၾကင္းနိုင္ အျပည့္အစံုတင္ျပမွာပါ။

ေကာ္လိုရာဒိုျပည္နယ္ Fort Collins ၿမိဳ႕က ၂၈ႏွစ္ၾကာ သက္တမ္းရွိၿပီျဖစ္တဲ့ ေဒသထုတ္ကုန္ New Belgium ကုမၸဏီဘီယာဟာ သူ႔ပိုင္ကုမၸဏီကို Kirin ဘီယာကုမၸဏီရဲ႕ လက္ေအာက္ခံ Lion Little World အေဖ်ာ္ယမကာ ကုမၸဏီကို ေရာင္းခ်ဖို႔အလားအလာရွိေနေၾကာင္း ႏို၀င္ဘာလ ၁၉ ရက္ေန႔က ေၾကညာခဲ့တာျဖစ္ပါတယ္။

ေဒသစံေတာ္ခ်ိန္ ဒီကေန႔ အဂၤါေန႔မွာ Kirin ကုမၸဏီ အစုရွယ္ယာ၀င္ေတြနဲ႔ ၀န္ထမ္းေတြကေန သူတို႔ကုမၸဏီကို Kirin ရဲ႕လက္ခဲြ ကုမၸဏီကို ေရာင္းခ်သင့္မသင့္ မဲခဲြဆံုးျဖတ္ၾကမွာျဖစ္ပါတယ္။ အခုအခ်ိန္အထိ မဲခဲြဆံုးျဖတ္ခ်က္ ရလဒ္ကို မသိရေသးပါဘူး။

Kirin ကုမၸဏီဟာ ျမန္မာႏိုင္ငံမွာ ရိုဟင္ဂ်ာေတြအေပၚ က်ဴးလြန္တဲ့ လူမ်ဳိးတုန္းသတ္ျဖတ္မႈမွာ ပါ၀င္ပတ္သက္ေနတဲ့စြပ္စဲြခ်က္နဲ႔ FFM ကုလသမဂၢအခ်က္အလက္ရွာေဖြေရး မစ္ရွင္းရဲ႕ အစီရင္ခံစာမွာ ေဖၚျပခံထားရတဲ့အတြက္ သူတို႔ကုမၸဏီအေနနဲ႔ Kirin နဲ႔ မပတ္သက္ဖို႔ အစုရွယ္ယာ၀င္ေတြ၊ ၀န္ထမ္းေတြဟာ ဒီဇင္ဘာလ ၁၅ ရက္ေန႔က Fort Collins ၿမိဳ႕ ကုမၸဏီရံုးေရွ႕မွာ ဆႏၵျပခဲ့ၾကပါတယ္။

Kirin ကုမၸဏီဟာ စစ္တပ္ပိုင္ ဦးပိုင္လီမိတက္နဲ႔ ဖက္စပ္လုပ္ကိုင္ေနတဲ့ ျမန္မာဘီယာ၊ မႏၱေလးဘီယာ ကုမၸဏီေတြနဲ႔ အက်ဳိးတူပူးေပါင္းလုပ္ကိုင္ေနတဲ့ ကုမၸဏီျဖစ္သလို၊ ရခိုင္ျပည္နယ္မွာ ျမန္မာစစ္တပ္ရဲ႕နယ္ေျမရွင္းလင္းေရးကို ပံပိုးတဲ့အေနနဲ႔ Kirin နဲ႔ဖက္စပ္လုပ္ကိုင္ေနတဲ့ ျမန္မာကုမၸဏီခဲြတခုကေန အေမရိကန္ေဒၚလာ ၁၂,၀၀၀ ေက်ာ္ထက္မက လွဴဒါန္းခဲ့တယ္လို႔ အဲဒီအစီရင္ခံစာမွာ ေဖၚျပထားတာပါ။ ဒါေၾကာင့္ အခုလို New Belgium ကုမၸဏီအေနနဲ႔ Kirin ကုမၸဏီခဲြ တခုလက္ထဲ ေရာင္းခ်တာဟာ လူမ်ဳိးတုန္းသတ္ျဖတ္မႈကို အားေပးရာေရာက္တယ္ဆိုၿပီး ေဒသခံေတြက ဆႏၵျပခဲ့ၾကတာျဖစ္ပါတယ္။

အခုလို Kirin ကုမၸဏီအေပၚ အေမရိကန္ျပည္နယ္ ေဒသေတြမွာ ကန္႔ကြက္ဆႏၵျပတာဟာ ထိေရာက္မႈရွိေၾကာင္း ၀ါရွင္တန္ အေျခစိုက္ ICR ႏိုင္ငံတကာလႈပ္ရွားမႈအဖဲြ႕ အမႈေဆာင္ ညႊန္ၾကားေရးမွဴး Simon Billenness က ဗီြအိုေအကို အခုလို ေျပာပါတယ္။

"Kirin ဘီယာကုမၸဏီအေနနဲ႔ ျမန္မာစစ္တပ္နဲ႔ ဖက္စပ္လုပ္ကိုင္တာကို အဆံုးသတ္ေစဖို႔ ဖိအားေပးတဲ့ေနရာမွာ အက်ဳိးထိေရာက္မႈရွိတဲ့ ဒီလို ေဒသတြင္း ကန္ကြက္ဆႏၵျပမႈမ်ဳိးေတြ တိုးလာဖို႔ရွိပါတယ္။ ၁၉၉၀ ခုႏွစ္ေႏွာင္းပိုင္း တ၀ိုက္ ျမန္မာႏိုင္ငံထဲကေန Pepsi ကုမၸဏီထြက္သြား ေအာင္ သံုးစဲြသူေတြဘက္က စည္းရံုးလႈပ္ရွား ဖိအားေပးတာမ်ဳိးနဲ႔ အတူတူပါပဲ။ ဒီလို လႈပ္ရွားမႈမ်ဳိးဟာ ထိေရာက္ပါတယ္။"

ႏိုင္ငံတကာလႈပ္ရွားမႈအဖဲြ႔အပါအ၀င္ အျခား အေမရိကန္ျပည္ေထာင္စု တ၀န္းက လူ႔အခြင့္အေရး အဖဲြ႔အစည္းေတြ၊ ေထာက္ခံသူေတြဟာ Kirin ဘီယာကုမၸဏီကို ဖိအားေပးလႈပ္ရွား မႈေတြ တိုးျမွင့္လာ ေနေၾကာင္းလည္း Simon Billenness က ေျပာပါတယ္။

ဒီအေတာအတြင္း အေမရိကန္ ဘ႑ာေရးဝန္ႀကီးဌာနကေန Global Magnitsky Human Rights Accountability Act ေခၚ ကမၻာလုံးဆုိင္ရာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမွာ တာ၀န္ရွိသူေတြအေပၚ အေရးယူဒဏ္ခတ္တဲ့ ဥပေဒအရ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ အပါအ၀င္ စစ္ေခါင္းေဆာင္ ေလးဦးကို ၿပီးခဲ့တဲ့ သတင္းပတ္အတြင္း ပစ္မွတ္ထား ဒဏ္ခတ္အေရးယူခဲ့တာပါ။

သူတို႔ပိုင္ဆိုင္တဲ့ ဘ႑ာေငြေတြ အေမရိကန္ျပည္ေထာင္စုမွာ မရွိဘူးဆိုေပမဲ့ ဒီလို စစ္ဗိုလ္ခ်ဳပ္ေတြ အေပၚ ဗီဇာပိတ္ပင္မႈ၊ ဘ႑ာေရးအရ ထိန္းခ်ဳပ္မႈ စတဲ့ ပစ္မွတ္ထား ပိတ္ဆို႔အေရးယူတာမ်ဳိးေတြဟာ ထိေရာက္တယ္လို႔ Simon Billenness က အခုလိုေျပာပါတယ္။

"ျမန္မာစစ္ေခါင္းေဆာင္ေဟာင္းေတြနဲ႔ သီးသန္႔ေတြ႔ဆံုပဲြေတြမွာ သူတို႔၀န္ခံေျပာဆိုခ်က္ေတြအရ ဒီလို ပစ္မွတ္ထား ပိတ္ဆို႔မႈမ်ဳိးဟာ သူတို႔အေပၚရိုက္ခတ္မႈရွိတယ္ဆိုတဲ့ ခံစားခ်က္ေတြကို က်ေနာ္တို႔ သိခဲ့ရပါတယ္။ ဒီစစ္ဗိုလ္ခ်ဳပ္ေတြက သူတို႔ရဲ႕ သားသမီး၊ မ်ဳိးဆက္ေတြကို အေနာက္ႏိုင္ငံ တကၠသိုလ္ေတြ ကိုပဲ ပို႕ခ်င္ၾကတာပါ။ တရုတ္ တကၠသိုလ္ေတြဆီမွာ ပညာသင္ခိုင္းဖို႔ မလိုလားၾကပါဘူး။ အခုလို အေမရိကန္နဲ႔ အျခား အေနာက္ႏိုင္ငံေတြက ပစ္မွတ္ထားဒဏ္ခတ္အေရးယူမႈေၾကာင့္ သူတို႔ကေလးေတြ အေနာက္ႏိုင္ငံေတြမွာ ပညာသင္ခြင့္မရမယ့္အေပၚ အလြန္ပဲ စိုးရိမ္မကင္းျဖစ္ၾကပါတယ္။ ဒါက ျမန္မာစစ္ေခါင္းေဆာင္ေတြ အေနနဲ႔ ပိတ္ဆို႔အေရးယူမႈနဲ႔ ပတ္သက္လို႔ သူတို႔ရဲ႕ စိုးရိမ္မႈျဖစ္ပါတယ္။"

ေလာေလာဆယ္ အေမရိကန္လႊတ္ေတာ္ဘက္ ျမန္မာစစ္ေခါင္းေဆာင္ေတြနဲ႔ ပတ္သက္လို႔ ပစ္မွတ္ထား ပိတ္ဆို႔အေရးယူမယ့္ ဥပေဒၾကမ္းေတြ အတည္ျပဳဖို႔မရွိေသးတဲ့အတြက္လည္း အေမရိကန္အစိုးရ ဘ႑ာေရး၀န္ႀကီးဌာနဘက္က သူတို႔ရဲ႕ ဒဏ္ခတ္အေရးယူမႈကို ေၾကညာခဲ့တာျဖစ္တယ္လို႔ အေမရိကန္လႊတ္ေတာ္အသိုင္းအ၀ိုင္းနဲ႔ နီးစပ္တဲ့ Simon Billenness ကဆိုပါတယ္။

........................

Kirin ကုမ္ပဏီအပေါ် သပိတ်မှောက်ရေး ဖိအား ပိုမြင့်မားလာ

(Unicode)

မြန်မာစစ်တပ်ကို ငွေကြေးပံ့ပိုးမှုမှာ ပတ်သက်နေတယ်လို့ စွပ်စွဲခံထားရတဲ့ Kirin ဘီယာကုမ္ပဏီနဲ့ စီးပွားရေးအရ မပတ်သက်ဖို့ အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်အခြေစိုက် New Belgium ဘီယာကုမ္ပဏီ အစုရှယ်ယာဝင်တွေနဲ့ ဝန်ထမ်းတွေက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဆန္ဒပြခဲ့ကြသလို ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ မဲခွဲဆုံးဖြတ်ဖို့ရှိနေပါတယ်။ မြန်မာဘီယာနဲ့ မန္တလေးဘီယာ ကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ Kirin ဘီယာကုမ္ပဏီထုတ် အဖျော်ယမကာတွေကို သပိတ်မှောက်ကြဖို့ အမေရိကန်အခြေစိုက် လူထုအခြေပြုအဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှု အရှိန်မြင့်တက်လာနေတာနဲ့ ပတ်သက်လို့ မအင်ကြင်းနိုင် အပြည့်အစုံတင်ပြမှာပါ။

ကော်လိုရာဒိုပြည်နယ် Fort Collins မြို့က ၂၈နှစ်ကြာ သက်တမ်းရှိပြီဖြစ်တဲ့ ဒေသထုတ်ကုန် New Belgium ကုမ္ပဏီဘီယာဟာ သူ့ပိုင်ကုမ္ပဏီကို Kirin ဘီယာကုမ္ပဏီရဲ့ လက်အောက်ခံ Lion Little World အဖျော်ယမကာ ကုမ္ပဏီကို ရောင်းချဖို့အလားအလာရှိနေကြောင်း နိုဝင်ဘာလ ၁၉ ရက်နေ့က ကြေညာခဲ့တာဖြစ်ပါတယ်။

ဒေသစံတော်ချိန် ဒီကနေ့ အင်္ဂါနေ့မှာ Kirin ကုမ္ပဏီ အစုရှယ်ယာဝင်တွေနဲ့ ဝန်ထမ်းတွေကနေ သူတို့ကုမ္ပဏီကို Kirin ရဲ့လက်ခွဲ ကုမ္ပဏီကို ရောင်းချသင့်မသင့် မဲခွဲဆုံးဖြတ်ကြမှာဖြစ်ပါတယ်။ အခုသတင်းကြေညာချိန်အထိ မဲခွဲဆုံးဖြတ်ချက် ရလဒ်ကို မသိရသေးပါဘူး။

Kirin ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်နေတဲ့စွပ်စွဲချက်နဲ့ FFM ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး မစ်ရှင်းရဲ့ အစီရင်ခံစာမှာ ဖေါ်ပြခံထားရတဲ့အတွက် သူတို့ကုမ္ပဏီအနေနဲ့ Kirin နဲ့ မပတ်သက်ဖို့ အစုရှယ်ယာဝင်တွေ၊ ဝန်ထမ်းတွေဟာ ဒီဇင်ဘာလ ၁၅ ရက်နေ့က Fort Collins မြို့ ကုမ္ပဏီရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

Kirin ကုမ္ပဏီဟာ စစ်တပ်ပိုင် ဦးပိုင်လီမိတက်နဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ မြန်မာဘီယာ၊ မန္တလေးဘီယာ ကုမ္ပဏီတွေနဲ့ အကျိုးတူပူးပေါင်းလုပ်ကိုင်နေတဲ့ ကုမ္ပဏီဖြစ်သလို၊ ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့နယ်မြေရှင်းလင်းရေးကို ပံပိုးတဲ့အနေနဲ့ Kirin နဲ့ဖက်စပ်လုပ်ကိုင်နေတဲ့ မြန်မာကုမ္ပဏီခွဲတခုကနေ အမေရိကန်ဒေါ်လာ ၁၂,၀၀၀ ကျော်ထက်မက လှူဒါန်းခဲ့တယ်လို့ အဲဒီအစီရင်ခံစာမှာ ဖေါ်ပြထားတာပါ။ ဒါကြောင့် အခုလို New Belgium ကုမ္ပဏီအနေနဲ့ Kirin ကုမ္ပဏီခွဲ တခုလက်ထဲ ရောင်းချတာဟာ လူမျိုးတုန်းသတ်ဖြတ်မှုကို အားပေးရာရောက်တယ်ဆိုပြီး ဒေသခံတွေက ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

အခုလို Kirin ကုမ္ပဏီအပေါ် အမေရိကန်ပြည်နယ် ဒေသတွေမှာ ကန့်ကွက်ဆန္ဒပြတာဟာ ထိရောက်မှုရှိကြောင်း ဝါရှင်တန် အခြေစိုက် ICR နိုင်ငံတကာလှုပ်ရှားမှုအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး Simon Billenness က ဗွီအိုအေကို အခုလို ပြောပါတယ်။

"Kirin ဘီယာကုမ္ပဏီအနေနဲ့ မြန်မာစစ်တပ်နဲ့ ဖက်စပ်လုပ်ကိုင်တာကို အဆုံးသတ်စေဖို့ ဖိအားပေးတဲ့နေရာမှာ အကျိုးထိရောက်မှုရှိတဲ့ ဒီလို ဒေသတွင်း ကန်ကွက်ဆန္ဒပြမှုမျိုးတွေ တိုးလာဖို့ရှိပါတယ်။ ၁၉၉၀ ခုနှစ်နှောင်းပိုင်း တဝိုက် မြန်မာနိုင်ငံထဲကနေ Pepsi ကုမ္ပဏီထွက်သွား အောင် သုံးစွဲသူတွေဘက်က စည်းရုံးလှုပ်ရှား ဖိအားပေးတာမျိုးနဲ့ အတူတူပါပဲ။ ဒီလို လှုပ်ရှားမှုမျိုးဟာ ထိရောက်ပါတယ်။"

နိုင်ငံတကာလှုပ်ရှားမှုအဖွဲ့အပါအဝင် အခြား အမေရိကန်ပြည်ထောင်စု တဝန်းက လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ ထောက်ခံသူတွေဟာ Kirin ဘီယာကုမ္ပဏီကို ဖိအားပေးလှုပ်ရှား မှုတွေ တိုးမြှင့်လာ နေကြောင်းလည်း Simon Billenness က ပြောပါတယ်။

ဒီအတောအတွင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနကနေ Global Magnitsky Human Rights Accountability Act ခေါ် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှုမှာ တာဝန်ရှိသူတွေအပေါ် အရေးယူဒဏ်ခတ်တဲ့ ဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင် လေးဦးကို ပြီးခဲ့တဲ့ သတင်းပတ်အတွင်း ပစ်မှတ်ထား ဒဏ်ခတ်အရေးယူခဲ့တာပါ။

သူတို့ပိုင်ဆိုင်တဲ့ ဘဏ္ဍာငွေတွေ အမေရိကန်ပြည်ထောင်စုမှာ မရှိဘူးဆိုပေမဲ့ ဒီလို စစ်ဗိုလ်ချုပ်တွေ အပေါ် ဗီဇာပိတ်ပင်မှု၊ ဘဏ္ဍာရေးအရ ထိန်းချုပ်မှု စတဲ့ ပစ်မှတ်ထား ပိတ်ဆို့အရေးယူတာမျိုးတွေဟာ ထိရောက်တယ်လို့ Simon Billenness က အခုလိုပြောပါတယ်။

"မြန်မာစစ်ခေါင်းဆောင်ဟောင်းတွေနဲ့ သီးသန့်တွေ့ဆုံပွဲတွေမှာ သူတို့ဝန်ခံပြောဆိုချက်တွေအရ ဒီလို ပစ်မှတ်ထား ပိတ်ဆို့မှုမျိုးဟာ သူတို့အပေါ်ရိုက်ခတ်မှုရှိတယ်ဆိုတဲ့ ခံစားချက်တွေကို ကျနော်တို့ သိခဲ့ရပါတယ်။ ဒီစစ်ဗိုလ်ချုပ်တွေက သူတို့ရဲ့ သားသမီး၊ မျိုးဆက်တွေကို အနောက်နိုင်ငံ တက္ကသိုလ်တွေ ကိုပဲ ပို့ချင်ကြတာပါ။ တရုတ် တက္ကသိုလ်တွေဆီမှာ ပညာသင်ခိုင်းဖို့ မလိုလားကြပါဘူး။ အခုလို အမေရိကန်နဲ့ အခြား အနောက်နိုင်ငံတွေက ပစ်မှတ်ထားဒဏ်ခတ်အရေးယူမှုကြောင့် သူတို့ကလေးတွေ အနောက်နိုင်ငံတွေမှာ ပညာသင်ခွင့်မရမယ့်အပေါ် အလွန်ပဲ စိုးရိမ်မကင်းဖြစ်ကြပါတယ်။ ဒါက မြန်မာစစ်ခေါင်းဆောင်တွေ အနေနဲ့ ပိတ်ဆို့အရေးယူမှုနဲ့ ပတ်သက်လို့ သူတို့ရဲ့ စိုးရိမ်မှုဖြစ်ပါတယ်။"

လောလောဆယ် အမေရိကန်လွှတ်တော်ဘက် မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ပတ်သက်လို့ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမယ့် ဥပဒေကြမ်းတွေ အတည်ပြုဖို့မရှိသေးတဲ့အတွက်လည်း အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနဘက်က သူတို့ရဲ့ ဒဏ်ခတ်အရေးယူမှုကို ကြေညာခဲ့တာဖြစ်တယ်လို့ အမေရိကန်လွှတ်တော်အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ Simon Billenness ကဆိုပါတယ်။

အင္ၾကင္းႏုုိင္/VOA Burmese
https://burmese.voanews.com
Kirin ကုမၸဏီအေပၚ သပိတ္ေမွာက္ေရး ဖိအား ပိုျမင့္မားလာ Kirin ကုမၸဏီအေပၚ သပိတ္ေမွာက္ေရး ဖိအား ပိုျမင့္မားလာ Reviewed by THITHTOOLWIN on 00:38 Rating: 5
Powered by Blogger.