KIA ထိန္းခ်ဳပ္နယ္ေျမက ေ႐ႊတူးေဖာ္ေရးလုပ္ငန္း ရပ္တန႔္ဖို႔ ေဒသခံေတြ ေတာင္းဆို

ကခ်င္ျပည္နယ္၊ ခ်ီေဖြၿမိဳ႕နယ္၊ ဇန္ေနာင္ယန္ေက်း႐ြာက မုတ္သုံေတာမွာ ေ႐ႊတူးေဖာ္ေနတာကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ကခ်င္ျပည္နယ္၊ ခ်ီေဖြၿမိဳ႕နယ္၊ ဇန္ေနာင္ယန္ေက်း႐ြာက မုတ္သုံေတာမွာ စက္ယႏၲရားနဲ႔ ေ႐ႊတူးေဖာ္ေနတာကို ရပ္တန႔္ေပးဖို႔ ေဒသခံေတြက ျမစ္ႀကီးနားၿမိဳ႕မွာ သတင္းမီဒီယာေတြနဲ႔ ေတြ႕ဆုံၿပီး ေတာင္းဆိုလိုက္ပါတယ္။

မုတ္သုံေတာဟာ ေဒသခံေတြရဲ႕ ယဥ္ေက်းမႈအေမြအႏွစ္ျဖစ္သလို သဘာဝပတ္ဝန္းက်င္ကို ထိခိုက္ပ်က္စီးေစတဲ့ အတြက္ ရပ္တန႔္ေပးဖို႔ ေတာင္းဆိုတာျဖစ္တယ္လို႔ ခ်ီေဖြၿမိဳ႕ေဒသခံ ဦးလြမ္းေဇာင္းက ေျပာပါတယ္။ ေတာင္းဆို ခ်က္ေတြကို KIA အဖြဲ႕ကိုလည္း မၾကာခင္စာေပးပို႔သြားမယ္လို႔လည္း ေျပာပါတယ္။

ေ႐ႊတူးေဖာ္ေနတဲ့ေနရာဟာ KIA ထိန္းခ်ဳပ္နယ္ေျမမွာျဖစ္တဲ့အတြက္ KIA အဖြဲ႕က တူးေဖာ္ေနတယ္လို႔ ေဒသခံေတြ က သုံးသပ္ေျပာဆိုၾကပါတယ္။

လြန္ခဲ့တဲ့ ၂၀၁၄ ခုႏွစ္မွာလည္း အဲဒီေနရာမွာ ေ႐ႊတူးေဖာ္မႈေတြရွိခဲ့တဲ့အတြက္ ရပ္တန႔္ေပးဖို႔ KIA ကို စာတင္ျပ ေတာင္းဆိုတာေတြရွိခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ အဲဒီအခ်ိန္က မိုးတြင္းကာလကစၿပီး ေ႐ႊတူးေဖာ္ မႈေတြက ရပ္တန႔္သြားခဲ့ပါတယ္။

အဲဒီေနာက္ပိုင္း အခုႏွစ္ ဒီဇင္ဘာလဆန္းပိုင္းကစၿပီး ျပန္လည္တူးေဖာ္တာေတြ လုပ္ေဆာင္လာတာျဖစ္ပါတယ္။

အရင္တူးခဲ့တဲ့ေနရာမွာ ကမ္းပါးၿပိဳတာေတြ သစ္ပင္ပ်က္စီးဆုံးရႈံးတာေတြရွိခဲ့တဲ့အတြက္ အဲဒီေနရာေတြကိုလည္း ျပန္လည္မြမ္းမံေပးေစခ်င္တယ္လို႔ ဦးလြမ္းေဇာင္းက ေျပာပါတယ္။

ဇန္ေနာင္ယန္ မုတ္သုံေတာမွာ ေ႐ႊတူးေဖာ္တာရွိေကာင္းရွိႏိုင္ေပမဲ့ မုတ္သုံေတာကို ထိခိုက္ႏိုင္ေလာက္တဲ့ထိေတာ့ အေျခအေနမရွိေၾကာင္း KIA ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူက RFA ကို ေျပာပါတယ္။

မုတ္သုံေတာမွာရွိတဲ့ ႐ိုးရာယဥ္ေက်းမႈ မေနာတိုင္ေတြ ေအအိုင္ေအက တာဝန္ယူတည္ေဆာက္ထားတဲ့ အေမြ အႏွစ္ေတြျဖစ္တဲ့အတြက္ ပ်က္စီးသြားေအာင္ KIA က ခြင့္ျပဳမွာမဟုတ္ဘူးလို႔လည္း ဗိုလ္မႉးႀကီးေနာ္ဘူက ေျပာပါတယ္။ ေဒသခံေတြေျပာဆိုတဲ့ KIA အဖြဲ႕က ေ႐ႊတူးေနတယ္ဆိုတဲ့ ေျပာဆိုခ်က္ကိုေတာ့ တစ္စုံတစ္ရာ တုန႔္ျပန္ေျပာဆိုျခင္းမရွိပါဘူး။

ခ်ီေဖြၿမိဳ႕နယ္၊ လာခ်ိဒ္စာေပႏွင့္ယဥ္ေက်းမႈေကာ္မတီကလည္း အခုလိုေ႐ႊတူးေဖာ္တာဟာ ယဥ္ေက်းမႈ အေမြအႏွစ္နဲ႔ သဘာဝပတ္ဝန္းက်င္ကို မ်ားစြာထိခိုက္ႏွစ္နာဆုံးရႈံးတာေၾကာင့္ အလိုမရွိေၾကာင္း ဒီဇင္ဘာ ၉ ရက္ေန႔က သေဘာထားထုတ္ျပန္ထားပါတယ္။

ေ႐ႊတူးေဖာ္ေနတဲ့ မုတ္သုံေတာမွာ ခ်ီေဖြၿမိဳ႕ကို အလည္အပတ္လာတဲ့ ခရီးသည္ေတြ သြားေရာက္လည္ပတ္ ေလ့ရွိတဲ့ေနရာျဖစ္သလို လူငယ္၊ အမ်ိဳးသမီးဘာသာေရးအဖြဲ႕ေတြလည္း အားသစ္ေလာင္းပြဲေတြျပဳလုပ္ေလ့ ရွိတဲ့ေနရာျဖစ္ပါတယ္။

ခ်ီေဖြၿမိဳ႕နယ္မွာ ေ႐ႊတူးေဖာ္မႈအျပင္ ေျမရွားသတၱဳတူးေဖာ္မႈေၾကာင့္ သဘာဝပတ္ဝန္းက်င္ ထိခိုက္ဆုံးရႈံးမႈေတြ ျဖစ္ေပၚေနတဲ့အတြက္ ရပ္တန႔္ေပးဖို႔ ေဒသခံေတြက ေတာင္းဆိုေနဆဲျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
---------------
(Unicode)⤵⤵⤵
KIA ထိန်းချုပ်နယ်မြေက ရွှေတူးဖော်ရေးလုပ်ငန်း ရပ်တန့်ဖို့ ဒေသခံတွေ တောင်းဆို

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ဇန်နောင်ယန်ကျေးရွာက မုတ်သုံတောမှာ ရွှေတူးဖော်နေတာကို တွေ့ရစဉ်
Photo: CJ

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ဇန်နောင်ယန်ကျေးရွာက မုတ်သုံတောမှာ စက်ယန္တရားနဲ့ ရွှေတူးဖော်နေတာကို ရပ်တန့်ပေးဖို့ ဒေသခံတွေက မြစ်ကြီးနားမြို့မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပြီး တောင်းဆိုလိုက်ပါတယ်။

မုတ်သုံတောဟာ ဒေသခံတွေရဲ့ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သလို သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေတဲ့ အတွက် ရပ်တန့်ပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ ချီဖွေမြို့ဒေသခံ ဦးလွမ်းဇောင်းက ပြောပါတယ်။ တောင်းဆို ချက်တွေကို KIA အဖွဲ့ကိုလည်း မကြာခင်စာပေးပို့သွားမယ်လို့လည်း ပြောပါတယ်။

ရွှေတူးဖော်နေတဲ့နေရာဟာ KIA ထိန်းချုပ်နယ်မြေမှာဖြစ်တဲ့အတွက် KIA အဖွဲ့က တူးဖော်နေတယ်လို့ ဒေသခံတွေ က သုံးသပ်ပြောဆိုကြပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာလည်း အဲဒီနေရာမှာ ရွှေတူးဖော်မှုတွေရှိခဲ့တဲ့အတွက် ရပ်တန့်ပေးဖို့ KIA ကို စာတင်ပြ တောင်းဆိုတာတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီအချိန်က မိုးတွင်းကာလကစပြီး ရွှေတူးဖော် မှုတွေက ရပ်တန့်သွားခဲ့ပါတယ်။

အဲဒီနောက်ပိုင်း အခုနှစ် ဒီဇင်ဘာလဆန်းပိုင်းကစပြီး ပြန်လည်တူးဖော်တာတွေ လုပ်ဆောင်လာတာဖြစ်ပါတယ်။

အရင်တူးခဲ့တဲ့နေရာမှာ ကမ်းပါးပြိုတာတွေ သစ်ပင်ပျက်စီးဆုံးရှုံးတာတွေရှိခဲ့တဲ့အတွက် အဲဒီနေရာတွေကိုလည်း ပြန်လည်မွမ်းမံပေးစေချင်တယ်လို့ ဦးလွမ်းဇောင်းက ပြောပါတယ်။

ဇန်နောင်ယန် မုတ်သုံတောမှာ ရွှေတူးဖော်တာရှိကောင်းရှိနိုင်ပေမဲ့ မုတ်သုံတောကို ထိခိုက်နိုင်လောက်တဲ့ထိတော့ အခြေအနေမရှိကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်။

မုတ်သုံတောမှာရှိတဲ့ ရိုးရာယဉ်ကျေးမှု မနောတိုင်တွေ အေအိုင်အေက တာဝန်ယူတည်ဆောက်ထားတဲ့ အမွေ အနှစ်တွေဖြစ်တဲ့အတွက် ပျက်စီးသွားအောင် KIA က ခွင့်ပြုမှာမဟုတ်ဘူးလို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ဒေသခံတွေပြောဆိုတဲ့ KIA အဖွဲ့က ရွှေတူးနေတယ်ဆိုတဲ့ ပြောဆိုချက်ကိုတော့ တစ်စုံတစ်ရာ တုန့်ပြန်ပြောဆိုခြင်းမရှိပါဘူး။

ချီဖွေမြို့နယ်၊ လာချိဒ်စာပေနှင့်ယဉ်ကျေးမှုကော်မတီကလည်း အခုလိုရွှေတူးဖော်တာဟာ ယဉ်ကျေးမှု အမွေအနှစ်နဲ့ သဘာဝပတ်ဝန်းကျင်ကို များစွာထိခိုက်နှစ်နာဆုံးရှုံးတာကြောင့် အလိုမရှိကြောင်း ဒီဇင်ဘာ ၉ ရက်နေ့က သဘောထားထုတ်ပြန်ထားပါတယ်။

ရွှေတူးဖော်နေတဲ့ မုတ်သုံတောမှာ ချီဖွေမြို့ကို အလည်အပတ်လာတဲ့ ခရီးသည်တွေ သွားရောက်လည်ပတ် လေ့ရှိတဲ့နေရာဖြစ်သလို လူငယ်၊ အမျိုးသမီးဘာသာရေးအဖွဲ့တွေလည်း အားသစ်လောင်းပွဲတွေပြုလုပ်လေ့ ရှိတဲ့နေရာဖြစ်ပါတယ်။

ချီဖွေမြို့နယ်မှာ ရွှေတူးဖော်မှုအပြင် မြေရှားသတ္တုတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ရပ်တန့်ပေးဖို့ ဒေသခံတွေက တောင်းဆိုနေဆဲဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
KIA ထိန္းခ်ဳပ္နယ္ေျမက ေ႐ႊတူးေဖာ္ေရးလုပ္ငန္း ရပ္တန႔္ဖို႔ ေဒသခံေတြ ေတာင္းဆို KIA ထိန္းခ်ဳပ္နယ္ေျမက ေ႐ႊတူးေဖာ္ေရးလုပ္ငန္း ရပ္တန႔္ဖို႔ ေဒသခံေတြ ေတာင္းဆို Reviewed by THITHTOOLWIN on 21:36 Rating: 5
Powered by Blogger.