သတင္းေထာက္ Khashoggi ကုိ သတ္ျဖတ္မႈအတြက္ ေဆာ္ဒီမွာ ၅ ဦး ေသဒဏ္အျပစ္ေပးခံရ


(Zawgyi/Unicode)

ၿပီးခဲ့တဲ့ႏွစ္က အသတ္ခံခ့ဲရတဲ့ သတင္းေထာက္ Jamal Khashoggi ကို သတ္ျဖတ္မႈနဲ႔ Saudi Arabia တရား႐ံုးတခုက လူ ၅ ေယာက္ကို ေသဒဏ္အျပစ္ေပးလိုက္ၿပီး ၃ ဦးကို ေထာင္ဒဏ္ ျပစ္ဒဏ္ ခ်မွတ္လိုက္ပါတယ္။ Riyadh ၿမိဳ႕ေတာ္မွာ႐ွိတဲ့ ရာဇဝတ္တရား႐ံုးက စြပ္စဲြခံရသူ ၁၁ ေယာက္ကို ျပစ္ဒဏ္ခ်ခဲ့တာမွာ၊ သတ္ျဖတ္မႈကို တိုက္႐ိုက္ပတ္သက္သူ ၅ ေယာက္ကို ေသဒဏ္ခ်ခဲ့တယ္လို႔ တရား႐ံုးေ႐ွ႕ေန ေျပာခြင့္ရသူကေျပာပါတယ္။

အမႈဖံုးကြယ္ဖုိ႔ႀကိဳးစားမႈနဲ႔ ေနာက္ထပ္ ၃ ေယာက္ကိုလည္း ေထာင္ဒဏ္ေတြခ်ခဲ့တာမွာ စုစုေပါင္း ေထာင္ဒဏ္ ၂၄ ႏွစ္ခ်ခဲ့တယ္လို႔ ေျပာပါတယ္။ Washington Post သတင္းစာတိုက္ရဲ႕ သတင္းေထာက္ Jamal Khashoggi ဟာ ၂၀၁၈ ခုႏွစ္တုန္းက တူရကီႏိုင္ငံ Istanbul ၿမိဳ႕ေတာ္က Saudi ေကာင္စစ္႐ံုးထဲမွာ အသတ္ခံရၿပီး အေလာင္းေဖ်ာက္ဖ်က္ ခံရတာျဖစ္ပါတယ္။

Saudi အစုိးရအေပၚ ေဝဖန္သူသတင္းေထာက္ အသတ္ခံရမႈမွာ Saudi အိမ္ေ႐ွ႕မင္းသား Mohammed bin Salman နဲ႔ပတ္သက္ေနတယ္လို႔ စြပ္စြဲမႈေတြ႐ွိခဲ့ေပမဲ့ Saudi အစိုးရကေတာ့ ဒါကို ျပင္းျပင္းထန္ထန္ ျငင္းဆန္ခဲ့ပါတယ္။

အိမ္ေ႐ွ႕မင္းသားရဲ႕အဓိက အႀကံေပး Saud al-Qahtani ကို အေတာ္ႀကီးလွဳိ႕ဝွက္တဲ့ စစ္ေဆးမႈေတြကေန လႊတ္ေပးခဲ့ၿပီး တနလၤာေန႔မွာ က်န္တဲ့ တရားစြဲခံရသူေတြကို ေထာင္ဒဏ္ေတြ ခ်ခဲ့တာျဖစ္ပါတယ္။

ဒီကိစၥကို အနီးကပ္ ေစာင့္ၾကည့္ေလ့လာေနသူ ကုလသမဂၢ လူ႔အခြင့္အေရး မဟာမင္းၾကီး ရုံးက ဥပေဒျပင္ပနဲ႔ တဖက္သတ္ တရားစီရင္ျခင္း ဆိုင္ရာ ကိစၥ ကုလသမဂၢ အထူး အစီရင္ခံစာ တင္သြင္းသူ Agnes Callamard ကေတာ့ ဒီ တရားစီရင္မႈဟာ ျပက္ရယ္ျပဳစရာ တစ္ခုသာ ျဖစ္တယ္လို႔ ေခၚဆိုခဲ့ျပီး တရားေရးဆိုင္ရာ လစ္ဟာခ်က္ေတြ အမ်ားၾကီး ရွိတယ္လို႔ သူ႔ရဲ႕ တြစ္တာမွာ ေရးသားခဲ့ပါတယ္။ ပါရီ အေျခစိုက္ နယ္စည္းမျခား သတင္းေထာက္မ်ား အဖြဲ႕က ဒီ တရားစီရင္ခ်က္ဟာ တရားမွ်တမႈကို ေစာ္ကားလိုက္တာပဲလို႔လည္း ေျပာပါတယ္။ တူရကီႏုိင္ငံကလည္း ဒီ စီရင္ခ်က္ဟာ အမွန္တရားနဲ႔ ေ၀းကြာလြန္းတယ္လို႔ ေ၀ဖန္ ေျပာဆိုခဲ့ပါတယ္။

..............

သတင်းထောက် Khashoggi ကို သတ်ဖြတ်မှုအတွက် ဆော်ဒီမှာ ၅ ဦး သေဒဏ်အပြစ်ပေးခံရ

(Zawgyi/Unicode)

ပြီးခဲ့တဲ့နှစ်က အသတ်ခံခဲ့ရတဲ့ သတင်းထောက် Jamal Khashoggi ကို သတ်ဖြတ်မှုနဲ့ Saudi Arabia တရားရုံးတခုက လူ ၅ ယောက်ကို သေဒဏ်အပြစ်ပေးလိုက်ပြီး ၃ ဦးကို ထောင်ဒဏ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ Riyadh မြို့တော်မှာရှိတဲ့ ရာဇဝတ်တရားရုံးက စွပ်စွဲခံရသူ ၁၁ ယောက်ကို ပြစ်ဒဏ်ချခဲ့တာမှာ၊ သတ်ဖြတ်မှုကို တိုက်ရိုက်ပတ်သက်သူ ၅ ယောက်ကို သေဒဏ်ချခဲ့တယ်လို့ တရားရုံးရှေ့နေ ပြောခွင့်ရသူကပြောပါတယ်။

အမှုဖုံးကွယ်ဖို့ကြိုးစားမှုနဲ့ နောက်ထပ် ၃ ယောက်ကိုလည်း ထောင်ဒဏ်တွေချခဲ့တာမှာ စုစုပေါင်း ထောင်ဒဏ် ၂၄ နှစ်ချခဲ့တယ်လို့ ပြောပါတယ်။ Washington Post သတင်းစာတိုက်ရဲ့ သတင်းထောက် Jamal Khashoggi ဟာ ၂၀၁၈ ခုနှစ်တုန်းက တူရကီနိုင်ငံ Istanbul မြို့တော်က Saudi ကောင်စစ်ရုံးထဲမှာ အသတ်ခံရပြီး အလောင်းဖျောက်ဖျက် ခံရတာဖြစ်ပါတယ်။

Saudi အစိုးရအပေါ် ဝေဖန်သူသတင်းထောက် အသတ်ခံရမှုမှာ Saudi အိမ်ရှေ့မင်းသား Mohammed bin Salman နဲ့ပတ်သက်နေတယ်လို့ စွပ်စွဲမှုတွေရှိခဲ့ပေမဲ့ Saudi အစိုးရကတော့ ဒါကို ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့ပါတယ်။

အိမ်ရှေ့မင်းသားရဲ့အဓိက အကြံပေး Saud al-Qahtani ကို အတော်ကြီးလှို့ဝှက်တဲ့ စစ်ဆေးမှုတွေကနေ လွှတ်ပေးခဲ့ပြီး တနင်္လာနေ့မှာ ကျန်တဲ့ တရားစွဲခံရသူတွေကို ထောင်ဒဏ်တွေ ချခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စကို အနီးကပ် စောင့်ကြည့်လေ့လာနေသူ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး ရုံးက ဥပဒေပြင်ပနဲ့ တဖက်သတ် တရားစီရင်ခြင်း ဆိုင်ရာ ကိစ္စ ကုလသမဂ္ဂ အထူး အစီရင်ခံစာ တင်သွင်းသူ Agnes Callamard ကတော့ ဒီ တရားစီရင်မှုဟာ ပြက်ရယ်ပြုစရာ တစ်ခုသာ ဖြစ်တယ်လို့ ခေါ်ဆိုခဲ့ပြီး တရားရေးဆိုင်ရာ လစ်ဟာချက်တွေ အများကြီး ရှိတယ်လို့ သူ့ရဲ့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။ ပါရီ အခြေစိုက် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က ဒီ တရားစီရင်ချက်ဟာ တရားမျှတမှုကို စော်ကားလိုက်တာပဲလို့လည်း ပြောပါတယ်။ တူရကီနိုင်ငံကလည်း ဒီ စီရင်ချက်ဟာ အမှန်တရားနဲ့ ဝေးကွာလွန်းတယ်လို့ ဝေဖန် ပြောဆိုခဲ့ပါတယ်။

VOA Burmese
https://burmese.voanews.com
သတင္းေထာက္ Khashoggi ကုိ သတ္ျဖတ္မႈအတြက္ ေဆာ္ဒီမွာ ၅ ဦး ေသဒဏ္အျပစ္ေပးခံရ သတင္းေထာက္ Khashoggi ကုိ သတ္ျဖတ္မႈအတြက္ ေဆာ္ဒီမွာ ၅ ဦး ေသဒဏ္အျပစ္ေပးခံရ Reviewed by THITHTOOLWIN on 09:19 Rating: 5
Powered by Blogger.