IMF ျမန္မာ့စီးပြားေရး တည္ၿငိမ္ေပမဲ့ စိန္ေခၚမႈေတြ ရွိေနဆဲ

အျပည္ျပည္ဆုိင္ရာ ေငြေၾကးရန္ပုံေငြအဖဲြ႔ (IMF) ဌာနခ်ဳပ္ အေဆာက္အအံု

(Zawgyi/Unicode)

ျမန္မာႏုိင္ငံရဲ႕ စီးပြားေရးဖြံ႔ၿဖိဳးမႈဟာ တည္တည္ၿငိမ္ၿငိမ္ ရွိေနေပမဲ့ ရခုိင္ျပည္နယ္အေရး အပါအ၀င္ ျပည္တြင္း၊ ျပည္ပ စိန္ေခၚမႈေတြ ရွိေနဆဲျဖစ္ေၾကာင္း အျပည္ျပည္ဆုိင္ရာ ေငြေၾကးရန္ပုံေငြအဖဲြ႔ (IMF) က ေျပာလုိက္ပါတယ္။

တုိင္းျပည္လူဦးေရနဲ႔ မဟာဗ်ဳဟာက်တဲ့ ေရေျမအေနအထားအရ ေရရွည္စီးပြားေရး အလားအလာေတြ အားေကာင္းေနဆဲ ျဖစ္ေပမဲ့ ေမွ်ာ္လင့္ထားတာထက္ တုိးတက္မႈေတြ အားနည္းႏုိင္တယ္လုိ႔လည္း IMF ကုိယ္စားလွယ္အဖဲြ႔ရဲ႕ ျမန္မာႏုိင္ငံ ခရီးစဥ္ အဆုံးသတ္အျဖစ္ ဒီကေန႔ ထုတ္ျပန္လုိက္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပခဲ့တာပါ။

ကမာၻတ၀ွမ္းမွာ စီးပြားေရး ျပႆနာေတြ ရွိေနေပမဲ့ ျမန္မာႏုိ္င္ငံရဲ႕ ျပည္ပပုိ႔ကုန္လုပ္ငန္းမွာ တုိးတက္မႈေတြ ရွိခဲ့ၿပီး၊ အထူးသျဖင့္ အ၀တ္အထည္နဲ႔ ဓာတ္ေငြ႔တင္ပုိ႔မႈက ၀င္ေငြေတြေၾကာင့္ ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္မွာ ဖြံ႔ၿဖိဳးမႈႏႈန္း ၆.၄ ရာခုိင္ႏႈန္း ရွိခဲ့ရာက ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္မွာေတာ့ ၆.၅ ရာခုိင္ႏႈန္း ရွိမယ္လုိ႔လည္း ခန္႔မွန္းထားပါတယ္။

ျပည္ပတုိက္႐ုိက္ ရင္းႏွီးျမွဳပ္ႏွံမႈေတြမွာေတာ့ ေရွ႕ႏွစ္ ၂၀၂၀ ျပည့္ ေရြးေကာက္ပဲြ ရွိေနတဲ့အတြက္ ရင္းႏွီးျမွဳပ္ႏွံသူေတြ သတိထား ေစာင့္ၾကည့္ေနတာေၾကာင့္ မၾကာေသးခင္ႏွစ္ေတြထက္ ေလ်ာ့နည္းခဲ့ေၾကာင္းလည္း ေျပာဆုိထားတာပါ။

စီးပြားေရး ဖြံၿဖိဳးမႈအတြက္ စိန္ေခၚမႈ တခုျဖစ္တဲ့ ဘ႑ာေရး လုိေငြ ကြာဟခ်က္ဟာလည္း အရင္တႏွစ္က ၃ ရာခုိင္ႏႈန္းသာ ရွိေနရာက ၃.၅ ရာခုိင္ႏႈန္းအထိ တုိးလာတယ္လုိ႔လည္း ေဖာ္ျပထားပါတယ္။

ဘ႑ာေရး အသုံးစရိတ္ လုံေလာက္မႈ မရွိခဲ့ရင္ ျပည္တြင္းမွာ စီးပြားေရး အားနည္းႏုိင္သလုိ၊ ဘဏ္စနစ္ ျပန္လည္တည္ေဆာက္ဖုိ႔နဲ႔ အရင္းအႏွီး မတည္မႈေတြ ၾကန္႔ၾကာေနမယ္ဆုိရင္ ဘ႑ာေရးက႑မွာ အႏၱရာယ္ရွိႏုိင္တယ္လုိ႔လည္း ေျပာပါတယ္။

ရခုိင္ျပည္နယ္မွာ လုံၿခံဳေရး ျပႆနာနဲ႔ လူသားခ်င္း စာနာမႈဆုိင္ရာ အက်ပ္အတည္းေတြဟာ တုိင္းျပည္စီးပြားေရးအတြက္ စိန္ေခၚမႈ တခုအျဖစ္ ရွိေနဆဲျဖစ္ၿပီး၊ ကမာၻတ၀ွမ္း ကုန္သြယ္ေရး တင္းမာမႈေတြ၊ ေစ်းကြက္ မတည္ၿငိမ္မႈေတြ၊ ေရနံစိမ္းေစ်း ျမင့္တက္မႈေတြနဲ႔ တ႐ုတ္ႏုိင္ငံ စီးပြားေရး တုိးတက္မႈ ေႏွးေကြးမႈေတြဟာလည္း ျမန္မာႏုိင္ငံ စီးပြားေရးအေပၚ ႐ုိက္ခတ္လာႏုိင္ေၾကာင္း IMF က သတိေပးထားပါတယ္။

[Unicode Version]

IMF မြန်မာ့စီးပွားရေး တည်ငြိမ်ပေမဲ့ စိန်ခေါ်မှုတွေ ရှိနေဆဲ

မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုဟာ တည်တည်ငြိမ်ငြိမ် ရှိနေပေမဲ့ ရခိုင်ပြည်နယ်အရေး အပါအဝင် ပြည်တွင်း၊ ပြည်ပ စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ပြောလိုက်ပါတယ်။

တိုင်းပြည်လူဦးရေနဲ့ မဟာဗျုဟာကျတဲ့ ရေမြေအနေအထားအရ ရေရှည်စီးပွားရေး အလားအလာတွေ အားကောင်းနေဆဲ ဖြစ်ပေမဲ့ မျှော်လင့်ထားတာထက် တိုးတက်မှုတွေ အားနည်းနိုင်တယ်လို့လည်း IMF ကိုယ်စားလှယ်အဖွဲ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အဆုံးသတ်အဖြစ် ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

ကမ္ဘာတဝှမ်းမှာ စီးပွားရေး ပြဿနာတွေ ရှိနေပေမဲ့ မြန်မာနိုင်ငံရဲ့ ပြည်ပပို့ကုန်လုပ်ငန်းမှာ တိုးတက်မှုတွေ ရှိခဲ့ပြီး၊ အထူးသဖြင့် အဝတ်အထည်နဲ့ ဓာတ်ငွေ့တင်ပို့မှုက ဝင်ငွေတွေကြောင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ဖွံ့ဖြိုးမှုနှုန်း ၆.၄ ရာခိုင်နှုန်း ရှိခဲ့ရာက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာတော့ ၆.၅ ရာခိုင်နှုန်း ရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။

ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေမှာတော့ ရှေ့နှစ် ၂၀၂၀ ပြည့် ရွေးကောက်ပွဲ ရှိနေတဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေ သတိထား စောင့်ကြည့်နေတာကြောင့် မကြာသေးခင်နှစ်တွေထက် လျော့နည်းခဲ့ကြောင်းလည်း ပြောဆိုထားတာပါ။

စီးပွားရေး ဖွံဖြိုးမှုအတွက် စိန်ခေါ်မှု တခုဖြစ်တဲ့ ဘဏ္ဍာရေး လိုငွေ ကွာဟချက်ဟာလည်း အရင်တနှစ်က ၃ ရာခိုင်နှုန်းသာ ရှိနေရာက ၃.၅ ရာခိုင်နှုန်းအထိ တိုးလာတယ်လို့လည်း ဖော်ပြထားပါတယ်။

ဘဏ္ဍာရေး အသုံးစရိတ် လုံလောက်မှု မရှိခဲ့ရင် ပြည်တွင်းမှာ စီးပွားရေး အားနည်းနိုင်သလို၊ ဘဏ်စနစ် ပြန်လည်တည်ဆောက်ဖို့နဲ့ အရင်းအနှီး မတည်မှုတွေ ကြန့်ကြာနေမယ်ဆိုရင် ဘဏ္ဍာရေးကဏ္ဍမှာ အန္တရာယ်ရှိနိုင်တယ်လို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ လုံခြုံရေး ပြဿနာနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းတွေဟာ တိုင်းပြည်စီးပွားရေးအတွက် စိန်ခေါ်မှု တခုအဖြစ် ရှိနေဆဲဖြစ်ပြီး၊ ကမ္ဘာတဝှမ်း ကုန်သွယ်ရေး တင်းမာမှုတွေ၊ ဈေးကွက် မတည်ငြိမ်မှုတွေ၊ ရေနံစိမ်းဈေး မြင့်တက်မှုတွေနဲ့ တရုတ်နိုင်ငံ စီးပွားရေး တိုးတက်မှု နှေးကွေးမှုတွေဟာလည်း မြန်မာနိုင်ငံ စီးပွားရေးအပေါ် ရိုက်ခတ်လာနိုင်ကြောင်း IMF က သတိပေးထားပါတယ်။

VOA Burmese
https://burmese.voanews.com
IMF ျမန္မာ့စီးပြားေရး တည္ၿငိမ္ေပမဲ့ စိန္ေခၚမႈေတြ ရွိေနဆဲ IMF ျမန္မာ့စီးပြားေရး တည္ၿငိမ္ေပမဲ့ စိန္ေခၚမႈေတြ ရွိေနဆဲ Reviewed by THITHTOOLWIN on 01:57 Rating: 5
Powered by Blogger.