ICJ မွာ ဂမ္ဘီယာဘက္က လိုက္ပါမယ္႔ ေ႐ွ႕ေနရဲ႕ သေဘာထား


(Zawgyi/Unicode)

႐ုိဟင္ဂ်ာ မူဆလင္ေတြအေပၚ လူမ်ဳိးတုံးသတ္ျဖတ္မႈ က်ဴးလြန္ႏို္င္တဲ့အေျခအေနကို ဟန္႔တားဖို႔ ပ်က္ကြက္ခဲ့တဲ့ကိစၥနဲ႔ပတ္သက္ၿပီး ဂမ္ဘီယာႏိုင္ငံရဲ႕ ေလွ်ာက္ထားခ်က္ကို ICJ ေခၚ ႏိုင္ငံတကာ တရား႐ုံးက လက္ခံၾကားနာဖုိ႔ ခုိင္လုံတဲ့အေထာက္အထားေတြ ရွိတယ္လို႔ ဂမ္ဘီယာႏိုင္ငံဘက္က လုိက္ပါေဆာင္ရြက္မယ့္ ေရွ႕ေန Paul Reichler ကေျပာၾကားလိုက္ပါတယ္။

နယ္သာလန္ႏိုင္ငံ The Hague ၿမဳိ႕ ICJ တရား႐ုံးမွာ ေရွ႕သီတင္းပတ္ ၾကားနာမယ့္ကိစၥနဲ႔ ပတ္သက္ၿပီး Foley Hoag ဥပေဒအက်ဳိးေဆာင္အဖြဲ႔ဝင္ ေရွ႕ေန Paul Reichler ကို ဦးေက်ာ္ဇံသာက ေမးျမန္းရာမွာ သူက အခုလို စေျပာပါတယ္။

ေရွ႕ေန Paul Reichler။ ။ ဂမ္ဘီယာရဲ႕ ေမတၱာရပ္ခံခ်က္အရ ျမန္မာႏိုင္ငံအေနနဲ႔ ရိုဟင္ဂ်ာေတြအေပၚ လုပ္ေဆာင္ေနတဲ့ လူမ်ိဳးတုံးသတ္ျဖတ္မႈ အျပဳအမႈေတြကို ရပ္ဖို႔ ၊ ၾကားနာမႈအၿပီး အခ်ိန္အတိုအတြင္းမွာ ထပ္မျဖစ္ေစဖို႔အတြက္ provisional measures ေခၚ ယာယီလုပ္ေဆာင္ခ်က္ေတြ အမိန္႔ခ်ဖို႔ျဖစ္ပါတယ္။

ဦးေက်ာ္ဇံသာ။ ။ ဒီအဆင့္မွာ ၂ ဘက္ ေရွ႕ေနေတြ ေလွ်ာက္လႊဲခ်က္ေပးဖို႔ လိုအပ္ပါသလား။

ေရွ႕ေန Paul Reichler။ ။ လိုအပ္ပါတယ္ တရားရံုးေရွ႕မွာ ႏႈတ္အားျဖင့္ ေလွ်ာက္ထားရမွာ ျဖစ္ပါတယ္။ ဒီဇင္ဘာလ ၁၀ ရက္၊ ၁၁ ရက္နဲ႔ ၁၂ ရက္ေန႔တို႔မွာ ျဖစ္ပါတယ္။ ပထမေန႔ျဖစ္တဲ့ ၁၀ ရက္ေန႔ အဂၤါေန႔မွာ အမႈေလွ်ာက္ထားတဲ့ ႏိုင္ငံ ဂမ္ဘီယာက ေလွ်ာက္လႊဲခ်က္ကို သူ႔ႏိုင္ငံကိုယ္စား ဂမ္ဘီယာတရားေရး၀န္ႀကီးနဲ႔ သူတို႔ရဲ႕ ေရွ႕ေနတို႔က ေျပာၾကမွာပါ။ ဒုတိယေန႔ျဖစ္တဲ့ ဒီဇင္ဘာလ ၁၁ ရက္ေန႔မွာေတာ့ ျမန္မာႏိုင္ငံ ကုိယ္စားလွယ္နဲ႔ ေရွ႕ေနတို႔ ေလွ်ာက္လဲၾကရမွာျဖစ္ၿပီး တတိယေန႔မွာေတာ့ ၂ ႏိုင္ငံစလံုး တေက်ာ့ျပန္ ေျပာၾကရမွာ ျဖစ္ပါတယ္။ ဂမ္ဘီယာက မနက္ပိုင္းမွာ ျမန္မာက မြန္းလႊဲပိုင္းမွာ ေျပာမွာပါ။

ဦးေက်ာ္ဇံသာ။ ။ ဆိုေတာ့ အဲဒီ တတိယေန႔ က်ရင္ စြဲခ်က္ တင္သင့္ ၊ မတင္သင့္ ေလွ်ာက္လႊဲၾကမယ္ဆိုတဲ့ သေဘာလား။

ေရွ႕ေန Paul Reichler။ ။ က်ေနာ္ကေတာ့ အဲဒီလို မေျပာလိုပါဘူး။ စြဲခ်က္တင္တယ္ဆိုတာ မသံုးလိုပါဘူး။ ဒါဟာ ရာဇ၀တ္မႈ မဟုတ္ပါဘူး။ တတိယေန႔မွာ ဒုတိယအႀကိမ္ ေလွ်ာက္လြႊဲခ်က္နဲ႔ ျပန္လည္ေခ်ပခ်က္ ျဖစ္ပါတယ္။ ျမန္မာရဲ႕ ေလွ်ာက္လႊဲခ်က္ကို ၁၂ ရက္ေန႔ ၾကာသပေတးေန႔ ညေန ၆ နာရီမွာအဆံုးသတ္ရမွာ ျဖစ္ပါတယ္။ တရားသူႀကီးေတြလည္း အဲဒါၿပီးရင္ နားမယ္။ အဲဒါၿပီးတဲ့ေနာက္ ၂ ပတ္ေလာက္အၾကာမွာမွ ဂမ္ဘီယာ ေလွ်ာက္ထားခ်က္အတိုင္း provisional measures ေခၚ ယာယီလိုက္နာရမယ့္အခ်က္ေတြ ထုတ္ျပန္သင့္မသင့္ အမိန္႔ခ်မွတ္မွာ ျဖစ္ပါတယ္။

ဦးေက်ာ္ဇံသာ။ ။ ခင္ဗ်ားက ဂမ္ဘီယာအတြက္ ေရွ႕ေနတေယာက္ေပါ့။

ေရွ႕ေန Paul Reichler။ ။ ဟုတ္ပါတယ္ သူတို႔ထဲက တေယာက္ပါ။

ဦးေက်ာ္ဇံသာ။ ။ အဲလိုဆိုရင္ ဂမ္ဘီယာရဲ႕ တိုင္ၾကားခ်က္အတိုင္း သူတို႔အေခၚ ရိုဟင္ဂ်ာေတြကို ျမန္မာဘက္က လူမ်ိဳးတုံးသတ္ျဖတ္မႈ ဟန္႔တားဖို႔ ပ်က္ကြက္ခဲ့တယ္ဆိုတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့့ လက္ခံၾကားနာေလာက္တဲ့ Prima facie လို႔ေခၚတဲ့ အေထာက္အထားေတြ ရွိတယ္ဆိုရင္ ဘယ္ဟာေတြလဲဆိုတာ အရင္ဆံုးေျပာျပေပးပါ။

ေရွ႕ေန Paul Reichler။ ။ ေသခ်ာပါတယ္ အေထာက္အထားေတြ အမ်ားႀကီးပါပဲ။ ကုလသမဂၢ အခ်က္အလက္ ရွာေဖြေရးအဖြဲ႔ေတြရဲ႕ ေပၚလြင္ထင္ရွားတဲ့ အစီရင္ခံစာေတြ ၊ စုစုေပါင္း စာမ်က္ႏွာေပါင္း ၇၇၉ မ်က္ႏွာအျပင္ တျခား ကုလအဖြဲ႕အစညး္ေတြရဲ႕ အစီရင္ခံစာေတြ အဲဒါေတြ အားလံုးက ေပၚလြင္ထင္ရွားတဲ့ အေထာက္အထားေတြပါ။

ဦးေက်ာ္ဇံသာ။ ။ အစီရင္ခံစာေတြဟာ လူပုဂိဳလ္ေတြရဲ႕ ထြက္ဆိုခ်က္ေတြအေပၚမွာ အေျခခံထားတာျဖစ္တယ္၊ တကယ့္အေထာက္အထား Evidence ေတြမရွိဘူးလို႔ ဆိုပါတယ္။ တနည္းေျပာရရင္ Statement ေတြကိုသာ အေျခခံတယ္၊ Evidence ေတြမရွိဘူးလို႔ေျပာတာရွိပါတယ္။ ဆိုေတာ့ Evidence ေတြမပါတဲ့ Statement ေတြကို အေျချပဳတဲ့ အစီရင္ခံစာေတြဟာ တရားရံုးမွာ သက္ေသခံ ၀င္ပါသလား။ admissible ျဖစ္မယ္လို႔ ထင္ပါသလား

ေရွ႕ေန Paul Reichler။ ။ အစီရင္ခံစာေတြဟာ အေထာက္အထား Evidence ေတြ အေပၚ အေျခခံပါတယ္။ ျမန္မာအစိုးရရဲ႕ ေၾကညာခ်က္ေတြ တရား၀င္ ေၾကညာခ်က္ေတြပါ။ စစ္ေခါင္းေဆာင္ေတြက ထုတ္ျပန္တာေတြလည္း ရွိပါတယ္။ facebook နဲ႔ Twitter ေတြမွာလည္း အေထာက္အထားေတြရွိပါတယ္။ ၿဂိဳဟ္တု က ရိုက္ထားတဲ့ ရိုဟင္ဂ်ာရြာေတြ မီးရိႈ႕တဲ့ အေထာက္အထားေတြလည္း ရွိပါတယ္။

ဦးေက်ာ္ဇံသာ။ ။ ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ျမန္မာဘက္က ဘယ္လို ခုခံေခ်ပမႈမ်ိဳး Line of defense ယူလာမယ္လို႔ဆိုတာ ႀကိဳတင္ ေတြးမိပါသလား။

ေရွ႕ေန Paul Reichler။ ။ ျမန္မာဘက္က ဘယ္လို ခုခံေခ်ပမႈမ်ိဳးလုပ္မလဲဆိုတာ က်ေနာ္ႀကိဳတင္ မခန္႔မွန္းလိုပါဘူး။ က်ေနာ္မသိပါဘူး။ ဒါ သူတို႔ဘက္က ဆံုးျဖတ္ရမွာပါ။

ဦးေက်ာ္ဇံသာ။ ။ ေနာက္တခုက ICJ မွာ ပံုမွန္ တရားသူႀကီး ၁၅ ဦး အျပင္ အမႈဆိုင္တဲ့ ႏိုင္ငံ ၂ ခုက ad hoc judge လို႔ေခၚတဲ့ ဒီကိစၥအတြက္ သီးသန္႔ တရားသူႀကီး တႏိုင္ငံက တဦးစီ အဆိုျပဳႏိုင္တယ္လို႔ သိရပါတယ္။ ဂမ္ဘီယာဘက္ကေတာ့ ဒီကိစၥနဲ႔ ပတ္သက္ၿပီး အဆိုျပဳခံထားၿပီးၿပီလို႔ သိရပါတယ္။ ျမန္မာဘက္ကေရာ ဒီအမႈအတြက္ သီးသန္႔ တရားသူႀကီးအျဖစ္ ဘယ္သူ႔ကို အဆိုျပဳထားတယ္ဆိုတာမ်ားၾကားမိရင္လည္း ေျပာပါခင္ဗ်။

ေရွ႕ေန Paul Reichler။ ။ ဂ်ာမန္ ဥပေဒ ပါေမာကၡ တေယာက္ကို သူတို႔ အဆိုျပဳထားပါတယ္ သူ႔နာမည္က Kress ပါ။

ဦးေက်ာ္ဇံသာ။ ။ ဆိုေတာ့ ပါေမာကၡ Kress က ျမန္မာဘက္က ခန္႔ထားတဲ့ ad hoc judge ျဖစ္ၿပီးေတာ့ ျမန္မာဘက္က လိုက္ပါေဆာင္ရြက္မယ့္ ေရွ႕ေနကေတာ့ ပါေမာကၡ William Schabas ျဖစ္ပါတယ္။

Foley Hoag ဥပေဒအက်ဳိးေဆာင္အဖြဲ႔ဝင္ ေရွ႕ေန Paul Reichler ကို ဦးေက်ာ္ဇံသာက ဆက္သြယ္ေမးျမန္းထားတာပါ။

.......................

ICJ မှာ ဂမ်ဘီယာဘက်က လိုက်ပါမယ့် ရှေ့နေရဲ့ သဘောထား

(Unicode)

ရိုဟင်ဂျာ မူဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နိုင်တဲ့အခြေအနေကို ဟန့်တားဖို့ ပျက်ကွက်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်ထားချက်ကို ICJ ခေါ် နိုင်ငံတကာ တရားရုံးက လက်ခံကြားနာဖို့ ခိုင်လုံတဲ့အထောက်အထားတွေ ရှိတယ်လို့ ဂမ်ဘီယာနိုင်ငံဘက်က လိုက်ပါဆောင်ရွက်မယ့် ရှေ့နေ Paul Reichler ကပြောကြားလိုက်ပါတယ်။ နယ်သာလန်နိုင်ငံ The Hague မြို့ ICJ တရားရုံးမှာ ရှေ့သီတင်းပတ် ကြားနာမယ့်ကိစ္စနဲ့ ပတ်သက်ပြီး Foley Hoag ဥပဒေအကျိုးဆောင်အဖွဲ့ဝင် ရှေ့နေ Paul Reichler ကို ဦးကျော်ဇံသာက မေးမြန်းရာမှာ သူက အခုလို စပြောပါတယ်။

ရှေ့နေ Paul Reichler။ ။ ဂမ်ဘီယာရဲ့ မေတ္တာရပ်ခံချက်အရ မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေအပေါ် လုပ်ဆောင်နေတဲ့ လူမျိုးတုံးသတ်ဖြတ်မှု အပြုအမှုတွေကို ရပ်ဖို့ ၊ ကြားနာမှုအပြီး အချိန်အတိုအတွင်းမှာ ထပ်မဖြစ်စေဖို့အတွက် provisional measures ခေါ် ယာယီလုပ်ဆောင်ချက်တွေ အမိန့်ချဖို့ဖြစ်ပါတယ်။

ဦးကျော်ဇံသာ။ ။ ဒီအဆင့်မှာ ၂ ဘက် ရှေ့နေတွေ လျှောက်လွှဲချက်ပေးဖို့ လိုအပ်ပါသလား။

ရှေ့နေ Paul Reichler။ ။ လိုအပ်ပါတယ် တရားရုံးရှေ့မှာ နှုတ်အားဖြင့် လျှောက်ထားရမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၀ ရက်၊ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တို့မှာ ဖြစ်ပါတယ်။ ပထမနေ့ဖြစ်တဲ့ ၁၀ ရက်နေ့ အင်္ဂါနေ့မှာ အမှုလျှောက်ထားတဲ့ နိုင်ငံ ဂမ်ဘီယာက လျှောက်လွှဲချက်ကို သူ့နိုင်ငံကိုယ်စား ဂမ်ဘီယာတရားရေးဝန်ကြီးနဲ့ သူတို့ရဲ့ ရှေ့နေတို့က ပြောကြမှာပါ။ ဒုတိယနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာတော့ မြန်မာနိုင်ငံ ကိုယ်စားလှယ်နဲ့ ရှေ့နေတို့ လျှောက်လဲကြရမှာဖြစ်ပြီး တတိယနေ့မှာတော့ ၂ နိုင်ငံစလုံး တကျော့ပြန် ပြောကြရမှာ ဖြစ်ပါတယ်။ ဂမ်ဘီယာက မနက်ပိုင်းမှာ မြန်မာက မွန်းလွှဲပိုင်းမှာ ပြောမှာပါ။

ဦးကျော်ဇံသာ။ ။ ဆိုတော့ အဲဒီ တတိယနေ့ ကျရင် စွဲချက် တင်သင့် ၊ မတင်သင့် လျှောက်လွှဲကြမယ်ဆိုတဲ့ သဘောလား။

ရှေ့နေ Paul Reichler။ ။ ကျနော်ကတော့ အဲဒီလို မပြောလိုပါဘူး။ စွဲချက်တင်တယ်ဆိုတာ မသုံးလိုပါဘူး။ ဒါဟာ ရာဇဝတ်မှု မဟုတ်ပါဘူး။ တတိယနေ့မှာ ဒုတိယအကြိမ် လျှောက်လွှဲချက်နဲ့ ပြန်လည်ချေပချက် ဖြစ်ပါတယ်။ မြန်မာရဲ့ လျှောက်လွှဲချက်ကို ၁၂ ရက်နေ့ ကြာသပတေးနေ့ ညနေ ၆ နာရီမှာအဆုံးသတ်ရမှာ ဖြစ်ပါတယ်။ တရားသူကြီးတွေလည်း အဲဒါပြီးရင် နားမယ်။ အဲဒါပြီးတဲ့နောက် ၂ ပတ်လောက်အကြာမှာမှ ဂမ်ဘီယာ လျှောက်ထားချက်အတိုင်း provisional measures ခေါ် ယာယီလိုက်နာရမယ့်အချက်တွေ ထုတ်ပြန်သင့်မသင့် အမိန့်ချမှတ်မှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ။ ။ ခင်ဗျားက ဂမ်ဘီယာအတွက် ရှေ့နေတယောက်ပေါ့။

ရှေ့နေ Paul Reichler။ ။ ဟုတ်ပါတယ် သူတို့ထဲက တယောက်ပါ။

ဦးကျော်ဇံသာ။ ။ အဲလိုဆိုရင် ဂမ်ဘီယာရဲ့ တိုင်ကြားချက်အတိုင်း သူတို့အခေါ် ရိုဟင်ဂျာတွေကို မြန်မာဘက်က လူမျိုးတုံးသတ်ဖြတ်မှု ဟန့်တားဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ လက်ခံကြားနာလောက်တဲ့ Prima facie လို့ခေါ်တဲ့ အထောက်အထားတွေ ရှိတယ်ဆိုရင် ဘယ်ဟာတွေလဲဆိုတာ အရင်ဆုံးပြောပြပေးပါ။

ရှေ့နေ Paul Reichler။ ။ သေချာပါတယ် အထောက်အထားတွေ အများကြီးပါပဲ။ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့တွေရဲ့ ပေါ်လွင်ထင်ရှားတဲ့ အစီရင်ခံစာတွေ ၊ စုစုပေါင်း စာမျက်နှာပေါင်း ၇၇၉ မျက်နှာအပြင် တခြား ကုလအဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေ အဲဒါတွေ အားလုံးက ပေါ်လွင်ထင်ရှားတဲ့ အထောက်အထားတွေပါ။

ဦးကျော်ဇံသာ။ ။ အစီရင်ခံစာတွေဟာ လူပုဂိုလ်တွေရဲ့ ထွက်ဆိုချက်တွေအပေါ်မှာ အခြေခံထားတာဖြစ်တယ်၊ တကယ့်အထောက်အထား Evidence တွေမရှိဘူးလို့ ဆိုပါတယ်။ တနည်းပြောရရင် Statement တွေကိုသာ အခြေခံတယ်၊ Evidence တွေမရှိဘူးလို့ပြောတာရှိပါတယ်။ ဆိုတော့ Evidence တွေမပါတဲ့ Statement တွေကို အခြေပြုတဲ့ အစီရင်ခံစာတွေဟာ တရားရုံးမှာ သက်သေခံ ဝင်ပါသလား။ admissible ဖြစ်မယ်လို့ ထင်ပါသလား

ရှေ့နေ Paul Reichler။ ။ အစီရင်ခံစာတွေဟာ အထောက်အထား Evidence တွေ အပေါ် အခြေခံပါတယ်။ မြန်မာအစိုးရရဲ့ ကြေညာချက်တွေ တရားဝင် ကြေညာချက်တွေပါ။ စစ်ခေါင်းဆောင်တွေက ထုတ်ပြန်တာတွေလည်း ရှိပါတယ်။ facebook နဲ့ Twitter တွေမှာလည်း အထောက်အထားတွေရှိပါတယ်။ ဂြိုဟ်တု က ရိုက်ထားတဲ့ ရိုဟင်ဂျာရွာတွေ မီးရှို့တဲ့ အထောက်အထားတွေလည်း ရှိပါတယ်။

ဦးကျော်ဇံသာ။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မြန်မာဘက်က ဘယ်လို ခုခံချေပမှုမျိုး Line of defense ယူလာမယ်လို့ဆိုတာ ကြိုတင် တွေးမိပါသလား။

ရှေ့နေ Paul Reichler။ ။ မြန်မာဘက်က ဘယ်လို ခုခံချေပမှုမျိုးလုပ်မလဲဆိုတာ ကျနော်ကြိုတင် မခန့်မှန်းလိုပါဘူး။ ကျနော်မသိပါဘူး။ ဒါ သူတို့ဘက်က ဆုံးဖြတ်ရမှာပါ။

ဦးကျော်ဇံသာ။ ။ နောက်တခုက ICJ မှာ ပုံမှန် တရားသူကြီး ၁၅ ဦး အပြင် အမှုဆိုင်တဲ့ နိုင်ငံ ၂ ခုက ad hoc judge လို့ခေါ်တဲ့ ဒီကိစ္စအတွက် သီးသန့် တရားသူကြီး တနိုင်ငံက တဦးစီ အဆိုပြုနိုင်တယ်လို့ သိရပါတယ်။ ဂမ်ဘီယာဘက်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အဆိုပြုခံထားပြီးပြီလို့ သိရပါတယ်။ မြန်မာဘက်ကရော ဒီအမှုအတွက် သီးသန့် တရားသူကြီးအဖြစ် ဘယ်သူ့ကို အဆိုပြုထားတယ်ဆိုတာများကြားမိရင်လည်း ပြောပါခင်ဗျ။

ရှေ့နေ Paul Reichler။ ။ ဂျာမန် ဥပဒေ ပါမောက္ခ တယောက်ကို သူတို့ အဆိုပြုထားပါတယ် သူ့နာမည်က Kress ပါ။

ဦးကျော်ဇံသာ။ ။ ဆိုတော့ ပါမောက္ခ Kress က မြန်မာဘက်က ခန့်ထားတဲ့ ad hoc judge ဖြစ်ပြီးတော့ မြန်မာဘက်က လိုက်ပါဆောင်ရွက်မယ့် ရှေ့နေကတော့ ပါမောက္ခ William Schabas ဖြစ်ပါတယ်။

Foley Hoag ဥပဒေအကျိုးဆောင်အဖွဲ့ဝင် ရှေ့နေ Paul Reichler ကို ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်းထားတာပါ။

ဦးေက်ာ္ဇံသာ/ VOA Burmese
https://burmese.voanews.com
ICJ မွာ ဂမ္ဘီယာဘက္က လိုက္ပါမယ္႔ ေ႐ွ႕ေနရဲ႕ သေဘာထား ICJ မွာ ဂမ္ဘီယာဘက္က လိုက္ပါမယ္႔ ေ႐ွ႕ေနရဲ႕ သေဘာထား Reviewed by THITHTOOLWIN on 09:30 Rating: 5
Powered by Blogger.