ေဒၚေအာင္ဆန္းစုၾကည္ ICJ ခရီးေခ်ာေမြ႕ေစေရး နယ္သာလန္သံအမတ္နဲ႔ ဝန္ႀကီးဦးေက်ာ္တင္ေတြ႕ဆုံ

 ေဒၚေအာင္ဆန္းစုၾကည္ကို အိမ္ရွင္နယ္သာလန္အေနနဲ႔ ႏိုင္ငံျခားေရးဝန္ႀကီးတစ္ဦးအတြက္ သံတမန္လုံၿခဳံေရးနဲ႔ အကာအကြယ္ ေစာင့္ေရွာက္မႈေတြကို စီစဥ္ေပးမွာျဖစ္
(Zawgyi)⤵⤵⤵
ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ အျပည္ျပည္ဆိုင္ရာတရား႐ုံး အိုင္စီေဂ်မွာ ဦးေဆာင္ ေျဖရွင္းဖို႔ နယ္သာလန္ကို သြားမယ့္ခရီးစဥ္အဆင္ေျပေခ်ာေမြ႕ေစေရးအတြက္ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီး ဦးေက်ာ္တင္ဟာ ျမန္မာႏိုင္ငံဆိုင္ရာ နယ္သာလန္သံအမတ္ႀကီးမစၥတာ Wouter Jurgens နဲ႔ ဒီဇင္ဘာ ၅ ရက္မွာ ေတြ႕ဆုံေဆြးေႏြးခဲ့ပါတယ္။

ခရီးစဥ္အဆင္ေျပေခ်ာေမြ႕ေစဖို႔ လိုအပ္တဲ့ကူညီပံ့ပိုးမႈေတြကို သံအမတ္ႀကီးနဲ႔ ညႇိႏႈိင္းေဆြးေႏြးခဲ့တယ္လို႔ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခ်က္က ဆိုပါတယ္။

အိုင္စီေဂ်မွာ ျမန္မာအမႈ႐ုံးခ်ိန္းေတြကို ဒီဇင္ဘာ ၁၀ ရက္မွာစတင္မယ္လို႔ ေၾကညာထားတဲ့အတြက္ ေဒၚေအာင္ဆန္းစုၾကည္မွာ မၾကာခင္ရက္ပိုင္းမွာပဲ နယ္သာလန္ႏိုင္ငံကို ထြက္ခြာေတာ့မွာျဖစ္ပါတယ္။

ဒီခရီးစဥ္အတြင္း ေဒၚေအာင္ဆန္းစုၾကည္ကို အိမ္ရွင္နယ္သာလန္အေနနဲ႔ ႏိုင္ငံျခားေရးဝန္ႀကီးတစ္ဦးအတြက္ သံတမန္လုံၿခဳံေရးနဲ႔ အကာအကြယ္ ေစာင့္ေရွာက္မႈေတြကို စီစဥ္ေပးမွာျဖစ္တဲ့အျပင္ အိုင္စီေဂ်နဲ႔ အိမ္ရွင္ႏိုင္ငံ သေဘာတူညီခ်က္အရလည္း လုံၿခဳံေရး ေဆာင္႐ြက္မႈေတြစီစဥ္ေပးေနတယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးခ်မ္းေအးက ဘီဘီစီကို ေျပာၾကားထားပါတယ္။

ဒါ့အျပင္ ဒီကေန႔ ဒီဇင္ဘာ ၆ ရက္မွာ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး မစၥတာဝမ္ယီဟာ ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဖိတ္ၾကားခ်က္နဲ႔ ျမန္မာႏိုင္ငံကို ေရာက္ရွိမွာျဖစ္ပါတယ္။
 ၂၀၁၇ ခုႏွစ္ ျမန္မာခရီးစဥ္တုန္းက ေဒၚေအာင္ဆန္းစုၾကည္နဲ႔ မစၥတာဝမ္ယီတို႔ ေနျပည္ေတာ္မွာ ပူးတြဲသတင္းစာရွင္းလင္းခဲ့ၾက
ေဒၚေအာင္ဆန္းစုၾကည္ဟာ ကုလသမဂၢရဲ႕အျပည္ျပည္ဆိုင္ရာတရား႐ုံး ICJ ကို ဒီဇင္ဘာ ၁၀ ရက္မွာ သြားေရာက္ တရားရင္ဆိုင္ရမွာျဖစ္ၿပီး ဒီခရီးစဥ္ မတိုင္ခင္ ခုလို တ႐ုတ္ႏိုင္ငံျခားေရး၀န္ႀကီးခရီးစဥ္ ထြက္ေပၚလာတာျဖစ္ပါတယ္။ မစၥတာဝမ္ယီဟာ ဒီဇင္ဘာ ၄ ရက္နဲ႔ ၅ ရက္မွာ ေျမာက္ကိုရီးယားကို သြားေရာက္ခဲ့ၿပီး ေျမာက္ကိုရီးယားခရီးစဥ္အၿပီးမွာ အခု ျမန္မာျပည္ခရီးစဥ္ကို စတင္ဖြယ္ရွိေနတာပါ။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးရဲ႕ ျမန္မာျပည္ခရီးစဥ္က မူလတည္းက စီစဥ္ထားတာလား၊ ဒီအိုင္စီေဂ်ခရီးစဥ္နဲ႔ ဆက္စပ္လားဆိုတာကို ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ေျပာခြင့္ရသူေတြကို ဘီဘီစီက ဒီဇင္ဘာ ၆ ရက္နံနက္မွာ ဆက္သြယ္ေမးျမန္းေပမယ့္ အဆက္အသြယ္မရရွိခဲ့ပါဘူး။

မစၥတာဝမ္ယီဟာ ဒီဇင္ဘာ ၇ ရက္ ညေနပိုင္းမွာ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္၊ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔နဲ႔ ေတြ႕ဆုံဖို႔ရွိပါတယ္။

အိုင္စီေဂ်မွာ တရားသူႀကီးအဖြဲ႕ကို တရားသူႀကီး ၁၅ ဦးနဲ႔ ဖြဲ႕စည္းထားၿပီး အဲဒီထဲမွာ ဒုဥကၠ႒က တ႐ုတ္ႏိုင္ငံက ႐ႊဲဟန္ခ်င္းျဖစ္ပါတယ္။ သူဟာ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွာ တာဝန္ထမ္းေဆာင္ဖူးသူလည္း ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
----------------
(Unicode)⤵⤵⤵
ဒေါ်အောင်ဆန်းစုကြည် ICJ ခရီးချောမွေ့စေရေး နယ်သာလန်သံအမတ်နဲ့ ဝန်ကြီးဦးကျော်တင်တွေ့ဆုံ
ဓာတ်ပုံ မူပိုင် MOFA
Image caption ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ရှင်နယ်သာလန်အနေနဲ့ နိုင်ငံခြားရေးဝန်ကြီးတစ်ဦးအတွက် သံတမန်လုံခြုံရေးနဲ့ အကာအကွယ် စောင့်ရှောက်မှုတွေကို စီစဉ်ပေးမှာဖြစ်

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေမှာ ဦးဆောင် ဖြေရှင်းဖို့ နယ်သာလန်ကို သွားမယ့်ခရီးစဉ်အဆင်ပြေချောမွေ့စေရေးအတွက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်ဟာ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ကြီးမစ္စတာ Wouter Jurgens နဲ့ ဒီဇင်ဘာ ၅ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ခရီးစဉ်အဆင်ပြေချောမွေ့စေဖို့ လိုအပ်တဲ့ကူညီပံ့ပိုးမှုတွေကို သံအမတ်ကြီးနဲ့ ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

အိုင်စီဂျေမှာ မြန်မာအမှုရုံးချိန်းတွေကို ဒီဇင်ဘာ ၁၀ ရက်မှာစတင်မယ်လို့ ကြေညာထားတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်မှာ မကြာခင်ရက်ပိုင်းမှာပဲ နယ်သာလန်နိုင်ငံကို ထွက်ခွာတော့မှာဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ရှင်နယ်သာလန်အနေနဲ့ နိုင်ငံခြားရေးဝန်ကြီးတစ်ဦးအတွက် သံတမန်လုံခြုံရေးနဲ့ အကာအကွယ် စောင့်ရှောက်မှုတွေကို စီစဉ်ပေးမှာဖြစ်တဲ့အပြင် အိုင်စီဂျေနဲ့ အိမ်ရှင်နိုင်ငံ သဘောတူညီချက်အရလည်း လုံခြုံရေး ဆောင်ရွက်မှုတွေစီစဉ်ပေးနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ဘီဘီစီကို ပြောကြားထားပါတယ်။

ဒါ့အပြင် ဒီကနေ့ ဒီဇင်ဘာ ၆ ရက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖိတ်ကြားချက်နဲ့ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် STR
Image caption ၂၀၁၇ ခုနှစ် မြန်မာခရီးစဉ်တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာဝမ်ယီတို့ နေပြည်တော်မှာ ပူးတွဲသတင်းစာရှင်းလင်းခဲ့ကြ

ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂရဲ့အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကို ဒီဇင်ဘာ ၁၀ ရက်မှာ သွားရောက် တရားရင်ဆိုင်ရမှာဖြစ်ပြီး ဒီခရီးစဉ် မတိုင်ခင် ခုလို တရုတ်နိုင်ငံခြားရေးဝန်ကြီးခရီးစဉ် ထွက်ပေါ်လာတာဖြစ်ပါတယ်။ မစ္စတာဝမ်ယီဟာ ဒီဇင်ဘာ ၄ ရက်နဲ့ ၅ ရက်မှာ မြောက်ကိုရီးယားကို သွားရောက်ခဲ့ပြီး မြောက်ကိုရီးယားခရီးစဉ်အပြီးမှာ အခု မြန်မာပြည်ခရီးစဉ်ကို စတင်ဖွယ်ရှိနေတာပါ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာပြည်ခရီးစဉ်က မူလတည်းက စီစဉ်ထားတာလား၊ ဒီအိုင်စီဂျေခရီးစဉ်နဲ့ ဆက်စပ်လားဆိုတာကို နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူတွေကို ဘီဘီစီက ဒီဇင်ဘာ ၆ ရက်နံနက်မှာ ဆက်သွယ်မေးမြန်းပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

မစ္စတာဝမ်ယီဟာ ဒီဇင်ဘာ ၇ ရက် ညနေပိုင်းမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံဖို့ရှိပါတယ်။

အိုင်စီဂျေမှာ တရားသူကြီးအဖွဲ့ကို တရားသူကြီး ၁၅ ဦးနဲ့ ဖွဲ့စည်းထားပြီး အဲဒီထဲမှာ ဒုဥက္ကဋ္ဌက တရုတ်နိုင်ငံက ရွှဲဟန်ချင်းဖြစ်ပါတယ်။ သူဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ဖူးသူလည်း ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ေဒၚေအာင္ဆန္းစုၾကည္ ICJ ခရီးေခ်ာေမြ႕ေစေရး နယ္သာလန္သံအမတ္နဲ႔ ဝန္ႀကီးဦးေက်ာ္တင္ေတြ႕ဆုံ ေဒၚေအာင္ဆန္းစုၾကည္ ICJ ခရီးေခ်ာေမြ႕ေစေရး နယ္သာလန္သံအမတ္နဲ႔ ဝန္ႀကီးဦးေက်ာ္တင္ေတြ႕ဆုံ Reviewed by THITHTOOLWIN on 09:34 Rating: 5
Powered by Blogger.