ICJ ၾကားနာမႈအေပၚ ႏိုင္ငံတကာ ဥပေဒပညာရွင္ Michael Becker အျမင္ (ဒုတိယပိုင္း)

ICJ ၾကားနာမႈအေပၚ ႏိုင္ငံတကာ ဥပေဒပညာရွင္ Michael Becker အျမင္ (ဒုတိယပိုင္း)

(Zawgyi / Unicode)

ျမန္မာအစိုးရ အေပၚ ၾကားျဖတ္အေရးယူေဆာင္ရြက္ဖို႔ ICJ ႏိုင္ငံတကာ တရားရံုးသူႀကီးေတြဘက္က အမိန္႔ခ်မွတ္မယ့္ အလားအလာ ေသခ်ာသေလာက္ ရွိေနေၾကာင္း ႏိုင္ငံတကာ ဥပေဒပညာရွင္ Michael Becker က သံုးသပ္ပါတယ္။ ဘယ္လို အေၾကာင္းအခ်က္ေတြေပၚမွာ မူတည္ၿပီး သူက အဲဒီလို သံုးသပ္ရသလဲ။

၂၀၁၈ ခုႏွစ္က ျမန္မာကို အျခားႏိုင္ငံတႏိုင္ငံက လူမ်ဳိးတုန္းသတ္ျဖတ္မႈ ဆိုင္ရာ သေဘာတူစာခ်ဳပ္နဲ႔ ပတ္သက္လို႔ ICJ တရားရံုးမွာ အမႈဖြင့္တရားစဲြႏိုင္တဲ့ အလားအလာဆိုတဲ့ စာတမ္းကို ေရးသားျပဳစုခဲ့တဲ့ Mr. Becker က အခု သူ႔စာတမ္းမွာ ႀကိဳတင္ေထာက္ျပခဲ့တဲ့ အေျခအေန ကို ဆိုက္ေရာက္လာခဲ့တယ္လို႔ ဆိုပါတယ္။ သူကိုယ္တိုင္လည္း ICJ တရားရံုးမွာ ေလးႏွစ္ၾကာ လက္ေထာက္ ဥပေဒအရာရွိ အျဖစ္ ေဆာင္ရြက္ခဲ့သူ ျဖစ္ပါတယ္။

လက္ရွိ အိုင္ယာလန္ႏိုင္ငံ Durblin က Trinity ေကာလိပ္ဥပေဒဘာသာရပ္ဌာန လက္ေထာက္ပါေမာကၡ Michael Becker နဲ႔ ဒီဇင္ဘာလ ၁၂ ရက္ေန႔က မအင္ၾကင္းႏိုင္ Skype ကေန သီးသန္႔ ဆက္သြယ္ေမးျမန္းထားတဲ့ ေနာက္ဆံုးပိုင္းကို တင္ျပလိုက္ပါတယ္။

အင္ၾကင္းႏိုင္။ ။ အခုလိုသံုးရက္ၾကာ ႏွစ္ဘက္အျပန္အလွန္ ေလွ်ာက္လဲခ်က္ေတြကို နားေထာင္ၿပီးတဲ့ ေနာက္မွာ ၾကားနာပဲြရဲ႕ အဓိကအခ်က္ျဖစ္တဲ့ ဂမ္ဘီယာက ေတာင္းဆိုတဲ့ ၾကားျဖတ္အေရးယူ ေဆာင္ရြက္ဖို႔ ဆိုတာကို တရားသူႀကီးေတြဘက္က ဘယ္လို ဆံုးျဖတ္မယ့္ အလားအလာ ရွိမလဲရွင့္။

Michael Becker ။ ။ တရားရံုးရဲ႕ ဆံုးျဖတ္ခ်က္ကို ႀကိဳတင္ခန္႔မွန္းေျပာဆိုဖို႔ အၿမဲတန္း အႏၱရာယ္ရွိတယ္ဆိုတာ က်ေနာ္သိပါတယ္။ ဒါေပမယ့္ သံုးရက္ၾကာ ၾကားနာပဲြမွာ ဂမ္ဘီယာရဲ႕ ေလွ်ာက္လဲတင္ျပခ်က္ေတြကို သံုးသပ္ၾကည့္ျခင္းအားျဖင့္ ICJ တရားရံုးအေနနဲ႔ (Provisional measures) ၾကားျဖတ္အေရးယူ ေဆာင္ရြက္ဖို႔ အမိန္႔ခ်မွတ္မယ့္ အလားအလာ လံုး၀ေသခ်ာ သေလာက္ရွိေနပါတယ္။ ဒါေပမယ့္ အဲဒီ ၾကားျဖတ္အေရးယူေဆာင္ရြက္ဖို႔ အမိန္႔ထုတ္ျပန္ခ်က္မွာ ပါ၀င္မယ့္ ဥပေဒပိုင္းဆိုင္ရာ တိက်တဲ့ အခ်က္အလက္ေတြ ဘာေတြျဖစ္မလဲဆိုတာ ခန္႔မွန္းဖို႔ ခက္ခဲပါတယ္။ ဆိုလိုတာက ဂမ္ဘီယာႏိုင္ငံဘက္က ေတာင္းဆိုခ်က္အတိုင္း ICJ တရားရံုးက အတိအက် လိုက္ေလ်ာမယ္ဆိုတာမ်ဳိး မဟုတ္ပါဘူး။ ဂမ္ဘီယာဘက္ကလည္း ပါးနပ္ပါတယ္။ တရားရံုးအမိန္႔မွာ ပါ၀င္သင့္တဲ့ အခ်က္အလက္အတိအက် ကို တိုက္တြန္းခ်က္အေနနဲ႔ ေလွ်ာက္လဲ ခဲ့တာျဖစ္ပါတယ္။ ဒါကလည္း ေကာင္းတဲ့ အႀကံပါ။

လူမ်ဳိးတုန္းသတ္ျဖတ္မႈဆိုင္ရာ ျပစ္မႈက်ဴးလြန္မႈေတြကို မလုပ္ဖို႔ ျမန္မာကို အမိန္႔ေပးဖို႔ ဆိုတာမ်ဳိး ဂမ္ဘီယာက တိုက္ရိုက္ေျပာတာမဟုတ္ပဲ လူမ်ဳိးတုန္းသတ္ျဖတ္တဲ့ က်ဴးလြန္မႈကို အစိုးရ စစ္တပ္ ဒါမွမဟုတ္ ျပည္သူ႔စစ္အဖဲြ႔ေတြကို မလုပ္ေအာင္ တားျမစ္ေပးဖို႔ ဆိုတဲ့အခ်က္ကို ေတာင္းဆိုခဲ့တာပါ။

ဂမ္ဘီယာက အခ်က္ေကာင္းကို ထိထိေရာက္ေရာက္ေထာက္ျပခဲ့တာပါ။ လူမ်ဳိးတုန္းသတ္ျဖတ္မႈ ေျမာက္သလား ၊မေျမာက္ဘူးလားဆိုတဲ့အေပၚမွာ အျပန္အလွန္အျငင္းပြားရမယ့္ကိစၥက အလြန္ကို က်ယ္ျပန္႔တယ္လို႔ ဂမ္ဘီယာက ေကာင္းေကာင္းသိထားပါတယ္။။ ဒါေၾကာင့္ အခု ဂမ္ဘီယာက တရားရံုးကို ေတာင္းဆိုတဲ့ ၾကားျဖတ္အေရးယူ ေဆာင္ရြက္ျခင္း အမိန္႔ထုတ္ျပန္ဖို႔ ဆိုတဲ့ကိစၥက သူတို႔အျမင္မွာ တနည္းတလမ္းအားျဖင့္ လူမ်ဳိးတုန္း သတ္ျဖတ္မႈ ေျမာက္ေနတယ္ ဒါမွမဟုတ္ ဦးတည္ေနတယ္ဆိုတဲ့ ျမန္မာဘက္က စီမံေဆာင္ရြက္ေနတဲ့ က႑အလိုက္အတိအက် တားျမစ္ေပးဖို႔ ျဖစ္ပါတယ္။

ဒါေၾကာင့္ ရိုဟင္ဂ်ာအသိုင္းအ၀ိုင္းအေပၚ ဥပေဒမဲ့ သတ္ျဖတ္မႈေတြ၊ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈ၊ ရြာေတြကို မီးရိႈ႕ဖ်က္ဆီးမႈ၊ ေမြးျမဴေရး တိရစၦာန္ေတြကို သတ္ျဖတ္မႈ၊ အိမ္၊ ယာေတြကို ဖ်က္ဆီးမႈ၊ စားနပ္ရိကၡာေတြကို ကန္႔သတ္ထားမႈ စတဲ့ က်ဴးလြန္မႈ လုပ္ရပ္ေတြအတြက္ ၾကားျဖတ္အေရးယူ ေဆာင္ရြက္မႈ ဆိုင္ရာ အမိန္႔ ထုတ္ျပန္ေပးဖို႔ သူတို႔က ေတာင္းဆိုထားၿပီျဖစ္ေၾကာင္း ဂမ္ဘီယာကဘက္က ေထာက္ျပေျပာဆိုေနတာျဖစ္ပါတယ္။ ဒီေတာ့ ဘယ္အခ်က္ေတြကို တားျမစ္ရမလဲဆိုတဲ့ တိတိက်က် အခ်က္အလက္စာရင္းနဲ႔ တကြ သူတို႔ဘက္က တရားရံုးကို တင္ျပေတာင္းဆိုထားတာျဖစ္ပါတယ္။ ဒီလို ဂမ္ဘီယာရဲ႕ ေတာင္းဆိုခ်က္ဟာ အလြန္ေကာင္းတဲ့ ႀကံစည္ေတြးေခၚမႈျဖစ္တယ္လို႔ က်ေနာ္ျမင္ပါတယ္။ ICJ တရားရံုးအေနနဲ႔ ဒီၾကားျဖတ္အေရးယူ ေဆာင္ရြက္ဖို႔ အမိန္႔ကို လိုလိုလားလား ခ်မွတ္မယ္ဆိုရင္ ဒီအမႈဟာ အလြန္ကို စိတ္၀င္စားဖို႔ ေကာင္းတယ္လို႔ က်ေနာ္ျမင္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဂမ္ဘီယာဘက္က ေျပာေနတာက တကယ္လို႔ တရားသူႀကီးေတြအေနနဲ႔ ထိထိေရာက္ေရာက္ မလုပ္ဘူး၊ ဥပေဒအခ်က္အလက္ အတိအက်နဲ႔ အမိန္႔ခ်မွတ္တာမ်ဳိး မလုပ္ဘူးဆိုရင္ ေနာက္ထပ္ ေလး၊ ငါး၊ ေျခာက္လ ၾကာရင္ သူတို႔ကို ဒီတရားရံုးမွာ ထပ္ၿပီး ေတြ႕ျမင္ရမွာ ျဖစ္ၿပီး၊ ဒီလို အေျခအေနမ်ဳိးကို သူတို႔ မလိုလားေၾကာင္း ဂမ္ဘီယာက ေလွ်ာက္လဲခဲ့တာျဖစ္ပါတယ္။

အင္ၾကင္းႏိုင္။ ။ အခုေမးျမန္းခန္း ေနာက္ဆံုးအပိုင္းအေနနဲ႔ တရားရံုးမွာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ စြမ္းေဆာင္မႈ အရည္အေသြးနဲ႔ သူရဲ႕ ခုခံေခ်ပခ်က္ေတြအေပၚ ဘယ္လိုသံုးသပ္ပါလဲ။

Michael Becker ။ ။ ေကာင္းပါၿပီ။ ႏိုင္ငံတကာ လူ႔အခြင့္အေရးလႈပ္ရွားမႈမွာ အမႊမ္းတင္ခံရသူ တဦး၊ ဂုဏ္သိကၡာ အဆင့္အတန္း ရွိထားသူတဦးက အခုလို ICJ တရားရံုးေရွ႕ေမွာက္ ကိုယ္တိုင္ ခုခံေခ်ပခဲ့တဲ့ လုပ္ရပ္ဟာ ေဒၚေအာင္ဆန္းစုၾကည္အတြက္ ထူးျခားလွတဲ့ သမိုင္း၀င္ျဖစ္ရပ္ဆိုတာ ေသခ်ာပါတယ္။ တစံုတေယာက္ရဲ႕ ဂုဏ္သိကၡာဟာ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ေလာက္မွာ အလြန္ပဲ ေျပာင္းလဲခဲ့ၿပီးျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ လူေတြဘက္မွာ မတူညီတဲ့ နားလည္မႈေတြ ရွိခဲ့ၾကပါတယ္။ ရိုဟင္ဂ်ာေတြ အေပၚ ဘာေတြျဖစ္ခဲ့သလဲ၊ သူတို႔ ဘယ္လိုရင္ဆိုင္ခဲ့ရသလဲ ဆိုတဲ့ အေျခအေနေပၚမွာ မတူညီတဲ့ နားလည္မႈေတြ အေတာ္ေလးရွိခဲ့တာပါ။

ဒါေၾကာင့္ ICJ တရားရံုးကို ကိုယ္တိုင္ တက္ေရာက္ဖို႔ ေဒၚေအာင္ဆန္းစုၾကည္ ေရြးခ်ယ္မႈက စိတ္၀င္စားစရာေကာင္းပါတယ္။ ဒီအခ်က္ကိုၾကည့္ရင္ သူ႔မွာ အျခား ေရြးခ်ယ္စရာမရွိဘူးဆိုတာ ကိုလည္း ျပေနပါတယ္။ ဂမ္ဘီယာဘက္က အရင္ဆံုးေလွ်ာက္လဲခ်က္ ေပးခဲ့တဲ့ေန႔ကဆိုရင္ ရိုဟင္ဂ်ာေတြ အေပၚ ရက္ရက္စက္စက္ က်ဴးလြန္မႈ စြပ္စဲြခ်က္ေတြအတြက္ တရားရံုးကို တင္ျပရာမွာ ကေလးေတြအေပၚ က်ဴးလြန္တဲ့သတ္ျဖတ္မႈေတြ၊ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈေတြအေၾကာင္း ဂမ္ဘီယာႏိုင္ငံဘက္က ဥပေဒပညာရွင္ေတြ တင္ျပသြားတာေတြကို နားေထာင္ရသူေတြအတြက္ အလြန္ပဲ စိတ္ႏွလံုးထိခိုက္ေစခဲ့ပါတယ္။ ဒီအခ်ိန္မွာ တရားသူႀကီးေတြေရွ႕ေမွာက္ ထိုင္ၿပီး နားေထာင္ေနတဲ့ ေဒၚေအာင္ဆန္းစုၾကည္အတြက္ အလြန္ခက္ခဲတဲ့ အခ်ိန္ပဲျဖစ္ပါတယ္။ ဒါေပမယ့္ တကယ္တမ္း ျမန္မာႏိုင္ငံကို ကိုယ္စားျပဳၿပီး ေဒၚေအာင္ဆန္းစုၾကည္ ခုခံေလွ်ာက္လဲခ်က္ေပးတာကို ၾကည့္ၿပီး က်ေနာ္ အခ်က္ႏွစ္ခ်က္ ျမင္မိပါတယ္။

တခ်က္က လူအမ်ားအျပားေ၀ဖန္ခဲ့တဲ့ ရိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို သူရဲ႕ ေလွ်ာက္လဲခ်က္ေတြ ထဲမွာ လံုး၀ ေျပာဆိုခဲ့ျခင္းမရွိတာပါ။ ျမန္မာဘက္က ပထမအႀကိမ္ ခုခံေခ်ပတဲ့ ေန႔မွာ ASRA အၾကမ္းဖက္အဖဲြ႔အေၾကာင္း ေျပာတဲ့ အခ်ိန္မွာ အဖဲြ႔နာမည္မွာပါတဲ့ ရိုဟင္ဂ်ာ ဆိုတဲ့ အေခၚအေ၀ၚကိုပဲ ေဒၚေအာင္ဆန္းစုၾကည္က တႀကိမ္ပဲ သံုးခဲ့တာပါ။ ေနာက္ဆံုး အပိတ္ ေလွ်ာက္လဲခ်က္မွာလည္း လံုး၀သံုးႏႈန္းမသြားဘူးလို႔ က်ေနာ္ နားလည္ထားပါတယ္။ ဒီအခ်က္က သူကိုေရာ၊ ျမန္မာကိုယ္စားလွယ္ တဖဲြ႔လံုးရဲ႕ သိကၡာကို ထိခိုက္ေစခဲ့ပါတယ္။ ဒီအသံုးအႏႈန္းကို အသံုးမျပဳဖို႔ ျမန္မာကိုယ္စားလွယ္ တဖဲြ႔လံုးက ဆံုးျဖတ္ခ်က္ ခ်ထားတာျဖစ္ပါတယ္။ ဒီအခ်က္ဟာလည္း သူကို တရားရံုးမွာ အေထာက္အကူမေပးပါဘူး။

ေနာက္ထပ္ အဓိကက်တဲ့ အခ်က္ကေတာ့ စြပ္စဲြခ်က္ေတြနဲ႔ ပတ္သက္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ဘာမွ တုန္႔ျပန္ေျပာသြားျခင္းမရွိတာပါ။ ဂမ္ဘီယာ ေလွ်ာက္လဲခ်က္မွာ အဓိကအေရးပါတဲ့ လိင္ပို္င္းဆိုင္ရာ အၾကမ္းဖက္မႈစြပ္စဲြခ်က္ေတြမွာလည္း သူက ဘာမွ တံု႔ျပန္ေျပာဆိုသြားတာမ်ဳိး မရွိပါဘူး။ ဒီအခ်က္ဟာ တနည္းတလမ္းအားျဖင့္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ခုခံေလွ်ာက္လဲခ်က္တခု လံုးကို အားနည္းေစပါတယ္။ ဒီလို စြပ္စဲြခ်က္ေတြနဲ႔ ပတ္သက္လို႔ ေဒၚေအာင္ဆန္းစုၾကည္ဘက္က တံု႔ျပန္ဖို႔ ပ်က္ကြက္မႈ ဒါမွမဟုတ္ တံု႔ျပန္ခုခံေခ်ပလို စိတ္မရွိတာ၊ ဒါမွမဟုတ္ သူ႔အစိုးရကို ကာကြယ္ဖို႔ ဥပေဒေၾကာင္းအရ ျပန္ၿပီးခုခံမယ္ဆိုရင္ေတာင္ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္ခံခဲ့ရသူ ေတြအေပၚ သူ႔ရဲ႕ ကိုယ္ခ်င္းစာမႈကို အတိုင္းအတာတခုအထိ ျပသဖို႔ ပ်က္ကြက္ခဲ့ပါတယ္။

အင္ၾကင္းႏိုင္။ ။ ဒါေပမယ့္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေလွွ်ာက္လဲွခ်က္ေတြထဲမွာဆိုရင္ ျပည္တြင္းႏိုင္ငံေရး အက်ပ္အတည္း၊ လက္နက္ကိုင္ ပဋိပကၡေတြ ေျဖရွင္းေဆာင္ရြက္ေနတဲ့ သူ႔အစိုးရရဲ႕ အေျခအေနေတြကိုလည္း ထုတ္ေဖၚေျပာသြားပါတယ္။ စစ္တပ္နဲ႔ ဆက္ဆံေရးမွာ အေတာ္ေလး သတိထားရတဲ့ အေျခအေနကိုလည္း ပြင့္ပြင့္လင္းလင္းေျပာသြားပါတယ္။ ဒီလိုေျဖရွင္းခ်က္မ်ဳိးေတြ အေပၚမွာက ႏိုင္ငံတကာက နားလည္ေပးလို႔ရမလား။

Michael Becker ။ ။ က်ေနာ္ အေတာ္ေလး အံၾသသင့္ခဲ့မိပါတယ္။ ပထမေန႔ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ အဖြင့္ ခုခံေခ်ပေလွ်ာက္လဲခ်က္ တခုလံုးဟာ က်ေနာ္ေမွ်ာ္လင့္ ထားတာထက္ ပိုၿပီး အေသးစိတ္ခဲ့တာျဖစ္ပါတယ္။ အစိုးရ ကိုယ္စားလွယ္အဖဲြ႔ေခါင္းေဆာင္အေနနဲ႔ ေယဘုယ်အခ်က္ အလက္ေတြ ေလာက္ပဲ သူေျပာမယ္လို႔ ထင္ခဲ့တာပါ။ တရားရံုးမွာ သူကိုယ္တိုင္ အဲဒီေလာက္ အေသးစိတ္ခု ခံေခ်ပမယ္လို႔ က်ေနာ္ ထင္မထားခဲ့ပါဘူး။ သူရဲ႕ေလွ်ာက္လဲခ်က္ေတြ အေပၚ လူေတြနား လည္လက္ခံေအာင္ လုပ္ႏိုင္ခဲ့သလားဆိုတဲ့ အခ်က္မွာေတာ့ ျမန္မာႏိုင္ငံက အေျခအေနေတြက ရႈပ္ေထြးခက္ခဲတာဆိုတာ လူေတြနားလည္ပါတယ္။ သူ႔ဦးေဆာင္တဲ့ အစိုးရနဲ႔ စစ္ဗိုလ္ခ်ဳပ္ေတြၾကား ဆက္ဆံေရး အေျခအေန၊ အစိုးရမွာ သူယူထားတဲ့ ႏိုင္ငံေရးတာ၀န္ အကန္႔အသတ္ေတြ စတဲ့ အေျခအေနနဲ႔ ပတ္သက္ၿပီး က်ေနာ္ သိပ္ၿပီး ကြ်မ္းကြ်မ္းက်င္က်င္ေတာ့ သံုးသပ္လို႔မရဘူး။ ဒါေၾကာင့္ ဒီအခ်က္ေပၚမွာ က်ေနာ္ အမ်ားႀကီးမေျပာလိုပါဘူး။ ဒါေပမဲ့ ဒီၾကားနာပဲြကို တကမၻာလံုးက ေစာင့္ၾကည့္ေလ့လာေနတဲ့သူအမ်ားစုကိုေတာ့ သူေျပာျပခ်က္ေတြ ယံုၾကည္လက္ခံလာေအာင္ ေဒၚေအာင္ဆန္းစုၾကည္ဘက္က ဆဲြေဆာင္မႈမရွိခဲ့သလို သူ႔ရဲ႕ ခုခံေခ်ပခ်က္ေတြဟာလည္း လံုေလာက္မႈ မရွိပါဘူး။ တကယ္လို႔ သူေျပာခဲ့တဲ့ အခ်က္ေတြ အားလံုးဟာ မွန္ကန္ခဲ့တယ္ဆိုရင္ေတာင္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ဘာေတြျဖစ္ခဲ့သလဲဆိုတဲ့ အေျခအေနကို ဆင္ေျခေပးလို႔ မရပါဘူး။ ဒီေလာက္ႀကီးမားလွတဲ့ ျပစ္မႈ အတိုင္းအတာအတြက္ သူရဲ႕ေျဖရွင္းခ်က္ေတြက မလံုေလာက္ပါဘူး။

ျပည္တြင္းမွာ ျဖစ္ေနတဲ့ လက္နက္ကိုင္ပဋိပကၡေတြကို သူ႔အစိုးရနဲ႔ ဘယ္လိုႀကိဳးစား ေျဖရွင္းေနသလဲ ဆိုတာကိုလည္း ေဒၚေအာင္ဆန္းစုၾကည္က အမ်ားႀကီး ေျပာသြားပါတယ္။ ျဖစ္ခဲ့တဲ့အေျခအေနေတြဟာ ျပည္တြင္းက လက္နက္ကိုင္သူပုန္ေတြနဲ႔ စစ္တပ္ၾကား တိုက္ပဲြေတြျဖစ္ခဲ့တယ္ဆိုတဲ့ ပံုစံမ်ဳိးနဲ႔ အေျခအေနကို ေဒၚေအာင္ဆန္းစုၾကည္က ႀကိဳးစားၿပီး ပံုေဖၚေျပာဆိုသြားတာပါ။ ဒီအခ်က္ကို ျမန္မာကိုယ္စားလွယ္တဖဲြ႔လံုးက အဓိက အေျခခံတည္ေဆာက္ၿပီး ေျပာမယ္ဆိုတာ ခန္႔မွန္းနားလည္လို႔ရပါတယ္။

ဒါေပမယ့္ တကယ့္ကို ထိတ္လန္႔ တုန္လႈပ္စရာ ရက္စက္ၾကမ္းၾကဳတ္မႈေတြ က်ဴးလြန္ခဲ့တယ္ဆိုတဲ့ စြပ္စဲြခ်က္ေတြနဲ႔ ဒီပဋိပကၡ ဘယ္လို ပတ္သက္ဆက္စပ္ခဲ့သလဲဆိုတာ တုံ႔ျပန္ ေျဖရွင္းဖို႔ ျမန္မာအစိုးရကိုယ္စားလွယ္တဖဲြ႔လံုး ပ်က္ကြက္ခဲ့ပါတယ္။ ဒါေၾကာင့္ တရားရံုးမွာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ရွင္းလင္းခ်က္ေတြကို လူအမ်ားလက္ခံဖို႔ဆိုတဲ့ေနရာမွာ ႀကီးမားတဲ့ ဟာကြက္ ရွိခဲ့တယ္လို႔ က်ေနာ္ျမင္ပါတယ္။

လက္ေထာက္ပါေမာကၡ Michael Becker နဲ႔ ဒီဇင္ဘာလ ၁၂ ရက္ေန႔က မအင္ၾကင္းႏိုင္ Skype ကေန သီးသန္႔ ဆက္သြယ္ေမးျမန္းထားတာပါ။

(Unicode Version)

ICJ ကြားနာမှုအပေါ် နိုင်ငံတကာ ဥပဒေပညာရှင် Michael Becker အမြင် (ဒုတိယပိုင်း)

မြန်မာအစိုးရ အပေါ် ကြားဖြတ်အရေးယူဆောင်ရွက်ဖို့ ICJ နိုင်ငံတကာ တရားရုံးသူကြီးတွေဘက်က အမိန့်ချမှတ်မယ့် အလားအလာ သေချာသလောက် ရှိနေကြောင်း နိုင်ငံတကာ ဥပဒေပညာရှင် Michael Becker က သုံးသပ်ပါတယ်။ ဘယ်လို အကြောင်းအချက်တွေပေါ်မှာ မူတည်ပြီး သူက အဲဒီလို သုံးသပ်ရသလဲ။

၂၀၁၈ ခုနှစ်က မြန်မာကို အခြားနိုင်ငံတနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှု ဆိုင်ရာ သဘောတူစာချုပ်နဲ့ ပတ်သက်လို့ ICJ တရားရုံးမှာ အမှုဖွင့်တရားစွဲနိုင်တဲ့ အလားအလာဆိုတဲ့ စာတမ်းကို ရေးသားပြုစုခဲ့တဲ့ Mr. Becker က အခု သူ့စာတမ်းမှာ ကြိုတင်ထောက်ပြခဲ့တဲ့ အခြေအနေ ကို ဆိုက်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။ သူကိုယ်တိုင်လည်း ICJ တရားရုံးမှာ လေးနှစ်ကြာ လက်ထောက် ဥပဒေအရာရှိ အဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

လက်ရှိ အိုင်ယာလန်နိုင်ငံ Durblin က Trinity ကောလိပ်ဥပဒေဘာသာရပ်ဌာန လက်ထောက်ပါမောက္ခ Michael Becker နဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့က မအင်ကြင်းနိုင် Skype ကနေ သီးသန့် ဆက်သွယ်မေးမြန်းထားတဲ့ နောက်ဆုံးပိုင်းကို တင်ပြလိုက်ပါတယ်။

အင်ကြင်းနိုင်။ ။ အခုလိုသုံးရက်ကြာ နှစ်ဘက်အပြန်အလှန် လျှောက်လဲချက်တွေကို နားထောင်ပြီးတဲ့ နောက်မှာ ကြားနာပွဲရဲ့ အဓိကအချက်ဖြစ်တဲ့ ဂမ်ဘီယာက တောင်းဆိုတဲ့ ကြားဖြတ်အရေးယူ ဆောင်ရွက်ဖို့ ဆိုတာကို တရားသူကြီးတွေဘက်က ဘယ်လို ဆုံးဖြတ်မယ့် အလားအလာ ရှိမလဲရှင့်။

Michael Becker ။ ။ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကြိုတင်ခန့်မှန်းပြောဆိုဖို့ အမြဲတန်း အန္တရာယ်ရှိတယ်ဆိုတာ ကျနော်သိပါတယ်။ ဒါပေမယ့် သုံးရက်ကြာ ကြားနာပွဲမှာ ဂမ်ဘီယာရဲ့ လျှောက်လဲတင်ပြချက်တွေကို သုံးသပ်ကြည့်ခြင်းအားဖြင့် ICJ တရားရုံးအနေနဲ့ (Provisional measures) ကြားဖြတ်အရေးယူ ဆောင်ရွက်ဖို့ အမိန့်ချမှတ်မယ့် အလားအလာ လုံးဝသေချာ သလောက်ရှိနေပါတယ်။ ဒါပေမယ့် အဲဒီ ကြားဖြတ်အရေးယူဆောင်ရွက်ဖို့ အမိန့်ထုတ်ပြန်ချက်မှာ ပါဝင်မယ့် ဥပဒေပိုင်းဆိုင်ရာ တိကျတဲ့ အချက်အလက်တွေ ဘာတွေဖြစ်မလဲဆိုတာ ခန့်မှန်းဖို့ ခက်ခဲပါတယ်။ ဆိုလိုတာက ဂမ်ဘီယာနိုင်ငံဘက်က တောင်းဆိုချက်အတိုင်း ICJ တရားရုံးက အတိအကျ လိုက်လျောမယ်ဆိုတာမျိုး မဟုတ်ပါဘူး။ ဂမ်ဘီယာဘက်ကလည်း ပါးနပ်ပါတယ်။ တရားရုံးအမိန့်မှာ ပါဝင်သင့်တဲ့ အချက်အလက်အတိအကျ ကို တိုက်တွန်းချက်အနေနဲ့ လျှောက်လဲ ခဲ့တာဖြစ်ပါတယ်။ ဒါကလည်း ကောင်းတဲ့ အကြံပါ။

လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ပြစ်မှုကျူးလွန်မှုတွေကို မလုပ်ဖို့ မြန်မာကို အမိန့်ပေးဖို့ ဆိုတာမျိုး ဂမ်ဘီယာက တိုက်ရိုက်ပြောတာမဟုတ်ပဲ လူမျိုးတုန်းသတ်ဖြတ်တဲ့ ကျူးလွန်မှုကို အစိုးရ စစ်တပ် ဒါမှမဟုတ် ပြည်သူ့စစ်အဖွဲ့တွေကို မလုပ်အောင် တားမြစ်ပေးဖို့ ဆိုတဲ့အချက်ကို တောင်းဆိုခဲ့တာပါ။

ဂမ်ဘီယာက အချက်ကောင်းကို ထိထိရောက်ရောက်ထောက်ပြခဲ့တာပါ။ လူမျိုးတုန်းသတ်ဖြတ်မှု မြောက်သလား ၊မမြောက်ဘူးလားဆိုတဲ့အပေါ်မှာ အပြန်အလှန်အငြင်းပွားရမယ့်ကိစ္စက အလွန်ကို ကျယ်ပြန့်တယ်လို့ ဂမ်ဘီယာက ကောင်းကောင်းသိထားပါတယ်။။ ဒါကြောင့် အခု ဂမ်ဘီယာက တရားရုံးကို တောင်းဆိုတဲ့ ကြားဖြတ်အရေးယူ ဆောင်ရွက်ခြင်း အမိန့်ထုတ်ပြန်ဖို့ ဆိုတဲ့ကိစ္စက သူတို့အမြင်မှာ တနည်းတလမ်းအားဖြင့် လူမျိုးတုန်း သတ်ဖြတ်မှု မြောက်နေတယ် ဒါမှမဟုတ် ဦးတည်နေတယ်ဆိုတဲ့ မြန်မာဘက်က စီမံဆောင်ရွက်နေတဲ့ ကဏ္ဍအလိုက်အတိအကျ တားမြစ်ပေးဖို့ ဖြစ်ပါတယ်။

ဒါကြောင့် ရိုဟင်ဂျာအသိုင်းအဝိုင်းအပေါ် ဥပဒေမဲ့ သတ်ဖြတ်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ရွာတွေကို မီးရှို့ဖျက်ဆီးမှု၊ မွေးမြူရေး တိရစ္ဆာန်တွေကို သတ်ဖြတ်မှု၊ အိမ်၊ ယာတွေကို ဖျက်ဆီးမှု၊ စားနပ်ရိက္ခာတွေကို ကန့်သတ်ထားမှု စတဲ့ ကျူးလွန်မှု လုပ်ရပ်တွေအတွက် ကြားဖြတ်အရေးယူ ဆောင်ရွက်မှု ဆိုင်ရာ အမိန့် ထုတ်ပြန်ပေးဖို့ သူတို့က တောင်းဆိုထားပြီဖြစ်ကြောင်း ဂမ်ဘီယာကဘက်က ထောက်ပြပြောဆိုနေတာဖြစ်ပါတယ်။ ဒီတော့ ဘယ်အချက်တွေကို တားမြစ်ရမလဲဆိုတဲ့ တိတိကျကျ အချက်အလက်စာရင်းနဲ့ တကွ သူတို့ဘက်က တရားရုံးကို တင်ပြတောင်းဆိုထားတာဖြစ်ပါတယ်။ ဒီလို ဂမ်ဘီယာရဲ့ တောင်းဆိုချက်ဟာ အလွန်ကောင်းတဲ့ ကြံစည်တွေးခေါ်မှုဖြစ်တယ်လို့ ကျနော်မြင်ပါတယ်။ ICJ တရားရုံးအနေနဲ့ ဒီကြားဖြတ်အရေးယူ ဆောင်ရွက်ဖို့ အမိန့်ကို လိုလိုလားလား ချမှတ်မယ်ဆိုရင် ဒီအမှုဟာ အလွန်ကို စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ကျနော်မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဂမ်ဘီယာဘက်က ပြောနေတာက တကယ်လို့ တရားသူကြီးတွေအနေနဲ့ ထိထိရောက်ရောက် မလုပ်ဘူး၊ ဥပဒေအချက်အလက် အတိအကျနဲ့ အမိန့်ချမှတ်တာမျိုး မလုပ်ဘူးဆိုရင် နောက်ထပ် လေး၊ ငါး၊ ခြောက်လ ကြာရင် သူတို့ကို ဒီတရားရုံးမှာ ထပ်ပြီး တွေ့မြင်ရမှာ ဖြစ်ပြီး၊ ဒီလို အခြေအနေမျိုးကို သူတို့ မလိုလားကြောင်း ဂမ်ဘီယာက လျှောက်လဲခဲ့တာဖြစ်ပါတယ်။

အင်ကြင်းနိုင်။ ။ အခုမေးမြန်းခန်း နောက်ဆုံးအပိုင်းအနေနဲ့ တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွမ်းဆောင်မှု အရည်အသွေးနဲ့ သူရဲ့ ခုခံချေပချက်တွေအပေါ် ဘယ်လိုသုံးသပ်ပါလဲ။

Michael Becker ။ ။ ကောင်းပါပြီ။ နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားမှုမှာ အမွှမ်းတင်ခံရသူ တဦး၊ ဂုဏ်သိက္ခာ အဆင့်အတန်း ရှိထားသူတဦးက အခုလို ICJ တရားရုံးရှေ့မှောက် ကိုယ်တိုင် ခုခံချေပခဲ့တဲ့ လုပ်ရပ်ဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် ထူးခြားလှတဲ့ သမိုင်းဝင်ဖြစ်ရပ်ဆိုတာ သေချာပါတယ်။ တစုံတယောက်ရဲ့ ဂုဏ်သိက္ခာဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်မှာ အလွန်ပဲ ပြောင်းလဲခဲ့ပြီးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေဘက်မှာ မတူညီတဲ့ နားလည်မှုတွေ ရှိခဲ့ကြပါတယ်။ ရိုဟင်ဂျာတွေ အပေါ် ဘာတွေဖြစ်ခဲ့သလဲ၊ သူတို့ ဘယ်လိုရင်ဆိုင်ခဲ့ရသလဲ ဆိုတဲ့ အခြေအနေပေါ်မှာ မတူညီတဲ့ နားလည်မှုတွေ အတော်လေးရှိခဲ့တာပါ။

ဒါကြောင့် ICJ တရားရုံးကို ကိုယ်တိုင် တက်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်မှုက စိတ်ဝင်စားစရာကောင်းပါတယ်။ ဒီအချက်ကိုကြည့်ရင် သူ့မှာ အခြား ရွေးချယ်စရာမရှိဘူးဆိုတာ ကိုလည်း ပြနေပါတယ်။ ဂမ်ဘီယာဘက်က အရင်ဆုံးလျှောက်လဲချက် ပေးခဲ့တဲ့နေ့ကဆိုရင် ရိုဟင်ဂျာတွေ အပေါ် ရက်ရက်စက်စက် ကျူးလွန်မှု စွပ်စွဲချက်တွေအတွက် တရားရုံးကို တင်ပြရာမှာ ကလေးတွေအပေါ် ကျူးလွန်တဲ့သတ်ဖြတ်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအကြောင်း ဂမ်ဘီယာနိုင်ငံဘက်က ဥပဒေပညာရှင်တွေ တင်ပြသွားတာတွေကို နားထောင်ရသူတွေအတွက် အလွန်ပဲ စိတ်နှလုံးထိခိုက်စေခဲ့ပါတယ်။ ဒီအချိန်မှာ တရားသူကြီးတွေရှေ့မှောက် ထိုင်ပြီး နားထောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် အလွန်ခက်ခဲတဲ့ အချိန်ပဲဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တမ်း မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ဒေါ်အောင်ဆန်းစုကြည် ခုခံလျှောက်လဲချက်ပေးတာကို ကြည့်ပြီး ကျနော် အချက်နှစ်ချက် မြင်မိပါတယ်။

တချက်က လူအများအပြားဝေဖန်ခဲ့တဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို သူရဲ့ လျှောက်လဲချက်တွေ ထဲမှာ လုံး၀ ပြောဆိုခဲ့ခြင်းမရှိတာပါ။ မြန်မာဘက်က ပထမအကြိမ် ခုခံချေပတဲ့ နေ့မှာ ASRA အကြမ်းဖက်အဖွဲ့အကြောင်း ပြောတဲ့ အချိန်မှာ အဖွဲ့နာမည်မှာပါတဲ့ ရိုဟင်ဂျာ ဆိုတဲ့ အခေါ်အဝေါ်ကိုပဲ ဒေါ်အောင်ဆန်းစုကြည်က တကြိမ်ပဲ သုံးခဲ့တာပါ။ နောက်ဆုံး အပိတ် လျှောက်လဲချက်မှာလည်း လုံးဝသုံးနှုန်းမသွားဘူးလို့ ကျနော် နားလည်ထားပါတယ်။ ဒီအချက်က သူကိုရော၊ မြန်မာကိုယ်စားလှယ် တဖွဲ့လုံးရဲ့ သိက္ခာကို ထိခိုက်စေခဲ့ပါတယ်။ ဒီအသုံးအနှုန်းကို အသုံးမပြုဖို့ မြန်မာကိုယ်စားလှယ် တဖွဲ့လုံးက ဆုံးဖြတ်ချက် ချထားတာဖြစ်ပါတယ်။ ဒီအချက်ဟာလည်း သူကို တရားရုံးမှာ အထောက်အကူမပေးပါဘူး။

နောက်ထပ် အဓိကကျတဲ့ အချက်ကတော့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က ဘာမှ တုန့်ပြန်ပြောသွားခြင်းမရှိတာပါ။ ဂမ်ဘီယာ လျှောက်လဲချက်မှာ အဓိကအရေးပါတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုစွပ်စွဲချက်တွေမှာလည်း သူက ဘာမှ တုံ့ပြန်ပြောဆိုသွားတာမျိုး မရှိပါဘူး။ ဒီအချက်ဟာ တနည်းတလမ်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခုခံလျှောက်လဲချက်တခု လုံးကို အားနည်းစေပါတယ်။ ဒီလို စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က တုံ့ပြန်ဖို့ ပျက်ကွက်မှု ဒါမှမဟုတ် တုံ့ပြန်ခုခံချေပလို စိတ်မရှိတာ၊ ဒါမှမဟုတ် သူ့အစိုးရကို ကာကွယ်ဖို့ ဥပဒေကြောင်းအရ ပြန်ပြီးခုခံမယ်ဆိုရင်တောင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရသူ တွေအပေါ် သူ့ရဲ့ ကိုယ်ချင်းစာမှုကို အတိုင်းအတာတခုအထိ ပြသဖို့ ပျက်ကွက်ခဲ့ပါတယ်။

အင်ကြင်းနိုင်။ ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လျှောက်လဲှချက်တွေထဲမှာဆိုရင် ပြည်တွင်းနိုင်ငံရေး အကျပ်အတည်း၊ လက်နက်ကိုင် ပဋိပက္ခတွေ ဖြေရှင်းဆောင်ရွက်နေတဲ့ သူ့အစိုးရရဲ့ အခြေအနေတွေကိုလည်း ထုတ်ဖေါ်ပြောသွားပါတယ်။ စစ်တပ်နဲ့ ဆက်ဆံရေးမှာ အတော်လေး သတိထားရတဲ့ အခြေအနေကိုလည်း ပွင့်ပွင့်လင်းလင်းပြောသွားပါတယ်။ ဒီလိုဖြေရှင်းချက်မျိုးတွေ အပေါ်မှာက နိုင်ငံတကာက နားလည်ပေးလို့ရမလား။

Michael Becker ။ ။ ကျနော် အတော်လေး အံသြသင့်ခဲ့မိပါတယ်။ ပထမနေ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အဖွင့် ခုခံချေပလျှောက်လဲချက် တခုလုံးဟာ ကျနော်မျှော်လင့် ထားတာထက် ပိုပြီး အသေးစိတ်ခဲ့တာဖြစ်ပါတယ်။ အစိုးရ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အနေနဲ့ ယေဘုယျအချက် အလက်တွေ လောက်ပဲ သူပြောမယ်လို့ ထင်ခဲ့တာပါ။ တရားရုံးမှာ သူကိုယ်တိုင် အဲဒီလောက် အသေးစိတ်ခု ခံချေပမယ်လို့ ကျနော် ထင်မထားခဲ့ပါဘူး။ သူရဲ့လျှောက်လဲချက်တွေ အပေါ် လူတွေနား လည်လက်ခံအောင် လုပ်နိုင်ခဲ့သလားဆိုတဲ့ အချက်မှာတော့ မြန်မာနိုင်ငံက အခြေအနေတွေက ရှုပ်ထွေးခက်ခဲတာဆိုတာ လူတွေနားလည်ပါတယ်။ သူ့ဦးဆောင်တဲ့ အစိုးရနဲ့ စစ်ဗိုလ်ချုပ်တွေကြား ဆက်ဆံရေး အခြေအနေ၊ အစိုးရမှာ သူယူထားတဲ့ နိုင်ငံရေးတာဝန် အကန့်အသတ်တွေ စတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကျနော် သိပ်ပြီး ကျွမ်းကျွမ်းကျင်ကျင်တော့ သုံးသပ်လို့မရဘူး။ ဒါကြောင့် ဒီအချက်ပေါ်မှာ ကျနော် အများကြီးမပြောလိုပါဘူး။ ဒါပေမဲ့ ဒီကြားနာပွဲကို တကမ္ဘာလုံးက စောင့်ကြည့်လေ့လာနေတဲ့သူအများစုကိုတော့ သူပြောပြချက်တွေ ယုံကြည်လက်ခံလာအောင် ဒေါ်အောင်ဆန်းစုကြည်ဘက်က ဆွဲဆောင်မှုမရှိခဲ့သလို သူ့ရဲ့ ခုခံချေပချက်တွေဟာလည်း လုံလောက်မှု မရှိပါဘူး။ တကယ်လို့ သူပြောခဲ့တဲ့ အချက်တွေ အားလုံးဟာ မှန်ကန်ခဲ့တယ်ဆိုရင်တောင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတဲ့ အခြေအနေကို ဆင်ခြေပေးလို့ မရပါဘူး။ ဒီလောက်ကြီးမားလှတဲ့ ပြစ်မှု အတိုင်းအတာအတွက် သူရဲ့ဖြေရှင်းချက်တွေက မလုံလောက်ပါဘူး။

ပြည်တွင်းမှာ ဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို သူ့အစိုးရနဲ့ ဘယ်လိုကြိုးစား ဖြေရှင်းနေသလဲ ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အများကြီး ပြောသွားပါတယ်။ ဖြစ်ခဲ့တဲ့အခြေအနေတွေဟာ ပြည်တွင်းက လက်နက်ကိုင်သူပုန်တွေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေဖြစ်ခဲ့တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အခြေအနေကို ဒေါ်အောင်ဆန်းစုကြည်က ကြိုးစားပြီး ပုံဖေါ်ပြောဆိုသွားတာပါ။ ဒီအချက်ကို မြန်မာကိုယ်စားလှယ်တဖွဲ့လုံးက အဓိက အခြေခံတည်ဆောက်ပြီး ပြောမယ်ဆိုတာ ခန့်မှန်းနားလည်လို့ရပါတယ်။

ဒါပေမယ့် တကယ့်ကို ထိတ်လန့် တုန်လှုပ်စရာ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဒီပဋိပက္ခ ဘယ်လို ပတ်သက်ဆက်စပ်ခဲ့သလဲဆိုတာ တုံ့ပြန် ဖြေရှင်းဖို့ မြန်မာအစိုးရကိုယ်စားလှယ်တဖွဲ့လုံး ပျက်ကွက်ခဲ့ပါတယ်။ ဒါကြောင့် တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှင်းလင်းချက်တွေကို လူအများလက်ခံဖို့ဆိုတဲ့နေရာမှာ ကြီးမားတဲ့ ဟာကွက် ရှိခဲ့တယ်လို့ ကျနော်မြင်ပါတယ်။

လက်ထောက်ပါမောက္ခ Michael Becker နဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့က မအင်ကြင်းနိုင် Skype ကနေ သီးသန့် ဆက်သွယ်မေးမြန်းထားတာပါ။

အင္ၾကင္းႏုုိင္/VOA Burmese
https://burmese.voanews.com
ICJ ၾကားနာမႈအေပၚ ႏိုင္ငံတကာ ဥပေဒပညာရွင္ Michael Becker အျမင္ (ဒုတိယပိုင္း) ICJ ၾကားနာမႈအေပၚ ႏိုင္ငံတကာ ဥပေဒပညာရွင္ Michael Becker အျမင္ (ဒုတိယပိုင္း) Reviewed by THITHTOOLWIN on 22:14 Rating: 5
Powered by Blogger.