ဂမ္ဘီယာရဲ့ Genocide စြဲခ်က်၊ျမန္မာတုံျ့ပန္ခ်က္နဲ့ သေဘာထားအျမင္မ်ား

ICJ တရားရုံး အျပင္ဘက် အင်္ဂါနေ့က ဆန္ဒျပပြဲ။
(Unicode)⤵⤵⤵
ရခိုင်ျပည္နယ္တြင်ျးဖစ္ပြားခဲ့တဲ့ လူ့အခြင့်အေရး ခိုးဖောက္မှုတြေဟာ လူမိုးတုံး သတ်ျဖတ္မှု က်ူးလြန်ရာရောက်ပြီး ဒါကျိုမန္မာနိုင်ငံဘက္က ဟန့္တားဖို့ ပ်က္ကြက္ခဲ့တယ် ဆိုတဲ့ စြပ္စြဲခ်က္နဲ့ ICJ နိုင်ငံတကာတရာရုံးမွာ ဂမ္ဘီယာနိုင်ငံရဲ့ လွော်က္လဲခ်က္ကို ဗုဒ္ဓဟူးနေ့ကျမန္မာဘက္က နိုင်ငံတော်အတိုင္ပင္ခံပုဂ္ဂိုလ် နိုဘယ်ငြိမ်းခ်မ်းရေးဆုရွင် ဒေါ်အောင္ဆန်းစုကြည္ကိုယ္တိုင် ဦးဆောင်ပြီး ခ်ေပခ်က်ပေးပါတယ်။

တခိန္က သူ့ကို ၁၅ နွစ္တိုင္တိုင် နေအိမ်အက်ယ္ခ်ုပ် ခ်ထားခဲ့တဲ့ စစ္ဘက်အတြက် အခုတော့ ဒေါ်အောင္ဆန်းစုကြည္က ကာကြယ်ျေပာဆိုနေရတဲ့ အေကြာင်း Henry Ridgwell လန္ဒန္ကေန ပေးပို့တဲ့ သတင်းလွှာကို မျမသဇင်အောင္ကျေပျာပေပးပါမယ်။

လူမိုးတုံးသတ်ျဖတ္မှု သေဘာတူစာခ်ုပ္ကို ဖောက္ဖ်က္တယ္ဆိုတဲ့ စြပ္စြဲခ်က်တြေအေပါ် သူ နိုဘဲလ် ငြိမ်းခ်မ်းရေးဆုရတာ ၂၈ နွစ္တိတျိပည့္ခါနီး ဒီဇင္ဘာလ ၁၁ ရက်နေ့မွာပဲ နယ်သာလန် နိုင်ငံ The Hague မြို့ ICJ နိုင်ငံတကာတရားရုံးရွေ့မွာ ဒေါ်အောင္ဆန်းစုကြည် ခ်ေဖ်က် တင်ျပခဲ့ရပါတယ်။

ျမန္မာစစ္တပ်ဟာ ရိုဟင္ဂ်ာမြတ္ဆလင်တြေအေပါ် Genocide လူမိုးတုံးသတ်ျဖတ္မှု က်ူးလြန္တယ္ဆိုတဲ့ စြဲခ်က္နဲ့ ဂမ္ဘီယာနိုင်ငံကျမန္မာကို နိုင်ငံတကာ တရားရုံးမွာ တရားစြဲဆိုထားတာပါ။ ရိုဟင္ဂ်ာလို့ ခေါ်ဆိုတာကို လက္မခံတျဲ့မန္မာအစိုးရရဲ့ ကိုယ္စားလွယ်အဖြဲ့ကို နိုင်ငျံခားရေးဝန်ကြီးအျဖစ် ခေါင်းဆောင်ပြီး သြားရောက္တဲ့ ဒေါ်အောင္ဆန်းစုကြည္က ဂမ္ဘီယာနိုင်ငံရဲ့ ဒီဇင္ဘာလ ၁၀ ရက်နေ့ ICJ မွာ တင်ျပခ်က်တြေအေပါ် အခုလို တုံျ့ပန္တင်ျပပါတယ်။

"စိတ္မေကာင်းစရာအခ်က္ကေတာ့ ယခု ဂမ္ဘီယာနိုင်ငံက ရခိုင်ဒေသအျေခအေနနဲ့ပတ်သက်ပြီး ရုံးတ္ကောို လွော်က္ထား တင်ျပမှုတြေမွာ အခ်က်အလက်ျပည့္စုံမှုမရွိတဲ့အျပင် နားလည္မှုလြဲမွားစေနိုင္တဲ့ အေနအထားနဲ့ ပုံဖ္ထောားတာကို တြေ့ရပါတယ်။"

ရခိုင်ျပည္နယ္တြင်ျးဖစ္ပ်က္ခဲ့တာတြေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ တရားရုံးရွေ့မွောက် အင်္ဂါနေ့မွာ ဂမ္ဘီယာဘက္က ရွေ့နေ Andrew Loewenstein တင်ျပေလွ်ာက္ထားတာမွာ

"မ်က်ျမင်သက်သေ တေယာက် အဆိုအရ သူ့မိသားစုထဲက အမိုးသားတြေကို စစ္တပ္က သတ္လိုက္တယ္လို့ ဆိုပါတယ်။ သေနတ္နဲ့ ပစ်ပြီး လည္မိုကို လွီးတာကို မ်က်ျမင်တြေ့တယ္လိျု့ပန်ျေပျာပပါတယ်။"

အခု စြပ္စြဲခ်က်တြေ ဟာ နိုင်ငံတကာတရားရုံးရဲ့ တရားစီရင္ပိုင္ခြင့်အောက္မွာ မရွိဘျဲမန္မာနိုင်ငံ ဖြဲ့စည်းပုံ အျေခခံဥပေဒနဲ့ အညီသာျေဖရွင်းရမျွာဖစ္တယ္လို့ ဒေါ်အောင္ဆန်းစုကြည္က တင်ျပပါတယ်။ "

ျမန္မာ့တပ္မေတ်ာသားတြေ စစ်ရာဇဝတ္မှုတြေကို က်ူးလြန္တယ္ဆိုရင် ဖြဲ့စည်းပုံအျေခခံဥပေဒနဲ့အညီ စစ္ဘက္ဆိုင်ရာ တရားစီရင်ရေးစနစ်အောက္မျွာပစ္ဒဏ္စီရင်ျခင်းကို ခံယူကြရမျွာဖစ္ပါတယ်"

အခုလျိုမန္မာနိုင်ငံကို ဂမ္ဘီယာဘက္က တရားစြဲဆိုတဲ့အေပါ် ထောက္ခံသူတြေရွိသလို ကန့္ကက္မြှုတြေလည်း ရွိနေပြီျးပည္တငြ်းမွာတော့ ဒေါ်အောင္ဆန်းစုကြည္ကို ထောက္ခံပြဲတြေ လုပ်ကြပါတယ်။ ဘဂင်္လားဒေရွ့် နိုင်ငံ ဒုက္ခသည် စခန်းက ဒုက္ခသည္တဦျးဖစ္တဲ့ Lokman Hakim ကေတာ့

"ဒါဟာ လူမိုးတုံးသတ်ျဖတ္မှု ဆိုတာ ဒေါ်အောင္ဆန်းစုကြည် သိရွိထားလ်က္နဲ့ မဟန့္တားခဲ့တာပါ။ ကျြန်တ္တောို့ တရားမ်ွတမှု လိုခ်င္ပါတယ်။"

ျမန္မာစစ္တပ်ဟာ လူအစုလိုက် အပြုံလိုက် သတ်ျဖတ္မှု၊ နွိပ္စက်ညှဉ်းပန်းမှုနဲ့ လိင္ပိုင်းဆိုင်ရာ အနိုင္က်င့်စ္ကောားမှုတြေကို က်ူးလြန္ခဲ့တဲ့အတြက် ၂၀၁၇ ခုနွစ္တုန်းက သိန်းနဲခ်ီတဲ့ ရိုဟင္ဂ်ာတြေ ဘဂင်္လားဒေရွ့် ဘက္ကို ထြက်ျေပးခဲ့ရတယ္လို့ စြပ္စြဲခံထား ရတာပါ။

ဒေါ်အောင္ဆန်းစုကြည္ကိုယ္တိုင် နိုင်ငံတကာတရားရုံးမွာ သြားရောက် ရင္ဆိုင်ျေဖရွင်းတာနဲ့ ပတ်သက်ပြီး ဗြိတိန် အျေခစိုက် Burma Campaign အဖြဲ့ က Mark Farmaner က

"ဒေါ်အောင္ဆန်းစုကြည် ကိုယ္တိုင္လာတယ် ဆိုတာကေတာ့ လူထုထောက္ခံမှုကို လိုခ်င္တာအျပင် စစ္တပ္ကို သူ့ဘက် ပါအောင် ဆြယ္ခ်င္တာလည်း ပါမယ်။ သူဟာ တပ်ရဲ့ရန်သူ မဟုတ္ဘူးဆိုတျာပခ်င်သလို နောက္ပိုင်း ဒီမိုကေရစီ တည်ဆောက်ရေးတြေမွာ တပ္က ပူးပေါင်းလာအောင် ဆြဲခေါ်တာပါပဲ။"

စြပ္စြဲခ်က်တြေအေပါ် ဗုဒ္ဓဟူးနေ့က ရုံးတ္မေွာျာပန္လည် ခ်ေပတာမွာ စစ္တပ်အေနနဲ့ ရခိုင်ျပည္တငြ်းက အကြမ်းဖက္မှုတြေကို နွိမ္နွင်းတာမွာ လုံခြုံရေးတပ္ဖြဲ့တြေကို တိုက္ခိုက္ခဲ့တဲ့ ရိုဟင္ဂ်ာ အကြမ်းဖက်ဝါဒီတြေကျိုပန္လည် တိုက္ခိုက် နွိမ္နွင်းတာ သျာဖစ်ကြောင်းကိုလည်း ဒေါ်အောင္ဆန်းစုကြည္က ထပ္တလဲလျဲေပာသြားပါတယ်။

ဂမ္ဘီယာက တင်ျပထားတဲ့အတိုင်း ရိုဟင္ဂ်ာတြေကို အကာအကြယ်ပေးရေျးမန္မာနိုင်ငံအေနနဲ့ ကြာျးဖတ် လုပ်ဆောင်ပေးရမွာ တြေအေပါ် ICJ က လာမယ့် သီတင်းပတ်တြေအတြင်း ဆုံျးဖတ္ခ်က္ခ်နိုင္တယ္လို့ ခန့္မွန်းထားကြပါတယ်။

ဒါပေမယ့္လည်း Genocide လူမိုးတုံးသတ်ျဖတ္မှုဆိုင်ရာ စြပ္စြဲခ်က်အေပါ် ICJ ရဲ့ဆုံျးဖတ္ခ်က် ထြက္ဖို့ကေတာ့ နွစ် အေတာ် ကြာနိုင္ပါတယ်။

(Zawgyi)⤵⤵⤵

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ရာရောက်ပြီး ဒါကို မြန်မာနိုင်ငံဘက်က ဟန့်တားဖို့ ပျက်ကွက်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ICJ နိုင်ငံတကာတရာရုံးမှာ ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်လဲချက်ကို ဗုဒ္ဓဟူးနေ့က မြန်မာဘက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး ချေပချက်ပေးပါတယ်။

တချိန်က သူ့ကို ၁၅ နှစ်တိုင်တိုင် နေအိမ်အကျယ်ချုပ် ချထားခဲ့တဲ့ စစ်ဘက်အတွက် အခုတော့ ဒေါ်အောင်ဆန်းစုကြည်က ကာကွယ် ပြောဆိုနေရတဲ့ အကြောင်း Henry Ridgwell လန်ဒန်ကနေ ပေးပို့တဲ့ သတင်းလွှာကို မမြသဇင်အောင်က ပြောပြပေးပါမယ်။

လူမျိုးတုံးသတ်ဖြတ်မှု သဘောတူစာချုပ်ကို ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် သူ နိုဘဲလ် ငြိမ်းချမ်းရေးဆုရတာ ၂၈ နှစ်တိတိ ပြည့်ခါနီး ဒီဇင်ဘာလ ၁၁ ရက်နေ့မှာပဲ နယ်သာလန် နိုင်ငံ The Hague မြို့ ICJ နိုင်ငံတကာတရားရုံးရှေ့မှာ ဒေါ်အောင်ဆန်းစုကြည် ချေဖျက် တင်ပြခဲ့ရပါတယ်။

မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် Genocide လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာကို နိုင်ငံတကာ တရားရုံးမှာ တရားစွဲဆိုထားတာပါ။ ရိုဟင်ဂျာလို့ ခေါ်ဆိုတာကို လက်မခံတဲ့ မြန်မာအစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခေါင်းဆောင်ပြီး သွားရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ဂမ်ဘီယာနိုင်ငံရဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ICJ မှာ တင်ပြချက်တွေအပေါ် အခုလို တုံ့ပြန်တင်ပြပါတယ်။

"စိတ်မကောင်းစရာအချက်ကတော့ ယခု ဂမ်ဘီယာနိုင်ငံက ရခိုင်ဒေသအခြေအနေနဲ့ပတ်သက်ပြီး ရုံးတော်ကို လျှောက်ထား တင်ပြမှုတွေမှာ အချက်အလက် ပြည့်စုံမှုမရှိတဲ့အပြင် နားလည်မှုလွဲမှားစေနိုင်တဲ့ အနေအထားနဲ့ ပုံဖော်ထားတာကို တွေ့ရပါတယ်။"

ရခိုင်ပြည်နယ်တွင်း ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ တရားရုံးရှေ့မှောက် အင်္ဂါနေ့မှာ ဂမ်ဘီယာဘက်က ရှေ့နေ Andrew Loewenstein တင်ပြလျှောက်ထားတာမှာ

"မျက်မြင်သက်သေ တယောက် အဆိုအရ သူ့မိသားစုထဲက အမျိုးသားတွေကို စစ်တပ်က သတ်လိုက်တယ်လို့ ဆိုပါတယ်။ သေနတ်နဲ့ ပစ်ပြီး လည်မျိုကို လှီးတာကို မျက်မြင်တွေ့တယ်လို့ ပြန်ပြောပြပါတယ်။"

အခု စွပ်စွဲချက်တွေ ဟာ နိုင်ငံတကာတရားရုံးရဲ့ တရားစီရင်ပိုင်ခွင့်အောက်မှာ မရှိဘဲ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီသာ ဖြေရှင်းရမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တင်ပြပါတယ်။ "

မြန်မာ့တပ်မတော်သားတွေ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်တယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ စစ်ဘက်ဆိုင်ရာ တရားစီရင်ရေးစနစ်အောက်မှာ ပြစ်ဒဏ်စီရင်ခြင်းကို ခံယူကြရမှာ ဖြစ်ပါတယ်"

အခုလို မြန်မာနိုင်ငံကို ဂမ်ဘီယာဘက်က တရားစွဲဆိုတဲ့အပေါ် ထောက်ခံသူတွေရှိသလို ကန့်ကွက်မှုတွေလည်း ရှိနေပြီး ပြည်တွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲတွေ လုပ်ကြပါတယ်။ ဘင်္ဂလားဒေရှ့် နိုင်ငံ ဒုက္ခသည် စခန်းက ဒုက္ခသည်တဦးဖြစ်တဲ့ Lokman Hakim ကတော့

"ဒါဟာ လူမျိုးတုံးသတ်ဖြတ်မှု ဆိုတာ ဒေါ်အောင်ဆန်းစုကြည် သိရှိထားလျက်နဲ့ မဟန့်တားခဲ့တာပါ။ ကျွန်တော်တို့ တရားမျှတမှု လိုချင်ပါတယ်။"

မြန်မာစစ်တပ်ဟာ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ နှိပ်စက်ညှဉ်းပန်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုတွေကို ကျူးလွန်ခဲ့တဲ့အတွက် ၂၀၁၇ ခုနှစ်တုန်းက သိန်းနဲချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေရှ့် ဘက်ကို ထွက်ပြေးခဲ့ရတယ်လို့ စွပ်စွဲခံထား ရတာပါ။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုင်ငံတကာတရားရုံးမှာ သွားရောက် ရင်ဆိုင်ဖြေရှင်းတာနဲ့ ပတ်သက်ပြီး ဗြိတိန် အခြေစိုက် Burma Campaign အဖွဲ့ က Mark Farmaner က

"ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လာတယ် ဆိုတာကတော့ လူထုထောက်ခံမှုကို လိုချင်တာအပြင် စစ်တပ်ကို သူ့ဘက် ပါအောင် ဆွယ်ချင်တာလည်း ပါမယ်။ သူဟာ တပ်ရဲ့ရန်သူ မဟုတ်ဘူးဆိုတာ ပြချင်သလို နောက်ပိုင်း ဒီမိုကရေစီ တည်ဆောက်ရေးတွေမှာ တပ်က ပူးပေါင်းလာအောင် ဆွဲခေါ်တာပါပဲ။"

စွပ်စွဲချက်တွေအပေါ် ဗုဒ္ဓဟူးနေ့က ရုံးတော်မှာ ပြန်လည် ချေပတာမှာ စစ်တပ်အနေနဲ့ ရခိုင်ပြည်တွင်းက အကြမ်းဖက်မှုတွေကို နှိမ်နှင်းတာမှာ လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့တဲ့ ရိုဟင်ဂျာ အကြမ်းဖက်ဝါဒီတွေကို ပြန်လည် တိုက်ခိုက် နှိမ်နှင်းတာ သာ ဖြစ်ကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထပ်တလဲလဲပြောသွားပါတယ်။

ဂမ်ဘီယာက တင်ပြထားတဲ့အတိုင်း ရိုဟင်ဂျာတွေကို အကာအကွယ်ပေးရေး မြန်မာနိုင်ငံအနေနဲ့ ကြားဖြတ် လုပ်ဆောင်ပေးရမှာ တွေအပေါ် ICJ က လာမယ့် သီတင်းပတ်တွေအတွင်း ဆုံးဖြတ်ချက်ချနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒါပေမယ့်လည်း Genocide လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်အပေါ် ICJ ရဲ့ဆုံးဖြတ်ချက် ထွက်ဖို့ကတော့ နှစ် အတော် ကြာနိုင်ပါတယ်။

ျမသဇင်အောင်/VOA Burmese
https://burmese.voanews.com
ဂမ္ဘီယာရဲ့ Genocide စြဲခ်က်၊ျမန္မာတုံျ့ပန္ခ်က္နဲ့ သေဘာထားအျမင္မ်ား ဂမ္ဘီယာရဲ့ Genocide စြဲခ်က်၊ျမန္မာတုံျ့ပန္ခ်က္နဲ့ သေဘာထားအျမင္မ်ား Reviewed by THITHTOOLWIN on 09:43 Rating: 5
Powered by Blogger.