ဦးေဝွ႔တင္းလြတ္ေျမာက္ေရး ၀ ဦးေဆာင္တဲ့ FPNCC ကို အကူအညီေတာင္း

လႊတ္ေတာ္အမတ္ ဦးေဝွ႔တင္းကို ေအေအ ဖမ္းဆီးထားတာ ၂လနီးပါးရွိလာ
(Zawgyi)⤵⤵⤵
ရကၡိဳင့္တပ္ေတာ္ (ေအေအ)ရဲ႕ဖမ္းဆီးထိန္းသိမ္းတာ ခံထားရတဲ့ NLDလႊတ္ေတာ္အမတ္ ဦးေဝွ႔တင္း ျပန္လည္လြတ္ေျမာက္ေရးအတြက္ မိသားစုဝင္ေတြကေန ' ဝ'ဦးေဆာင္တဲ့ ျပည္ေထာင္စုႏိုင္ငံေရးေဆြးေႏြးညႇိႏႈိင္းေရး ေကာ္မတီ FPNCC ကိုစာေပးပို႔ အကူအညီေတာင္းထားတယ္လို႔ မိသားစုဝင္ေတြဆီကေန သိရပါတယ္။

၀ အဖြဲ႕ဦးေဆာင္တဲ့ ျပည္ေထာင္စုႏိုင္ငံေရးေဆြးေႏြးညႇိႏႈိင္းေရးေကာ္မတီ FPNCC မွာ ေျမာက္ပိုင္းလက္နက္ကိုင္အဖြဲ႕ေတြနဲ႔အတူ ရကၡိဳင့္တပ္ေတာ္ (ေအေအ)လည္း ပါဝင္ပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီဝင္တစ္ဦးလည္းျဖစ္ လႊတ္ေတာ္အမတ္တစ္ဦးလည္းျဖစ္တဲ့ ဦးေဝွ႔တင္းဟာ ရကၡိဳင့္တပ္ေတာ္ ေအေအရဲ႕ ဖမ္းဆီးတာကို ခံထားရတာအခုဆို ၂လနီးပါးရွိလာၿပီ ျဖစ္ပါတယ္။

ဖမ္းဆီးခံထားရတာ လနဲ႔ခ်ီၾကာလာၿပီျဖစ္တဲ့ ဦးေဝွ႔တင္းျပန္လည္လြတ္ေျမာက္ေရးအတြက္ မိသားစုဝင္ေတြအေနနဲ႔ FPNCC ကိုလိပ္မူၿပီးအကူအညီေတာင္းတဲ့စာကို ဗဟိုဌာနခ်ဳပ္ကို ေပးပို႔ထားၿပီးျဖစ္တယ္လို႔ ၀ အဖြဲ႕ ရဲ႕ ေျပာခြင့္ရပုဂၢိဳလ္ ဦးညီရန္းက ဘီဘီစီကိုအတည္ျပဳ ေျပာဆိုပါတယ္။

ဒါေပမယ့္ ဦးေဝွ႔တင္းကို ျပန္လႊတ္ေပးဖို႔ FPNCCအေနနဲ႔ ၾကားဝင္ညႇိႏႈိင္းေပးဖို႔ ရွိမရွိကိုေတာ့ အခုခ်ိန္ထိ မသိရေသးဘူးလို႔လည္း ဦးညီရန္းကေျပာပါတယ္။

'' အရင္ကေတာ့ TNLA ကဖမ္းထားတဲ့ နန္းမိုဟြမ္ကိုေတာ့ ၀ အဖြဲ႕ရဲ႕ ၾကားဝင္ဖ်န္ေျဖမႈနဲ႔ ျပန္လြတ္လာခဲ့တဲ့ ျဖစ္စဥ္ေတာ့ရွိခဲ့ဖူးတယ္။ အခုဦးေဝွ႔တင္းကိစၥမွာေတာ့ ဘယ္လိုရွိမလဲမသိေသးဘူး။ တစ္စုံတစ္ရာ ဌာနခ်ဳပ္ဘက္က ေျပာဆိုတာမ်ိဳးေတာ့မရွိေသးဘူး''လို႔လည္း ဦးညီရန္းကေျပာျပပါတယ္။

ဦးေဝွ႔တင္း ျပန္လည္လြတ္ေျမာက္ေရးအတြက္ မိသားစုဝင္ေတြအေနနဲ႔ FPNCCကို စာေပးပို႔အကူအညီ ေတာင္းထားတာဟာ တစ္လနီးပါးရွိသြားၿပီလည္းျဖစ္ပါတယ္။
 ေအေအက ဖမ္းဆီးထားတဲ့ NLD ပါတီဝင္ျဖစ္တဲ့ ဦးရဲသိန္းကို လက္နက္ႀကီးမွန္လို႔ ေသဆုံးသြားၿပီလို႔ ထုတ္ျပန္ခဲ့

ဦးေဝွ႔တင္းနည္းတူ ရကၡိဳင့္တပ္ေတာ္ ေအေအကဖမ္းဆီးထားတဲ့ ဘူးသီးေတာင္ၿမိဳ႕နယ္ NLD ပါတီဥကၠဌျဖစ္သူ ဦးရဲသိန္းဟာ လက္နက္ႀကီးမွန္လို႔ ေသဆုံးသြားၿပီလို႔ ေအေအက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ခဲ့ပါတယ္။

ဒီလိုအေျခအေနေတြၾကားမွာ ဦးေဝွ႔တင္းရဲ႕လုံၿခဳံေရးနဲ႔ပတ္သက္ၿပီး မိသားစုဝင္ေတြ ဦးရဲသိန္းနည္းတူ ျဖစ္လာမွာကိုေတာ့ အေတာ္ေလးေၾကာက္မိတယ္လို႔ ဦးေဝွ႔တင္းရဲ႕ဇနီးျဖစ္သူ ေဒၚခင္အိဆင့္က ဘီဘီစီကို ေျပာပါတယ္။

ဒီလိုေၾကာက္႐ြံ႕မႈေတြရွိေနေပမယ့္လည္း ေအေအအေနနဲ႔ ဦးေဝွ႔တင္းကို ျပန္လြတ္ေပးမယ္လို႔ ယုံၾကည္ေနဆဲျဖစ္တယ္လို႔လည္း သူမက ဆိုပါတယ္။

ဦးေဝွ႔တင္းဟာ ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၃ရက္ေန႔က ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္အတြင္းမွာ အိႏၵိယအစိုးရက လုပ္ကိုင္ေဆာင္႐ြက္ေနတဲ့ ကုလားတန္ ဘက္စုံဖြံ႕ၿဖိဳးေရးစီမံကိန္းအတြက္ သြားေရာက္ရာက ေအေအရဲ႕ ဖမ္းဆီးမႈကိုခံခဲ့ရတာျဖစ္ပါတယ္။

လတ္တေလာမွာ ရကၡိဳင့္တပ္ေတာ္ ေအေအက ဖမ္းဆီးထားတဲ့ ဓားစာခံအခ်ိဳ႕ေသဆုံးတာေတြရွိလာခ်ိန္မွာပဲ ေအေအအေနနဲ႔ ဦးေဝွ႔တင္းရဲ႕လုံၿခဳံေရးအေပၚတတ္ႏိုင္သမွ်ကာကြယ္ေပးသြားမွာျဖစ္ေပမယ့္ စစ္ေျမျပင္ ျဖစ္တဲ့အတြက္ ဦးရဲသိန္းလိုမျဖစ္ဘူးလို႔ေတာ့ အာမခံခ်က္ မေပးႏိုင္ဘူးလို႔ ေအေအရဲ႕ေျပာခြင့္ရပုဂၢိဳလ္ ခိုင္သုခက ထုတ္ေဖာ္ေျပာဆိုထားတာေတြလည္းရွိပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ဦးဝှေ့တင်းလွတ်မြောက်ရေး ၀ ဦးဆောင်တဲ့ FPNCC ကို အကူအညီတောင်း

ဓာတ်ပုံ မူပိုင် ပြည်ထောင်စုလွှတ်တော် FB
Image caption လွှတ်တော်အမတ် ဦးဝှေ့တင်းကို အေအေ ဖမ်းဆီးထားတာ ၂လနီးပါးရှိလာ

ရက္ခိုင့်တပ်တော် (အေအေ)ရဲ့ဖမ်းဆီးထိန်းသိမ်းတာ ခံထားရတဲ့ NLDလွှတ်တော်အမတ် ဦးဝှေ့တင်း ပြန်လည်လွတ်မြောက်ရေးအတွက် မိသားစုဝင်တွေကနေ ' ဝ'ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ကိုစာပေးပို့ အကူအညီတောင်းထားတယ်လို့ မိသားစုဝင်တွေဆီကနေ သိရပါတယ်။

၀ အဖွဲ့ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC မှာ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေနဲ့အတူ ရက္ခိုင့်တပ်တော် (အေအေ)လည်း ပါဝင်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တစ်ဦးလည်းဖြစ် လွှတ်တော်အမတ်တစ်ဦးလည်းဖြစ်တဲ့ ဦးဝှေ့တင်းဟာ ရက္ခိုင့်တပ်တော် အေအေရဲ့ ဖမ်းဆီးတာကို ခံထားရတာအခုဆို ၂လနီးပါးရှိလာပြီ ဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတာ လနဲ့ချီကြာလာပြီဖြစ်တဲ့ ဦးဝှေ့တင်းပြန်လည်လွတ်မြောက်ရေးအတွက် မိသားစုဝင်တွေအနေနဲ့ FPNCC ကိုလိပ်မူပြီးအကူအညီတောင်းတဲ့စာကို ဗဟိုဌာနချုပ်ကို ပေးပို့ထားပြီးဖြစ်တယ်လို့ ၀ အဖွဲ့ ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးညီရန်းက ဘီဘီစီကိုအတည်ပြု ပြောဆိုပါတယ်။

ဒါပေမယ့် ဦးဝှေ့တင်းကို ပြန်လွှတ်ပေးဖို့ FPNCCအနေနဲ့ ကြားဝင်ညှိနှိုင်းပေးဖို့ ရှိမရှိကိုတော့ အခုချိန်ထိ မသိရသေးဘူးလို့လည်း ဦးညီရန်းကပြောပါတယ်။

'' အရင်ကတော့ TNLA ကဖမ်းထားတဲ့ နန်းမိုဟွမ်ကိုတော့ ၀ အဖွဲ့ရဲ့ ကြားဝင်ဖျန်ဖြေမှုနဲ့ ပြန်လွတ်လာခဲ့တဲ့ ဖြစ်စဉ်တော့ရှိခဲ့ဖူးတယ်။ အခုဦးဝှေ့တင်းကိစ္စမှာတော့ ဘယ်လိုရှိမလဲမသိသေးဘူး။ တစ်စုံတစ်ရာ ဌာနချုပ်ဘက်က ပြောဆိုတာမျိုးတော့မရှိသေးဘူး''လို့လည်း ဦးညီရန်းကပြောပြပါတယ်။

ဦးဝှေ့တင်း ပြန်လည်လွတ်မြောက်ရေးအတွက် မိသားစုဝင်တွေအနေနဲ့ FPNCCကို စာပေးပို့အကူအညီ တောင်းထားတာဟာ တစ်လနီးပါးရှိသွားပြီလည်းဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် YE THEIN / FACEBOOK
Image caption အေအေက ဖမ်းဆီးထားတဲ့ NLD ပါတီဝင်ဖြစ်တဲ့ ဦးရဲသိန်းကို လက်နက်ကြီးမှန်လို့ သေဆုံးသွားပြီလို့ ထုတ်ပြန်ခဲ့

ဦးဝှေ့တင်းနည်းတူ ရက္ခိုင့်တပ်တော် အေအေကဖမ်းဆီးထားတဲ့ ဘူးသီးတောင်မြို့နယ် NLD ပါတီဥက္ကဌဖြစ်သူ ဦးရဲသိန်းဟာ လက်နက်ကြီးမှန်လို့ သေဆုံးသွားပြီလို့ အေအေက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုအခြေအနေတွေကြားမှာ ဦးဝှေ့တင်းရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီး မိသားစုဝင်တွေ ဦးရဲသိန်းနည်းတူ ဖြစ်လာမှာကိုတော့ အတော်လေးကြောက်မိတယ်လို့ ဦးဝှေ့တင်းရဲ့ဇနီးဖြစ်သူ ဒေါ်ခင်အိဆင့်က ဘီဘီစီကို ပြောပါတယ်။

ဒီလိုကြောက်ရွံ့မှုတွေရှိနေပေမယ့်လည်း အေအေအနေနဲ့ ဦးဝှေ့တင်းကို ပြန်လွတ်ပေးမယ်လို့ ယုံကြည်နေဆဲဖြစ်တယ်လို့လည်း သူမက ဆိုပါတယ်။

ဦးဝှေ့တင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ရက်နေ့က ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အတွင်းမှာ အိန္ဒိယအစိုးရက လုပ်ကိုင်ဆောင်ရွက်နေတဲ့ ကုလားတန် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းအတွက် သွားရောက်ရာက အေအေရဲ့ ဖမ်းဆီးမှုကိုခံခဲ့ရတာဖြစ်ပါတယ်။

လတ်တလောမှာ ရက္ခိုင့်တပ်တော် အေအေက ဖမ်းဆီးထားတဲ့ ဓားစာခံအချို့သေဆုံးတာတွေရှိလာချိန်မှာပဲ အေအေအနေနဲ့ ဦးဝှေ့တင်းရဲ့လုံခြုံရေးအပေါ်တတ်နိုင်သမျှကာကွယ်ပေးသွားမှာဖြစ်ပေမယ့် စစ်မြေပြင် ဖြစ်တဲ့အတွက် ဦးရဲသိန်းလိုမဖြစ်ဘူးလို့တော့ အာမခံချက် မပေးနိုင်ဘူးလို့ အေအေရဲ့ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ထုတ်ဖော်ပြောဆိုထားတာတွေလည်းရှိပါတယ်။

BBC Burmese
https://www.bbc.com
ဦးေဝွ႔တင္းလြတ္ေျမာက္ေရး ၀ ဦးေဆာင္တဲ့ FPNCC ကို အကူအညီေတာင္း ဦးေဝွ႔တင္းလြတ္ေျမာက္ေရး ၀ ဦးေဆာင္တဲ့ FPNCC ကို အကူအညီေတာင္း Reviewed by THITHTOOLWIN on 04:05 Rating: 5
Powered by Blogger.