ေတာင္သူေတြကို တရားစြဲတာ ျပန္႐ုပ္သိမ္းဖို႔ FEFN ေတာင္းဆို

ကယားျပည္နယ္က ေျမသိမ္းခံရတဲ့ ေတာင္သူတစ္ဦးကို ပိုက္နက္က်ဴးလြန္မႈနဲ႔ ၂၀၁၉ ဒီဇင္ဘာ ၁၃ ရက္ေန႔က လြိဳင္ေကာ္တရား႐ုံးမွာ ႐ုံးထုတ္ခဲ့စဥ္ / Photo: ကရင္နီေတာင္သူလယ္သမားသမဂၢ
(Zawgyi)⤵⤵⤵
တိုင္းရင္းသားနယ္ေျမေတြမွာ စီမံကိန္းေတြ အေကာင္ထည္ေဖာ္ ေဆာင္႐ြက္တဲ့အခါမွာ ေဒသခံေတြကို ပြင့္လင္းျမင္္သာစြာ ခ်ျပဖို႔အပါအဝင္ တပ္မေတာ္က ေတာင္သူေတြကို တရားစြဲဆိုတာေတြ ႐ုပ္သိမ္းေပးဖို႔ ေတာင္းဆိုလိုက္ပါတယ္။

ကယားျပည္နယ္မွာ တပ္မေတာ္က ေတာင္သူ ၄၁ ဦးကို ပိုင္နက္က်ဴးလြန္မႈ အပါအဝင္ ပုဒ္မေတြတပ္ကာ တရားစြဲဆိုထားၿပီး ေထာင္ထဲ ေရာက္ေနတာေတြရွိတာေၾကာင့္ အမႈေတြ႐ုပ္သိမ္းေပးဖို႔ ေတာင္းဆိုတာလို႔ ကရင္နီေတာင္သူလယ္သမားသမဂၢအဖြဲ႕က ခူးတူးရယ္က ေျပာပါတယ္။

“အဓိကေတာ့ ေတာင္သူေတြက သူတို႔မွီခိုအားထားရတာက ဒီေတာင္ယာပဲရွိတယ္ေလ၊ အျခားေတာင္ယာ မရွိေတာ့၊ အဲဒီေတာင္ယာအေရးနဲ႔ လုပ္ေနတဲ့ေတာင္သူေတြကို သူတို႔ဖမ္းဆီး တရားစြဲတဲ့ကိစၥေတြကို ရပ္တန႔္ေပးဖို႔၊ အဲဒီပါတဲ့သူေတြကို သူတို႔ဘဝ ရပ္တည္ရွင္သန္ေရးအတြက္ အစာေရစာ ဖ်က္ေတာက္ထား သလိုမ်ိဳးလည္းျဖစ္ေနေတာ့ ဒါကမလုပ္သင့္ ျပန္႐ုပ္သိမ္းေပးဖို႔ေပါ့”

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ ၁၉၉၀ ျပည့္ႏွစ္ဝန္းက်င္က ကယားျပည္နယ္မွာ တပ္မေတာ္ သိမ္းဆည္းခဲ့တဲ့ေျမေတြထဲက အသုံးမျပဳတဲ့ ေျမေတြကို အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန ကေနတစ္ဆင့္ ေျမဧကရာခ်ီ ျပန္ေပးထားတယ္လို႔ ေျပာပါတယ္။

လက္ရွိအခ်ိန္မွာ တပ္မေတာ္ တကယ္အသုံးျပဳေနတဲ့ ေျမထဲကို ဝင္ေရာက္လုပ္ကိုင္တာေတြ ရွိေနၿပီး ပိုမိုဆိုး႐ြားလာမွာ စိုးတာေၾကာင့္ ဥပေဒေၾကာင္းအရ တရားစြဲဆိုထားရတာ ျဖစ္ေၾကာင္းလည္း ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကေျပာပါတယ္။

“က်ေနာ္တို႔အေနနဲ႔ တစ္ခုရွိတာက တပ္ေျမလို႔ သတ္မွတ္ထားတဲ့ ေနရာအထိ က်ဴးေက်ာ္ဝင္ေရာက္ လာရင္လည္း က်ဴးေက်ာ္ဝင္ေရာက္လာတာနဲ႔ ပက္သက္ၿပီး တရားဥပေဒအရ ေဆာင္႐ြက္ရမွာဘဲ မေဆာင္႐ြက္ဘူးဆိုရင္ ပိုၿပီးေတာ့ ဆိုးလာမွာေလ၊ စြန႔္လႊတ္ႏိုင္သမွ်ဟာလည္း စႊန႔္လႊတ္ၿပီးျဖစ္တယ္၊ တကယ္ အသုံးျပဳေနတဲ့ေျမနဲ႔ တကယ္အသုံးျပဳမယ္လို႔ ရည္မွန္းထားတဲ့ေျမေတြ က်န္တာေတာ့ ဆုပ္ကိုင္ထားတာ မရွိဘူး”

ကခ်င္၊ ကယား၊ ကရင္၊ ခ်င္း၊ မြန္၊ ရွမ္းနဲ႔ ရခိုင္စတဲ့ျပည္နယ္ ၇ ခုက တိုင္းရင္သား ေတာင္သူလယ္သမားအဖြဲ႕ေတြ ပါဝင္တဲ့ ဖက္ဒရယ္တိုင္းရင္းသား ေတာင္သူလယ္သမားကြန္ရက္အဖြဲ႕ဟာ တိုင္းရင္းသားေဒသေတြမွာ ေျမသိမ္းဆည္းခံရတာေတြ၊ ေတာင္သူေတြေထာင္ခ်ခံရတာေတြနဲ႔ ပက္သက္ၿပီး ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕မွာ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကတာပါ။

လြတ္လပ္ေရး ရၿပီးေနာက္ပိုင္း တပ္မေတာ္က တိုင္းရင္းသားေဒသေတြမွာ နယ္ေျမရွင္းလင္းေရးေခါင္းစဥ္နဲ႔ ေက်း႐ြာေတြ၊ ေနအိမ္ေတြကေန အတင္းအဓမၼ ဖယ္ရွားခိုင္းတာ၊ မီးရႈိ႕ဖ်က္စီးတာ၊ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္ တာေတြ၊ ဥပေဒမဲ့ သတ္ျဖတ္တာေတြ စတဲ့ လူအခြင့္အေရး ခ်ိဳးေဖာက္တာေတြကို က်ဴးလြန္ခဲ့တယ္လို႔ ေတြ႕ဆုံေဆြးေႏြးပြဲ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

၂၀၁၅ ျပည္သူ႔အစိုးရ တက္လာၿပီးေနာက္ပိုင္းမွာလည္း တိုင္းရင္းသားေဒသေတြမွာ စီမံကိန္းေတြေၾကာင့္ တိုင္းရင္းသား အခြင့္အေရးေတြ၊ လူအခြင့္အေရး ခ်ိဳးေဖာက္တာေတြရွိေနတယ္လို႔ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

ဌာေနတိုင္းရင္းသားေတြ ေျမယာပိုင္ဆိုင္မႈေတြကို ႐ိုးရာေျမယာအသုံးျပဳတာေတြနဲ႔ သဟဇာတမျဖစ္တဲ့ ေျမယာဥပေဒေတြ ထြက္ေပၚလာတာစတဲ့ ေျမယာသိမ္းဆည္းမႈေတြကို အားေပးရာေရာက္ေနတယ္လို႔လည္း ေဖာ္ျပထားပါတယ္။

အဲ့ဒီလို တိုင္းရင္းသားေဒသေတြမွာ လူ႔အခြင့္အေရးခ်ိဳးေဖာက္ေနတဲ့ လုပ္ငန္းရွင္ကုမၸဏီေတြကို အစိုးရနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက အေရးယူဖို႔ ပ်က္ကြက္တဲ့အျပင္ အကာအကြယ္ ေပးေနတယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ စြပ္စြဲထားပါတယ္။

ကခ်င္ျပည္နယ္မွာ တ႐ုတ္တစ္သွ်ဴးငွက္ေပ်ာ အပါအဝင္ ကုမၸဏီေတြလုပ္ကိုင္ၾကရာမွာ ေဒသခံေတြကို ခ်ျပတာမ်ိဳးမရွိဘဲ ဝင္ေရာက္လုပ္ကိုင္ၾကၿပီး ေျမယာပိုင္ဆိုင္မႈျပႆနာေတြ ျဖစ္ပြားေနတယ္လို႔ ေဒသခံေတြ ကေျပာပါတယ္။

ဟူးေကာင္းခ်ိဳင့္ဝွမ္းေဒသအပါအဝင္ ပူတာအို၊ ဖုန္ကန္ရာဇီ စတဲ့ အမ်ိဳးသားကာကြယ္ေရး ထိန္းသိမ္းေရးေတာေတြ ျပဳလုပ္ရာမွာ ေဒသခံေတြကိုခ်မျပဘဲ အစိုးရကေဆာင္႐ြက္ေနတယ္လို႔ ကခ်င္တိုင္းရင္းသား ေတာင္သူလယ္သမား ဦးေဆာင္ေကာ္မတီက ဦးေအာင္လတ္က ေျပာပါတယ္။

“ကုမၸဏီနဲ႔ေသာ္လည္းေကာင္း၊ အမ်ိဳးဥယ်ာဥ္ေဘးမဲ့ေတာဆိုၿပီး ေခါင္းစဥ္အမ်ိဳးမ်ိဳးတပ္ၿပီး ေျမေတြသိမ္းတာ ျဖစ္ေနတယ္၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကလည္း ၾကားဝင္ေဆာင္႐ြက္ေပးေတာ့လည္း ထိေရာက္မႈက မရွိဘူး၊ ခုထိကခ်င္ျပည္နယ္မွာ ေျမယာျပႆနာနဲ႔ ပက္သက္ၿပီး ေျဖရွင္းႏိုင္ျခင္းမရွိဘဲ ျပႆနာက ပိုၿပီးရႈပ္ေနပါတယ္”

ကခ်င္ျပည္နယ္ အစိုးရအဖြဲ႕ သယံဇာတနဲ႔ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ဦးဒါရွီလာဆိုင္းကေတာ့ ၿပီးခဲ့တဲ့ အစိုးရလက္ထက္တုန္းက အမ်ိဳးသားကာကြယ္ထိန္းသိမ္းေရးေတာေတြ သတ္မွတ္ရာမွာ ေဒသခံေတြကို အသိမေပးဘဲ ဗဟိုအစိုးရက အေကာင္ထည္ေဖာ္တာမ်ိဳး ေတြရွိခဲ့ေပမယ့္ အခုေနာက္ပိုင္း ျပဳလုပ္မယ့္ ထိန္းသိမ္းေရး ေတာေတြ သတ္မွတ္တာေတြမွာ ျပည္သူကို အရင္ဆုံးခ်ျပမယ္လို႔ ေျပာပါတယ္။

“ေနာက္ေနာင္ဆိုရင္ေတာ့ က်ေနာ္တို႔က ျပည္သူလူထုေတြကို သူတို႔လုပ္မယ့္ လုပ္ငန္းစဥ္ေတြကို အသိေပးမယ္၊ က်ေနာ္တို႔ျပည္နယ္ရဲ႕ သေဘာထားမွတ္ခ်က္ကိုလည္း ရယူၿပီးမွသာလွ်င္ ျပည္ေထာင္စုက ေဆာင္႐ြက္သင့္ပါေၾကာင္းလည္း က်ေနာ္တင္ျပသြားဖို႔ ရွိပါတယ္ ”

ဖက္ဒရယ္ျပည္ေထာင္စုနဲ႔အတူ ဖက္ဒရယ္ ေျမယာစနစ္က်င့္သုံးႏိုင္ေရးအတြက္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြ၊ ႏိုင္ငံေရးအဖြဲ႕ေတြပါ ပါဝင္ရပ္တည္ေပးဖို႔ FEFN အဖြဲ႕က တိုက္တြန္းထားပါတယ္။

ကရင္နီေတာင္သူလယ္သမားသမဂၢ၊ မြန္ျပည္နယ္ ေျမယာမူဝါဒေကာ္မတီ၊ ရွမ္းျပည္နယ္ ေတာင္သူလယ္သမား ကြန္ရက္စတဲ့ ျပည္နယ္ေတြက ေတာင္သူလယ္သမားအဖြဲ႕ေတြ ပါဝင္တဲ့ FEFN အဖြဲ႕ရဲ႕ တတိယအႀကိမ္ အစည္းအေဝးကို ကယားျပည္နယ္မွာ က်င္းပခဲ့ၿပီး ဒီေန႔မွာေၾကညာခ်က္ထုတ္ျပန္ ေတာင္းဆိုလိုက္တာ ျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
တောင်သူတွေကို တရားစွဲတာ ပြန်ရုပ်သိမ်းဖို့ FEFN တောင်းဆို

ကယားပြည်နယ်က မြေသိမ်းခံရတဲ့ တောင်သူတစ်ဦးကို ပိုက်နက်ကျူးလွန်မှုနဲ့ ၂၀၁၉ ဒီဇင်ဘာ ၁၃ ရက်နေ့က လွိုင်ကော်တရားရုံးမှာ ရုံးထုတ်ခဲ့စဉ်
Photo: ကရင်နီတောင်သူလယ်သမားသမဂ္ဂ

တိုင်းရင်းသားနယ်မြေတွေမှာ စီမံကိန်းတွေ အကောင်ထည်ဖော် ဆောင်ရွက်တဲ့အခါမှာ ဒေသခံတွေကို ပွင့်လင်းမြင်သာစွာ ချပြဖို့အပါအဝင် တပ်မတော်က တောင်သူတွေကို တရားစွဲဆိုတာတွေ ရုပ်သိမ်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ကယားပြည်နယ်မှာ တပ်မတော်က တောင်သူ ၄၁ ဦးကို ပိုင်နက်ကျူးလွန်မှု အပါအဝင် ပုဒ်မတွေတပ်ကာ တရားစွဲဆိုထားပြီး ထောင်ထဲ ရောက်နေတာတွေရှိတာကြောင့် အမှုတွေရုပ်သိမ်းပေးဖို့ တောင်းဆိုတာလို့ ကရင်နီတောင်သူလယ်သမားသမဂ္ဂအဖွဲ့က ခူးတူးရယ်က ပြောပါတယ်။

“အဓိကတော့ တောင်သူတွေက သူတို့မှီခိုအားထားရတာက ဒီတောင်ယာပဲရှိတယ်လေ၊ အခြားတောင်ယာ မရှိတော့၊ အဲဒီတောင်ယာအရေးနဲ့ လုပ်နေတဲ့တောင်သူတွေကို သူတို့ဖမ်းဆီး တရားစွဲတဲ့ကိစ္စတွေကို ရပ်တန့်ပေးဖို့၊ အဲဒီပါတဲ့သူတွေကို သူတို့ဘဝ ရပ်တည်ရှင်သန်ရေးအတွက် အစာရေစာ ဖျက်တောက်ထား သလိုမျိုးလည်းဖြစ်နေတော့ ဒါကမလုပ်သင့် ပြန်ရုပ်သိမ်းပေးဖို့ပေါ့”

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ၁၉၉၀ ပြည့်နှစ်ဝန်းကျင်က ကယားပြည်နယ်မှာ တပ်မတော် သိမ်းဆည်းခဲ့တဲ့မြေတွေထဲက အသုံးမပြုတဲ့ မြေတွေကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ကနေတစ်ဆင့် မြေဧကရာချီ ပြန်ပေးထားတယ်လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ တပ်မတော် တကယ်အသုံးပြုနေတဲ့ မြေထဲကို ဝင်ရောက်လုပ်ကိုင်တာတွေ ရှိနေပြီး ပိုမိုဆိုးရွားလာမှာ စိုးတာကြောင့် ဥပဒေကြောင်းအရ တရားစွဲဆိုထားရတာ ဖြစ်ကြောင်းလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောပါတယ်။

“ကျနော်တို့အနေနဲ့ တစ်ခုရှိတာက တပ်မြေလို့ သတ်မှတ်ထားတဲ့ နေရာအထိ ကျူးကျော်ဝင်ရောက် လာရင်လည်း ကျူးကျော်ဝင်ရောက်လာတာနဲ့ ပက်သက်ပြီး တရားဥပဒေအရ ဆောင်ရွက်ရမှာဘဲ မဆောင်ရွက်ဘူးဆိုရင် ပိုပြီးတော့ ဆိုးလာမှာလေ၊ စွန့်လွှတ်နိုင်သမျှဟာလည်း စွှန့်လွှတ်ပြီးဖြစ်တယ်၊ တကယ် အသုံးပြုနေတဲ့မြေနဲ့ တကယ်အသုံးပြုမယ်လို့ ရည်မှန်းထားတဲ့မြေတွေ ကျန်တာတော့ ဆုပ်ကိုင်ထားတာ မရှိဘူး”

ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်းနဲ့ ရခိုင်စတဲ့ပြည်နယ် ၇ ခုက တိုင်းရင်သား တောင်သူလယ်သမားအဖွဲ့တွေ ပါဝင်တဲ့ ဖက်ဒရယ်တိုင်းရင်းသား တောင်သူလယ်သမားကွန်ရက်အဖွဲ့ဟာ တိုင်းရင်းသားဒေသတွေမှာ မြေသိမ်းဆည်းခံရတာတွေ၊ တောင်သူတွေထောင်ချခံရတာတွေနဲ့ ပက်သက်ပြီး ကယားပြည်နယ် လွိုင်ကော်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

လွတ်လပ်ရေး ရပြီးနောက်ပိုင်း တပ်မတော်က တိုင်းရင်းသားဒေသတွေမှာ နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ ကျေးရွာတွေ၊ နေအိမ်တွေကနေ အတင်းအဓမ္မ ဖယ်ရှားခိုင်းတာ၊ မီးရှို့ဖျက်စီးတာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် တာတွေ၊ ဥပဒေမဲ့ သတ်ဖြတ်တာတွေ စတဲ့ လူအခွင့်အရေး ချိုးဖောက်တာတွေကို ကျူးလွန်ခဲ့တယ်လို့ တွေ့ဆုံဆွေးနွေးပွဲ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

၂၀၁၅ ပြည်သူ့အစိုးရ တက်လာပြီးနောက်ပိုင်းမှာလည်း တိုင်းရင်းသားဒေသတွေမှာ စီမံကိန်းတွေကြောင့် တိုင်းရင်းသား အခွင့်အရေးတွေ၊ လူအခွင့်အရေး ချိုးဖောက်တာတွေရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဌာနေတိုင်းရင်းသားတွေ မြေယာပိုင်ဆိုင်မှုတွေကို ရိုးရာမြေယာအသုံးပြုတာတွေနဲ့ သဟဇာတမဖြစ်တဲ့ မြေယာဥပဒေတွေ ထွက်ပေါ်လာတာစတဲ့ မြေယာသိမ်းဆည်းမှုတွေကို အားပေးရာရောက်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

အဲ့ဒီလို တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ လုပ်ငန်းရှင်ကုမ္ပဏီတွေကို အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက အရေးယူဖို့ ပျက်ကွက်တဲ့အပြင် အကာအကွယ် ပေးနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ စွပ်စွဲထားပါတယ်။

ကချင်ပြည်နယ်မှာ တရုတ်တစ်သျှူးငှက်ပျော အပါအဝင် ကုမ္ပဏီတွေလုပ်ကိုင်ကြရာမှာ ဒေသခံတွေကို ချပြတာမျိုးမရှိဘဲ ဝင်ရောက်လုပ်ကိုင်ကြပြီး မြေယာပိုင်ဆိုင်မှုပြဿနာတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေ ကပြောပါတယ်။

ဟူးကောင်းချိုင့်ဝှမ်းဒေသအပါအဝင် ပူတာအို၊ ဖုန်ကန်ရာဇီ စတဲ့ အမျိုးသားကာကွယ်ရေး ထိန်းသိမ်းရေးတောတွေ ပြုလုပ်ရာမှာ ဒေသခံတွေကိုချမပြဘဲ အစိုးရကဆောင်ရွက်နေတယ်လို့ ကချင်တိုင်းရင်းသား တောင်သူလယ်သမား ဦးဆောင်ကော်မတီက ဦးအောင်လတ်က ပြောပါတယ်။

“ကုမ္ပဏီနဲ့သော်လည်းကောင်း၊ အမျိုးဥယျာဉ်ဘေးမဲ့တောဆိုပြီး ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး မြေတွေသိမ်းတာ ဖြစ်နေတယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ကြားဝင်ဆောင်ရွက်ပေးတော့လည်း ထိရောက်မှုက မရှိဘူး၊ ခုထိကချင်ပြည်နယ်မှာ မြေယာပြဿနာနဲ့ ပက်သက်ပြီး ဖြေရှင်းနိုင်ခြင်းမရှိဘဲ ပြဿနာက ပိုပြီးရှုပ်နေပါတယ်”

ကချင်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလာဆိုင်းကတော့ ပြီးခဲ့တဲ့ အစိုးရလက်ထက်တုန်းက အမျိုးသားကာကွယ်ထိန်းသိမ်းရေးတောတွေ သတ်မှတ်ရာမှာ ဒေသခံတွေကို အသိမပေးဘဲ ဗဟိုအစိုးရက အကောင်ထည်ဖော်တာမျိုး တွေရှိခဲ့ပေမယ့် အခုနောက်ပိုင်း ပြုလုပ်မယ့် ထိန်းသိမ်းရေး တောတွေ သတ်မှတ်တာတွေမှာ ပြည်သူကို အရင်ဆုံးချပြမယ်လို့ ပြောပါတယ်။

“နောက်နောင်ဆိုရင်တော့ ကျနော်တို့က ပြည်သူလူထုတွေကို သူတို့လုပ်မယ့် လုပ်ငန်းစဉ်တွေကို အသိပေးမယ်၊ ကျနော်တို့ပြည်နယ်ရဲ့ သဘောထားမှတ်ချက်ကိုလည်း ရယူပြီးမှသာလျှင် ပြည်ထောင်စုက ဆောင်ရွက်သင့်ပါကြောင်းလည်း ကျနော်တင်ပြသွားဖို့ ရှိပါတယ် ”

ဖက်ဒရယ်ပြည်ထောင်စုနဲ့အတူ ဖက်ဒရယ် မြေယာစနစ်ကျင့်သုံးနိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးအဖွဲ့တွေပါ ပါဝင်ရပ်တည်ပေးဖို့ FEFN အဖွဲ့က တိုက်တွန်းထားပါတယ်။

ကရင်နီတောင်သူလယ်သမားသမဂ္ဂ၊ မွန်ပြည်နယ် မြေယာမူဝါဒကော်မတီ၊ ရှမ်းပြည်နယ် တောင်သူလယ်သမား ကွန်ရက်စတဲ့ ပြည်နယ်တွေက တောင်သူလယ်သမားအဖွဲ့တွေ ပါဝင်တဲ့ FEFN အဖွဲ့ရဲ့ တတိယအကြိမ် အစည်းအဝေးကို ကယားပြည်နယ်မှာ ကျင်းပခဲ့ပြီး ဒီနေ့မှာကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
ေတာင္သူေတြကို တရားစြဲတာ ျပန္႐ုပ္သိမ္းဖို႔ FEFN ေတာင္းဆို ေတာင္သူေတြကို တရားစြဲတာ ျပန္႐ုပ္သိမ္းဖို႔ FEFN ေတာင္းဆို Reviewed by THITHTOOLWIN on 21:35 Rating: 5
Powered by Blogger.