CNN ရဲ႕အာရွတလႊားေျပာင္းလဲမႈေစ့ေဆာ္သူ စာရင္းထဲ ျမန္မာႏိုင္ငံသားပါဝင္

CNN သတင္းဌာနက ထုတ္ျပန္လိုက္တဲ့ ၂ဝ၁၉ အတြင္း အာရွတလႊားေျပာင္းလဲမႈကိုေစ့ေဆာ္သူ လူငယ္မ်ား။
(Zawgyi)⤵⤵⤵
၂ဝ၁၉ ခုႏွစ္အတြင္း အာရွတလႊား လူ႔အဖြဲ႕အစည္းေတြရဲ႕အေျပာင္းအလဲကို အားတက္သေရာဝိုင္းတြန္းၾကတဲ့ လူငယ္ေတြထဲက သိသာတဲ့လူငယ္ ငါးေယာက္ ကို CNN သတင္းဌာနက မေန႔က ထုတ္ျပန္လိုက္တဲ့အထဲမွာ ျမန္မာလူငယ္တေယာက္လဲ ပါဝင္ပါတယ္။

အဲဒီလူငယ္က ကိုရဲေဝၿဖိဳးေအာင္ျဖစ္ၿပီး  ျမန္မာႏိုင္ငံမွာ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္ ဘယ္ေလာက္ရွိေနလဲဆိုတာ သုေတသနျပဳေနတဲ့ အသံအဖြဲ႕ကို ပူးတြဲတည္ေထာင္ခဲ့သူျဖစ္ပါတယ္။

ေနာက္လူငယ္ေတြကေတာ့ အမ်ိဳးသမီးေတြျဖစ္ၿပီး ထိုင္ဝမ္ႏိုင္ငံက အသက္ ၂၄ အ႐ြယ္ ဝမ္ယုခ်င္း၊ ေဟာင္ေကာင္က ဂ်ိဳစလင္းေခ်ာင္၊ အိႏၵိယႏိုင္ငံက ရစ္ဒီမာပန္ေဒးနဲ႔ ေတာင္ကိုရီးယားကအသက္ ၂၂ အ႐ြယ္ ဂ်ီေဟယန္းတို႔ျဖစ္ပါတယ္။

ထိုင္ဝမ္ႏိုင္ငံက ဝမ္ယုခ်င္းကေတာ့ အသက္ ၁၇ ႏွစ္ အ႐ြယ္ကတည္းက လိင္တူခ်စ္သူမ်ားအခြင့္အေရး လႈပ္ရွားမႈမွာပါဝင္ခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ လိင္တူလက္ထပ္ခြင့္အတြက္ ပါဝင္လႈပ္ရွားခဲ့တဲ့သူျဖစ္ပါတယ္။

သူတို႔ရဲ႕လႈပ္ရွားမႈေၾကာင့္ ထိုင္ဝမ္ႏိုင္ငံမွာ ၿပီးခဲ့တဲ့ေမလ ၁၇ ရက္ေန႔ က လိင္တူခ်စ္သူေတြအခ်င္းခ်င္း တရားဝင္လက္ထပ္ခြင့္ ရသြားခဲ့တဲ့အတြက္ အာရွႏိုင္ငံေတြထဲမွာ ထိုင္ဝမ္ဟာ လိင္တူလက္ထပ္ခြင့္ တရားဝင္ခြင့္ျပဳတဲ့ ပထမဆုံးႏိုင္ငံျဖစ္သြားပါတယ္။ ဒီလိုျဖစ္သြားတဲ့အတြက္ သူ႔ႏိုင္ငံအတြက္ ဂုဏ္ယူတယ္လို႔ ဝမ္ယုခ်င္းကေျပာပါတယ္။

ေဟာင္ေကာင္ကအမ်ိဳးသမီးငယ္ ဂ်ိဳစလင္းေခ်ာင္က အသက္ ၂၃ ႏွစ္အ႐ြယ္ျဖစ္ၿပီး ဒီမိုကေရစီေရး ဆႏၵျပပြဲေတြနဲ႔ မၿငိမ္သက္တဲ့ ေဟာင္ေကာင္မွာ ေျမာက္ပိုင္းမဲဆႏၵနယ္ရဲ႕ ကိုယ္စားလွယ္အျဖစ္ ေ႐ြးေကာက္တင္ေျမႇာက္ခံလိုက္ရပါတယ္။ သူဟာ ၂ဝ၁၄ ခုႏွစ္ကျဖစ္ခဲ့တဲ့ ထီးေတာ္လွန္ေရးကာလမွာ ပါဝင္ခဲ့ရာကေန ႏိုင္ငံေရးမွာ စိတ္ပါဝင္စားလာတဲ့သူျဖစ္ပါတယ္။

“ က်မဟာ က်မတို႔ လူ႔အဖြဲ႕အစည္းရဲ႕ အနာဂတ္ကို ဘယ္လိုကူညီႏိုင္မလဲဆိုတာ အၿမဲစဥ္းစားခဲ့တယ္” လို႔ ဂ်ိဳစလင္းေခ်ာင္က ေျပာပါတယ္။

သူဘြဲ႕ရၿပီးတဲ့ေနာက္မွာေတာ့ ဘဏ္တခုမွာ အလုပ္ဝင္လုပ္ခဲ့ၿပီး ၿပီးခဲ့တဲ့ဇြန္လကစလို႔ျဖစ္ခဲ့တဲ့ ဒီမိုကေရစီလႈပ္ရွားမႈကို ေတြ႕ႀကဳံလိုက္ရတဲ့အခါမွာေတာ့ သူဝင္ပါခဲ့တဲ့အခါမွာ လုံၿခဳံေရးအဖြဲ႕ဝင္တေယာက္က သူ႔ကို လက္သီးနဲ႔ထိုးၿပီး သူ႔ကိုင္ထားတဲ့ ပိုစတာကို လုယူဆုတ္ၿဖဲတာခံလိုက္ရပါတယ္။ ကံေကာင္းေထာက္မစြာနဲ႔ပဲ ဂ်ိဳစလင္းေခ်ာင္ဟာ ဒဏ္ရာႀကီးႀကီးမားမားမရခဲ့ပါဘူး။

အဲဒီေနာက္ေတာ့ ေဟာင္ေကာင္ကိုအႏၲရာယ္မက်ေစခ်င္ေတာ့လို႔ ခ႐ိုင္ေကာင္စီေ႐ြးေကာက္ပြဲဝင္ဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ သူကေျပာပါတယ္။

ရစ္ဒီမာပန္ေဒးကေတာ့ အိႏၵိယႏိုင္ငံကျဖစ္ၿပီး အသက္ ၁၂ ႏွစ္ပဲရွိေသးတဲ့ မိန္းကေလးျဖစ္ပါတယ္။ ဒါေပမယ့္ သူ႔ဂုဏ္သတင္းက ကမာၻတလႊားေက်ာ္ၾကားခဲ့ပါတယ္။ သူဟာ ရာသီဥတုေျပာင္းလဲ ေဖာက္ျပန္မႈကိုတားဆီးဖို႔ ကုလသမဂၢမွာ တက္ေျပာၾကတဲ့ ကမာၻ႔ႏိုင္ငံအသီးသီးက လူငယ္ ၁၆ ေယာက္ထဲက တေယာက္ျဖစ္ပါတယ္။

အိႏၵိယႏိုင္ငံေျမာက္ပိုင္း ဥတရာခန္းျပည္နယ္မွာေနထိုင္တဲ့ ရစ္ဒီမာပန္ေဒးဟာ ၂၀၁၃ ခုႏွစ္ ေနာက္ပိုင္းကတည္းက ေဖာက္ျပန္လာတဲ့ ေျမၿပိဳတာ၊ ေရႀကီးတာ၊ လူေတြေဘးလြတ္ရာ ထြက္ေျပးရတာေတြကိုေတြ႕ႀကဳံၿပီး သဘာဝပတ္ဝန္းက်င္ေရးရာေတြ ေလ့လာရင္းႀကီးျပင္းခဲ့သူျဖစ္ပါတယ္။

ဒီကိစၥေတြကို သူ႔အစိုးရကို တင္ျပရင္ တရားမွ်တမႈရမွာမဟုတ္တဲ့အတြက္ ကမာၻ႔ေခါင္းေဆာင္ေတြကို တက္ေျပာရင္ေတာ့ ရႏိုင္ေခ်ရွိတယ္လို႔ စဥ္းစားၿပီး ကုလသမဂၢမွာ သြားေျပာတာလို႔ ရစ္ဒီမာပန္ေဒး ဆိုပါတယ္။

ဂ်ီေဟယန္းကေတာ့ အသက္ ၂၂ အ႐ြယ္ ေတာင္ကိုရီးယားႏိုင္ငံသူျဖစ္ပါတယ္။ သူက အမ်ိဳးသမီး အခြင့္အေရးလႈပ္ရွားလို႔ ထင္ရွားလာတဲ့သူျဖစ္ပါတယ္။ ေတာင္ကိုရီးယားက စာသင္ေက်ာင္းေတြဟာ မိန္းကေလးေတြအတြက္လုံၿခဳံမႈရွိတယ္လို႔ ဘယ္ေတာ့မွမခံစားရဘူး။  ခြဲျခားဆက္ဆံခံရတယ္။  ကာအိေျႏၵပ်က္ေအာင္ ေႏွာင့္ယွက္ခံရတာေတြရွိတယ္လို႔ သူကေျပာပါတယ္။

မိန္းကေလးေတြကို အိမ္ေတြ၊ လမ္းေတြ၊ ယုတ္စြအဆုံး အိမ္သာေတြထဲမွာ လွ်ိဳ႕ဝွက္ကင္မရာေတြနဲ႔ ဗီဒီယို႐ိုက္ၿပီးတင္ၾကတာေတြလဲရွိေနတယ္။ အဲဒါေတြေၾကာင့္ “က်မတို႔ဘဝဟာရွင္တို႔ လိင္ေဖ်ာ္ေျဖ ေရးအတြက္မဟုတ္ဘူး” ဆိုတဲ့ေႂကြးေၾကာ္သံနဲ႔အတူ ၿပီးခဲ့တဲ့ မတ္လမွာ ေထာင္နဲ႔ခ်ီတဲ့အမ်ိဳးသမီးေတြ လမ္းေပၚထြက္ ဆႏၵျပခဲ့ၾကပါတယ္။ ဆယ္ေက်ာ္သက္႐ြယ္မိန္းကေလးေတြလဲ ေက်ာင္းေတြမွာ လႈပ္ရွားလာၾကပါတယ္။

ဂ်ီေဟယန္းဟာ သူ႔အသက္ ၁၆ ႏွစ္အ႐ြယ္ကတည္းက အမ်ိဳးသမီးေတြ လုံၿခဳံေရးနဲ႔အခြင့္အေရး အတြက္ လႈပ္ရွားလာခဲ့သူျဖစ္ပါတယ္။အဲဒီကိစၥေတြအတြက္ ေတာင္ကိုရီးယားအစိုးရကို ေတာင္းဆိုတိုက္တြန္းခဲ့ေပမယ့္ အစိုးရက ေဆာင္႐ြက္မေပးႏိုင္တာေၾကာင့္ ဂ်ီေဟယန္းဟာ ေဖေဖာ္ဝါရီလက ကုလသမဂၢကိုသြားၿပီး ေတာင္းဆိုခဲ့ပါတယ္။

အဲဒီေနာက္မွာေတာ့ ေတာင္ကိုရီးယားပညာေရးဝန္ႀကီးဌာနက က်ားမတန္းတူေရးဆိုင္ရာအဖြဲ႕ဖြဲ႕ေပး ခဲ့ၿပီး၊ လိင္ပိုင္းဆိုင္ရာေႏွာင့္ယွက္ခံရရင္ တိုင္ၾကားႏိုင္မယ့္ဌာန ဖြင့္ေပးခဲ့ပါတယ္။ အဲဒါဟာ မလုံေလာက္ေသးေပမယ့္ အေရးယူမႈရဲ႕ အစေတာ့ျဖစ္လာခဲ့ပါတယ္။

ကိုရဲေဝၿဖိဳးေအာင္ကေတာ့ အသက္ ၂၄ အ႐ြယ္ ျမန္မာႏိုင္ငံသားျဖစ္ပါတယ္။ သူက ၂ဝ၁၂ ေနာက္ပိုင္းမွာ ဒဂုံတကၠသိုလ္မွာ ပညာသင္ခဲ့ၿပီး ေက်ာင္းသားသမဂၢမွာ ပါဝင္ခဲ့သလို ဒီမိုကေရစီပညာေရးလႈပ္ရွားမႈမွာလဲ ပါဝင္ခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ ပုံမွန္ပညာေရးကို မယုံၾကည္တဲ့အတြက္ ေန႔ေက်ာင္းကေန အေဝးသင္တကၠသိုလ္ကို ေျပာင္းလိုက္ၿပီး ဘာသာရပ္ကိုလဲ ဒႆနိကေဗဒကို ေျပာင္းယူလိုက္ပါတယ္။

၂ဝ၁၈ ခုႏွစ္မွာေတာ့ အျပည္ျပည္ဆိုင္ရာလူ႔အခြင့္အေရး ေၾကညာစာတမ္းမွာပါတဲ့ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္နဲ႔ပတ္သက္လို႔ အထူးျပဳေလ့လာတဲ့ အသံအဖြဲ႕ကို တျခားလူငယ္ႏွစ္ေယာက္နဲ႔အတူ တည္ေထာင္လႈပ္ရွားခဲ့ပါတယ္။

ဒီအခြင့္အေရးနဲ႔ပတ္သက္လို႔ ျမန္မာႏိုင္ငံမွာ လက္ရွိျပဌာန္းထားတဲ့ ဥပေဒေတြက ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူေတြ၊ လူ႔အခြင့္အေရးလႈပ္ရွားသူေတြ  သတင္းသမားေတြအတြက္တင္ အႏၲရာယ္ရွိေနတာ မဟုတ္ဘဲ သာမန္ျပည္သူေတြအတြက္လဲ အႏၲရာယ္ရွိေနတယ္လို႔ သူကေျပာပါတယ္။

အခုလို CNN မွာ ေဖာ္ျပခံရတာနဲ႔ ပတ္သက္လို႔ ကိုရဲေဝၿဖိဳးေအာင္က....

“ CNN က ေဖာ္ျပတဲ့အထဲမွာေတာ့ တက္ႂကြလႈပ္ရွားသူေတြေပါ့ဗ်ာ။ က်ေနာ္က တက္ႂကြလႈပ္ရွားသူလဲ ဟုတ္တယ္။ သုေတသီလည္း ဟုတ္ပါတယ္။ ဒါေပမယ့္ ျဖစ္သမွ်ကိစၥေတြေပါ့ေနာ္။ စစ္တပ္ကို ဖိအားေပးတဲ့ဟာေတြ၊ ျပည္တြင္းစစ္ကို ရႈတ္ခ်တဲ့ဟာေတြ၊ အမ်ိဳးသမီးအခြင့္အေရးလိုဟာေတြမွာ က်ေနာ္ အကုန္ဝင္မပါႏိုင္ခဲ့တာကို အားမရခဲ့ပါဘူး။ ဒါေပမယ့္ သုေတသနပိုင္းမွာေတာ့ ဒီႏွစ္အတြက္ အားရတယ္လို႔ ေျပာရမယ္ ” လို႔ေျပာျပပါတယ္။

ေထာင္ေတြ ဖိႏွိပ္မႈေတြက သူ႔ယုံၾကည္ခ်က္ကို ေျပာင္းလဲပစ္ႏိုင္မွာမဟုတ္ဘူးလို႔ ကိုရဲေဝၿဖိဳးေအာင္က ေျပာပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
CNN ရဲ့အာရှတလွှားပြောင်းလဲမှုစေ့ဆော်သူ စာရင်းထဲ မြန်မာနိုင်ငံသားပါဝင်

CNN သတင်းဌာနက ထုတ်ပြန်လိုက်တဲ့ ၂ဝ၁၉ အတွင်း အာရှတလွှားပြောင်းလဲမှုကိုစေ့ဆော်သူ လူငယ်များ။
Photo: CNN

၂ဝ၁၉ ခုနှစ်အတွင်း အာရှတလွှား လူ့အဖွဲ့အစည်းတွေရဲ့အပြောင်းအလဲကို အားတက်သရောဝိုင်းတွန်းကြတဲ့ လူငယ်တွေထဲက သိသာတဲ့လူငယ် ငါးယောက် ကို CNN သတင်းဌာနက မနေ့က ထုတ်ပြန်လိုက်တဲ့အထဲမှာ မြန်မာလူငယ်တယောက်လဲ ပါဝင်ပါတယ်။

အဲဒီလူငယ်က ကိုရဲဝေဖြိုးအောင်ဖြစ်ပြီး  မြန်မာနိုင်ငံမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဘယ်လောက်ရှိနေလဲဆိုတာ သုတေသနပြုနေတဲ့ အသံအဖွဲ့ကို ပူးတွဲတည်ထောင်ခဲ့သူဖြစ်ပါတယ်။

နောက်လူငယ်တွေကတော့ အမျိုးသမီးတွေဖြစ်ပြီး ထိုင်ဝမ်နိုင်ငံက အသက် ၂၄ အရွယ် ဝမ်ယုချင်း၊ ဟောင်ကောင်က ဂျိုစလင်းချောင်၊ အိန္ဒိယနိုင်ငံက ရစ်ဒီမာပန်ဒေးနဲ့ တောင်ကိုရီးယားကအသက် ၂၂ အရွယ် ဂျီဟေယန်းတို့ဖြစ်ပါတယ်။

ထိုင်ဝမ်နိုင်ငံက ဝမ်ယုချင်းကတော့ အသက် ၁၇ နှစ် အရွယ်ကတည်းက လိင်တူချစ်သူများအခွင့်အရေး လှုပ်ရှားမှုမှာပါဝင်ခဲ့ပြီး နောက်ပိုင်းမှာတော့ လိင်တူလက်ထပ်ခွင့်အတွက် ပါဝင်လှုပ်ရှားခဲ့တဲ့သူဖြစ်ပါတယ်။

သူတို့ရဲ့လှုပ်ရှားမှုကြောင့် ထိုင်ဝမ်နိုင်ငံမှာ ပြီးခဲ့တဲ့မေလ ၁၇ ရက်နေ့ က လိင်တူချစ်သူတွေအချင်းချင်း တရားဝင်လက်ထပ်ခွင့် ရသွားခဲ့တဲ့အတွက် အာရှနိုင်ငံတွေထဲမှာ ထိုင်ဝမ်ဟာ လိင်တူလက်ထပ်ခွင့် တရားဝင်ခွင့်ပြုတဲ့ ပထမဆုံးနိုင်ငံဖြစ်သွားပါတယ်။ ဒီလိုဖြစ်သွားတဲ့အတွက် သူ့နိုင်ငံအတွက် ဂုဏ်ယူတယ်လို့ ဝမ်ယုချင်းကပြောပါတယ်။

ဟောင်ကောင်ကအမျိုးသမီးငယ် ဂျိုစလင်းချောင်က အသက် ၂၃ နှစ်အရွယ်ဖြစ်ပြီး ဒီမိုကရေစီရေး ဆန္ဒပြပွဲတွေနဲ့ မငြိမ်သက်တဲ့ ဟောင်ကောင်မှာ မြောက်ပိုင်းမဲဆန္ဒနယ်ရဲ့ ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံလိုက်ရပါတယ်။ သူဟာ ၂ဝ၁၄ ခုနှစ်ကဖြစ်ခဲ့တဲ့ ထီးတော်လှန်ရေးကာလမှာ ပါဝင်ခဲ့ရာကနေ နိုင်ငံရေးမှာ စိတ်ပါဝင်စားလာတဲ့သူဖြစ်ပါတယ်။

“ ကျမဟာ ကျမတို့ လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ကို ဘယ်လိုကူညီနိုင်မလဲဆိုတာ အမြဲစဉ်းစားခဲ့တယ်” လို့ ဂျိုစလင်းချောင်က ပြောပါတယ်။

သူဘွဲ့ရပြီးတဲ့နောက်မှာတော့ ဘဏ်တခုမှာ အလုပ်ဝင်လုပ်ခဲ့ပြီး ပြီးခဲ့တဲ့ဇွန်လကစလို့ဖြစ်ခဲ့တဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို တွေ့ကြုံလိုက်ရတဲ့အခါမှာတော့ သူဝင်ပါခဲ့တဲ့အခါမှာ လုံခြုံရေးအဖွဲ့ဝင်တယောက်က သူ့ကို လက်သီးနဲ့ထိုးပြီး သူ့ကိုင်ထားတဲ့ ပိုစတာကို လုယူဆုတ်ဖြဲတာခံလိုက်ရပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ ဂျိုစလင်းချောင်ဟာ ဒဏ်ရာကြီးကြီးမားမားမရခဲ့ပါဘူး။

အဲဒီနောက်တော့ ဟောင်ကောင်ကိုအန္တရာယ်မကျစေချင်တော့လို့ ခရိုင်ကောင်စီရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သူကပြောပါတယ်။

ရစ်ဒီမာပန်ဒေးကတော့ အိန္ဒိယနိုင်ငံကဖြစ်ပြီး အသက် ၁၂ နှစ်ပဲရှိသေးတဲ့ မိန်းကလေးဖြစ်ပါတယ်။ ဒါပေမယ့် သူ့ဂုဏ်သတင်းက ကမ္ဘာတလွှားကျော်ကြားခဲ့ပါတယ်။ သူဟာ ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုကိုတားဆီးဖို့ ကုလသမဂ္ဂမှာ တက်ပြောကြတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက လူငယ် ၁၆ ယောက်ထဲက တယောက်ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတရာခန်းပြည်နယ်မှာနေထိုင်တဲ့ ရစ်ဒီမာပန်ဒေးဟာ ၂၀၁၃ ခုနှစ် နောက်ပိုင်းကတည်းက ဖောက်ပြန်လာတဲ့ မြေပြိုတာ၊ ရေကြီးတာ၊ လူတွေဘေးလွတ်ရာ ထွက်ပြေးရတာတွေကိုတွေ့ကြုံပြီး သဘာဝပတ်ဝန်းကျင်ရေးရာတွေ လေ့လာရင်းကြီးပြင်းခဲ့သူဖြစ်ပါတယ်။

ဒီကိစ္စတွေကို သူ့အစိုးရကို တင်ပြရင် တရားမျှတမှုရမှာမဟုတ်တဲ့အတွက် ကမ္ဘာ့ခေါင်းဆောင်တွေကို တက်ပြောရင်တော့ ရနိုင်ချေရှိတယ်လို့ စဉ်းစားပြီး ကုလသမဂ္ဂမှာ သွားပြောတာလို့ ရစ်ဒီမာပန်ဒေး ဆိုပါတယ်။

ဂျီဟေယန်းကတော့ အသက် ၂၂ အရွယ် တောင်ကိုရီးယားနိုင်ငံသူဖြစ်ပါတယ်။ သူက အမျိုးသမီး အခွင့်အရေးလှုပ်ရှားလို့ ထင်ရှားလာတဲ့သူဖြစ်ပါတယ်။ တောင်ကိုရီးယားက စာသင်ကျောင်းတွေဟာ မိန်းကလေးတွေအတွက်လုံခြုံမှုရှိတယ်လို့ ဘယ်တော့မှမခံစားရဘူး။  ခွဲခြားဆက်ဆံခံရတယ်။  ကာအိန္ဒြေပျက်အောင် နှောင့်ယှက်ခံရတာတွေရှိတယ်လို့ သူကပြောပါတယ်။

မိန်းကလေးတွေကို အိမ်တွေ၊ လမ်းတွေ၊ ယုတ်စွအဆုံး အိမ်သာတွေထဲမှာ လျှို့ဝှက်ကင်မရာတွေနဲ့ ဗီဒီယိုရိုက်ပြီးတင်ကြတာတွေလဲရှိနေတယ်။ အဲဒါတွေကြောင့် “ကျမတို့ဘဝဟာရှင်တို့ လိင်ဖျော်ဖြေ ရေးအတွက်မဟုတ်ဘူး” ဆိုတဲ့ကြွေးကြော်သံနဲ့အတူ ပြီးခဲ့တဲ့ မတ်လမှာ ထောင်နဲ့ချီတဲ့အမျိုးသမီးတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ ဆယ်ကျော်သက်ရွယ်မိန်းကလေးတွေလဲ ကျောင်းတွေမှာ လှုပ်ရှားလာကြပါတယ်။

ဂျီဟေယန်းဟာ သူ့အသက် ၁၆ နှစ်အရွယ်ကတည်းက အမျိုးသမီးတွေ လုံခြုံရေးနဲ့အခွင့်အရေး အတွက် လှုပ်ရှားလာခဲ့သူဖြစ်ပါတယ်။အဲဒီကိစ္စတွေအတွက် တောင်ကိုရီးယားအစိုးရကို တောင်းဆိုတိုက်တွန်းခဲ့ပေမယ့် အစိုးရက ဆောင်ရွက်မပေးနိုင်တာကြောင့် ဂျီဟေယန်းဟာ ဖေဖော်ဝါရီလက ကုလသမဂ္ဂကိုသွားပြီး တောင်းဆိုခဲ့ပါတယ်။

အဲဒီနောက်မှာတော့ တောင်ကိုရီးယားပညာရေးဝန်ကြီးဌာနက ကျားမတန်းတူရေးဆိုင်ရာအဖွဲ့ဖွဲ့ပေး ခဲ့ပြီး၊ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရရင် တိုင်ကြားနိုင်မယ့်ဌာန ဖွင့်ပေးခဲ့ပါတယ်။ အဲဒါဟာ မလုံလောက်သေးပေမယ့် အရေးယူမှုရဲ့ အစတော့ဖြစ်လာခဲ့ပါတယ်။

ကိုရဲဝေဖြိုးအောင်ကတော့ အသက် ၂၄ အရွယ် မြန်မာနိုင်ငံသားဖြစ်ပါတယ်။ သူက ၂ဝ၁၂ နောက်ပိုင်းမှာ ဒဂုံတက္ကသိုလ်မှာ ပညာသင်ခဲ့ပြီး ကျောင်းသားသမဂ္ဂမှာ ပါဝင်ခဲ့သလို ဒီမိုကရေစီပညာရေးလှုပ်ရှားမှုမှာလဲ ပါဝင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ပုံမှန်ပညာရေးကို မယုံကြည်တဲ့အတွက် နေ့ကျောင်းကနေ အဝေးသင်တက္ကသိုလ်ကို ပြောင်းလိုက်ပြီး ဘာသာရပ်ကိုလဲ ဒဿနိကဗေဒကို ပြောင်းယူလိုက်ပါတယ်။

၂ဝ၁၈ ခုနှစ်မှာတော့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်းမှာပါတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ပတ်သက်လို့ အထူးပြုလေ့လာတဲ့ အသံအဖွဲ့ကို တခြားလူငယ်နှစ်ယောက်နဲ့အတူ တည်ထောင်လှုပ်ရှားခဲ့ပါတယ်။

ဒီအခွင့်အရေးနဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ လက်ရှိပြဌာန်းထားတဲ့ ဥပဒေတွေက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေ  သတင်းသမားတွေအတွက်တင် အန္တရာယ်ရှိနေတာ မဟုတ်ဘဲ သာမန်ပြည်သူတွေအတွက်လဲ အန္တရာယ်ရှိနေတယ်လို့ သူကပြောပါတယ်။

အခုလို CNN မှာ ဖော်ပြခံရတာနဲ့ ပတ်သက်လို့ ကိုရဲဝေဖြိုးအောင်က....

“ CNN က ဖော်ပြတဲ့အထဲမှာတော့ တက်ကြွလှုပ်ရှားသူတွေပေါ့ဗျာ။ ကျနော်က တက်ကြွလှုပ်ရှားသူလဲ ဟုတ်တယ်။ သုတေသီလည်း ဟုတ်ပါတယ်။ ဒါပေမယ့် ဖြစ်သမျှကိစ္စတွေပေါ့နော်။ စစ်တပ်ကို ဖိအားပေးတဲ့ဟာတွေ၊ ပြည်တွင်းစစ်ကို ရှုတ်ချတဲ့ဟာတွေ၊ အမျိုးသမီးအခွင့်အရေးလိုဟာတွေမှာ ကျနော် အကုန်ဝင်မပါနိုင်ခဲ့တာကို အားမရခဲ့ပါဘူး။ ဒါပေမယ့် သုတေသနပိုင်းမှာတော့ ဒီနှစ်အတွက် အားရတယ်လို့ ပြောရမယ် ” လို့ပြောပြပါတယ်။

ထောင်တွေ ဖိနှိပ်မှုတွေက သူ့ယုံကြည်ချက်ကို ပြောင်းလဲပစ်နိုင်မှာမဟုတ်ဘူးလို့ ကိုရဲဝေဖြိုးအောင်က ပြောပါတယ်။

RFA Burmese
https://www.rfa.org
CNN ရဲ႕အာရွတလႊားေျပာင္းလဲမႈေစ့ေဆာ္သူ စာရင္းထဲ ျမန္မာႏိုင္ငံသားပါဝင္ CNN ရဲ႕အာရွတလႊားေျပာင္းလဲမႈေစ့ေဆာ္သူ စာရင္းထဲ ျမန္မာႏိုင္ငံသားပါဝင္ Reviewed by THITHTOOLWIN on 00:40 Rating: 5
Powered by Blogger.