CJ ထိ ေရာက္လာတဲ့ AA အေရး

ရကၡိဳင့္တပ္ေတာ္ AA တပ္ဖြဲ႕ဝင္အခ်ိဳ႕ကို ေတြ႕ရစဥ္ / Photo: Arakan Army
(Zawgyi)⤵⤵⤵
ရခိုင့္တပ္ေတာ္ AA ဟာ ရခိုင္ျပည္နယ္လြတ္လပ္ေရးရဖို႔ သို႔မဟုတ္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရရွိဖို႔ ေဆာင္႐ြက္ ေနတယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ICJ မွာ မေန႔ကေလွ်ာက္လဲခ်က္ ေပးတဲ့အထဲ ထည့္သြင္းေျပာခဲ့ပါတယ္။

အျပည္ျပည္ဆိုင္ရာတရား႐ုံး ICJ မွာ ဂမ္ဘီယာႏိုင္ငံဘက္က စြပ္စြဲခ်က္ေတြကို ေလွ်ာက္လဲခ်က္ေပးတဲ့အခါမွာ ေဒၚေအာင္ဆန္းစုၾကည္က ရခိုင့္တပ္ေတာ္ AA နဲ႔ပတ္သက္ၿပီး ထည့္သြင္းေျပာၾကားခဲ့တာပါ။

"ဥကၠဌႀကီးနဲ႔ တရားသူႀကီးမ်ားရွင့္၊ ရခိုင္ျပည္နယ္နဲ႔ အဲဒီေဒသမွာရွိတဲ့ ျပည္သူေတြ ႀကဳံေတြ႕ေနရတဲ့ ဒုကၡေတြဟာ ရာစုႏွစ္မ်ားစြာကတည္းက တည္ရွိေနခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္းမွာေတာ့ ပိုမိုဆိုး႐ြား လာခဲ့တယ္။ လက္ရွိအခ်ိန္မွာလည္း အင္အား ၅၀၀၀ ေက်ာ္ရွိတဲ့ ရခိုင့္တပ္ေတာ္နဲ႔ တပ္မေတာ္တို႔ အၾကား မွာလည္း လက္နက္ကိုင္ ပဋိပကၡေတြဆက္လက္ျဖစ္ပြားေနပါတယ္။ ဒါေပမဲ့ မေန႔တုန္းက ဂမ္ဘီယာဘက္က ေလွ်ာက္လဲၾကသူေတြရဲ႕  တင္သြင္းခ်က္ေတြမွာ ဒါေတြကို တစ္ခုမွေဖာ္ျပၾကတာမေတြ႕ရပါဘူး။ ရခိုင့္တပ္ေတာ္ ဟာ အတိတ္သမိုင္းမွာထင္ရွားခဲ့တဲ့ ရခိုင္ဘုရင့္ႏိုင္ငံေတာ္ ျပန္လည္ေပၚေပါက္လာေရးအတြက္ ရခိုင္ျပည္နယ္ လြတ္လပ္ေရး ဒါမွမဟုတ္ ရခိုင္ျပည္နယ္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရရွိေရးအတြက္ ေဆာင္႐ြက္ေနၾကပါတယ္။"

ဒီတိုက္ပြဲေတြေၾကာင့္ပဲ ရခိုင္ျပည္နယ္မွာ အရပ္သားေထာင္ခ်ီ အိုးအိမ္စြန႔္ခြာထြက္ေျပးေနရတာေတြ ျဖစ္ေပၚ ေစပါတယ္။ လုံၿခဳံေရးအရကန႔္သတ္မႈေတြ၊ ဥပမာ ညမထြက္ရအမိန္နဲ႔ စစ္ေဆးရဂိတ္ေတြ ခ်ထားတာေၾကာင့္ ေဒသတြင္းရွိတဲ့ ဘယ္အရပ္သားမဆို ဆိုးက်ိဳးေတြခံစားေနၾကရပါတယ္။

မေန႔က သူ ေလွ်ာက္လဲခ်က္ေပးေနတဲ့အခ်ိန္မွာပဲ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နားမွာရွိတဲ့ တပ္မေတာ္တပ္ရင္း တစ္ခုကို AA က အင္အား ၄၀၀ ဝန္းက်င္ေလာက္နဲ႔ ဝင္ေရာက္တိုက္ခိုက္ေနတဲ့အျပင္ အင္အား ၂၀၀ ေလာက္ရွိတဲ့ ေနာက္ထပ္ AA တိုက္ခိုက္ေရးတပ္ဖြဲ႕ဝင္ေတြကလည္း ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နားမွာရွိတဲ့ တပ္မေတာ္စစ္ေၾကာင္း တစ္ခုကို ဝန္းရံပိတ္ဆို႔တိုက္ခိုက္ေနတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ထည့္သြင္းေျပာခဲ့ပါတယ္။

ဒါေၾကာင့္ ICJ တရား႐ုံးအေနနဲ႔ ရခိုင္ျပည္နယ္ရဲ႕ ၿငိမ္ခ်မ္းေရး၊ လုံၿခဳံေရးနဲ႔ လက္ရွိျဖစ္ပြားေနတဲ့ ပဋိပကၡေတြကို ပိုမိုဆိုး႐ြားသြားေစမယ့္ ဆုံးျဖတ္ခ်က္မ်ိဳးကို  ေရွာင္ရွားေပးဖို႔လည္း ေဒၚေအာင္ဆန္းစုၾကည့္က ေမတၱာရပ္ခံ ခဲ့ပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ေျပာခဲ့တဲ့အေပၚ ရခိုင့္တပ္ေတာ္ AA ကမျငင္းဆိုပါဘူး။

ရခိုင့္တပ္ေတာ္ AA  ျပန္ၾကားေရးတာဝန္ခံ ခိုင္သုခက ရခိုင္ႏိုင္ငံေတာ္ကို ျပည္ထူေထာင္လိုစိတ္ရွိတာဟာ တကယ္ရွိခဲ့တာကို ေမွ်ာ္လင့္တာျဖစ္လို႔ တရားနည္းလမ္းက်တယ္လို႔ တုံ႔ျပန္ပါတယ္။

"ရခိုင္ႏိုင္ငံေတာ္ကို ရခိုင္ျပည္သူေတြကေနၿပီးေတာ့ ေမွ်ာ္လင့္တယ္ ေတာင့္တတယ္ဆိုတာကေတာ့ ဒါတကယ္ ရွိခဲ့တာကို တကယ္ေတာင့္တတာပဲျဖစ္တယ္ဗ်၊ အဲတာကေတာ့ ဒါ ရခိုင္ေတြအေနနဲ႔ ေမွ်ာ္လင့္ေတာင့္တခြင့္ ရွိတာေပါ့ေနာ္၊ ဘယ္ႏိုင္ငံတကာစံႏႈန္းနဲ႔ပဲၾကည့္ၾကည့္ေပါ့ဗ်ာ၊ ရခိုင္ေတြအေနနဲ႔ ရခိုင္ႏိုင္ငံေတာ္ကို ေမွ်ာ္လင့္ တယ္ဆိုတဲ့ဟာက ဒါတရားနည္းလမ္းက်တဲ့ကိစၥျဖစ္တယ္လို႔ ဒါကြၽန္ေတာ္ကေတာ့ အဲလိုယူဆတာေပါ့၊ ဖိႏွိပ္ခံေနရတဲ့ လူမ်ိဳးတစ္ခုအေနနဲ႔ ဖိႏွိပ္ေနတဲ့အစိုးရကို ေတာ္လွန္တိုက္ခိုက္တယ္ဆိုတဲ့ဟာကေတာ့ ဒါကမာၻ႔နိယာမတရားပဲျဖစ္တယ္ဗ်၊ မေတာ္လွန္ေစခ်င္ရင္ မဖိႏွိပ္နဲ႔ေပါ့ဗ်ာ၊ ဖိႏွိပ္မႈရွိေနရင္ေတာ့ ေတာ္လွန္မႈက မုခ်ရွိမွာပဲ။"

ရခိုင္ႏိုင္ငံေတာ္ကို ၁၇၈၄ ခုႏွစ္မွာ ဗမာအရွင္ဘုရင္ ဘိုးေတာ္ေမာင္ဝိုင္းက တိုက္ခိုက္ၿပီး သိမ္းပိုက္ခဲ့တာ ျဖစ္တယ္လို႔လည္း ခိုင္သုခကဆိုပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ ICJ မွာမထြက္ဆိုခင္ ရက္ပိုင္းအလိုမွာ ရခိုင့္တပ္ေတာ္ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္က ဧရာဝတီသတင္းဌာန အင္တာဗ်ဴးမွာ လာမယ့္ ၂၀၂၀ ကစၿပီးေတာ့ ရခိုင္မွာရွိတဲ့ လုပ္ငန္းေတြ ULA/ AA ကို အခြန္ေပးေဆာင္ရမယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ဒါေၾကာင့္လည္း “ရခိုင္ျပည္သူ႔အာဏာပိုင္အဖြဲ႕” ကို ဖြဲ႕စည္းၿပီးေတာ့ အစိုးရသ႑ာန္ စတင္လိုက္တာျဖစ္တယ္လို႔ ေျပာခြင့္ရ ဦးခိုင္သုခက ေျပာပါတယ္။

"ကြၽန္ေတာ္တို႔ကေတာ့ ရဲပဲျဖစ္ျဖစ္ ဘာပဲျဖစ္ျဖစ္ေပါ့ဗ်ာေနာ္ ရခိုင္ျပည္မွာေနရင္ေတာ့ ရခိုင္ျပည္သူ႔အာဏာပိုင္ အဖြဲ႕ရဲ႕ လက္ေအာက္မွာရွိကိုရွိရမွာျဖစ္တယ္ဗ်၊ အခုမေကာက္ရင္လည္း ေနာင္ေတာ့ ေကာက္ခံ သြားမွာျဖစ္တယ္၊ အခြန္ကေတာ့ ဒါမေပးလို႔မရဘူးဗ်ေနာ္၊ နည္းတာမ်ားတာနဲ႔မဆိုင္ဘူး၊ လုပ္ငန္းကိုမထိုက္ေစရ ဆိုတဲ့ဟာေတာ့ ရွိတာေပါ့ဗ်ာ၊ တဖက္မွာေတာ့ အခြန္ကိုေတာ့ မရရေအာင္ ထည့္ဝင္ရမွာေပါ့၊ အားလုံးပါလာေအာင္လည္း ကြၽန္ေတာ္တို႔လုပ္ေဆာင္သြားမွာျဖစ္တယ္၊ ကြၽန္ေတာ္တို႔ ULA/ AA ရခိုင္ျပည္သူ႔အာဏာပိုင္အဖြဲ႕ရဲ႕ လုပ္ငန္း တာဝန္ေတြကို ဝင္ေရာက္ေႏွာင့္ယွက္လာတယ္ဆိုရင္ေတာ့ အဲဒီရဲစခန္းေတြကို ဒီအတိုင္းၾကည့္ထားမွာေတာ့ မဟုတ္ဘူး။"

ၿပီးခဲ့တဲ့ ဇြန္နဝါရီလတုန္းက ရခိုင့္တပ္ေတာ္ကို အျမစ္ျပတ္ရွင္းဖို႔ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ တပ္မေတာ္ ထိပ္ပိုင္းေခါင္းေဆာင္ေတြကို ေျပာၾကားခဲ့တာရွိေၾကာင္း ႐ိုက္တာသတင္းဌာနမွာ ေဖာ္ျပခဲ့ဖူးပါတယ္။

ရခိုင့္ႏိုင္ငံေတာ္စီမံကိန္းအတိုင္း ဆက္သြားေနရင္ အေကာင္အထည္ေပၚမယ့္အစား တိုက္ပြဲေတြေၾကာင့္ ရခိုင္ျပည္နယ္ကျပည္သူေတြပဲ ဒုကၡေရာက္ႏိုင္တယ္လို႔ စစ္ေရးနဲ႔ ႏိုင္ငံေရးေလ့လာသူ စာေရးဆရာ ဦးသန္းစိုးႏိုင္က ေျပာပါတယ္။

"သမိုင္းနာက်င္မႈေတြကို ဒီေန႔ကာလမွာျပန္ေဖာ္ထုတ္ၿပီးေတာ့ ဒါေတြႀကိဳးပမ္းတယ္ဆိုတာ ႏိုင္ငံေရးအရ သိပ္ၿပီးေတာ့ အဓိပၸာယ္မရွိဘူး၊ အလားအလာလည္းမရွိပါဘူး၊ တကယ္ျဖစ္ႏိုင္တဲ့ အေျခအေနလည္းမရွိပါဘူး၊ တကယ္ျဖစ္လာမွာကေတာ့ ရခိုင္ကတပ္အေနနဲ႔ အဲလိုလႈပ္ရွားမႈေတြ ပိုမ်ားလာေလေလ ရခိုင္ျပည္သူလူထုေတြ ဒုကၡေရာက္ေလေလပါ့၊ ဒီလုပ္ငန္းကိုဆက္ၿပီးေတာ့ အေကာင္အထည္ေဖာ္ဖို႔ ႀကိဳးပမ္းမယ္ဆိုရင္ေတာ့ ရခိုင္ျပည္နယ္ရဲ႕ ကံၾကမၼာက ဒီထက္ပိုၿပီးေတာ့ဆိုး႐ြားတဲ့ အေနေတြအထားေတြကို ႀကဳံရလိမ့္မယ္၊ ေနာက္တစ္ခုက ရခိုင္ျပည္ရဲ႕ဖြံ႕ၿဖိဳးမႈ တိုးတက္မႈကလည္း ပိုၿပီး ေနာက္က်လိမ့္မယ္လို႔ ထင္ပါတယ္၊ စစ္ေရး အရလည္း ဒါဟာျဖစ္ႏိုင္တဲ့အေၾကာင္းအခ်က္မရွိပါဘူး"

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ AA ရဲ႕ ေတာ္လွန္ေရး ကာလမွာ အစိုးရသ႑ာန္စတင္လိုက္တဲ့ကိစၥနဲ႔  ရခိုင့္ျပည္သူအာဏာပိုင္အဖြဲ႕လုပ္ဖို႔ အသက္သြင္းလိုက္တဲ့ ကိစၥေတြဟာအရင္ကတည္းကသူတို႔ေျပာထားတဲ့ကိစၥေတြပဲျဖစ္လို႔ ထူးထူးဆန္းဆန္းအေၾကာင္းအရာ မဟုတ္ဘူးလို႔ RFA ကို မေန႔ကေျပာပါတယ္။

"သူတို႔ကလည္း သူတို႔ရည္႐ြယ္ခ်က္ကို အရင္ကအတိုင္းေျပာပီးသားပါ၊ သူတို႔လုပ္ေနတာကိုက ႏိုင္ငံေတာ္ရဲ႕ အုပ္ခ်ဳပ္ေရးယႏၲရားကို သူတို႔နဲ႔အစားထိုးဖို႔လုပ္ေနတယ္ဆိုၿပီး သူတို႔ရဲ႕ရည္႐ြယ္ခ်က္ကို ထုတ္ေဖာ္ၿပီး ျဖစ္တဲ့အတြက္ ဒီလိုမ်ိဳးလုပ္လာျခင္းဟာလည္း ဒါထူးထူးဆန္းဆန္းအေၾကာင္းအရာေတာ့ မဟုတ္ဘူး၊ ထုတ္ေျပာတာနဲ႔ ထုတ္မေျပာတာပဲရွိပါတယ္၊ အခုကေတာ့ ထုတ္ေျပာလာတဲ့သေဘာေပါ့ေလ၊ နဂို ရည္မွန္းခ်က္ကတည္းကလည္း ရွိၿပီးသားအဖြဲ႕အစည္းျဖစ္ပါတယ္။"

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာျဖစ္ပြားေနတဲ့ တပ္မေတာ္နဲ႔ ရခိုင့္တပ္ေတာ္ AA တို႔ရဲ႕ တိုက္ပြဲေတြဟာ ရခိုင္ျပည္နယ္ ေတာင္ပိုင္းနယ္စပ္ျဖစ္တဲ့  ေျမပုံၿမိဳ႕အပါအဝင္ ေတာင္းပိုင္းထဲမွာပါဝင္တဲ့ မအီၿမိဳ႕နဲ႔ ေက်ာက္ျဖဴၿမိဳ႕နယ္ေတြအထိပါ ကူးစက္လာေနပါတယ္။

လက္ရွိအခ်ိန္မွာ တစ္ႏွစ္နီးပါးၾကာျမင့္လာတဲ့ ရခိုင္တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန႔္ခြာသူ ကိုးေသာင္းေက်ာ္အထိ ျမင့္တက္လာၿပီးေတာ့၊ အရပ္သားထိခိုက္ေသဆုံးမႈဟာ တစ္ရာေက်ာ္ထိရွိလာပါၿပီ။

တိုက္ပြဲေတြဟာလည္း ေန႔တိုင္းဆိုသလို ျဖစ္ပြားလွ်က္ရွိေနၿပီးေတာ့ တပ္မေတာ္ဘက္ကလည္း ၾကည္း၊ ေရ၊ ေလ သုံးမ်ိဳးစလုံးကို အသုံးျပဳၿပီး တိုက္ခိုက္ေနပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
CJ ထိ ရောက်လာတဲ့ AA အရေး

ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်
Photo: Arakan Army

ရခိုင့်တပ်တော် AA ဟာ ရခိုင်ပြည်နယ်လွတ်လပ်ရေးရဖို့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိဖို့ ဆောင်ရွက် နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ICJ မှာ မနေ့ကလျှောက်လဲချက် ပေးတဲ့အထဲ ထည့်သွင်းပြောခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံဘက်က စွပ်စွဲချက်တွေကို လျှောက်လဲချက်ပေးတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က ရခိုင့်တပ်တော် AA နဲ့ပတ်သက်ပြီး ထည့်သွင်းပြောကြားခဲ့တာပါ။

"ဥက္ကဌကြီးနဲ့ တရားသူကြီးများရှင့်၊ ရခိုင်ပြည်နယ်နဲ့ အဲဒီဒေသမှာရှိတဲ့ ပြည်သူတွေ ကြုံတွေ့နေရတဲ့ ဒုက္ခတွေဟာ ရာစုနှစ်များစွာကတည်းက တည်ရှိနေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာတော့ ပိုမိုဆိုးရွား လာခဲ့တယ်။ လက်ရှိအချိန်မှာလည်း အင်အား ၅၀၀၀ ကျော်ရှိတဲ့ ရခိုင့်တပ်တော်နဲ့ တပ်မတော်တို့ အကြား မှာလည်း လက်နက်ကိုင် ပဋိပက္ခတွေဆက်လက်ဖြစ်ပွားနေပါတယ်။ ဒါပေမဲ့ မနေ့တုန်းက ဂမ်ဘီယာဘက်က လျှောက်လဲကြသူတွေရဲ့  တင်သွင်းချက်တွေမှာ ဒါတွေကို တစ်ခုမှဖော်ပြကြတာမတွေ့ရပါဘူး။ ရခိုင့်တပ်တော် ဟာ အတိတ်သမိုင်းမှာထင်ရှားခဲ့တဲ့ ရခိုင်ဘုရင့်နိုင်ငံတော် ပြန်လည်ပေါ်ပေါက်လာရေးအတွက် ရခိုင်ပြည်နယ် လွတ်လပ်ရေး ဒါမှမဟုတ် ရခိုင်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် ဆောင်ရွက်နေကြပါတယ်။"

ဒီတိုက်ပွဲတွေကြောင့်ပဲ ရခိုင်ပြည်နယ်မှာ အရပ်သားထောင်ချီ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတာတွေ ဖြစ်ပေါ် စေပါတယ်။ လုံခြုံရေးအရကန့်သတ်မှုတွေ၊ ဥပမာ ညမထွက်ရအမိန်နဲ့ စစ်ဆေးရဂိတ်တွေ ချထားတာကြောင့် ဒေသတွင်းရှိတဲ့ ဘယ်အရပ်သားမဆို ဆိုးကျိုးတွေခံစားနေကြရပါတယ်။

မနေ့က သူ လျှောက်လဲချက်ပေးနေတဲ့အချိန်မှာပဲ ချင်းပြည်နယ် ပလက်ဝမြို့နားမှာရှိတဲ့ တပ်မတော်တပ်ရင်း တစ်ခုကို AA က အင်အား ၄၀၀ ဝန်းကျင်လောက်နဲ့ ဝင်ရောက်တိုက်ခိုက်နေတဲ့အပြင် အင်အား ၂၀၀ လောက်ရှိတဲ့ နောက်ထပ် AA တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တွေကလည်း ရခိုင်ပြည်နယ် အမ်းမြို့နားမှာရှိတဲ့ တပ်မတော်စစ်ကြောင်း တစ်ခုကို ဝန်းရံပိတ်ဆို့တိုက်ခိုက်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောခဲ့ပါတယ်။

ဒါကြောင့် ICJ တရားရုံးအနေနဲ့ ရခိုင်ပြည်နယ်ရဲ့ ငြိမ်ချမ်းရေး၊ လုံခြုံရေးနဲ့ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ပိုမိုဆိုးရွားသွားစေမယ့် ဆုံးဖြတ်ချက်မျိုးကို  ရှောင်ရှားပေးဖို့လည်း ဒေါ်အောင်ဆန်းစုကြည့်က မေတ္တာရပ်ခံ ခဲ့ပါတယ်။



နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြောခဲ့တဲ့အပေါ် ရခိုင့်တပ်တော် AA ကမငြင်းဆိုပါဘူး။

ရခိုင့်တပ်တော် AA  ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ရခိုင်နိုင်ငံတော်ကို ပြည်ထူထောင်လိုစိတ်ရှိတာဟာ တကယ်ရှိခဲ့တာကို မျှော်လင့်တာဖြစ်လို့ တရားနည်းလမ်းကျတယ်လို့ တုံ့ပြန်ပါတယ်။

"ရခိုင်နိုင်ငံတော်ကို ရခိုင်ပြည်သူတွေကနေပြီးတော့ မျှော်လင့်တယ် တောင့်တတယ်ဆိုတာကတော့ ဒါတကယ် ရှိခဲ့တာကို တကယ်တောင့်တတာပဲဖြစ်တယ်ဗျ၊ အဲတာကတော့ ဒါ ရခိုင်တွေအနေနဲ့ မျှော်လင့်တောင့်တခွင့် ရှိတာပေါ့နော်၊ ဘယ်နိုင်ငံတကာစံနှုန်းနဲ့ပဲကြည့်ကြည့်ပေါ့ဗျာ၊ ရခိုင်တွေအနေနဲ့ ရခိုင်နိုင်ငံတော်ကို မျှော်လင့် တယ်ဆိုတဲ့ဟာက ဒါတရားနည်းလမ်းကျတဲ့ကိစ္စဖြစ်တယ်လို့ ဒါကျွန်တော်ကတော့ အဲလိုယူဆတာပေါ့၊ ဖိနှိပ်ခံနေရတဲ့ လူမျိုးတစ်ခုအနေနဲ့ ဖိနှိပ်နေတဲ့အစိုးရကို တော်လှန်တိုက်ခိုက်တယ်ဆိုတဲ့ဟာကတော့ ဒါကမ္ဘာ့နိယာမတရားပဲဖြစ်တယ်ဗျ၊ မတော်လှန်စေချင်ရင် မဖိနှိပ်နဲ့ပေါ့ဗျာ၊ ဖိနှိပ်မှုရှိနေရင်တော့ တော်လှန်မှုက မုချရှိမှာပဲ။"

ရခိုင်နိုင်ငံတော်ကို ၁၇၈၄ ခုနှစ်မှာ ဗမာအရှင်ဘုရင် ဘိုးတော်မောင်ဝိုင်းက တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့တာ ဖြစ်တယ်လို့လည်း ခိုင်သုခကဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ICJ မှာမထွက်ဆိုခင် ရက်ပိုင်းအလိုမှာ ရခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဧရာဝတီသတင်းဌာန အင်တာဗျူးမှာ လာမယ့် ၂၀၂၀ ကစပြီးတော့ ရခိုင်မှာရှိတဲ့ လုပ်ငန်းတွေ ULA/ AA ကို အခွန်ပေးဆောင်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါကြောင့်လည်း “ရခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့” ကို ဖွဲ့စည်းပြီးတော့ အစိုးရသဏ္ဍာန် စတင်လိုက်တာဖြစ်တယ်လို့ ပြောခွင့်ရ ဦးခိုင်သုခက ပြောပါတယ်။

"ကျွန်တော်တို့ကတော့ ရဲပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ပေါ့ဗျာနော် ရခိုင်ပြည်မှာနေရင်တော့ ရခိုင်ပြည်သူ့အာဏာပိုင် အဖွဲ့ရဲ့ လက်အောက်မှာရှိကိုရှိရမှာဖြစ်တယ်ဗျ၊ အခုမကောက်ရင်လည်း နောင်တော့ ကောက်ခံ သွားမှာဖြစ်တယ်၊ အခွန်ကတော့ ဒါမပေးလို့မရဘူးဗျနော်၊ နည်းတာများတာနဲ့မဆိုင်ဘူး၊ လုပ်ငန်းကိုမထိုက်စေရ ဆိုတဲ့ဟာတော့ ရှိတာပေါ့ဗျာ၊ တဖက်မှာတော့ အခွန်ကိုတော့ မရရအောင် ထည့်ဝင်ရမှာပေါ့၊ အားလုံးပါလာအောင်လည်း ကျွန်တော်တို့လုပ်ဆောင်သွားမှာဖြစ်တယ်၊ ကျွန်တော်တို့ ULA/ AA ရခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ရဲ့ လုပ်ငန်း တာဝန်တွေကို ဝင်ရောက်နှောင့်ယှက်လာတယ်ဆိုရင်တော့ အဲဒီရဲစခန်းတွေကို ဒီအတိုင်းကြည့်ထားမှာတော့ မဟုတ်ဘူး။"

ပြီးခဲ့တဲ့ ဇွန်နဝါရီလတုန်းက ရခိုင့်တပ်တော်ကို အမြစ်ပြတ်ရှင်းဖို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေကို ပြောကြားခဲ့တာရှိကြောင်း ရိုက်တာသတင်းဌာနမှာ ဖော်ပြခဲ့ဖူးပါတယ်။

ရခိုင့်နိုင်ငံတော်စီမံကိန်းအတိုင်း ဆက်သွားနေရင် အကောင်အထည်ပေါ်မယ့်အစား တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်ကပြည်သူတွေပဲ ဒုက္ခရောက်နိုင်တယ်လို့ စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသူ စာရေးဆရာ ဦးသန်းစိုးနိုင်က ပြောပါတယ်။

"သမိုင်းနာကျင်မှုတွေကို ဒီနေ့ကာလမှာပြန်ဖော်ထုတ်ပြီးတော့ ဒါတွေကြိုးပမ်းတယ်ဆိုတာ နိုင်ငံရေးအရ သိပ်ပြီးတော့ အဓိပ္ပာယ်မရှိဘူး၊ အလားအလာလည်းမရှိပါဘူး၊ တကယ်ဖြစ်နိုင်တဲ့ အခြေအနေလည်းမရှိပါဘူး၊ တကယ်ဖြစ်လာမှာကတော့ ရခိုင်ကတပ်အနေနဲ့ အဲလိုလှုပ်ရှားမှုတွေ ပိုများလာလေလေ ရခိုင်ပြည်သူလူထုတွေ ဒုက္ခရောက်လေလေပါ့၊ ဒီလုပ်ငန်းကိုဆက်ပြီးတော့ အကောင်အထည်ဖော်ဖို့ ကြိုးပမ်းမယ်ဆိုရင်တော့ ရခိုင်ပြည်နယ်ရဲ့ ကံကြမ္မာက ဒီထက်ပိုပြီးတော့ဆိုးရွားတဲ့ အနေတွေအထားတွေကို ကြုံရလိမ့်မယ်၊ နောက်တစ်ခုက ရခိုင်ပြည်ရဲ့ဖွံ့ဖြိုးမှု တိုးတက်မှုကလည်း ပိုပြီး နောက်ကျလိမ့်မယ်လို့ ထင်ပါတယ်၊ စစ်ရေး အရလည်း ဒါဟာဖြစ်နိုင်တဲ့အကြောင်းအချက်မရှိပါဘူး"

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ AA ရဲ့ တော်လှန်ရေး ကာလမှာ အစိုးရသဏ္ဍာန်စတင်လိုက်တဲ့ကိစ္စနဲ့  ရခိုင့်ပြည်သူအာဏာပိုင်အဖွဲ့လုပ်ဖို့ အသက်သွင်းလိုက်တဲ့ ကိစ္စတွေဟာအရင်ကတည်းကသူတို့ပြောထားတဲ့ကိစ္စတွေပဲဖြစ်လို့ ထူးထူးဆန်းဆန်းအကြောင်းအရာ မဟုတ်ဘူးလို့ RFA ကို မနေ့ကပြောပါတယ်။

"သူတို့ကလည်း သူတို့ရည်ရွယ်ချက်ကို အရင်ကအတိုင်းပြောပီးသားပါ၊ သူတို့လုပ်နေတာကိုက နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးယန္တရားကို သူတို့နဲ့အစားထိုးဖို့လုပ်နေတယ်ဆိုပြီး သူတို့ရဲ့ရည်ရွယ်ချက်ကို ထုတ်ဖော်ပြီး ဖြစ်တဲ့အတွက် ဒီလိုမျိုးလုပ်လာခြင်းဟာလည်း ဒါထူးထူးဆန်းဆန်းအကြောင်းအရာတော့ မဟုတ်ဘူး၊ ထုတ်ပြောတာနဲ့ ထုတ်မပြောတာပဲရှိပါတယ်၊ အခုကတော့ ထုတ်ပြောလာတဲ့သဘောပေါ့လေ၊ နဂို ရည်မှန်းချက်ကတည်းကလည်း ရှိပြီးသားအဖွဲ့အစည်းဖြစ်ပါတယ်။"

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ရဲ့ တိုက်ပွဲတွေဟာ ရခိုင်ပြည်နယ် တောင်ပိုင်းနယ်စပ်ဖြစ်တဲ့  မြေပုံမြို့အပါအဝင် တောင်းပိုင်းထဲမှာပါဝင်တဲ့ မအီမြို့နဲ့ ကျောက်ဖြူမြို့နယ်တွေအထိပါ ကူးစက်လာနေပါတယ်။

လက်ရှိအချိန်မှာ တစ်နှစ်နီးပါးကြာမြင့်လာတဲ့ ရခိုင်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာသူ ကိုးသောင်းကျော်အထိ မြင့်တက်လာပြီးတော့၊ အရပ်သားထိခိုက်သေဆုံးမှုဟာ တစ်ရာကျော်ထိရှိလာပါပြီ။

တိုက်ပွဲတွေဟာလည်း နေ့တိုင်းဆိုသလို ဖြစ်ပွားလျှက်ရှိနေပြီးတော့ တပ်မတော်ဘက်ကလည်း ကြည်း၊ ရေ၊ လေ သုံးမျိုးစလုံးကို အသုံးပြုပြီး တိုက်ခိုက်နေပါတယ်။

RFA Burmese
https://www.rfa.org
CJ ထိ ေရာက္လာတဲ့ AA အေရး CJ ထိ ေရာက္လာတဲ့ AA အေရး Reviewed by THITHTOOLWIN on 20:57 Rating: 5
Powered by Blogger.