လႈိင္သာယာၿမိဳ႕နယ္တြင္ ခိုးမႈက်ဴးလြန္သူတစ္ဦး ဖမ္းဆီးရမိ

(Zawgyi)⤵⤵⤵
ရန္ကုန္ ဒီဇင္ဘာ ၂

Myanmar Supply Co.,Ltd ဂိုေဒါင္ မန္ေနဂ်ာ ဦး----သည္ ႏိုဝင္ဘာ ၁၉ ရက္က ေနအိမ္တြင္ရွိေနစဥ္ အမွတ္ (၄/က)၊ ဆိပ္ကမ္းသာလမ္း၊ အပိုင္း (၆)၊ စက္မႈဇုန္၊ လႈိင္သာယာၿမိဳ႕နယ္ရွိ ကုမၸဏီ႐ုံးခန္းအတြင္းရွိ စားပြဲအံဆြဲမွာ ပြင့္ေနၿပီး ကုမၸဏီမွ ေန႔စဥ္အသုံးစရိတ္ အျဖစ္ ထုတ္ေပးထားသည့္ ေငြက်ပ္ ၉၄၀၀၀ မွာ ေပ်ာက္ဆုံးေနသည့္အျပင္ ၎၏ စားပြဲအံဆြဲတတိယထပ္မွာ လည္း ပြင့္ေနသည္ကို ေတြ႕ရွိရေၾကာင္း စာေရးမျဖစ္သူက ဖုန္းဆက္အေၾကာင္း ၾကားသျဖင့္ သြားေရာက္ၾကည့္ရႈခဲ့ရာ ေငြက်ပ္ ၃၈၈၁၅၀၀၀ မွာ ေပ်ာက္ဆုံး ေနသည္ကို ေတြ႕ရွိရသျဖင့္ ခိုးယူသြား သူအားစုံစမ္းေဖာ္ထုတ္ အေရးယူေပး ရန္ ဦး-------က တရားလိုျပဳလုပ္၍ တိုင္တန္းေသာအမႈျဖစ္သည္။

အမႈမွ ျပစ္မႈက်ဴးလြန္သူအား ဖမ္းဆီးရမိေရးအတြက္ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႉး႐ုံး၊ အုပ္ခ်ဳပ္မႈ ဌာနခြဲမွ တပ္ဖြဲ႕ဝင္မ်ားသည္ အခင္း ျဖစ္ရပ္စစ္ေဆးျခင္း၊ တရားလိုႏွင့္ စက္႐ုံဝန္ထမ္းမ်ားအား စစ္ေဆးျခင္း မ်ား ေဆာင္႐ြက္ခဲ့ၿပီး စက္႐ုံဝန္ထမ္း မ်ားထဲမွ မသကၤာသူ သန္႔ရွင္းေရး ဝန္ထမ္း ဒိုးလုံး အား စစ္ေဆး ခဲ့ရာ ၎သည္ ႏိုဝင္ဘာ ၁၉ ရက္ ၀၀ နာရီ မိနစ္ ၃၀ ခန႔္တြင္ ႐ုံးခန္းအတြင္းရွိ ဗီ႐ိုႏွင့္ Locker ေဘာက္အတြင္းမွ ေငြက်ပ္ ၃၈၈၁၅၀၀၀ အား ခိုးယူခဲ့ ၿပီး ေ႐ႊထည္ပစၥည္း ၁၀ မ်ိဳး၊ နာရီ ႏွစ္လုံး စုစုေပါင္းတန္ဖိုးေငြက်ပ္ ၁၅၆၀၀၀၀၀ ဝယ္ယူထားရွိေၾကာင္း ႏွင့္က်န္ေငြမ်ားအား စက္႐ုံၿခံဝင္းေထာင့္ ျမက္႐ိုင္းေတာထဲတြင္ ျမႇဳပ္ႏွံထား ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္။

စစ္ေဆးေပၚေပါက္ခ်က္အရ အမႈ မွ သက္ေသခံပစၥည္းမ်ားကို ျပန္လည္ သိမ္းဆည္းရရွိၿပီးျဖစ္၍ ျပစ္မႈက်ဴး လြန္သူ ဒိုးလုံးအား ဥပေဒႏွင့္အညီ အျမန္တရားစြဲ တင္ပို႔ႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရ သည္။

ရဲျပန္ၾကား
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
--------------
(Unicode)⤵⤵⤵
လှိုင်သာယာမြို့နယ်တွင် ခိုးမှုကျူးလွန်သူတစ်ဦး ဖမ်းဆီးရမိ

ရန်ကုန် ဒီဇင်ဘာ ၂
Myanmar Supply Co.,Ltd ဂိုဒေါင် မန်နေဂျာ ဦး----သည် နိုဝင်ဘာ ၁၉ ရက်က နေအိမ်တွင်ရှိနေစဉ် အမှတ် (၄/က)၊ ဆိပ်ကမ်းသာလမ်း၊ အပိုင်း (၆)၊ စက်မှုဇုန်၊ လှိုင်သာယာမြို့နယ်ရှိ ကုမ္ပဏီရုံးခန်းအတွင်းရှိ စားပွဲအံဆွဲမှာ ပွင့်နေပြီး ကုမ္ပဏီမှ နေ့စဉ်အသုံးစရိတ် အဖြစ် ထုတ်ပေးထားသည့် ငွေကျပ် ၉၄၀၀၀ မှာ ပျောက်ဆုံးနေသည့်အပြင် ၎င်း၏ စားပွဲအံဆွဲတတိယထပ်မှာ လည်း ပွင့်နေသည်ကို တွေ့ရှိရကြောင်း စာရေးမဖြစ်သူက ဖုန်းဆက်အကြောင်း ကြားသဖြင့် သွားရောက်ကြည့်ရှုခဲ့ရာ ငွေကျပ် ၃၈၈၁၅၀၀၀ မှာ ပျောက်ဆုံး နေသည်ကို တွေ့ရှိရသဖြင့် ခိုးယူသွား သူအားစုံစမ်းဖော်ထုတ် အရေးယူပေး ရန် ဦး-------က တရားလိုပြုလုပ်၍ တိုင်တန်းသောအမှုဖြစ်သည်။

အမှုမှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှု ဌာနခွဲမှ တပ်ဖွဲ့ဝင်များသည် အခင်း ဖြစ်ရပ်စစ်ဆေးခြင်း၊ တရားလိုနှင့် စက်ရုံဝန်ထမ်းများအား စစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ပြီး စက်ရုံဝန်ထမ်း များထဲမှ မသင်္ကာသူ သန့်ရှင်းရေး ဝန်ထမ်း ဒိုးလုံး အား စစ်ဆေး ခဲ့ရာ ၎င်းသည် နိုဝင်ဘာ ၁၉ ရက် ၀၀ နာရီ မိနစ် ၃၀ ခန့်တွင် ရုံးခန်းအတွင်းရှိ ဗီရိုနှင့် Locker ဘောက်အတွင်းမှ ငွေကျပ် ၃၈၈၁၅၀၀၀ အား ခိုးယူခဲ့ ပြီး ရွှေထည်ပစ္စည်း ၁၀ မျိုး၊ နာရီ နှစ်လုံး စုစုပေါင်းတန်ဖိုးငွေကျပ် ၁၅၆၀၀၀၀၀ ဝယ်ယူထားရှိကြောင်း နှင့်ကျန်ငွေများအား စက်ရုံခြံဝင်းထောင့် မြက်ရိုင်းတောထဲတွင် မြှုပ်နှံထား ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ အမှု မှ သက်သေခံပစ္စည်းများကို ပြန်လည် သိမ်းဆည်းရရှိပြီးဖြစ်၍ ပြစ်မှုကျူး လွန်သူ ဒိုးလုံးအား ဥပဒေနှင့်အညီ အမြန်တရားစွဲ တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ရဲပြန်ကြား
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
လႈိင္သာယာၿမိဳ႕နယ္တြင္ ခိုးမႈက်ဴးလြန္သူတစ္ဦး ဖမ္းဆီးရမိ လႈိင္သာယာၿမိဳ႕နယ္တြင္ ခိုးမႈက်ဴးလြန္သူတစ္ဦး ဖမ္းဆီးရမိ Reviewed by THITHTOOLWIN on 05:26 Rating: 5
Powered by Blogger.