မႈိတက္တာမွန္သမွ် အႏၲရာယ္ပါ


(Zawgyi)⤵⤵⤵
ၾကက္သြန္နီအခြံနား ကပ္ပါလာတတ္တဲ့ မႈိမည္းမည္းေလးေတြ သတိထားမိလား။ မႈိတက္တာက အျဖဴ၊ အစိမ္း၊ အမည္း စတဲ့ ေရာင္စုံမႈိေတြနဲ႔ေတြ႕ရႏိုင္ပါတယ္။ အစားအေသာက္မွာပဲျဖစ္ျဖစ္၊ အသုံးအေဆာင္နဲ႔ အိမ္တြင္းတစ္ေနရာမွာပဲျဖစ္ျဖစ္ ဘာမႈိမဆို ကိုယ့္အတြက္ အႏၲရာယ္ရွိတယ္ဆိုတာ သိထားဖို႔ အေရးႀကီး ပါတယ္။

အစားအစာတင္မကပါဘူး၊ အမႈိက္ေတြစုေနတာ၊ မစိုတစို မေျခာက္တေျခာက္ အရာဝတၳဳေတြ အိမ္ထဲမွာ ရွိေနရင္(အိမ္သန္႔ရွင္းေရးပုံမွန္မလုပ္ရင္) ေအာက္သိုးသိုး မႈိနံ႔ေတြရေနမွာ သတိထားမိမွာေပါ့။ ျမင္ရတာ မျမင္ရတာ ထား၊ အဲဒီမႈိကထြက္တဲ့ အမႈန္ေတြက အဆုတ္ထဲေရာက္တဲ့အခါ နာတာရွည္အဆုတ္ေရာဂါ (COPD)လိုေရာဂါေတြျဖစ္ေစႏိုင္တယ္၊ ဒါမွမဟုတ္ ကိုယ္ခံအားစနစ္ကို အားနည္းေစလို႔ တျခားေရာဂါ ပိုးေတြ ကူးစက္ခံရလြယ္ေစႏိုင္တယ္။

မႈိကိုထိမိတာ၊ ရႉမိတာနဲ႔ဓာတ္မတည့္တတ္သူမဟုတ္ရင္ေတာင္ မ်က္စိ၊ အေရျပား၊ အသက္ရႉ လမ္းေၾကာင္း၊ လည္ေခ်ာင္း၊ အဆုတ္တို႔လို ခႏၶာကိုယ္အစိတ္အပိုင္းေတြကို ထိခိုက္ေစတာ အမွန္ပါပဲ။ မႈိေၾကာင့္ ဘာေတြျဖစ္လာႏိုင္လဲ၊ ဘယ္လိုလကၡဏာေတြ ခံစားရႏိုင္လဲ ၾကည့္ရေအာင္ –

ပုံမွန္အားျဖင့္ မႈိေတြေၾကာင့္ –

• ေခ်ာင္းဆိုးမယ္

• အသက္ရႉသံတ႐ႊီ႐ႊီျမည္မယ္

• ႏွာေစးမယ္

• မ်က္စိယား/စပ္မယ္

• အသားေတြယားမယ္။

တကယ္လို႔ မႈိနဲ႔ဓာတ္မတည့္သူ ဒါမွမဟုတ္ ပန္းနာရင္က်ပ္ရွိသူဆိုရင္ –

• ေခါင္းကိုက္တာ

• ႏုံးတာ

• ညအိပ္ခ်ိန္ ေခ်ာင္းထထဆိုးတာ

• ထိပ္ကပ္နာျဖစ္လာတာ

• ဓာတ္မတည့္လကၡဏာေတြျဖစ္လာတာ

• ေလႁပြန္ေရာင္တာ

• ကိုယ္ပူတာ

• အသက္ရႉက်ပ္တာ ေတြျဖစ္လာႏိုင္တယ္။

မႈိနဲ႔ၾကာရွည္ထိေတြ႕မယ္၊ မႈိေတြၾကားမွာေနလာတာၾကာမယ္ဆိုရင္ေတာ့ လကၡဏာခ်က္ခ်င္း မသိသာ ရင္ေတာင္ ေနာက္ပိုင္းဒါေတြျဖစ္လာႏိုင္ပါတယ္ –

• ဆံပင္ကြၽတ္တာ

• စိုးရိမ္ပူပန္စိတ္မ်ားတာ

• မွတ္ဉာဏ္မေကာင္းေတာ့တာ

• ေျခေထာက္နဲ႔လက္ ထုံတာ

• ဗိုက္ေအာင့္တာ

• အလင္းေရာင္မခံႏိုင္တာ

• အေၾကာင္းရင္းမရွိဘဲ ကိုယ္အေလးခ်ိန္တိုးလာတာ(သိပ္မစားဘဲ)

• ႂကြက္တက္တာ ေတြျဖစ္လာႏိုင္ပါတယ္။

အဆိုးဆုံးက အဆုတ္ကင္ဆာ၊ အသည္းကင္ဆာတို႔လို ဆိုး႐ြားတဲ့ ကင္ဆာေရာဂါေတြ ျဖစ္လာ ႏိုင္ပါတယ္။

ဘယ္သူေတြမွာ ထိခိုက္ႏိုင္ေျခ ပိုမ်ားလဲ

ဓာတ္မတည့္ျဖစ္တတ္သူေတြနဲ႔ ပန္းနာရင္က်ပ္ရွိသူေတြအျပင္ ဒီလူေတြမွာလည္း မႈိနဲ႔ပတ္သက္ၿပီး စိတ္ပူရပါတယ္ –

• ကေလးငယ္ေတြ

• အသက္ႀကီးသူေတြ

• အိတ္ခ်္အိုင္ဗီ၊ ကင္ဆာ၊ အသည္းေရာဂါစတဲ့ နာတာရွည္ေရာဂါတို႔ေၾကာင့္ ကိုယ္ခံအားနည္း သူေတြကို ပိုၿပီး ထိခိုက္ႏိုင္ေျခမ်ားပါတယ္။

မႈိအႏၲရာယ္ကို ဘယ္လိုကာကြယ္၊ ေျဖရွင္းရမလဲ

• အိမ္သန္႔ရွင္းေရး ပုံမွန္လုပ္ပါ။

• ေရခ်ိဳးခန္း၊ မီးဖိုခန္း စတဲ့ စိုစြတ္မႈရွိႏိုင္တဲ့ေနရာမွန္သမွ်ကို ေလဝင္ေလထြက္ေကာင္းေအာင္ လုပ္ပါ။

• အိမ္ၾကမ္းျပင္နဲ႔ အခန္းေထာင့္ေတြကို ေျခာက္ေသြ႕သန္႔ရွင္းေအာင္ထားပါ။

• ေရယိုစိမ့္တာေတြ ရွိမရွိ မၾကာခဏ စစ္ေဆးပါ။

• မႈိတက္ေနတာ ေတြ႕တာနဲ႔ အျမန္သန္႔စင္ပစ္ပါ။

• မီးဖိုခန္းထဲမွာ ေကာ္ေဇာ္မခင္းပါနဲ႔။

• စာအုပ္အေဟာင္း၊ သတင္းစာေဟာင္းေတြကို ေျခာက္ေသြ႕ေအာင္၊ သန္႔ရွင္းသပ္ရပ္ေအာင္ ထားပါ။ မထိန္းသိမ္းႏိုင္ရင္၊ မလိုအပ္ရင္ စြန္႔ပစ္ပါ။ စိုထိုင္းမႈရွိလာရင္မႈိေတြ လြယ္လြယ္ ျဖစ္လာႏိုင္လို႔ပါ။

• ေရစိုဝတ္ေတြ၊ စိုထားတဲ့ပစၥည္းေတြကို ဒီတိုင္းပစ္မထားပါနဲ႔။ ေသခ်ာသန္႔စင္စီမံထားပါ။

ေရးသားသူ Yun Sandi Nan Mon
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
----------------
(Unicode)⤵⤵⤵
မှိုတက်တာမှန်သမျှ အန္တရာယ်ပါ

ကြက်သွန်နီအခွံနား ကပ်ပါလာတတ်တဲ့ မှိုမည်းမည်းလေးတွေ သတိထားမိလား။ မှိုတက်တာက အဖြူ၊ အစိမ်း၊ အမည်း စတဲ့ ရောင်စုံမှိုတွေနဲ့တွေ့ရနိုင်ပါတယ်။ အစားအသောက်မှာပဲဖြစ်ဖြစ်၊ အသုံးအဆောင်နဲ့ အိမ်တွင်းတစ်နေရာမှာပဲဖြစ်ဖြစ် ဘာမှိုမဆို ကိုယ့်အတွက် အန္တရာယ်ရှိတယ်ဆိုတာ သိထားဖို့ အရေးကြီး ပါတယ်။

အစားအစာတင်မကပါဘူး၊ အမှိုက်တွေစုနေတာ၊ မစိုတစို မခြောက်တခြောက် အရာဝတ္ထုတွေ အိမ်ထဲမှာ ရှိနေရင်(အိမ်သန့်ရှင်းရေးပုံမှန်မလုပ်ရင်) အောက်သိုးသိုး မှိုနံ့တွေရနေမှာ သတိထားမိမှာပေါ့။ မြင်ရတာ မမြင်ရတာ ထား၊ အဲဒီမှိုကထွက်တဲ့ အမှုန်တွေက အဆုတ်ထဲရောက်တဲ့အခါ နာတာရှည်အဆုတ်ရောဂါ (COPD)လိုရောဂါတွေဖြစ်စေနိုင်တယ်၊ ဒါမှမဟုတ် ကိုယ်ခံအားစနစ်ကို အားနည်းစေလို့ တခြားရောဂါ ပိုးတွေ ကူးစက်ခံရလွယ်စေနိုင်တယ်။

မှိုကိုထိမိတာ၊ ရှူမိတာနဲ့ဓာတ်မတည့်တတ်သူမဟုတ်ရင်တောင် မျက်စိ၊ အရေပြား၊ အသက်ရှူ လမ်းကြောင်း၊ လည်ချောင်း၊ အဆုတ်တို့လို ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ထိခိုက်စေတာ အမှန်ပါပဲ။ မှိုကြောင့် ဘာတွေဖြစ်လာနိုင်လဲ၊ ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ ကြည့်ရအောင် –

ပုံမှန်အားဖြင့် မှိုတွေကြောင့် –

• ချောင်းဆိုးမယ်

• အသက်ရှူသံတရွှီရွှီမြည်မယ်

• နှာစေးမယ်

• မျက်စိယား/စပ်မယ်

• အသားတွေယားမယ်။

တကယ်လို့ မှိုနဲ့ဓာတ်မတည့်သူ ဒါမှမဟုတ် ပန်းနာရင်ကျပ်ရှိသူဆိုရင် –

• ခေါင်းကိုက်တာ

• နုံးတာ

• ညအိပ်ချိန် ချောင်းထထဆိုးတာ

• ထိပ်ကပ်နာဖြစ်လာတာ

• ဓာတ်မတည့်လက္ခဏာတွေဖြစ်လာတာ

• လေပြွန်ရောင်တာ

• ကိုယ်ပူတာ

• အသက်ရှူကျပ်တာ တွေဖြစ်လာနိုင်တယ်။

မှိုနဲ့ကြာရှည်ထိတွေ့မယ်၊ မှိုတွေကြားမှာနေလာတာကြာမယ်ဆိုရင်တော့ လက္ခဏာချက်ချင်း မသိသာ ရင်တောင် နောက်ပိုင်းဒါတွေဖြစ်လာနိုင်ပါတယ် –

• ဆံပင်ကျွတ်တာ

• စိုးရိမ်ပူပန်စိတ်များတာ

• မှတ်ဉာဏ်မကောင်းတော့တာ

• ခြေထောက်နဲ့လက် ထုံတာ

• ဗိုက်အောင့်တာ

• အလင်းရောင်မခံနိုင်တာ

• အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်တိုးလာတာ(သိပ်မစားဘဲ)

• ကြွက်တက်တာ တွေဖြစ်လာနိုင်ပါတယ်။

အဆိုးဆုံးက အဆုတ်ကင်ဆာ၊ အသည်းကင်ဆာတို့လို ဆိုးရွားတဲ့ ကင်ဆာရောဂါတွေ ဖြစ်လာ နိုင်ပါတယ်။

ဘယ်သူတွေမှာ ထိခိုက်နိုင်ခြေ ပိုများလဲ

ဓာတ်မတည့်ဖြစ်တတ်သူတွေနဲ့ ပန်းနာရင်ကျပ်ရှိသူတွေအပြင် ဒီလူတွေမှာလည်း မှိုနဲ့ပတ်သက်ပြီး စိတ်ပူရပါတယ် –

• ကလေးငယ်တွေ

• အသက်ကြီးသူတွေ

• အိတ်ချ်အိုင်ဗီ၊ ကင်ဆာ၊ အသည်းရောဂါစတဲ့ နာတာရှည်ရောဂါတို့ကြောင့် ကိုယ်ခံအားနည်း သူတွေကို ပိုပြီး ထိခိုက်နိုင်ခြေများပါတယ်။

မှိုအန္တရာယ်ကို ဘယ်လိုကာကွယ်၊ ဖြေရှင်းရမလဲ

• အိမ်သန့်ရှင်းရေး ပုံမှန်လုပ်ပါ။

• ရေချိုးခန်း၊ မီးဖိုခန်း စတဲ့ စိုစွတ်မှုရှိနိုင်တဲ့နေရာမှန်သမျှကို လေဝင်လေထွက်ကောင်းအောင် လုပ်ပါ။

• အိမ်ကြမ်းပြင်နဲ့ အခန်းထောင့်တွေကို ခြောက်သွေ့သန့်ရှင်းအောင်ထားပါ။

• ရေယိုစိမ့်တာတွေ ရှိမရှိ မကြာခဏ စစ်ဆေးပါ။

• မှိုတက်နေတာ တွေ့တာနဲ့ အမြန်သန့်စင်ပစ်ပါ။

• မီးဖိုခန်းထဲမှာ ကော်ဇော်မခင်းပါနဲ့။

• စာအုပ်အဟောင်း၊ သတင်းစာဟောင်းတွေကို ခြောက်သွေ့အောင်၊ သန့်ရှင်းသပ်ရပ်အောင် ထားပါ။ မထိန်းသိမ်းနိုင်ရင်၊ မလိုအပ်ရင် စွန့်ပစ်ပါ။ စိုထိုင်းမှုရှိလာရင်မှိုတွေ လွယ်လွယ် ဖြစ်လာနိုင်လို့ပါ။

• ရေစိုဝတ်တွေ၊ စိုထားတဲ့ပစ္စည်းတွေကို ဒီတိုင်းပစ်မထားပါနဲ့။ သေချာသန့်စင်စီမံထားပါ။

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
မႈိတက္တာမွန္သမွ် အႏၲရာယ္ပါ မႈိတက္တာမွန္သမွ် အႏၲရာယ္ပါ Reviewed by THITHTOOLWIN on 01:15 Rating: 5
Powered by Blogger.