သဘာ၀ရဲ႕ ဒဏ္ခတ္မႈ လူသားေတြ ႀကံဳေနရၿပီလား

ပုိလန္တြင္ ကမၻာ့ရာသီဥတု ေျပာင္းလဲမႈအေပၚ အေရးယူေဆာင္ရြက္ေပးေရး ဆႏၵျပေနၾကသည့္ လူငယ္မ်ား။ (ႏုိဝင္ဘာ ၂၉၊ ၂၀၁၉)

(Zawgyi / Unicode)

ကမၻာႀကီးပူေႏြးလာမႈရဲ႕ ေနာက္ဆက္တြဲအျဖစ္ ပ်က္စီးဆုံး႐ႈံးမႈႀကီးတဲ့ သဘာဝ ေဘးအႏၱရာယ္ေတြ ႀကဳံေနရၿပီး လူေတြ အသက္ရွင္ရပ္တည္ေရးကိုပါ ၿခိမ္းေျခာက္လာေနတယ္လို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Guterres က ရာသီဥတု ထိန္းသိမ္းေရးဆိုင္ရာ အေရးပါတဲ့ ညီလာခံတခု မတုိင္ခင္ တနဂၤေႏြေန႔က သတိေပး ေျပာၾကားလုိက္ပါတယ္။

လူသားေတြဟာ သဘာဝကို ရာစုႏွစ္ေပါင္းမ်ားစြာ ဖ်က္ဆီးခဲ့ၾကတာေၾကာင့္ အခုေတာ့ သဘာဝရဲ႕ ဒဏ္ခတ္မႈကို ခံေနရၿပီျဖစ္ေၾကာင္း Guterres က ေထာက္ျပပါတယ္။

ဒါေၾကာင့္ သဘာဝကို ဖ်က္ဆီးေနတာေတြ ရပ္တန္းကရပ္ဖို႔ အခ်ိန္တန္ၿပီလို႔ သူက သတိေပးပါတယ္။

ၿပီးခဲ့တဲ့ ၅ ႏွစ္အတြင္း ကမၻာ့အပူခ်ိန္ဟာ စံခ်ိန္တင္ရေလာက္ေအာင္ တက္လာခဲ့ၿပီး အဲဒီထဲမွာ ၂၀၁၉ ခုႏွစ္ဟာ ဒုတိယအပူဆုံးႏွစ္ျဖစ္တယ္လို႔ မၾကာမီထုတ္ျပန္ဖို႔ရွိတဲ့ ကုလ အစီရင္ခံစာတခုကို ကိုးကားေျပာဆိုသြားပါတယ္။

ႏိုင္ငံေပါင္း ၁၉၆ ႏိုင္ငံတက္ေရာက္မယ့္ COP25 ညီလာခံကို စပိန္ႏိုင္ငံ Madrid မွာ က်င္းပဖုိ႔ရွိပါတယ္။

ရာသီဥတု ေျပာင္းလဲမႈနဲ႔အတူ ေလထုညစ္ညမ္းမႈေၾကာင့္ ကမၻာေပၚမွာ ႏွစ္စဥ္ လူေပါင္း ၇ သန္း ေသဆုံးေနရတယ္လို႔လည္း Guterres က ေျပာပါတယ္။

ကုလအတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေဝဖန္ေျပာဆိုခ်က္ေတြဟာ ဘယ္ႏိုင္ငံကို ဦးတည္ေျပာတယ္ဆိုတာ နာမည္ေဖာ္ျပထားျခငး္ မရွိေသာ္လည္း ဖန္လုံအိမ္ဓာတ္ေငြ႔ တဝက္ေက်ာ္ေက်ာ္ ထုတ္လုပ္မႈအတြက္ တာဝန္ရွိတဲ့ လက္တဆုပ္စာမွ်ေသာ ႏိုင္ငံႀကီးေတြကို ရည္ညႊန္းေနတာ ျဖစ္ပါတယ္။

-----------------------------

(Unicode)

သဘာဝရဲ့ ဒဏ်ခတ်မှု လူသားတွေ ကြုံနေရပြီလား

ကမ္ဘာကြီးပူနွေးလာမှုရဲ့ နောက်ဆက်တွဲအဖြစ် ပျက်စီးဆုံးရှုံးမှုကြီးတဲ့ သဘာဝ ဘေးအန္တရာယ်တွေ ကြုံနေရပြီး လူတွေ အသက်ရှင်ရပ်တည်ရေးကိုပါ ခြိမ်းခြောက်လာနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Guterres က ရာသီဥတု ထိန်းသိမ်းရေးဆိုင်ရာ အရေးပါတဲ့ ညီလာခံတခု မတိုင်ခင် တနင်္ဂနွေနေ့က သတိပေး ပြောကြားလိုက်ပါတယ်။

လူသားတွေဟာ သဘာဝကို ရာစုနှစ်ပေါင်းများစွာ ဖျက်ဆီးခဲ့ကြတာကြောင့် အခုတော့ သဘာဝရဲ့ ဒဏ်ခတ်မှုကို ခံနေရပြီဖြစ်ကြောင်း Guterres က ထောက်ပြပါတယ်။

ဒါကြောင့် သဘာဝကို ဖျက်ဆီးနေတာတွေ ရပ်တန်းကရပ်ဖို့ အချိန်တန်ပြီလို့ သူက သတိပေးပါတယ်။

ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ကမ္ဘာ့အပူချိန်ဟာ စံချိန်တင်ရလောက်အောင် တက်လာခဲ့ပြီး အဲဒီထဲမှာ ၂၀၁၉ ခုနှစ်ဟာ ဒုတိယအပူဆုံးနှစ်ဖြစ်တယ်လို့ မကြာမီထုတ်ပြန်ဖို့ရှိတဲ့ ကုလ အစီရင်ခံစာတခုကို ကိုးကားပြောဆိုသွားပါတယ်။

နိုင်ငံပေါင်း ၁၉၆ နိုင်ငံတက်ရောက်မယ့် COP25 ညီလာခံကို စပိန်နိုင်ငံ Madrid မှာ ကျင်းပဖို့ရှိပါတယ်။

ရာသီဥတု ပြောင်းလဲမှုနဲ့အတူ လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာပေါ်မှာ နှစ်စဉ် လူပေါင်း ၇ သန်း သေဆုံးနေရတယ်လို့လည်း Guterres က ပြောပါတယ်။

ကုလအတွင်းရေးမှူးချုပ်ရဲ့ ဝေဖန်ပြောဆိုချက်တွေဟာ ဘယ်နိုင်ငံကို ဦးတည်ပြောတယ်ဆိုတာ နာမည်ဖော်ပြထားခြင်း မရှိသော်လည်း ဖန်လုံအိမ်ဓာတ်ငွေ့ တဝက်ကျော်ကျော် ထုတ်လုပ်မှုအတွက် တာဝန်ရှိတဲ့ လက်တဆုပ်စာမျှသော နိုင်ငံကြီးတွေကို ရည်ညွှန်းနေတာ ဖြစ်ပါတယ်။

VOA Burmese
https://burmese.voanews.com
သဘာ၀ရဲ႕ ဒဏ္ခတ္မႈ လူသားေတြ ႀကံဳေနရၿပီလား သဘာ၀ရဲ႕ ဒဏ္ခတ္မႈ လူသားေတြ ႀကံဳေနရၿပီလား Reviewed by THITHTOOLWIN on 21:25 Rating: 5
Powered by Blogger.