မူးယစ္ေဆးေဆးထိုးအပ္ေတြေကာက္လာၿပီးတင္ျပတဲ့ျပည္သူေၾကာင့္ ေထြအုပ္နဲ႔ ရဲကို စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္ ေဒါသထြက္

မူးယစ္ေဆးဝါးကို ပြဲလမ္းသဘင္အလားသုံးစြဲေနၾကတယ္လို႔ ေကာက္လာတဲ့အပ္ေတြနဲ႔ တင္ျပ
(Zawgyi)⤵⤵⤵
စစ္ကိုင္းတိုင္းေဒသႀကီး၊ ေကာလင္းၿမိဳ႕နယ္ထဲက ကြၽန္းလွခုံေက်း႐ြာမွာ ေျခာက္တန္း၊ ခုနစ္တန္းကေလးေတြက အစ မူးယစ္ေဆးဝါးကို ပြဲလမ္းသဘင္အလားသုံးစြဲေနၾကတယ္လို႔ အဲဒီ႐ြာခံ ေဒၚမိမိႀကီး ဆိုသူက စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာျမင့္ႏိုင္ကို တင္ျပခဲ့တာျဖစ္ပါတယ္။

ဒီဇင္ဘာ ၁၅ ရက္က ေကာလင္းၿမိဳ႕မွာ ျပဳလုပ္ခဲ့တဲ့ အုပ္ခ်ဳပ္ေရး၊ ဥပေဒျပဳေရးနဲ႔ တရားစီရင္ေရး မ႑ိဳင္သုံးရပ္နဲ႔ ေဒသခံျပည္သူလူထုေတြ႕ဆုံပြဲမွာ ေဒၚမိမိႀကီးက တင္ျပခဲ့တာျဖစ္ပါတယ္။
စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာျမင့္ႏိုင္

သူဟာ ဒီေတြ႕ဆုံပြဲကိုမလာခင္ မနက္ပိုင္းမွာ သူ႔႐ြာကေန ေကာက္လာခဲ့တဲ့ ေဆးထိုးအပ္ ေတာင္း တစ္ေတာင္းကိုလည္း ဝန္ႀကီးခ်ဳပ္နဲ႔ အစိုးရအဖြဲ႕ကို တင္ျပခဲ့ပါတယ္။

"ဒါ ကြၽန္မတစ္မနက္ခင္း ေကာက္လာတဲ့အပ္ေတြပါ (အပ္ေတြထည့္ထားတဲ့ပလတ္စတစ္ေတာင္းကို ကိုင္ျပလ်က္)။ ဝန္ႀကီးမ်ားအစိုးရအဖြဲ႕မ်ား မယုံရင္ ကြၽန္မနဲ႔အတူလိုက္ၿပီး အပ္ေကာက္ပြဲက်င္းပလို႔ရပါတယ္။ ဒီမွာ အပ္ေတြမွာ ေသြးစေတြနဲ႔ပါ။ ႐ြာသူ႐ြာသားေတြလည္း အရမ္းစိုးရိမ္ေနၾကတယ္။ ဒါေပမဲ့ ေျပာမယ့္ သူမရွိဘူး။ ႐ြာမွာလည္း အုပ္ခ်ဳပ္ေရးမႉးမရွိဘူး။ ဒါလည္း လူမ်ိဳးတုံးသတ္ျဖတ္မႈထဲမွာပါဝင္တဲ့အတြက္ ကြၽန္မကို သတ္ခ်င္သတ္ပါေစ။ ဒါ သမၼတထိတင္မွာ" လို႔ ေဒၚမိမိႀကီးက ေျပာပါတယ္။
အေထြေထြအုပ္ခ်ဳပ္ေရးမႉးနဲ႔ ရဲတပ္ဖြဲ႕ဝင္တစ္ဦးတို႔ကို ဝန္ႀကီးခ်ဳပ္က ဆူပူ

ကြၽန္းလွခုံေက်း႐ြာမွာ လမ္းမီးတိုင္ေတြလည္းမရွိတဲ့အတြက္ ေမွာင္းမည္းေနၿပီး အဲဒီမွာ မူးယစ္ေဆး ေရွာ့ခ္ျဖစ္ၿပီး ေသတဲ့သူေတြလည္း အမ်ားႀကီးရွိေနတာကို အေပၚက တာဝန္ရွိလူႀကီးေတြလည္း သိမယ္လို႔ ထင္ေၾကာင္း ေဒၚမိမိႀကီးက ေျပာပါတယ္။

အဲဒီျဖစ္ရပ္ေၾကာင့္ ေဒၚမိမိႀကီးကို ေက်းဇူးတင္တယ္လို႔ ဝန္ႀကီးခ်ဳပ္က ေျပာၾကားၿပီး ခ်က္ခ်င္းပဲ ပြဲထဲမွာ ရွိေနတဲ့ အေထြေထြအုပ္ခ်ဳပ္ေရးမႉးနဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြကို ေဒါသထြက္ႀကိမ္းေမာင္းခဲ့ပါတယ္။

"ၿမိဳ႕နယ္ေထြအုပ္ ထစမ္းပါဦး။ မင္း အဲဒါ ဘာလုပ္ေနတာလဲ။ ငါ မူခ်ထားတယ္ေနာ္။ အမ်ိဳးသားေရး တာဝန္တစ္ရပ္အေနနဲ႔ မူးယစ္ေဆးဝါးကို လုပ္ရပါမယ္ဆိုတာ ငါေျပာထားတယ္။ ဘယ္မွာလဲ။ ဘာလုပ္ ေနတာလဲ မင္းတို႔ေတြ၊ အဲဒါကို စာတင္စမ္း၊ ေသခ်ာေရး၊ ကိုယ့္သားသမီးေရာင္းပါေစ၊ ကိုယ့္ဦးေလးအေဒၚ ကိုယ့္ေဆြမ်ိဳးေရာင္းပါေစ သတင္းေပးပါ လုပ္ပါလို႔ ငါအတန္တန္ ေျပာတယ္။ ခင္ဗ်ားဘာလုပ္ေနလဲ။ ဒီေလာက္မူးယစ္ေဆးဝါး ေတာင္းႀကီးနဲ႔ျပလာၿပီ"လို႔ ေဒါသထြက္ ႀကိမ္းေမာင္းသြားတာပါ။

တစ္ဆက္တည္းမွာပဲ ေတြ႕ဆုံပြဲမွာ သူနဲ႔အတူရွိေနတဲ့ နယ္လုံဝန္ႀကီး ဗိုလ္မႉးႀကီးသန္းထြန္းေအာင္ကိုလည္း ဒီကိစၥနဲ႔ပတ္သက္လို႔ ေျပာၾကားေစခဲ့ပါတယ္။
နယ္လုံဝန္ႀကီးက ျပည္သူေတြ မူးယစ္ေဆးသတင္းတိုင္ၾကားၾကဖို႔ ေျပာ

"ေက်းဇူးတင္ပါတယ္။ အခုဒီမွာ ရွိတဲ့တာဝန္ရွိသူေတြအလုပ္မလုပ္ဘူးဆိုရင္ ကြၽန္ေတာ္တို႔ကိုတင္ျပေပးပါ။ ဒီအေနအထားက ကြၽန္ေတာ္တို႔လည္း ဒီေရာက္မွသိတာပါ။ ဒီလိုသတင္းေတြေပးေနမွ ဗဟိုကေန ဆင္းစစ္ ခိုင္းၿပီး အေရးယူေဆာင္႐ြက္ရမွာျဖစ္တယ္။ ဒီလိုေတြျဖစ္ေနတာကို သတင္းေပးတင္ျပဖို႔လိုပါတယ္" လို႔ နယ္လုံဝန္ႀကီးက ေျပာခဲ့ပါတယ္။

စစ္ကိုင္းတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ဟာ ဒီကေန႔ ဒီဇင္ဘာ ၁၆ ရက္မွာ စစ္ကိုင္းတိုင္း၊ ဝန္းသိုၿမိဳ႕မွာ မ႑ိဳင္သုံးရပ္နဲ႔ ျပည္သူလူထု ေတြ႕ဆုံပြဲ တက္ေရာက္ ေနပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
မူးယစ်ဆေးဝါးကို ပွဲလမ်းသဘင်အလားသုံးစွဲနေကြတယ်လို့ ကောက်လာတဲ့အပ်တွေနဲ့ တင်ပြ
(၁) မူးယစ်ဆေးဆေးထိုးအပ်တွေကောက်လာပြီးတင်ပြတဲ့ပြည်သူကြောင့် ထွေအုပ်နဲ့ ရဲကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါသထွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်ထဲက ကျွန်းလှခုံကျေးရွာမှာ ခြောက်တန်း၊ ခုနစ်တန်းကလေးတွေက အစ မူးယစ်ဆေးဝါးကို ပွဲလမ်းသဘင်အလားသုံးစွဲနေကြတယ်လို့ အဲဒီရွာခံ ဒေါ်မိမိကြီး ဆိုသူက စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို တင်ပြခဲ့တာဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၅ ရက်က ကောလင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး မဏ္ဍိုင်သုံးရပ်နဲ့ ဒေသခံပြည်သူလူထုတွေ့ဆုံပွဲမှာ ဒေါ်မိမိကြီးက တင်ပြခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Sagaing Region government office
Image caption စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်

သူဟာ ဒီတွေ့ဆုံပွဲကိုမလာခင် မနက်ပိုင်းမှာ သူ့ရွာကနေ ကောက်လာခဲ့တဲ့ ဆေးထိုးအပ် တောင်း တစ်တောင်းကိုလည်း ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကို တင်ပြခဲ့ပါတယ်။

"ဒါ ကျွန်မတစ်မနက်ခင်း ကောက်လာတဲ့အပ်တွေပါ (အပ်တွေထည့်ထားတဲ့ပလတ်စတစ်တောင်းကို ကိုင်ပြလျက်)။ ဝန်ကြီးများအစိုးရအဖွဲ့များ မယုံရင် ကျွန်မနဲ့အတူလိုက်ပြီး အပ်ကောက်ပွဲကျင်းပလို့ရပါတယ်။ ဒီမှာ အပ်တွေမှာ သွေးစတွေနဲ့ပါ။ ရွာသူရွာသားတွေလည်း အရမ်းစိုးရိမ်နေကြတယ်။ ဒါပေမဲ့ ပြောမယ့် သူမရှိဘူး။ ရွာမှာလည်း အုပ်ချုပ်ရေးမှူးမရှိဘူး။ ဒါလည်း လူမျိုးတုံးသတ်ဖြတ်မှုထဲမှာပါဝင်တဲ့အတွက် ကျွန်မကို သတ်ချင်သတ်ပါစေ။ ဒါ သမ္မတထိတင်မှာ" လို့ ဒေါ်မိမိကြီးက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် AFP
Image caption အထွေထွေအုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးတို့ကို ဝန်ကြီးချုပ်က ဆူပူ

ကျွန်းလှခုံကျေးရွာမှာ လမ်းမီးတိုင်တွေလည်းမရှိတဲ့အတွက် မှောင်းမည်းနေပြီး အဲဒီမှာ မူးယစ်ဆေး ရှော့ခ်ဖြစ်ပြီး သေတဲ့သူတွေလည်း အများကြီးရှိနေတာကို အပေါ်က တာဝန်ရှိလူကြီးတွေလည်း သိမယ်လို့ ထင်ကြောင်း ဒေါ်မိမိကြီးက ပြောပါတယ်။

အဲဒီဖြစ်ရပ်ကြောင့် ဒေါ်မိမိကြီးကို ကျေးဇူးတင်တယ်လို့ ဝန်ကြီးချုပ်က ပြောကြားပြီး ချက်ချင်းပဲ ပွဲထဲမှာ ရှိနေတဲ့ အထွေထွေအုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဒေါသထွက်ကြိမ်းမောင်းခဲ့ပါတယ်။

"မြို့နယ်ထွေအုပ် ထစမ်းပါဦး။ မင်း အဲဒါ ဘာလုပ်နေတာလဲ။ ငါ မူချထားတယ်နော်။ အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ မူးယစ်ဆေးဝါးကို လုပ်ရပါမယ်ဆိုတာ ငါပြောထားတယ်။ ဘယ်မှာလဲ။ ဘာလုပ် နေတာလဲ မင်းတို့တွေ၊ အဲဒါကို စာတင်စမ်း၊ သေချာရေး၊ ကိုယ့်သားသမီးရောင်းပါစေ၊ ကိုယ့်ဦးလေးအဒေါ် ကိုယ့်ဆွေမျိုးရောင်းပါစေ သတင်းပေးပါ လုပ်ပါလို့ ငါအတန်တန် ပြောတယ်။ ခင်ဗျားဘာလုပ်နေလဲ။ ဒီလောက်မူးယစ်ဆေးဝါး တောင်းကြီးနဲ့ပြလာပြီ"လို့ ဒေါသထွက် ကြိမ်းမောင်းသွားတာပါ။

တစ်ဆက်တည်းမှာပဲ တွေ့ဆုံပွဲမှာ သူနဲ့အတူရှိနေတဲ့ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်ကိုလည်း ဒီကိစ္စနဲ့ပတ်သက်လို့ ပြောကြားစေခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် Sagaing Region Government office
Image caption နယ်လုံဝန်ကြီးက ပြည်သူတွေ မူးယစ်ဆေးသတင်းတိုင်ကြားကြဖို့ ပြော

"ကျေးဇူးတင်ပါတယ်။ အခုဒီမှာ ရှိတဲ့တာဝန်ရှိသူတွေအလုပ်မလုပ်ဘူးဆိုရင် ကျွန်တော်တို့ကိုတင်ပြပေးပါ။ ဒီအနေအထားက ကျွန်တော်တို့လည်း ဒီရောက်မှသိတာပါ။ ဒီလိုသတင်းတွေပေးနေမှ ဗဟိုကနေ ဆင်းစစ် ခိုင်းပြီး အရေးယူဆောင်ရွက်ရမှာဖြစ်တယ်။ ဒီလိုတွေဖြစ်နေတာကို သတင်းပေးတင်ပြဖို့လိုပါတယ်" လို့ နယ်လုံဝန်ကြီးက ပြောခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဟာ ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက်မှာ စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ မဏ္ဍိုင်သုံးရပ်နဲ့ ပြည်သူလူထု တွေ့ဆုံပွဲ တက်ရောက် နေပါတယ်။

BBC Burmese
https://www.bbc.com
မူးယစ္ေဆးေဆးထိုးအပ္ေတြေကာက္လာၿပီးတင္ျပတဲ့ျပည္သူေၾကာင့္ ေထြအုပ္နဲ႔ ရဲကို စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္ ေဒါသထြက္ မူးယစ္ေဆးေဆးထိုးအပ္ေတြေကာက္လာၿပီးတင္ျပတဲ့ျပည္သူေၾကာင့္ ေထြအုပ္နဲ႔ ရဲကို စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္ ေဒါသထြက္ Reviewed by THITHTOOLWIN on 22:42 Rating: 5
Powered by Blogger.