အမ္းက လူငယ္ႏွစ္ဦး တပ္က ပစ္လို႔ ေသဆုံး

ရခိုင္ျပည္နယ္၊ အမ္းၿမိဳ႕က ၿမိဳ႕ေဟာင္းပ်ံက်ေဈးကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္ ေရငံေခ်ာင္း႐ြာက လူငယ္ႏွစ္ဦးဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၁၇ ရက္မွာ ကံ့ေကာ္ၿမိဳင္ေက်း႐ြာအနီးမွာ ေသနတ္နဲ႔အပစ္ခံလိုက္ရၿပီး ေသဆုံးခဲ့ပါတယ္။

တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးကေတာ့ မသကၤာသူႏွစ္ဦးကို ေဖာက္ခြဲေရးပစၥည္းေတြနဲ႔ေတြ႕လို႔ ပစ္ခတ္ခဲ့ၿပီး အေသဖမ္းဆီးမိခဲ့တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

သူတို႔ႏွစ္ဦးက ဒီဇင္ဘာလ ၁၇ ရက္ေန႔ ေန႔လယ္ ႏွစ္နာရီခန႔္မွာ အိမ္အသုံးအေဆာင္ပစၥည္းေတြဝယ္ဖို႔ ဆိုင္ကယ္နဲ႔ ထြက္သြားရာ ကံ့ေကာ္ၿမိဳင္ေက်း႐ြာအနီးမွာ ေသနတ္နဲ႔အပစ္ခံလိုက္ရတာျဖစ္တယ္လို႔ အမည္မေဖာ္လိုတဲ့ ေဒသခံတစ္ဦးက RFA ကို ေျပာပါတယ္။

“သူတို႔က ေရငံေခ်ာင္းကေန မဲလက္ေမာင္းကို ဓာတ္မီးဝယ္ဖို႔သြားတာ။ ကံ့ေကာ္ၿမိဳင္႐ြာကို ေက်ာ္ၿပီးေတာ့ သြားရတာ။ စစ္တပ္က ျပည္ေထာင္စု လမ္းမေဘးရဲ႕ေရေျမာင္းေတြမွာ ညဆိုကင္းပုန္းဝပ္တာ။ သူတို႔ကလည္း ဆိုင္ကယ္စီးေနတဲ့အခါ မသိဘူးေပါ့။ လွမ္းတားတာကို မရပ္လို႔ စစ္တပ္က ပစ္လိုက္တာ။ ေသသြားတဲ့ ခ်င္းလူမ်ိဳးႏွစ္ေယာက္က မိုင္းေထာင္ဖို႔မေျပာနဲ႔ စာေတာင္မွ ေသစာရွင္စာေတာင္ မတတ္ဘူး“

မဲလက္ေမာင္းေက်း႐ြာ၊ ကံ့ေကာ္ၿမိဳင္ေက်း႐ြာနဲ႔ ေရငံေခ်ာင္းေက်း႐ြာေတြဟာ ရန္ကုန္-စစ္ေတြ ကားလမ္းေဘးမွာ တည္ရွိတာပါ။ ေရငံေခ်ာင္းေက်း႐ြာမွာ အိမ္ေျခေပါင္း ၁၂ အိမ္ပဲရွိၿပီး  ေတာင္ယာ လုပ္ကိုင္စားေသာက္သူေတြ မ်ားပါတယ္။ ေသဆုံးသြားတဲ့ အသက္ ၂၁ ႏွစ္႐ြယ္ ေမာင္ရဲလင္းနဲ႔ ၂၀ အ႐ြယ္ ေမာင္ေထြး တို႔ လူငယ္ႏွစ္ဦးကေတာ့  ေတာင္ယာလုပ္ကိုင္စားေသာက္ေနတဲ့ ငယ္သူငယ္ခ်င္း ႏွစ္ဦးျဖစ္တယ္လို႔ ေသဆုံးသူ ေမာင္ေထြးရဲ႕ မိသားစုဝင္က ေျပာပါတယ္။

ေမာင္ေထြးကို  ဒဏ္ရာ တစ္ခ်က္၊ ရဲလင္းကို ဒဏ္ရာ ႏွစ္ခ်က္နဲ႔ ႐ြာရဲ႕ တစ္မိုင္အကြာ ျပည္ေထာင္စု ကားလမ္းေဘးမွာ ဒီဇင္ဘာလ ၁၉ ရက္ မနက္ပိုင္းကမွ ရွာေဖြေတြ႕ရွိခဲ့ၿပီး ညေနပိုင္းမွာ မီးသၿဂိဳဟၤ္ခဲ့ရတယ္လို႔ မိသားစုဝင္တစ္ဦးက ေျပာပါတယ္။

“ရဲလင္းကေတာ့ေအာက္မွာ ေမာင္ေထြးက အေပၚမွာ ထပ္ၿပီးထားခဲ့တယ္။ တြင္းေလးနည္းနည္းတူးၿပီးေတာ့။ အေပၚက ဖက္႐ြက္အုပ္ၿပီး ထားခဲ့တယ္။ ကြၽန္ေတာ္တို႔မွာ ဘာမွဆက္လုပ္ဖို႔ မရွိေတာ့ဘူး။ ကြၽန္ေတာ္တို႔ ညီအစ္ကိုေမာင္ႏွမေတြက ေတာင္ယာပဲ လုပ္စားပါတယ္။ ကြၽန္ေတာ္ေတာ့ မထင္ပါဘူး။ အဲလိုမ်ိဳးျမင္လည္း မျမင္ဖူးဘူး။ လုပ္လည္း မလုပ္ဘူး။ အဲဒါေၾကာင့္ ကြၽန္ေတာ္တို႔လည္း စဥ္းစားရ ခက္ေနတယ္။ ဘာမွ မတတ္ႏိုင္ဘူး။ ေသတဲ့သူလည္း ေသၿပီဆိုေတာ့ အရႈံးပဲေပးေတာ့မယ္လို႔ ထင္ထားေတာ့တယ္”

တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးကေတာ့ ကံ့ေကာ္ၿမိဳင္ေက်း႐ြာအနီး လုံၿခဳံေရးေဆာင္႐ြက္ေနတဲ့ တပ္ဖြဲ႕ဝင္ေတြဟာ ဒီဇင္ဘာ ၁၇ ရက္ ညေန ေလးနာရီခန႔္မွာ ကံ့ေကာ္ၿမိဳင္ေက်း႐ြာအနီး မသကၤာသူ ႏွစ္ဦးကို ေဖာက္ခြဲေရးပစၥည္းေတြနဲ႔ အေသဖမ္းဆီးရမိခဲ့တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက-

“နယ္ေျမရွင္းေနတဲ့အခ်ိန္မွာ မိုင္းေထာင္ရင္း ထြက္ေျပးသြားတာ ေတြ႕တဲ့အတြက္ ပစ္ခတ္ဖမ္းဆီးခဲ့လို႔ အေသဖမ္းဆီးရမိတာပဲ။ သူ႔လက္ထဲက ေဒသႏၲရလုပ္တဲ့ မိုင္းေတြ သုံးလုံးေတြ႕တယ္။ အဲလိုသာ မမိဘူးဆိုရင္ လုံၿခဳံေရးလုပ္တဲ့ တပ္ဖြဲ႕ဝင္ေတြက အဲဒီမိုင္း အခြဲခံရမွာ။ အဲလိုေထာင္ၿပီး လြတ္သြားသူေတြ အမ်ားႀကီးပဲ။ နယ္ေျမရွင္းလင္းေရး လုပ္ေနတဲ့ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြ ခဏခဏ အဲဒီလို ရီမုမိုင္းနဲ႔ အခြဲခံရတာ“

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က သတင္းထုတ္ျပန္အၿပီး ႏွစ္ရက္အၾကာမွ မိသားစုဝင္ေတြက ေသဆုံးသြားသူေတြရဲ႕ အေလာင္းကိုေတာ့ ျပန္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

ေသဆုံးသြားသူေတြဟာ AA တပ္ဖြဲ႕ဝင္ေတြျဖစ္ၿပီး မိုင္းေထာင္တာေၾကာင့္ ပစ္ခတ္ဖမ္းဆီးရတယ္ဆိုတဲ့ ေျပာဆိုခ်က္နဲ႔ ပတ္သက္လို႔ ေအေအေျပာခြင့္ရ ခိုင္သုခကို RFA က ဆက္သြယ္ေမးျမန္းရာမွာေတာ့-

“သူတို႔ပစ္ခတ္သတ္ၿပီးတဲ့အခါတိုင္း အဲဒီလူေတြရဲ႕ လက္ထဲကေနၿပီးေတာ့ ေဖာက္ခြဲေရးပစၥည္းေတြရတယ္ ဆိုတာမ်ိဳး စြပ္စြဲတာက ေတာက္ေလွ်ာက္လုပ္ႀကံဖန္တီးၿပီး ေျပာလာတာျဖစ္တယ္“

အမ္းၿမိဳ႕နယ္မွာ ဒီဇင္ဘာ ၁၅ ရက္ေန႔ကစၿပီး လုံၿခဳံေရးတိုးျမႇင့္ထားၿပီး ၿမိဳ႕ဝင္ထြက္ ဂိတ္ေတြမွာလည္း တပ္မေတာ္သားေတြက မသကာသၤူေတြကို စစ္ေဆးေနမႈေတြလုပ္ေနတာေၾကာင့္ သတိထား သြားလာေနရတယ္လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။

ရခိုင္ျပည္နယ္မွာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ AA တို႔ တိုက္ပြဲေတြေၾကာင့္ တစ္ဖက္နဲ႔တစ္ဖက္ မသကၤာသူေတြကို ဖမ္းဆီးစစ္ေဆးမႈေတြလည္း မ်ားလာေနၿပီး အရပ္သားေသဆုံးမႈေတြလည္း ေန႔စဥ္လိုလို ျဖစ္ေနပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
အမ်းက လူငယ်နှစ်ဦး တပ်က ပစ်လို့ သေဆုံး

ရခိုင်ပြည်နယ်၊ အမ်းမြို့က မြို့ဟောင်းပျံကျဈေးကို တွေ့ရစဉ်
Photo: Kyaw Htoon Naing/RFA

ရခိုင်ပြည်နယ် အမ်းမြို့နယ် ရေငံချောင်းရွာက လူငယ်နှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်မှာ ကံ့ကော်မြိုင်ကျေးရွာအနီးမှာ သေနတ်နဲ့အပစ်ခံလိုက်ရပြီး သေဆုံးခဲ့ပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကတော့ မသင်္ကာသူနှစ်ဦးကို ဖောက်ခွဲရေးပစ္စည်းတွေနဲ့တွေ့လို့ ပစ်ခတ်ခဲ့ပြီး အသေဖမ်းဆီးမိခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

သူတို့နှစ်ဦးက ဒီဇင်ဘာလ ၁၇ ရက်နေ့ နေ့လယ် နှစ်နာရီခန့်မှာ အိမ်အသုံးအဆောင်ပစ္စည်းတွေဝယ်ဖို့ ဆိုင်ကယ်နဲ့ ထွက်သွားရာ ကံ့ကော်မြိုင်ကျေးရွာအနီးမှာ သေနတ်နဲ့အပစ်ခံလိုက်ရတာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့က ရေငံချောင်းကနေ မဲလက်မောင်းကို ဓာတ်မီးဝယ်ဖို့သွားတာ။ ကံ့ကော်မြိုင်ရွာကို ကျော်ပြီးတော့ သွားရတာ။ စစ်တပ်က ပြည်ထောင်စု လမ်းမဘေးရဲ့ရေမြောင်းတွေမှာ ညဆိုကင်းပုန်းဝပ်တာ။ သူတို့ကလည်း ဆိုင်ကယ်စီးနေတဲ့အခါ မသိဘူးပေါ့။ လှမ်းတားတာကို မရပ်လို့ စစ်တပ်က ပစ်လိုက်တာ။ သေသွားတဲ့ ချင်းလူမျိုးနှစ်ယောက်က မိုင်းထောင်ဖို့မပြောနဲ့ စာတောင်မှ သေစာရှင်စာတောင် မတတ်ဘူး“

မဲလက်မောင်းကျေးရွာ၊ ကံ့ကော်မြိုင်ကျေးရွာနဲ့ ရေငံချောင်းကျေးရွာတွေဟာ ရန်ကုန်-စစ်တွေ ကားလမ်းဘေးမှာ တည်ရှိတာပါ။ ရေငံချောင်းကျေးရွာမှာ အိမ်ခြေပေါင်း ၁၂ အိမ်ပဲရှိပြီး  တောင်ယာ လုပ်ကိုင်စားသောက်သူတွေ များပါတယ်။ သေဆုံးသွားတဲ့ အသက် ၂၁ နှစ်ရွယ် မောင်ရဲလင်းနဲ့ ၂၀ အရွယ် မောင်ထွေး တို့ လူငယ်နှစ်ဦးကတော့  တောင်ယာလုပ်ကိုင်စားသောက်နေတဲ့ ငယ်သူငယ်ချင်း နှစ်ဦးဖြစ်တယ်လို့ သေဆုံးသူ မောင်ထွေးရဲ့ မိသားစုဝင်က ပြောပါတယ်။

မောင်ထွေးကို  ဒဏ်ရာ တစ်ချက်၊ ရဲလင်းကို ဒဏ်ရာ နှစ်ချက်နဲ့ ရွာရဲ့ တစ်မိုင်အကွာ ပြည်ထောင်စု ကားလမ်းဘေးမှာ ဒီဇင်ဘာလ ၁၉ ရက် မနက်ပိုင်းကမှ ရှာဖွေတွေ့ရှိခဲ့ပြီး ညနေပိုင်းမှာ မီးသဂြိုင်္ဟ်ခဲ့ရတယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

“ရဲလင်းကတော့အောက်မှာ မောင်ထွေးက အပေါ်မှာ ထပ်ပြီးထားခဲ့တယ်။ တွင်းလေးနည်းနည်းတူးပြီးတော့။ အပေါ်က ဖက်ရွက်အုပ်ပြီး ထားခဲ့တယ်။ ကျွန်တော်တို့မှာ ဘာမှဆက်လုပ်ဖို့ မရှိတော့ဘူး။ ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေက တောင်ယာပဲ လုပ်စားပါတယ်။ ကျွန်တော်တော့ မထင်ပါဘူး။ အဲလိုမျိုးမြင်လည်း မမြင်ဖူးဘူး။ လုပ်လည်း မလုပ်ဘူး။ အဲဒါကြောင့် ကျွန်တော်တို့လည်း စဉ်းစားရ ခက်နေတယ်။ ဘာမှ မတတ်နိုင်ဘူး။ သေတဲ့သူလည်း သေပြီဆိုတော့ အရှုံးပဲပေးတော့မယ်လို့ ထင်ထားတော့တယ်”

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးကတော့ ကံ့ကော်မြိုင်ကျေးရွာအနီး လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေဟာ ဒီဇင်ဘာ ၁၇ ရက် ညနေ လေးနာရီခန့်မှာ ကံ့ကော်မြိုင်ကျေးရွာအနီး မသင်္ကာသူ နှစ်ဦးကို ဖောက်ခွဲရေးပစ္စည်းတွေနဲ့ အသေဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက-

“နယ်မြေရှင်းနေတဲ့အချိန်မှာ မိုင်းထောင်ရင်း ထွက်ပြေးသွားတာ တွေ့တဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့လို့ အသေဖမ်းဆီးရမိတာပဲ။ သူ့လက်ထဲက ဒေသန္တရလုပ်တဲ့ မိုင်းတွေ သုံးလုံးတွေ့တယ်။ အဲလိုသာ မမိဘူးဆိုရင် လုံခြုံရေးလုပ်တဲ့ တပ်ဖွဲ့ဝင်တွေက အဲဒီမိုင်း အခွဲခံရမှာ။ အဲလိုထောင်ပြီး လွတ်သွားသူတွေ အများကြီးပဲ။ နယ်မြေရှင်းလင်းရေး လုပ်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ခဏခဏ အဲဒီလို ရီမုမိုင်းနဲ့ အခွဲခံရတာ“

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်အပြီး နှစ်ရက်အကြာမှ မိသားစုဝင်တွေက သေဆုံးသွားသူတွေရဲ့ အလောင်းကိုတော့ ပြန်တွေ့ခဲ့ရတာဖြစ်ပါတယ်။

သေဆုံးသွားသူတွေဟာ AA တပ်ဖွဲ့ဝင်တွေဖြစ်ပြီး မိုင်းထောင်တာကြောင့် ပစ်ခတ်ဖမ်းဆီးရတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ အေအေပြောခွင့်ရ ခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့-

“သူတို့ပစ်ခတ်သတ်ပြီးတဲ့အခါတိုင်း အဲဒီလူတွေရဲ့ လက်ထဲကနေပြီးတော့ ဖောက်ခွဲရေးပစ္စည်းတွေရတယ် ဆိုတာမျိုး စွပ်စွဲတာက တောက်လျှောက်လုပ်ကြံဖန်တီးပြီး ပြောလာတာဖြစ်တယ်“

အမ်းမြို့နယ်မှာ ဒီဇင်ဘာ ၁၅ ရက်နေ့ကစပြီး လုံခြုံရေးတိုးမြှင့်ထားပြီး မြို့ဝင်ထွက် ဂိတ်တွေမှာလည်း တပ်မတော်သားတွေက မသကာင်္သူတွေကို စစ်ဆေးနေမှုတွေလုပ်နေတာကြောင့် သတိထား သွားလာနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေကြောင့် တစ်ဖက်နဲ့တစ်ဖက် မသင်္ကာသူတွေကို ဖမ်းဆီးစစ်ဆေးမှုတွေလည်း များလာနေပြီး အရပ်သားသေဆုံးမှုတွေလည်း နေ့စဉ်လိုလို ဖြစ်နေပါတယ်။

RFA Burmese
https://www.rfa.org
အမ္းက လူငယ္ႏွစ္ဦး တပ္က ပစ္လို႔ ေသဆုံး အမ္းက လူငယ္ႏွစ္ဦး တပ္က ပစ္လို႔ ေသဆုံး Reviewed by THITHTOOLWIN on 02:29 Rating: 5
Powered by Blogger.