ဘရာဇီးႏိုင္ငံ၌ လူအုပ္ပိမိရာမွ ၉ ဦးေသဆုံး

ဘရာဇီးႏိုင္ငံ၌ လူအုပ္ပိမိမႈ ျဖစ္ပြားေသာ ေနရာအားေတြ႕ရစဥ္(ဓာတ္ပုံ-အင္တာနက္)
(Zawgyi)⤵⤵⤵
 ရီ႐ိုဒီဂ်ေန႐ို ၊ ဒီဇင္ဘာ ၂ ရက္(ဆင္ဟြာ)

ဘရာဇီးႏိုင္ငံ ဆာအိုေပၚလိုၿမိဳ႕၌ ဒီဇင္ဘာ ၁ ရက္ကျပဳလုပ္ေသာ လူေပါင္းမ်ားစြာ ပါဝင္သည့္ လမ္းေပၚကပြဲတစ္ခု၌ လူအုပ္ပိမိမႈျဖစ္ပြားရာ အနည္းဆုံး လူ ၉ ဦီး ေသဆုံးၿပီး အျခားလူ ၇ ဦးထိခိုက္ဒဏ္ရာရခဲ့ေၾကာင္း အာဏာပိုင္မ်ားက ဆိုသည္။

အဆိုပါ ျဖစ္စဥ္သည္ အနီးအနားတစ္ဝိုက္၌ ရဲတပ္ဖြဲ႕ဝင္မ်ား ႏွင့္ ေမာ္ေတာ္ဆိုင္ကယ္တစ္စီးျဖင့္ ထြက္ေျပးရန္ ႀကိဳးပမ္းသည့္ လူဆိုးႏွစ္ဦးအၾကား အျပန္အလွန္ပစ္ခတ္မႈ ေသနတ္သံမ်ား ထြက္ေပၚလာၿပီးေနာက္ ကပြဲရွိ လူမ်ား ထိန႔္လန႔္၍ ဝ႐ုန္းသုန္းကား ထြက္ေျပးၾကရာမွ တစ္ဆင့္ လူအုပ္ပိမိမႈ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။၎ကပြဲတြင္ လူေပါင္း ၅ ေထာင္နီးပါး ပါဝင္ဆင္ႏႊဲခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ဆိုသည္။ဆာအိုေပၚလိုၿမိဳ႕ေတာ္အုပ္ခ်ဳပ္ေရးမႉး Joao Doria က ေသဆုံးသြားသူမ်ားအတြက္ ေၾကကြဲဝမ္းနည္းရေၾကာင္း ႏွင့္ အခ်င္းျဖစ္စဥ္အေပၚစုံစမ္းစစ္ေဆးရန္ ၫႊန္ၾကားထားေၾကာင္း ေျပာၾကားခဲ့သည္။

(Xinhua)
http://www.xinhuamyanmar.com
------------------
(Unicode)⤵⤵⤵
ဘရာဇီးနိုင်ငံ၌ လူအုပ်ပိမိရာမှ ၉ ဦးသေဆုံး

ဘရာဇီးနိုင်ငံ၌ လူအုပ်ပိမိမှု ဖြစ်ပွားသော နေရာအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရီရိုဒီဂျနေရို ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ဆာအိုပေါ်လိုမြို့၌ ဒီဇင်ဘာ ၁ ရက်ကပြုလုပ်သော လူပေါင်းများစွာ ပါဝင်သည့် လမ်းပေါ်ကပွဲတစ်ခု၌ လူအုပ်ပိမိမှုဖြစ်ပွားရာ အနည်းဆုံး လူ ၉ ဦီး သေဆုံးပြီး အခြားလူ ၇ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။

အဆိုပါ ဖြစ်စဉ်သည် အနီးအနားတစ်ဝိုက်၌ ရဲတပ်ဖွဲ့ဝင်များ နှင့် မော်တော်ဆိုင်ကယ်တစ်စီးဖြင့် ထွက်ပြေးရန် ကြိုးပမ်းသည့် လူဆိုးနှစ်ဦးအကြား အပြန်အလှန်ပစ်ခတ်မှု သေနတ်သံများ ထွက်ပေါ်လာပြီးနောက် ကပွဲရှိ လူများ ထိန့်လန့်၍ ဝရုန်းသုန်းကား ထွက်ပြေးကြရာမှ တစ်ဆင့် လူအုပ်ပိမိမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။၎င်းကပွဲတွင် လူပေါင်း ၅ ထောင်နီးပါး ပါဝင်ဆင်နွှဲခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ဆာအိုပေါ်လိုမြို့တော်အုပ်ချုပ်ရေးမှူး Joao Doria က သေဆုံးသွားသူများအတွက် ကြေကွဲဝမ်းနည်းရကြောင်း နှင့် အချင်းဖြစ်စဉ်အပေါ်စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားကြောင်း ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
ဘရာဇီးႏိုင္ငံ၌ လူအုပ္ပိမိရာမွ ၉ ဦးေသဆုံး ဘရာဇီးႏိုင္ငံ၌ လူအုပ္ပိမိရာမွ ၉ ဦးေသဆုံး Reviewed by THITHTOOLWIN on 21:23 Rating: 5
Powered by Blogger.