အမ္းၿမိဳ႕က ခ်င္းစစ္ေျပးဒုကၡသည္ငါးရာ ရိကၡာခက္ခဲေန

နတ္ေမာ္ေက်း႐ြာစာသင္ေက်ာင္းမွာ ခိုလႈံေနၾကတဲ့ ခ်င္းစစ္ေဘးဒုကၡသည္ေတြကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္က ေက်း႐ြာ ၈၀ ေက်ာ္ေလာက္မွာ အရႈိခ်င္းတိုင္းရင္းသား သုံးေသာင္းနီးပါး ေနထိုင္ၾကပါတယ္။

အဲဒီထဲက ႏွမ္းေခ်ာင္းေက်း႐ြာ အနီးမွာ ေနထိုင္တဲ့ ေဒသခံ ၅၀၀ နီးပါးဟာ ရကၡိဳင့္တပ္ေတာ္ AA နဲ႔ တပ္မေတာ္တို႔ တိုက္ပြဲေတြေၾကာင့္ ေက်း႐ြာေတြမွာ မေနရဲေတာ့ဘဲ အမ္းၿမိဳ႕ေပၚ အပါအဝင္ တျခားေက်း႐ြာေတြမွာ ထြက္ေျပး တိမ္းေရွာင္ေနရတာပါ။

ႏွမ္းေခ်ာင္းေက်း႐ြာအနီးမွာ တိုက္ပြဲျဖစ္ေနတာေၾကာင့္ မေနရဲေတာ့ဘဲ ထြက္ေျပးလာၾကတာလို႔ ႏွမ္းေခ်ာင္း႐ြာသား ဆလိုင္းစန္းျမင့္ကေျပာပါတယ္။

"တံတားရဲ႕ အထက္ဖက္ေတြမွာ တိုက္ပြဲေတြျဖစ္တယ္လို႔ေတာ့ သိရတယ္ေလ ကြၽန္ေတာ္တို႔ ႐ြာကို လက္နက္ႀကီးေတြက ေက်ာ္ၿပီးလာတယ္ ႐ြာအေနာက္ဖက္ေတာင္တန္းေတြဆီက်တယ္။ ႐ြာက ေၾကာက္ၿပီး အကုန္ထြက္ေျပးတယ္။"

အရႈိခ်င္းတိုင္းရင္းသားေတြဟာ ရခိုင္ျပည္နယ္က ေတာင္ကုတ္၊ ဂြ၊ သံတြဲ၊ ေက်ာက္ျဖဴ၊ မင္းျပား၊ ေျမပုံ၊ အမ္း၊ မာန္ေအာင္၊ မအီ စတဲ့ၿမိဳ႕နယ္ ၁၀ ခုမွာ လူဦးေရ ၈ ေသာင္းေက်ာ္ ေနထိုင္တယ္လို႔ အရႈိခ်င္းတိုင္းရင္းသား စာေပအဖြဲ႕က ေကာက္ယူထားတဲ့ စာရင္းေတြအရ သိရပါတယ္။

လက္ရွိ ႏွမ္းေခ်ာင္း႐ြာသားေတြဟာ နတ္ေမာ္စာသင္ေက်ာင္းမွာ ခိုလႈံေနရတာေၾကာင့္ ေက်ာင္းျပန္ဖြင့္ခ်ိန္ဆို အခက္အခဲ ျဖစ္ႏိုင္တယ္လို႔ အမ္းၿမိဳ႕နယ္ အရႈိခ်င္းစာေပယဥ္ေက်းမႈသင္တန္းဆရာ ဆလိုင္းရဲေအာင္က ေျပာပါတယ္။

"စားဝတ္ေနေရး ေတာ္ေတာ္ေလး ခက္ခဲတယ္လို႔ ေျပာတယ္။ သူတို႔ဘက္က ၿမိဳ႕ေပၚကလူေတြ သြားဖို႔ ခက္ခဲတယ္ အမ္းၿမိဳ႕နဲ႔က ၃၃ မိုင္ေလာက္ ေဝးတယ္ေလ။ သြားလာဖို႔ သိပ္မသြားရဲၾကဘူး တစ္ခ်ိဳ႕ေတြက ေနဖို႔အတြက္ကလည္း ေက်ာင္းဖြင့္မွာကိုစိုးရိမ္ေနၾကတယ္ ေက်ာင္းဖြင့္ရင္ သူတို႔ ဘယ္မွာေနရမလဲ မသိဘူးေလ"

ၿပီးခဲ့တဲ့လတုန္းက ရေသ့ေတာင္ၿမိဳ႕နယ္မွာရွိတဲ့ ခ်င္းေက်း႐ြာ ႏွစ္႐ြာက ႐ြာသားေတြဟာ ေက်း႐ြာေတြနား တိုက္ပြဲျဖစ္တာ၊ လက္နက္ႀကီးက်ည္က်တာေတြေၾကာင့္ မင္းျပားၿမိဳ႕နယ္ သူေဌးကုန္းေက်း႐ြာကို ထြက္ေျပး တိမ္းေရွာင္းတာေတြရွိပါတယ္

ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ ေနထိုင္တဲ့ ခ်င္းတိုင္းရင္းသားေတြဟာ AAနဲ႔ အစိုးရတပ္မေတာ္ တိုက္ပြဲေတြေၾကာင့္ ထြက္ေျပး တိမ္းေရွာင္ေနရတာေတြ အမ်ားအျပားရွိပါတယ္။

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္မွာ လူဦးေရ တစ္သိန္းေက်ာ္ရွိၿပီး ထက္ဝက္ေက်ာ္ဟာ စစ္ေဘးဒဏ္ ခံစားေနရတယ္လို႔ ခ်င္းျပည္နယ္အစိုးရအဖြဲ႕ စည္ပင္သာယာေရးဝန္ႀကီး ဦးစိုးထက္က ေျပာပါတယ္။

"ပလက္ဝၿမိဳ႕နယ္ လူဦးေရ တစ္သိန္းတစ္ေသာင္းမွာ တိုက္ပြဲက ေလးၿမိဳ႕ေခ်ာင္းမွာလဲျဖစ္တယ္ ကုလားတန္ျမစ္႐ိုးမွာလည္းျဖစ္တယ္ အနည္းဆုံးစစ္ဇုံေပါ့ေနာ္ ျဖစ္ေနတာ လူဦးေရက အနည္းဆုံး  ‌ေျခာက္ေသာင္းေလာက္ရွိေနၿပီ တိုက္ပြဲျဖစ္တဲ့ ဧရိယာမွာရွိတဲ့ လူဦးေရက။"

တပ္မေတာ္နဲ႔ AA တိုက္ပြဲေတြေၾကာင့္ ခ်င္းတိုင္းရင္းသားေတြဟာ ထြက္ေျပးရတာေတြ၊ စစ္ပြဲအတြင္း ထိခိုက္ဒဏ္ရာ ရတာေတြေၾကာင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးၾကဖို႔ အရႈိခ်င္းအမ်ိဳးသားပါတီ အေထြေထြအတြင္းေရးမႉး ဆလိုင္းေအာင္မင္းလႈိင္က RFA ကိုေျပာပါတယ္။

"ႏွစ္ဘက္ၿငိမ္းခ်မ္းေရးေဆြးေႏြးႏိုင္ဖို႔ အပစ္ရပ္စဲေရးစာခ်ဳပ္ NCA လိုမ်ိဳးမွာ အားလုံးပါဝင္ႏိုင္တဲ့ အခင္းအက်င္းမ်ိဳး ျမန္ျမန္ေရာက္ၿပီး ၿငိမ္းခ်မ္းေရးေဆြးပြဲနဲ႔ သြားမယ္ဆိုရင္ စစ္ပြဲေတြ ျမန္ျမန္ရပ္ၿပီး တိုင္းရင္းသားေတြလဲ ေနရထိုင္ရတာ အဆင္ေျပမယ္လို႔ ေျပာခ်င္ပါတယ္။"

အမ္းၿမိဳ႕နယ္ ႐ြာေမာင္းေက်း႐ြာအနီးမွာ ၿပီးခဲ့တဲ့ ရက္ပိုင္းက တိုက္ပြဲျဖစ္တာ၊ လက္နက္ႀကီးက်ည္ က်ေရာက္တာေတြေၾကာင့္ ႐ြာေမာင္း၊ မီးေခ်ာင္း၊ ေညာင္ပင္ကုန္ေက်း႐ြာေတြက ႐ြာသား ၅၀၀ နီးပါးလည္း ရွမ္းကုန္းေက်း႐ြာကို ထြက္ေျပးေနရတယ္လို႔ သိရပါတယ္။

ဒီကိစၥေတြနဲ႔ ပတ္သက္ၿပီး အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးနဲ႔ AA ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခတို႔ကို ေမးျမန္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

အမ္းၿမိဳ႕နယ္မွာ တိုက္ပြဲေတြေၾကာင့္ ထြက္ေျပးေနရတဲ့ စစ္ေဘးေရွာင္ ၁၈၀၀ နီးပါးရွိတယ္လို႔ ကူညီ ေဆာင္႐ြက္ေနသူေတြကေျပာပါတယ္။

အလားတူ ရခိုင္ျပည္နယ္ တစ္ခုလုံးမွာ စစ္ေဘးဒုကၡသည္ တစ္သိန္းေက်ာ္ ရွိလာၿပီလို႔ အရပ္ဘက္အဖြဲ႕ေတြ ေကာက္ယူထားတဲ့ စာရင္းေတြ အရသိရပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
အမ်းမြို့က ချင်းစစ်ပြေးဒုက္ခသည်ငါးရာ ရိက္ခာခက်ခဲနေ

နတ်မော်ကျေးရွာစာသင်ကျောင်းမှာ ခိုလှုံနေကြတဲ့ ချင်းစစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ်
Photo: Salai Ye Aung

ရခိုင်ပြည်နယ် အမ်းမြို့နယ်က ကျေးရွာ ၈၀ ကျော်လောက်မှာ အရှိုချင်းတိုင်းရင်းသား သုံးသောင်းနီးပါး နေထိုင်ကြပါတယ်။

အဲဒီထဲက နှမ်းချောင်းကျေးရွာ အနီးမှာ နေထိုင်တဲ့ ဒေသခံ ၅၀၀ နီးပါးဟာ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေကြောင့် ကျေးရွာတွေမှာ မနေရဲတော့ဘဲ အမ်းမြို့ပေါ် အပါအဝင် တခြားကျေးရွာတွေမှာ ထွက်ပြေး တိမ်းရှောင်နေရတာပါ။

နှမ်းချောင်းကျေးရွာအနီးမှာ တိုက်ပွဲဖြစ်နေတာကြောင့် မနေရဲတော့ဘဲ ထွက်ပြေးလာကြတာလို့ နှမ်းချောင်းရွာသား ဆလိုင်းစန်းမြင့်ကပြောပါတယ်။

"တံတားရဲ့ အထက်ဖက်တွေမှာ တိုက်ပွဲတွေဖြစ်တယ်လို့တော့ သိရတယ်လေ ကျွန်တော်တို့ ရွာကို လက်နက်ကြီးတွေက ကျော်ပြီးလာတယ် ရွာအနောက်ဖက်တောင်တန်းတွေဆီကျတယ်။ ရွာက ကြောက်ပြီး အကုန်ထွက်ပြေးတယ်။"

အရှိုချင်းတိုင်းရင်းသားတွေဟာ ရခိုင်ပြည်နယ်က တောင်ကုတ်၊ ဂွ၊ သံတွဲ၊ ကျောက်ဖြူ၊ မင်းပြား၊ မြေပုံ၊ အမ်း၊ မာန်အောင်၊ မအီ စတဲ့မြို့နယ် ၁၀ ခုမှာ လူဦးရေ ၈ သောင်းကျော် နေထိုင်တယ်လို့ အရှိုချင်းတိုင်းရင်းသား စာပေအဖွဲ့က ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

လက်ရှိ နှမ်းချောင်းရွာသားတွေဟာ နတ်မော်စာသင်ကျောင်းမှာ ခိုလှုံနေရတာကြောင့် ကျောင်းပြန်ဖွင့်ချိန်ဆို အခက်အခဲ ဖြစ်နိုင်တယ်လို့ အမ်းမြို့နယ် အရှိုချင်းစာပေယဉ်ကျေးမှုသင်တန်းဆရာ ဆလိုင်းရဲအောင်က ပြောပါတယ်။

"စားဝတ်နေရေး တော်တော်လေး ခက်ခဲတယ်လို့ ပြောတယ်။ သူတို့ဘက်က မြို့ပေါ်ကလူတွေ သွားဖို့ ခက်ခဲတယ် အမ်းမြို့နဲ့က ၃၃ မိုင်လောက် ဝေးတယ်လေ။ သွားလာဖို့ သိပ်မသွားရဲကြဘူး တစ်ချို့တွေက နေဖို့အတွက်ကလည်း ကျောင်းဖွင့်မှာကိုစိုးရိမ်နေကြတယ် ကျောင်းဖွင့်ရင် သူတို့ ဘယ်မှာနေရမလဲ မသိဘူးလေ"

ပြီးခဲ့တဲ့လတုန်းက ရသေ့တောင်မြို့နယ်မှာရှိတဲ့ ချင်းကျေးရွာ နှစ်ရွာက ရွာသားတွေဟာ ကျေးရွာတွေနား တိုက်ပွဲဖြစ်တာ၊ လက်နက်ကြီးကျည်ကျတာတွေကြောင့် မင်းပြားမြို့နယ် သူဌေးကုန်းကျေးရွာကို ထွက်ပြေး တိမ်းရှောင်းတာတွေရှိပါတယ်

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ နေထိုင်တဲ့ ချင်းတိုင်းရင်းသားတွေဟာ AAနဲ့ အစိုးရတပ်မတော် တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေရတာတွေ အများအပြားရှိပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ လူဦးရေ တစ်သိန်းကျော်ရှိပြီး ထက်ဝက်ကျော်ဟာ စစ်ဘေးဒဏ် ခံစားနေရတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

"ပလက်ဝမြို့နယ် လူဦးရေ တစ်သိန်းတစ်သောင်းမှာ တိုက်ပွဲက လေးမြို့ချောင်းမှာလဲဖြစ်တယ် ကုလားတန်မြစ်ရိုးမှာလည်းဖြစ်တယ် အနည်းဆုံးစစ်ဇုံပေါ့နော် ဖြစ်နေတာ လူဦးရေက အနည်းဆုံး  ‌ခြောက်သောင်းလောက်ရှိနေပြီ တိုက်ပွဲဖြစ်တဲ့ ဧရိယာမှာရှိတဲ့ လူဦးရေက။"

တပ်မတော်နဲ့ AA တိုက်ပွဲတွေကြောင့် ချင်းတိုင်းရင်းသားတွေဟာ ထွက်ပြေးရတာတွေ၊ စစ်ပွဲအတွင်း ထိခိုက်ဒဏ်ရာ ရတာတွေကြောင့် ငြိမ်းချမ်းရေးဆွေးနွေးကြဖို့ အရှိုချင်းအမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဆလိုင်းအောင်မင်းလှိုင်က RFA ကိုပြောပါတယ်။

"နှစ်ဘက်ငြိမ်းချမ်းရေးဆွေးနွေးနိုင်ဖို့ အပစ်ရပ်စဲရေးစာချုပ် NCA လိုမျိုးမှာ အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းမျိုး မြန်မြန်ရောက်ပြီး ငြိမ်းချမ်းရေးဆွေးပွဲနဲ့ သွားမယ်ဆိုရင် စစ်ပွဲတွေ မြန်မြန်ရပ်ပြီး တိုင်းရင်းသားတွေလဲ နေရထိုင်ရတာ အဆင်ပြေမယ်လို့ ပြောချင်ပါတယ်။"

အမ်းမြို့နယ် ရွာမောင်းကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက တိုက်ပွဲဖြစ်တာ၊ လက်နက်ကြီးကျည် ကျရောက်တာတွေကြောင့် ရွာမောင်း၊ မီးချောင်း၊ ညောင်ပင်ကုန်ကျေးရွာတွေက ရွာသား ၅၀၀ နီးပါးလည်း ရှမ်းကုန်းကျေးရွာကို ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးနဲ့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခတို့ကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

အမ်းမြို့နယ်မှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင် ၁၈၀၀ နီးပါးရှိတယ်လို့ ကူညီ ဆောင်ရွက်နေသူတွေကပြောပါတယ်။

အလားတူ ရခိုင်ပြည်နယ် တစ်ခုလုံးမှာ စစ်ဘေးဒုက္ခသည် တစ်သိန်းကျော် ရှိလာပြီလို့ အရပ်ဘက်အဖွဲ့တွေ ကောက်ယူထားတဲ့ စာရင်းတွေ အရသိရပါတယ်။

RFA Burmese
https://www.rfa.org
အမ္းၿမိဳ႕က ခ်င္းစစ္ေျပးဒုကၡသည္ငါးရာ ရိကၡာခက္ခဲေန အမ္းၿမိဳ႕က ခ်င္းစစ္ေျပးဒုကၡသည္ငါးရာ ရိကၡာခက္ခဲေန Reviewed by THITHTOOLWIN on 03:23 Rating: 5
Powered by Blogger.