ရေသ့ေတာင္တိုက္ပြဲအတြင္း ႐ြာသားခုႏွစ္ဦး ပိတ္မိေန

ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ ေသာင္းျဒားေက်း႐ြာေနရာျပေျမပုံ
(Zawgyi)⤵⤵⤵

စစ္ေၾကာင္းဝင္ေရာက္လာတဲ့ ဒီဇင္ဘာ ၁၄ ရက္ေန႔က ေသာင္းျဒားေက်း႐ြာ ေဒသခံ ၁၃၀၀ နီးပါးဟာ ေခ်ာင္း တဘက္မွာရွိတဲ့ အနီးအနား ႐ြာေတြကို ႐ြာလုံးကြၽတ္ ထြက္ေျပးခဲ့ၾကရပါတယ္။

အသက္ ၁၀၁ ႏွစ္အ႐ြယ္ ရွိၾကတဲ့ ေဒၚမမျဖဴ၊ ဦးေမာင္ၫႊန႔္ဦး၊ ၉၁ ႏွစ္အ႐ြယ္ ဦးေမာင္သာဇံ၊  ၈၄ ႏွစ္အ႐ြယ္ ေဒၚေမေက်ာ့ျဖဴနဲ႔ ေဒၚခင္သန္းေမာင္မိ၊ ၇၄ ႏွစ္အ႐ြယ္ ေဒၚေစာျမသိန္းနဲ႔ လမ္းျပအျဖစ္ ေခၚေဆာင္ခံရသူ စိတ္ေဝဒနာသည္ ေမာင္ေက်ာ္ၿငိမ္းထြန္း တို႔ကေတာ့ ထြက္မေျပးႏိုင္ဘဲ ႐ြာထဲမွာ  ပိတ္မိေနတယ္လို႔ ရေသ့ေတာင္ ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္က RFA ကို ဒီကေန႔ ေျပာပါတယ္။

“ ၁၄ ရက္ေန႔မွာ အစိုးရစစ္ေၾကာင္း ေရာက္လာေတာ့ ႐ြာသားေတြ ထြက္ေျပးၾကတယ္။ လူ ၁၃၀၀ ေလာက္ေပါ့။ အဲဒီအထဲမွာ လူ ေျခာက္ဦးက အဖိုးႀကီးအဖြားႀကီးေတြ အသက္ ၁၀၀ ေက်ာ္ ႏွစ္ဦးပါတယ္။ သူတို႔ေျပးလည္း မေျပးႏိုင္ဘူး။ ႐ြာထဲမွာပိတ္ၿပီးမိက်န္ခဲ့တာ။ ေနာက္လမ္းက ဖမ္းဆီးလာတဲ့ ႏြားေက်ာင္းသားေလး တစ္ေယာက္၊  သူကလည္း စိတ္သိပ္မႏွံ႔ဘူး။ အဲဒီ ခုႏွစ္ဦးက ႐ြာထဲမွာ ရွိတယ္။ ၁၄ ရက္ေန႔ကတည္းက ဒီေန႔အထိပဲ"

ပိတ္မိေနတဲ့ သက္ႀကီး႐ြယ္အိုေတြဟာ ေဆာင္းရာသီအေအးဒဏ္ေၾကာင့္ အႏၲရာယ္ရွိႏိုင္လို႔ လူ႔အခြင့္အေရး ေကာ္မရွင္နဲ႔  လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီးဆီကို စာေရးေပးပို႔ထားၿပီး သက္ဆိုင္ရာအာဏာပိုင္ေတြနဲ႔ ၿမိဳ႕နယ္အခ်င္းခ်င္း ခ်ိတ္ဆက္ကယ္ထုတ္ႏိုင္ဖို႔  ႀကိဳးစားေနတယ္လို႔ ဦးခင္ေမာင္လတ္ က ေျပာပါတယ္။

လက္ရွိမွာ တပ္မေတာ္စစ္ေၾကာင္းက ေသာင္းျဒားေက်း႐ႊာထဲမွာ တပ္စြဲထားတယ္လို႔ သိရပါတယ္။

တပ္မေတာ္သားေတြ တပ္စြဲထားတာေၾကာင့္ ႐ြာထဲမွာ ေဒသခံေတြ ပိတ္မိသူေတြရွိေနတယ္ဆိုတဲ့ ေျပာဆိုခ်က္နဲ႔ ပတ္သက္ၿပီး အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးကို RFA က ဆက္သြယ္ေမးျမန္း ရာမွာေတာ့

"ကြၽန္ေတာ္တို႔တပ္ေတြနဲ႔ ဘာမွမဆိုင္ဘူး။ သူတို႔ဟာသူတို႔ လာေခၚခ်င္လာေခၚ။ သူတို႔ဟာ သူတို႔ သြားခ်င္သြားလို႔ ရတယ္။ ကြၽန္ေတာ္တို႔က မသြားပါနဲ႔လို႔လည္း  ပိတ္မထားဘူး။ လာၿပီးမေခၚပါနဲ႔လို႔လည္း ကြၽန္ေတာ္တို႔ ပိတ္မ ထားဘူး။ သူတို႔ဟာသူတို႔ သြားရဲတယ္ဆိုရင္ သြား။ ကြၽန္ေတာ္တို႔တပ္ေတြကို အကူအညီ ေတာင္းမလား။ ရတယ္။ ကူညီေပးမယ္။ ဘာမွအေႏွာင့္အယွက္မေပးဘူး။ သူတို႔စက္ေလွနဲ႔လာေခၚမလား၊ လုံၿခဳံေရးေတာင္လုပ္ေပး အုံးမယ္"                             

လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ထြက္ေျပးလာတဲ့ ေသာင္းျဒားေက်း႐ြာေဒသခံတစ္ဦးက တပ္မေတာ္စစ္ေၾကာင္း ဝင္ေရာက္တာေၾကာင့္ ႐ြာလုံးကြၽတ္ထြက္ေျပးတာဟာ ဒါနဲ႔ဆို ႏွစ္ႀကိမ္ရွိၿပီလို႔ ဆိုပါတယ္။   ဒီဇင္ဘာ ၁၄ ရက္ ေန႔လယ္ပိုင္းကဝင္လာတဲ့ အင္အားက တစ္ရာဝန္းက်င္ေလာက္ရွိတယ္လို႔ သူက ဆိုပါတယ္။

“သူတို႔ဝင္လာတဲ့ေန႔လယ္ တစ္နာရီခန႔္က ဝင္လာတယ္။ ဝင္လာတဲ့အခါ ႐ြာကလူေတြက သတင္းရၿပီးေတာ့ တစ္႐ြာလုံး ထြက္ေျပးၾကတယ္။ ဝင္လာၿပီးတစ္ေန႔လုံးပစ္တယ္။  သူတို႔ဘာကို ပစ္တာလဲမသိဘူး။ ေသာင္းျဒား ေရွ႕က ေတာင္တန္းေတြကို ပစ္တာ။ လက္ရွိ ေသာင္းျဒားမွာ အသက္ႀကီးတဲ့သူ ခုႏွစ္ေယာက္ က်န္ခဲ့တယ္။ သူတို႔က ဖုန္းမကိုင္တတ္ဘူး။ သူတို႔ကို ဘယ္သူသြားေခၚရဲမလဲ။ ကြၽန္ေတာ္တို႔လည္း ေၾကာက္လန႔္ၿပီး ထြက္ေျပးေနရတဲ့သူေတြကို"

တပ္မေတာ္စစ္ေၾကာင္း ဝင္လာတာနဲ႔ ေဒသခံေတြကို ဖမ္းဆီး ေခၚယူစစ္ေဆးတာေတြကို လုပ္ေလ့ရွိတဲ့အတြက္ အခုလို ႐ြာလုံးကြၽတ္ ထြက္ေျပးၾကရတာျဖစ္ၿပီး ဒီလို အႏိုင္က်င့္မႈေတြကို မျဖစ္မေန  အေရးယူရမယ္လို႔ လူ႔အခြင့္အေရးျမႇင့္တင္သူမ်ားအဖြဲ႕က ကိုေအာင္ေဇာ္ဦးက ေျပာပါတယ္။

“ျပည္တြင္း အိုးအိမ္စြန႔္ၿပီး ထြက္ခြာသြားတဲ့ ဒုကၡသည္ေတြဟာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရသူေတြျဖစ္တယ္။ သူတို႔ထြက္ေျပးတာက လက္နက္ကိုင္ေတြ ဝင္လာၿပီဆိုရင္ စစ္ေၾကာင္းအရ ေမးတာျမန္းတာ ႐ိုက္တာႏွက္ တာေတြက တိုင္းရင္းသားေဒသေတြမွာ အၿမဲတမ္းရွိခဲ့တဲ့ သမိုင္းေၾကာင္းကရွိတယ္။ ဒီအတြက္ေၾကာင့္ ဒါမ်ိဳးကိုေၾကာက္လန႔္ၿပီး ထြက္ေျပးတာေတြရွိတယ္။ အထူးသျဖင့္ မေျပးႏိုင္တဲ့သက္ႀကီး႐ြယ္အိုေတြက က်န္ခဲ့တဲ့အတြက္ အစိုးရမွာ တာဝန္ရွိတယ္။ ျဖစ္တဲ့ေနရာမွာ ဒါေတြျဖစ္ေနတယ္လို႔ မေျပာဘူးဆိုရင္ ေရွ႕ေလ်ာက္ၿပီး ဒါေတြက အစိုင္အခဲ အေသးကေနအႀကီးႀကီး ျဖစ္လာႏိုင္တယ္"

ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၁၅ ရက္ေန႔က ရခိုင္လူ႔အခြင့္အေရး ကာကြယ္ျမင့္တင္သူမ်ားအဖြဲ႕ကလည္း ရခိုင္ျပည္နယ္ အတြင္း တပ္မေတာ္က လူ႔အခြင့္အေရးခ်ိဳးေဖာက္ေနတာေတြကို ရႈတ္ခ်ေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ ခဲ့ပါတယ္။

ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ပုဏၰားကြၽန္း၊ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပား၊ ေျမပုံ၊ ပလက္၀ စတဲ့ၿမိဳ႕နယ္ ေတြမွာ   က်ဳးလြန္ေနတယ္လို႔ အဲဒီထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

AA အဖြဲ႕ကလည္း ေဒသခံေတြကို ဖမ္းဆီးေခၚေဆာင္ေနတယ္ဆိုတဲ့ သတင္းေတြ မၾကာခဏ ထြက္ေပၚေန ပါတယ္။  အမ်ိဳးသားလႊတ္ေတာ္ရဲ႕ ခ်င္းျပည္နယ္မဲဆႏၵနယ္ အမွတ္ ၁၁ က အမတ္ ဦးေဝွ႔တင္း၊ အာဏာရပါတီရဲ႕ ဘူးသီးေတာင္ၿမိဳ႕နယ္ အမႈေဆာင္အဖြဲ႕ ဥကၠ႒ အပါအဝင္ အမ်ားအျပားကို AA က ဖမ္းဆီးထားပါတယ္။

ၿပီးခဲ့တဲ့ ႏွစ္ဒီဇင္ဘာလကေနစၿပီး တပ္မေတာ္နဲ႔ ေအေအအဖြဲ႕တို႔ တိုက္ပြဲျဖစ္ပြားေနတာေၾကာင့္ ရခိုင္ျပည္နယ္မွာ စစ္ေဘးေရွာင္ အေရအတြက္ဟာလည္း တစ္သိန္းနီးပါးရွိလာၿပီလို႔ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံး REC က ထုတ္ျပန္ထားပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
ရသေ့တောင်တိုက်ပွဲအတွင်း ရွာသားခုနှစ်ဦး ပိတ်မိနေ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သောင်းဒြားကျေးရွာနေရာပြမြေပုံ
Photo: Google Map

စစ်ကြောင်းဝင်ရောက်လာတဲ့ ဒီဇင်ဘာ ၁၄ ရက်နေ့က သောင်းဒြားကျေးရွာ ဒေသခံ ၁၃၀၀ နီးပါးဟာ ချောင်း တဘက်မှာရှိတဲ့ အနီးအနား ရွာတွေကို ရွာလုံးကျွတ် ထွက်ပြေးခဲ့ကြရပါတယ်။

အသက် ၁၀၁ နှစ်အရွယ် ရှိကြတဲ့ ဒေါ်မမဖြူ၊ ဦးမောင်ညွှန့်ဦး၊ ၉၁ နှစ်အရွယ် ဦးမောင်သာဇံ၊  ၈၄ နှစ်အရွယ် ဒေါ်မေကျော့ဖြူနဲ့ ဒေါ်ခင်သန်းမောင်မိ၊ ၇၄ နှစ်အရွယ် ဒေါ်စောမြသိန်းနဲ့ လမ်းပြအဖြစ် ခေါ်ဆောင်ခံရသူ စိတ်ဝေဒနာသည် မောင်ကျော်ငြိမ်းထွန်း တို့ကတော့ ထွက်မပြေးနိုင်ဘဲ ရွာထဲမှာ  ပိတ်မိနေတယ်လို့ ရသေ့တောင် မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က RFA ကို ဒီကနေ့ ပြောပါတယ်။

“ ၁၄ ရက်နေ့မှာ အစိုးရစစ်ကြောင်း ရောက်လာတော့ ရွာသားတွေ ထွက်ပြေးကြတယ်။ လူ ၁၃၀၀ လောက်ပေါ့။ အဲဒီအထဲမှာ လူ ခြောက်ဦးက အဖိုးကြီးအဖွားကြီးတွေ အသက် ၁၀၀ ကျော် နှစ်ဦးပါတယ်။ သူတို့ပြေးလည်း မပြေးနိုင်ဘူး။ ရွာထဲမှာပိတ်ပြီးမိကျန်ခဲ့တာ။ နောက်လမ်းက ဖမ်းဆီးလာတဲ့ နွားကျောင်းသားလေး တစ်ယောက်၊  သူကလည်း စိတ်သိပ်မနှံ့ဘူး။ အဲဒီ ခုနှစ်ဦးက ရွာထဲမှာ ရှိတယ်။ ၁၄ ရက်နေ့ကတည်းက ဒီနေ့အထိပဲ"

ပိတ်မိနေတဲ့ သက်ကြီးရွယ်အိုတွေဟာ ဆောင်းရာသီအအေးဒဏ်ကြောင့် အန္တရာယ်ရှိနိုင်လို့ လူ့အခွင့်အရေး ကော်မရှင်နဲ့  လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဆီကို စာရေးပေးပို့ထားပြီး သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ မြို့နယ်အချင်းချင်း ချိတ်ဆက်ကယ်ထုတ်နိုင်ဖို့  ကြိုးစားနေတယ်လို့ ဦးခင်မောင်လတ် က ပြောပါတယ်။

လက်ရှိမှာ တပ်မတော်စစ်ကြောင်းက သောင်းဒြားကျေးရွှာထဲမှာ တပ်စွဲထားတယ်လို့ သိရပါတယ်။

တပ်မတော်သားတွေ တပ်စွဲထားတာကြောင့် ရွာထဲမှာ ဒေသခံတွေ ပိတ်မိသူတွေရှိနေတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို RFA က ဆက်သွယ်မေးမြန်း ရာမှာတော့

"ကျွန်တော်တို့တပ်တွေနဲ့ ဘာမှမဆိုင်ဘူး။ သူတို့ဟာသူတို့ လာခေါ်ချင်လာခေါ်။ သူတို့ဟာ သူတို့ သွားချင်သွားလို့ ရတယ်။ ကျွန်တော်တို့က မသွားပါနဲ့လို့လည်း  ပိတ်မထားဘူး။ လာပြီးမခေါ်ပါနဲ့လို့လည်း ကျွန်တော်တို့ ပိတ်မ ထားဘူး။ သူတို့ဟာသူတို့ သွားရဲတယ်ဆိုရင် သွား။ ကျွန်တော်တို့တပ်တွေကို အကူအညီ တောင်းမလား။ ရတယ်။ ကူညီပေးမယ်။ ဘာမှအနှောင့်အယှက်မပေးဘူး။ သူတို့စက်လှေနဲ့လာခေါ်မလား၊ လုံခြုံရေးတောင်လုပ်ပေး အုံးမယ်"                             

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထွက်ပြေးလာတဲ့ သောင်းဒြားကျေးရွာဒေသခံတစ်ဦးက တပ်မတော်စစ်ကြောင်း ဝင်ရောက်တာကြောင့် ရွာလုံးကျွတ်ထွက်ပြေးတာဟာ ဒါနဲ့ဆို နှစ်ကြိမ်ရှိပြီလို့ ဆိုပါတယ်။   ဒီဇင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းကဝင်လာတဲ့ အင်အားက တစ်ရာဝန်းကျင်လောက်ရှိတယ်လို့ သူက ဆိုပါတယ်။

“သူတို့ဝင်လာတဲ့နေ့လယ် တစ်နာရီခန့်က ဝင်လာတယ်။ ဝင်လာတဲ့အခါ ရွာကလူတွေက သတင်းရပြီးတော့ တစ်ရွာလုံး ထွက်ပြေးကြတယ်။ ဝင်လာပြီးတစ်နေ့လုံးပစ်တယ်။  သူတို့ဘာကို ပစ်တာလဲမသိဘူး။ သောင်းဒြား ရှေ့က တောင်တန်းတွေကို ပစ်တာ။ လက်ရှိ သောင်းဒြားမှာ အသက်ကြီးတဲ့သူ ခုနှစ်ယောက် ကျန်ခဲ့တယ်။ သူတို့က ဖုန်းမကိုင်တတ်ဘူး။ သူတို့ကို ဘယ်သူသွားခေါ်ရဲမလဲ။ ကျွန်တော်တို့လည်း ကြောက်လန့်ပြီး ထွက်ပြေးနေရတဲ့သူတွေကို"

တပ်မတော်စစ်ကြောင်း ဝင်လာတာနဲ့ ဒေသခံတွေကို ဖမ်းဆီး ခေါ်ယူစစ်ဆေးတာတွေကို လုပ်လေ့ရှိတဲ့အတွက် အခုလို ရွာလုံးကျွတ် ထွက်ပြေးကြရတာဖြစ်ပြီး ဒီလို အနိုင်ကျင့်မှုတွေကို မဖြစ်မနေ  အရေးယူရမယ်လို့ လူ့အခွင့်အရေးမြှင့်တင်သူများအဖွဲ့က ကိုအောင်ဇော်ဦးက ပြောပါတယ်။

“ပြည်တွင်း အိုးအိမ်စွန့်ပြီး ထွက်ခွာသွားတဲ့ ဒုက္ခသည်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေဖြစ်တယ်။ သူတို့ထွက်ပြေးတာက လက်နက်ကိုင်တွေ ဝင်လာပြီဆိုရင် စစ်ကြောင်းအရ မေးတာမြန်းတာ ရိုက်တာနှက် တာတွေက တိုင်းရင်းသားဒေသတွေမှာ အမြဲတမ်းရှိခဲ့တဲ့ သမိုင်းကြောင်းကရှိတယ်။ ဒီအတွက်ကြောင့် ဒါမျိုးကိုကြောက်လန့်ပြီး ထွက်ပြေးတာတွေရှိတယ်။ အထူးသဖြင့် မပြေးနိုင်တဲ့သက်ကြီးရွယ်အိုတွေက ကျန်ခဲ့တဲ့အတွက် အစိုးရမှာ တာဝန်ရှိတယ်။ ဖြစ်တဲ့နေရာမှာ ဒါတွေဖြစ်နေတယ်လို့ မပြောဘူးဆိုရင် ရှေ့လျောက်ပြီး ဒါတွေက အစိုင်အခဲ အသေးကနေအကြီးကြီး ဖြစ်လာနိုင်တယ်"

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့က ရခိုင်လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများအဖွဲ့ကလည်း ရခိုင်ပြည်နယ် အတွင်း တပ်မတော်က လူ့အခွင့်အရေးချိုးဖောက်နေတာတွေကို ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန် ခဲ့ပါတယ်။

ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပလက်၀ စတဲ့မြို့နယ် တွေမှာ   ကျုးလွန်နေတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

AA အဖွဲ့ကလည်း ဒေသခံတွေကို ဖမ်းဆီးခေါ်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေ မကြာခဏ ထွက်ပေါ်နေ ပါတယ်။  အမျိုးသားလွှတ်တော်ရဲ့ ချင်းပြည်နယ်မဲဆန္ဒနယ် အမှတ် ၁၁ က အမတ် ဦးဝှေ့တင်း၊ အာဏာရပါတီရဲ့ ဘူးသီးတောင်မြို့နယ် အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ အပါအဝင် အများအပြားကို AA က ဖမ်းဆီးထားပါတယ်။

ပြီးခဲ့တဲ့ နှစ်ဒီဇင်ဘာလကနေစပြီး တပ်မတော်နဲ့ အေအေအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင် အရေအတွက်ဟာလည်း တစ်သိန်းနီးပါးရှိလာပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC က ထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.rfa.org
ရေသ့ေတာင္တိုက္ပြဲအတြင္း ႐ြာသားခုႏွစ္ဦး ပိတ္မိေန ရေသ့ေတာင္တိုက္ပြဲအတြင္း ႐ြာသားခုႏွစ္ဦး ပိတ္မိေန Reviewed by THITHTOOLWIN on 23:21 Rating: 5
Powered by Blogger.