ျမန္မာ့လယ္ယာထြက္ကုန္ တန္ဖိုးျမင့္ေရး ဂ်ပန္ကူမည္

Farmers plant rice seedlings in a paddy field on the outskirts of Yangon
(Zawgyi)⤵⤵⤵
ျမန္မာႏုိင္ငံမွာ ကုန္ထုတ္စြမ္းအားျမႇင့္တင္ၿပီး ဆင္းရဲႏြမ္းပါးမႈပေပ်ာက္ေရးအတြက္ ရည္ရြယ္ၿပီး ဂ်ပန္ႏုိင္ငံက အေမရိကန္ေဒၚလာ ၃.၆ သန္းတန္ဖုိးရွိတဲ့ ဆည္ေျမာင္း စံနစ္ေကာင္းမြန္ဖုိ႔နဲ႔ စုိက္ပ်ဳိးေရးလုပ္ငန္းေတြ ေကာင္းမြန္စြာ စီမံခန္႔ခြဲႏုိင္ေရးဆုိင္ရာ စီမံကိန္းတခုကုိ လာမယ့္ ေမလမွာ စတင္ေတာ့မွာ ျဖစ္ပါတယ္။

စုိက္ပ်ဳိးလုပ္ငန္းေတြ ျမႇင့္တင္ေပးၿပီး ဆန္နဲ႔ တျခားလယ္ယာထြက္ကုန္ပစၥည္းေတြ ေစ်းကြက္အတြင္း တန္ဖုိးျမင့္ ေရာင္းခ်ႏုိင္ေရးအတြက္ ကူညီေပးမယ့္ စီမံကိန္းကုိေတာ့ ျမန္မာႏုိင္ငံမွာ စပါးစုိက္ပ်ဳိးမႈအမ်ားဆုံးေဒသတခုျဖစ္တဲ့ ေရႊဘုိခ႐ုိင္အတြင္းက ၿမိဳ႕နယ္ ၆ ၿမိဳ႕နယ္မွာ ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။

ဒီစီမံကိန္းအသစ္အတြက္ ဂ်ပန္ႏုိင္ငံတကာပူးေပါင္းေဆာင္ရြက္ေရး ေအဂ်င္စီ JICA နဲ႔ ျမန္မာအစုိးရတုိ႔ ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း ေနျပည္ေတာ္မွာ သေဘာတူ လက္မွတ္ေရး ထုိးခဲ့ၾကတာပါ။

ဒီသေဘာတူညီခ်က္က လယ္သမားေတြအတြက္ ေရအရင္းအျမစ္ ပုံမွန္ရရွိေရးနဲ႔ ေရနဲ႔ပတ္သက္တဲ့ စီမံခန္႔ခြဲမႈေတြ ေကာင္းမြန္တုိးတက္ေစေရး အပါအ၀င္ ျမန္မာႏုိင္ငံက လူႀကိဳက္မ်ားၿပီး အရည္အေသြးေကာင္းမြန္တဲ့ ေရႊဘုိ ေပၚဆန္းေမႊးဆန္ကေန ပုိၿပီး အျမတ္အစြန္း ရရွိႏုိင္ေအာင္ လုပ္ေဆာင္ေပးဖုိ႔လည္း JICA နဲ႔ ျမန္မာအစုိးရတုိ႔က ရည္ရြယ္ထားပါတယ္။

၂၀၂၀ ခုႏွစ္ ေမလကေန ၂၀၂၄ ခုႏွစ္ ႏုိ၀င္ဘာလအၾကား ေဆာင္ရြက္မယ့္ ဒီစီမံကိန္းဟာ လယ္သမားေတြ ၀င္ေငြ ပုိမုိရရွိေစေရးနဲ႔ စီမံခန္႔ခြဲမႈ တုိးတက္ ေကာင္းမြန္လာေစေရးတုိ႔အတြက္လည္း ရည္ရြယ္ပါတယ္။

ျမန္မာႏုိင္ငံရဲ႕ လူဦးေရ ၆၀% ဟာ လယ္ယာစုိက္ပ်ဳိးေရးလုပ္ငန္းနဲ႔ အသက္ေမြး၀မ္းေက်ာင္းၾကတာျဖစ္ၿပီး တျခား သစ္ေတာနဲ႔ ေရထြက္လုပ္ငန္း နယ္ပယ္မွာေတာ့ ၃၀% ေလာက္ လုပ္ကုိင္ၾကတယ္လုိ႔ GDP ျပည္တြင္း အသားတင္ ကုန္ထုတ္လုပ္မႈစြမ္းအား အညြန္းကိန္းမွာ ေဖာ္ျပထားပါတယ္။

ဒါေပမယ့္လည္း ျမန္မာႏုိင္ငံရဲ႕ လယ္ယာစုိက္ပ်ဳိးေရး လုပ္ငန္းနယ္ပယ္မွာ နည္းပညာ ဖြံြံ႔ၿဖိဳးတုိးတက္မႈ ေနာက္က်ေနေသးေတာေၾကာင့္ တဟက္တာကုိ စပါး ၅.၅၄ တန္ထြက္တဲ့ ဗီယက္နမ္၊ တဟက္တာကုိ စပါး ၅.၁၅ တန္တဲ့ ဘဂၤလားေဒ့ရွ္တုိ႔နဲ႔ ယွဥ္လုိက္ရင္ ျမန္မာႏုိင္ငံမွာေတာ့ တဟက္တာကုိ ၃.၅ တန္ဘဲ ထြက္တယ္လုိ႔ JICA အဖြဲ႔က ေျပာပါတယ္။

ေရႊဘုိခရုိင္အတြင္းမွာဘဲ ဆည္ေျမာင္းနဲ႔သက္ဆုိင္တဲ့ အေဆာက္အဦးေတြနဲ႔ တျခား လမ္းတံတားေတြ ျပင္ဆင္တဲ့ စီမံကိန္းေတြကုိ JICA က သီးျခား စီမံကိန္းတခုအေနနဲ႔ စတင္ အေကာင္အထည္ ေဖာ္ေနၿပီး ျဖစ္ပါတယ္။

Unicode

မြန်မာနိုင်ငံမှာ ကုန်ထုတ်စွမ်းအားမြှင့်တင်ပြီး ဆင်းရဲနွမ်းပါးမှုပပျောက်ရေးအတွက် ရည်ရွယ်ပြီး ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ ၃.၆ သန်းတန်ဖိုးရှိတဲ့ ဆည်မြောင်း စံနစ်ကောင်းမွန်ဖို့နဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရေးဆိုင်ရာ စီမံကိန်းတခုကို လာမယ့် မေလမှာ စတင်တော့မှာ ဖြစ်ပါတယ်။

စိုက်ပျိုးလုပ်ငန်းတွေ မြှင့်တင်ပေးပြီး ဆန်နဲ့ တခြားလယ်ယာထွက်ကုန်ပစ္စည်းတွေ ဈေးကွက်အတွင်း တန်ဖိုးမြင့် ရောင်းချနိုင်ရေးအတွက် ကူညီပေးမယ့် စီမံကိန်းကိုတော့ မြန်မာနိုင်ငံမှာ စပါးစိုက်ပျိုးမှုအများဆုံးဒေသတခုဖြစ်တဲ့ ရွှေဘိုခရိုင်အတွင်းက မြို့နယ် ၆ မြို့နယ်မှာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒီစီမံကိန်းအသစ်အတွက် ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA နဲ့ မြန်မာအစိုးရတို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း နေပြည်တော်မှာ သဘောတူ လက်မှတ်ရေး ထိုးခဲ့ကြတာပါ။

ဒီသဘောတူညီချက်က လယ်သမားတွေအတွက် ရေအရင်းအမြစ် ပုံမှန်ရရှိရေးနဲ့ ရေနဲ့ပတ်သက်တဲ့ စီမံခန့်ခွဲမှုတွေ ကောင်းမွန်တိုးတက်စေရေး အပါအဝင် မြန်မာနိုင်ငံက လူကြိုက်များပြီး အရည်အသွေးကောင်းမွန်တဲ့ ရွှေဘို ပေါ်ဆန်းမွှေးဆန်ကနေ ပိုပြီး အမြတ်အစွန်း ရရှိနိုင်အောင် လုပ်ဆောင်ပေးဖို့လည်း JICA နဲ့ မြန်မာအစိုးရတို့က ရည်ရွယ်ထားပါတယ်။

၂၀၂၀ ခုနှစ် မေလကနေ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအကြား ဆောင်ရွက်မယ့် ဒီစီမံကိန်းဟာ လယ်သမားတွေ ဝင်ငွေ ပိုမိုရရှိစေရေးနဲ့ စီမံခန့်ခွဲမှု တိုးတက် ကောင်းမွန်လာစေရေးတို့အတွက်လည်း ရည်ရွယ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေ ၆၀% ဟာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းကြတာဖြစ်ပြီး တခြား သစ်တောနဲ့ ရေထွက်လုပ်ငန်း နယ်ပယ်မှာတော့ ၃၀% လောက် လုပ်ကိုင်ကြတယ်လို့ GDP ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှုစွမ်းအား အညွန်းကိန်းမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့်လည်း မြန်မာနိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းနယ်ပယ်မှာ နည်းပညာ ဖွွံံ့ဖြိုးတိုးတက်မှု နောက်ကျနေသေးတောကြောင့် တဟက်တာကို စပါး ၅.၅၄ တန်ထွက်တဲ့ ဗီယက်နမ်၊ တဟက်တာကို စပါး ၅.၁၅ တန်တဲ့ ဘင်္ဂလားဒေ့ရှ်တို့နဲ့ ယှဉ်လိုက်ရင် မြန်မာနိုင်ငံမှာတော့ တဟက်တာကို ၃.၅ တန်ဘဲ ထွက်တယ်လို့ JICA အဖွဲ့က ပြောပါတယ်။

ရွှေဘိုခရိုင်အတွင်းမှာဘဲ ဆည်မြောင်းနဲ့သက်ဆိုင်တဲ့ အဆောက်အဦးတွေနဲ့ တခြား လမ်းတံတားတွေ ပြင်ဆင်တဲ့ စီမံကိန်းတွေကို JICA က သီးခြား စီမံကိန်းတခုအနေနဲ့ စတင် အကောင်အထည် ဖော်နေပြီး ဖြစ်ပါတယ်။

VOA Burmese
https://burmese.voanews.com
ျမန္မာ့လယ္ယာထြက္ကုန္ တန္ဖိုးျမင့္ေရး ဂ်ပန္ကူမည္ ျမန္မာ့လယ္ယာထြက္ကုန္ တန္ဖိုးျမင့္ေရး ဂ်ပန္ကူမည္ Reviewed by THITHTOOLWIN on 22:48 Rating: 5
Powered by Blogger.