ကြာျးဖတ်အေရးပေါ်အစီအစဉ် လိုအပ်ကြောင်း ဂမ္ဘီယာ လွော်က္လဲ


(Zawgyi/Unicode)

ရိုဟင္ဂ်ာတြေအေပါ် လူမိုးတုံး သတ်ျဖတ္မှု စြပ္စဲခ်ြက္နျဲ့မန္မာနိုင်ငံအေပါ် တရားစဲဆြိုထားတဲ့ ICJ နိုင်ငံတကာ တရားရုံးမွာ ဒီကေန့ တတိယေန့နဲ့ နောက္ဆုံးနေ့အျဖစ် ၂ ဘက်အျပန်အလွန် လွော်က္လဲခ်က်တြေ တင်သြင်းနေကြပါတယ်။

ICJ မွာ တရားလိုလုပ် တရားစဲဆြိုခဲ့တဲ့ ဂမ္ဘီယာနိုင်ငံက ဥပေဒ အကိုးဆောင်တြေကေတာ့ ရိုဟင္ဂ်ာတြေအေပါ် ကြီးလေးတဲ့ ရာဇ၀တ္မှုတြေ က်ုးလြန္ခဲ့ကြောင်းနဲ့ ဒါကိုလည်း ခုခံခ်ေပမယ့်ျမန္မာဘက္က ကိုယ္စားလွယ်အဖြဲ့ကို ဦးဆောင္လာတဲ့ နိုင်ငံတော် အတိုင္ပင္ခံပုဂ္ဂိုလ် ဒေါ်အောင္ဆန်းစုကြည္က မေန့တုန်းက လွော်က္လဲခ်က်ပေးရာမျွာငင်းဆန္ခဲ့တာ မရွိကြောင်းလည်းျေပာဆိုခဲ့တာပါ။

ျမန္မာနိုင်ငံမွာ ရိုဟင္ဂ်ာတြေအေပါ် လူမိုးတုံး သတ်ျဖတ္ဖို့ ရည်ရြယ္ခ်က် ရွိခဲ့ကြောင်းလည်း အေလးထား ထပ္မံျေပာဆိုခဲ့သလို၊ အျေခအေနေတြကို ဟန့်တားနိုင္ဖို့ အေရးပေါ် အစီအမံတြေ လိုအပ်ကြောင်းလည်း လွော်က္လဲခဲ့ကြပါတယ်။

ရခိုင်ျပည္နယ္မျွာဖစ္ပြားခဲ့တဲ့ လူ့အခြင့်အေရး ခိုးဖောက္မှု စြပ္စဲခ်ြက်တြေဟာ လူမိုးတုံး သတ်ျဖတ္မှု မျေမာက်ကြောင်း မေန့တုန်းကပဲ ICJ မွာ လွော်က္လဲခ်က်ပေးခဲ့တဲ့ နိုင်ငံတော် အတိုင္ပင္ခံပုဂ္ဂိုလ် ဒေါ်အောင္ဆန်းစုကြည္ကလည်း ဒီကေန့ ကြားနာပြဲ အဆုံးမသတ္ခင္မွာ စြပ္စဲခ်ြက်တြေကို ခ်ေပလိမ့်မယ္လို့လည်း ခန့်မွန်းရပါတယ်။

၂၀၁၇ ခုနွစ္တုန်းက ရခိုင်ျပည္နယ်ျေမာက္ပိုင်းမွာရွိတဲ့ ရဲကင်းစခန်းတြေကို ARSA ရိုဟင္ဂ်ာ အစြန်းရောက်အဖြဲ့က စီးနင်းတိုက္ခိုက္တာကျိုမန္မာစစ္တပ္က တုံျ့ပန်ရာမွာ ရိုဟင္ဂ်ာမြတ္ဆလင် အမ်ားအျပား သေဆုံးပြီး အိမ္နီးခ်င်း ဘဂင်္လားဒေ့ရ္နွိုင်ငံကို သိန်းနဲ့ခ်ီ ထြက်ျေပးခဲ့ကြရတဲ့အေပါ် တာဝန်ရွိသူတြေကို ဖ္ထောုတ် အေရးယူဖို့ ကုလသမဂ္ဂ တာဝန်ရွိသူတြေ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းနဲ့ လူ့အခြင့်အေရး လှုပ်ရွားသူတြေက တိုက္တြန်းခဲ့ကြသလို အခုနောက္ဆုံး ICJ အပါအ၀င် နိုင်ငံတကာ တရားရုံးတြေမွာ အေရးယူနိုင္ဖို့အထိ ကြိုးပမ်းလာကြတာပါ။

ရိုဟင္ဂ်ာဆိုတဲ့ အသုံးအနှုန်းကို လက္မခံတျဲ့မန္မာအစိုးရကေတာ့ လူ့အခြင့်အေရး ခိုးဖောက္မှု စြပ္စဲခ်ြက်တြေနဲ့ ပတ်သက္လို့ စုံစမ်းဖ္ထောုတ္ခဲ့တာတြေ၊ ဖ္ထောုတ္ဖို့ ကြိုးစားနေတာတြေ ရွိနေပြီး အေရးယူခဲ့တာတြေ ရွိခဲ့ကြောင်းလည်းျေပာဆိုထားတာပါ။

[Unicode Version]

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတဲ့ ICJ နိုင်ငံတကာ တရားရုံးမှာ ဒီကနေ့ တတိယနေ့နဲ့ နောက်ဆုံးနေ့အဖြစ် ၂ ဘက်အပြန်အလှန် လျှောက်လဲချက်တွေ တင်သွင်းနေကြပါတယ်။

ICJ မှာ တရားလိုလုပ် တရားစွဲဆိုခဲ့တဲ့ ဂမ်ဘီယာနိုင်ငံက ဥပဒေ အကျိုးဆောင်တွေကတော့ ရိုဟင်ဂျာတွေအပေါ် ကြီးလေးတဲ့ ရာဇဝတ်မှုတွေ ကျုးလွန်ခဲ့ကြောင်းနဲ့ ဒါကိုလည်း ခုခံချေပမယ့် မြန်မာဘက်က ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လာတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့တုန်းက လျှောက်လဲချက်ပေးရာမှာ ငြင်းဆန်ခဲ့တာ မရှိကြောင်းလည်း ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်ဖို့ ရည်ရွယ်ချက် ရှိခဲ့ကြောင်းလည်း အလေးထား ထပ်မံပြောဆိုခဲ့သလို၊ အခြေအနေတွေကို ဟန့်တားနိုင်ဖို့ အရေးပေါ် အစီအမံတွေ လိုအပ်ကြောင်းလည်း လျှောက်လဲခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေဟာ လူမျိုးတုံး သတ်ဖြတ်မှု မမြောက်ကြောင်း မနေ့တုန်းကပဲ ICJ မှာ လျှောက်လဲချက်ပေးခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီကနေ့ ကြားနာပွဲ အဆုံးမသတ်ခင်မှာ စွပ်စွဲချက်တွေကို ချေပလိမ့်မယ်လို့လည်း ခန့်မှန်းရပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းတွေကို ARSA ရိုဟင်ဂျာ အစွန်းရောက်အဖွဲ့က စီးနင်းတိုက်ခိုက်တာကို မြန်မာစစ်တပ်က တုံ့ပြန်ရာမှာ ရိုဟင်ဂျာမွတ်ဆလင် အများအပြား သေဆုံးပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သိန်းနဲ့ချီ ထွက်ပြေးခဲ့ကြရတဲ့အပေါ် တာဝန်ရှိသူတွေကို ဖော်ထုတ် အရေးယူဖို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက တိုက်တွန်းခဲ့ကြသလို အခုနောက်ဆုံး ICJ အပါအဝင် နိုင်ငံတကာ တရားရုံးတွေမှာ အရေးယူနိုင်ဖို့အထိ ကြိုးပမ်းလာကြတာပါ။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ စုံစမ်းဖော်ထုတ်ခဲ့တာတွေ၊ ဖော်ထုတ်ဖို့ ကြိုးစားနေတာတွေ ရှိနေပြီး အရေးယူခဲ့တာတွေ ရှိခဲ့ကြောင်းလည်း ပြောဆိုထားတာပါ။

VOA Burmese
https://burmese.voanews.com
ကြာျးဖတ်အေရးပေါ်အစီအစဉ် လိုအပ်ကြောင်း ဂမ္ဘီယာ လွော်က္လဲ ကြာျးဖတ်အေရးပေါ်အစီအစဉ် လိုအပ်ကြောင်း ဂမ္ဘီယာ လွော်က္လဲ Reviewed by THITHTOOLWIN on 21:00 Rating: 5
Powered by Blogger.