အိုမင္းရင့္ေရာ္ျခင္းကို ျမန္ေစတဲ့ အစားအစာ (၇)မ်ိဳး

(Zawgyi)⤵⤵⤵
ဇရာဆိုတာ လူသားတိုင္း တစ္ေန႔မဟုတ္တစ္ေန႔ ႀကဳံေတြ႕ရမယ့္ ေလာကဓမၼတာ ျဖစ္စဥ္ပါပဲ။ အသက္ႀကီးလာလို႔ အိုမင္းရင့္ေရာ္တဲ့ လကၡဏာေတြ ျပလာတာ ကိစၥမရွိေပမဲ့ ငယ္ငယ္ေလးနဲ႔ လူက ၾကည့္လိုက္တာ အိုေနသလိုျဖစ္ေနရင္ေတာ့ ေတာ္ေတာ္ေလးကို ၾကည့္ရဆိုးေစႏိုင္တာေပါ့။ ကိုယ့္ရဲ႕ ေနထိုင္မႈပုံစံ၊ စားေသာက္တဲ့ အစာအာဟာရေတြေၾကာင့္လည္း အိုမင္းရင့္ေရာ္မႈကို ေႏွးေကြးေစႏိုင္သလို ျမန္ေစႏိုင္တာမ်ိဳးေတြလည္း ရွိပါတယ္။ ဒါဆို ဘယ္လိုအစားအစာေတြကို သင့္ကို အခ်ိန္တိုအတြင္း အိုမင္းေစႏိုင္သလဲဆိုတာ ေျပာျပေပးမယ္ေနာ္။

၁။ အာလူးေၾကာ္

ကေလး၊ လူငယ္၊ လူႀကီးမေ႐ြး ႀကိဳက္ၾကတဲ့ အစားအစာပါ။ ဆီမ်ားမ်ားနဲ႔ ဟင္းခတ္မႈန္႔၊ ဆားေတြနယ္ၿပီး ေၾကာ္ေလွာ္ထားတာဆိုေတာ့ အရသာကလည္း ရွယ္ပဲေပါ့။ ကိုယ္ကေတာ့ အာလူးေၾကာ္ကို ႀကိဳက္ေပမဲ့ ကိုယ့္ခႏၶာကိုယ္ကေတာ့ မႀကိဳက္ပါဘူးေနာ္။ အထူးသျဖင့္ အာလူးေၾကာ္ေတြက အခ်ိန္အၾကာႀကီး မီးျပင္းျပင္း၊ ဆီမ်ားမ်ားနဲ႔ ေၾကာ္ထားတဲ့အတြက္ အေရျပားဆဲလ္ေတြကို ပ်က္စီးေစၿပီး အေရးအေၾကာင္းေတြကို ထင္ေစတယ္။ အသားအေရကို ေရဓာတ္ခမ္းေျခာက္ေစလို႔ အာလူးေၾကာ္ကို အၿမဲစားေနမယ္ဆိုရင္ေတာ့ အသားအေရက မြဲေျခာက္ေျခာက္ႀကီး ျဖစ္လာမယ္၊ အ႐ြယ္မတိုင္ခင္ ပါးေရ၊ နဖူးေရတြ တြန္႔ၿပီး ၾကည့္ရဆိုးႏိုင္တယ္ေနာ္။

၂။ ေပါင္မုန္႔ျဖဴ

ကစီဓာတ္နဲ႔ ပ႐ိုတင္းအျပင္ အမွ်င္ဓာတ္ ပါဝင္လို႔ က်န္းမာေရးအတြက္ ေကာင္းတဲ့ အစားအအစာလို႔ ထင္ရေပမဲ့ တကယ္ေတာ့ မဟုတ္ပါဘူး။ ေရရွည္စားသုံးမယ္ဆိုရင္ အိုမင္းရင့္ေရာ္တဲ့ ျဖစ္စဥ္ကို ျမန္ေစတဲ့အျပင္ ကိုယ္ခႏၶာတြင္းမွာ တျခားေရာဂါေတြ ျဖစ္လာႏိုင္ေျခကိုလည္း ျမင့္တက္ေစပါတယ္။ ဒါေၾကာင့္ ေပါင္မုန္႔အျဖဴအစား ဂ်ဳံၾကမ္းေပါင္မုန္႔၊ ေပါင္မုန္႔ညိဳေတြကို စားေပးတာ ပိုေကာင္းပါတယ္။

၃။ သၾကားျဖဴ

အခ်ိဳဓာတ္က က်န္းမာေရးအတြက္သာမက အေရျပားအလွအပအတြက္ပါ ေကာင္းက်ိဳးမျဖစ္ ေစပါဘူးေနာ္။ ေသြးတြင္း သၾကားဓာတ္ေတြ မ်ားလာတာနဲ႔အမွ် အဝလြန္လာမယ္၊ အသားအေရကို ျဖဴစင္ဝင္းပေစတဲ့ ေကာ္လဂ်င္ေဟာ္မုန္းေတြ နည္းလာမယ္၊ အေရးအေၾကာင္းေတြကိုလည္း ျဖစ္ေစၿပီး လူကို အိုမင္းရင့္ေရာ္ေစပါတယ္။

၄။ ေထာပတ္

အခ်ိဳအဆိမ့္လြန္ကဲတဲ့ ေဈးကြက္ထဲက အသင့္စား ေထာပတ္ေတြဟာ အေရျပားကို ထိခိုက္ပ်က္စီးေစၿပီး မသန္႔ရွင္းတဲ့ ဆီေတြနဲ႔ ျပဳလုပ္ထားတာျဖစ္တဲ့အတြက္ က်န္းမာေရးကိုလည္း ထိခိုက္ေစႏိုင္ပါတယ္။ ဒါ့အျပင္ ေထာပတ္ကို အၿမဲစားသူေတြမွာ ေနေရာင္မွာ ပါဝင္တဲ့ ခရမ္းလြန္ေရာင္ျခည္ဒဏ္ကို ပိုမိုခံစားဖို႔ လြယ္ကူေစႏိုင္ပါတယ္။

၅။ တာရွည္ခံအစားအစာ

လူငယ္ေတြ သိပ္ႀကိဳက္တဲ့ အစားအစာေတြထဲမွာ တာရွည္ခံေအာင္ ျပဳျပင္စီမံထားတဲ့ ၾကက္အူေခ်ာင္း၊ ေခါက္ဆြဲေျခာက္၊ အသားျပား အစရွိတာေတြ ပါဝင္ေနပါတယ္။ ဒီလိုအစားအစာေတြက အသားအေရကို ေရဓါတ္ခမ္းေျခာက္ေစတယ္။ ေကာ္လဂ်င္ေဟာ္မုန္း ထုတ္လုပ္ႏိုင္စြမ္း နည္းေစၿပီး အသားအေရကို နီျမန္းေရာင္ရမ္းေစတယ္။ ကိုယ္ခႏၶာအတြက္ လိုအပ္တဲ့ အစာအာဟာရေတြ စားေနရမယ့္ အခ်ိန္မွာ ဒီလို တာရွည္ခံ အက်ိဳးမျဖစ္တဲ့ အစားအစာေတြ ပိုစားမိရင္ ကိုယ္ခႏၶါ ႀကီးထြားဖြံ႕ၿဖိဳးမႈကိုလည္း ထိခိုက္ေစႏိုင္ပါတယ္။

၆။ ေကာ္ဖီ၊ ဆိုဒါအေအး

ကဖင္းဓာတ္၊ အခ်ိဳဓာတ္ ပါဝင္မႈမ်ားတဲ့ ေဖ်ာ္ရည္ေတြက ဦးေႏွာက္ကို ႏိုးၾကားတက္ႂကြေစၿပီး ညဘက္ေကာင္းစြာ အိပ္စက္ႏိုင္မႈကို အေႏွာင့္အယွက္ျဖစ္ေစပါတယ္။ အိပ္မေပ်ာ္တဲ့ညေတြ မ်ားလာတာနဲ႔ အေရျပားက သိသိသာသာ အိုမင္းရင့္ေရာ္လာတာကို ေတြ႕ရမွာပါ။ ဒါ့အျပင္ ပန္ဒါမ်က္လုံးေလးလို႔ ခ်စ္စႏိုးေခၚၾကတဲ့ မ်က္လုံးေအာက္မွာ မ်က္ကြင္းညိဳၿပီး အေရးအေၾကာင္းေတြ ထင္လာႏိုင္တယ္ေနာ္။

၇။ အရက္

အရက္က ကိုယ္ခႏၶာနဲ႔ က်န္းမာေရးအတြက္ အႏၲရာယ္ျဖစ္ေစတဲ့ အရာေတြထဲက တစ္ခုပါ။ အေရျပားအလွအပအတြက္ ၾကည့္မယ္ဆိုရင္လည္း အရက္ကို ေန႔စဥ္ေသာက္ေနတဲ့သူေတြဟာ မ်က္ႏွာေဖာင္းႂကြႂကြ ျဖစ္ေနတာ၊ အသားအေရာင္မွိန္လာတာ၊ အေရးအေၾကာင္းေတြ ထလာတာ၊ ေရဓါတ္ခမ္းေျခာက္မႈေၾကာင့္ အသားေျခာက္ကပ္ကပ္ ျဖစ္ၿပီး ညဘက္မွာ ေကာင္းစြာ အိပ္စက္ႏိုင္မႈကိုလည္း အေႏွာင့္အယွက္ျဖစ္ေစႏိုင္ပါတယ္။

ေရးသားသူ Ye Myo Myat
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
--------------
(Unicode)⤵⤵⤵
အိုမင်းရင့်ရော်ခြင်းကို မြန်စေတဲ့ အစားအစာ (၇)မျိုး

ဇရာဆိုတာ လူသားတိုင်း တစ်နေ့မဟုတ်တစ်နေ့ ကြုံတွေ့ရမယ့် လောကဓမ္မတာ ဖြစ်စဉ်ပါပဲ။ အသက်ကြီးလာလို့ အိုမင်းရင့်ရော်တဲ့ လက္ခဏာတွေ ပြလာတာ ကိစ္စမရှိပေမဲ့ ငယ်ငယ်လေးနဲ့ လူက ကြည့်လိုက်တာ အိုနေသလိုဖြစ်နေရင်တော့ တော်တော်လေးကို ကြည့်ရဆိုးစေနိုင်တာပေါ့။ ကိုယ့်ရဲ့ နေထိုင်မှုပုံစံ၊ စားသောက်တဲ့ အစာအာဟာရတွေကြောင့်လည်း အိုမင်းရင့်ရော်မှုကို နှေးကွေးစေနိုင်သလို မြန်စေနိုင်တာမျိုးတွေလည်း ရှိပါတယ်။ ဒါဆို ဘယ်လိုအစားအစာတွေကို သင့်ကို အချိန်တိုအတွင်း အိုမင်းစေနိုင်သလဲဆိုတာ ပြောပြပေးမယ်နော်။

၁။ အာလူးကြော်

ကလေး၊ လူငယ်၊ လူကြီးမရွေး ကြိုက်ကြတဲ့ အစားအစာပါ။ ဆီများများနဲ့ ဟင်းခတ်မှုန့်၊ ဆားတွေနယ်ပြီး ကြော်လှော်ထားတာဆိုတော့ အရသာကလည်း ရှယ်ပဲပေါ့။ ကိုယ်ကတော့ အာလူးကြော်ကို ကြိုက်ပေမဲ့ ကိုယ့်ခန္ဓာကိုယ်ကတော့ မကြိုက်ပါဘူးနော်။ အထူးသဖြင့် အာလူးကြော်တွေက အချိန်အကြာကြီး မီးပြင်းပြင်း၊ ဆီများများနဲ့ ကြော်ထားတဲ့အတွက် အရေပြားဆဲလ်တွေကို ပျက်စီးစေပြီး အရေးအကြောင်းတွေကို ထင်စေတယ်။ အသားအရေကို ရေဓာတ်ခမ်းခြောက်စေလို့ အာလူးကြော်ကို အမြဲစားနေမယ်ဆိုရင်တော့ အသားအရေက မွဲခြောက်ခြောက်ကြီး ဖြစ်လာမယ်၊ အရွယ်မတိုင်ခင် ပါးရေ၊ နဖူးရေတွ တွန့်ပြီး ကြည့်ရဆိုးနိုင်တယ်နော်။

၂။ ပေါင်မုန့်ဖြူ

ကစီဓာတ်နဲ့ ပရိုတင်းအပြင် အမျှင်ဓာတ် ပါဝင်လို့ ကျန်းမာရေးအတွက် ကောင်းတဲ့ အစားအအစာလို့ ထင်ရပေမဲ့ တကယ်တော့ မဟုတ်ပါဘူး။ ရေရှည်စားသုံးမယ်ဆိုရင် အိုမင်းရင့်ရော်တဲ့ ဖြစ်စဉ်ကို မြန်စေတဲ့အပြင် ကိုယ်ခန္ဓာတွင်းမှာ တခြားရောဂါတွေ ဖြစ်လာနိုင်ခြေကိုလည်း မြင့်တက်စေပါတယ်။ ဒါကြောင့် ပေါင်မုန့်အဖြူအစား ဂျုံကြမ်းပေါင်မုန့်၊ ပေါင်မုန့်ညိုတွေကို စားပေးတာ ပိုကောင်းပါတယ်။

၃။ သကြားဖြူ

အချိုဓာတ်က ကျန်းမာရေးအတွက်သာမက အရေပြားအလှအပအတွက်ပါ ကောင်းကျိုးမဖြစ် စေပါဘူးနော်။ သွေးတွင်း သကြားဓာတ်တွေ များလာတာနဲ့အမျှ အဝလွန်လာမယ်၊ အသားအရေကို ဖြူစင်ဝင်းပစေတဲ့ ကော်လဂျင်ဟော်မုန်းတွေ နည်းလာမယ်၊ အရေးအကြောင်းတွေကိုလည်း ဖြစ်စေပြီး လူကို အိုမင်းရင့်ရော်စေပါတယ်။

၄။ ထောပတ်

အချိုအဆိမ့်လွန်ကဲတဲ့ ဈေးကွက်ထဲက အသင့်စား ထောပတ်တွေဟာ အရေပြားကို ထိခိုက်ပျက်စီးစေပြီး မသန့်ရှင်းတဲ့ ဆီတွေနဲ့ ပြုလုပ်ထားတာဖြစ်တဲ့အတွက် ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် ထောပတ်ကို အမြဲစားသူတွေမှာ နေရောင်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ပိုမိုခံစားဖို့ လွယ်ကူစေနိုင်ပါတယ်။

၅။ တာရှည်ခံအစားအစာ

လူငယ်တွေ သိပ်ကြိုက်တဲ့ အစားအစာတွေထဲမှာ တာရှည်ခံအောင် ပြုပြင်စီမံထားတဲ့ ကြက်အူချောင်း၊ ခေါက်ဆွဲခြောက်၊ အသားပြား အစရှိတာတွေ ပါဝင်နေပါတယ်။ ဒီလိုအစားအစာတွေက အသားအရေကို ရေဓါတ်ခမ်းခြောက်စေတယ်။ ကော်လဂျင်ဟော်မုန်း ထုတ်လုပ်နိုင်စွမ်း နည်းစေပြီး အသားအရေကို နီမြန်းရောင်ရမ်းစေတယ်။ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ အစာအာဟာရတွေ စားနေရမယ့် အချိန်မှာ ဒီလို တာရှည်ခံ အကျိုးမဖြစ်တဲ့ အစားအစာတွေ ပိုစားမိရင် ကိုယ်ခန္ဓါ ကြီးထွားဖွံ့ဖြိုးမှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။

၆။ ကော်ဖီ၊ ဆိုဒါအအေး

ကဖင်းဓာတ်၊ အချိုဓာတ် ပါဝင်မှုများတဲ့ ဖျော်ရည်တွေက ဦးနှောက်ကို နိုးကြားတက်ကြွစေပြီး ညဘက်ကောင်းစွာ အိပ်စက်နိုင်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အိပ်မပျော်တဲ့ညတွေ များလာတာနဲ့ အရေပြားက သိသိသာသာ အိုမင်းရင့်ရော်လာတာကို တွေ့ရမှာပါ။ ဒါ့အပြင် ပန်ဒါမျက်လုံးလေးလို့ ချစ်စနိုးခေါ်ကြတဲ့ မျက်လုံးအောက်မှာ မျက်ကွင်းညိုပြီး အရေးအကြောင်းတွေ ထင်လာနိုင်တယ်နော်။

၇။ အရက်

အရက်က ကိုယ်ခန္ဓာနဲ့ ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေတဲ့ အရာတွေထဲက တစ်ခုပါ။ အရေပြားအလှအပအတွက် ကြည့်မယ်ဆိုရင်လည်း အရက်ကို နေ့စဉ်သောက်နေတဲ့သူတွေဟာ မျက်နှာဖောင်းကြွကြွ ဖြစ်နေတာ၊ အသားအရောင်မှိန်လာတာ၊ အရေးအကြောင်းတွေ ထလာတာ၊ ရေဓါတ်ခမ်းခြောက်မှုကြောင့် အသားခြောက်ကပ်ကပ် ဖြစ်ပြီး ညဘက်မှာ ကောင်းစွာ အိပ်စက်နိုင်မှုကိုလည်း အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
အိုမင္းရင့္ေရာ္ျခင္းကို ျမန္ေစတဲ့ အစားအစာ (၇)မ်ိဳး အိုမင္းရင့္ေရာ္ျခင္းကို ျမန္ေစတဲ့ အစားအစာ (၇)မ်ိဳး Reviewed by THITHTOOLWIN on 21:22 Rating: 5
Powered by Blogger.