အီရတ္ဆႏၵျပပဲြေတြေၾကာင့္ အေမရိကန္သံအမတ္ႀကီး ေဘးလြတ္ရာတိမ္းေရွာင္

အီရတ္ႏုိင္ငံ ဘဂၢဒတ္ၿမိဳ ႔ အေမရိကန္သံ႐ုံး၀င္းမွာ ဆႏၵျပေနသူမ်ား (ဒီဇင္ဘာ၊ ၃၁၊ ၂၀၁၉)

(Zawgyi/Unicode)

အီရတ္ႏုိင္ငံက ဘဂၢဒတ္ၿမိဳ ႔က အေမရိကန္သံ႐ုံးအျပင္ဘက္ ၿခံ၀င္းကို ခ်ိဳးဖ်က္ ၀င္ေရာက္ဖို႔ ႀကိဳးစားၾကတဲ့ ဆႏၵျပသူေတြကို သံ႐ုံးလုံၿခဳံေရး၀န္ထမ္းေတြက ဒီကေန႔ မ်က္ရည္ယိုဗုံးေတြ သုံးၿပီး ႏွိမ္ႏွင္းခဲ့ပါတယ္။

အီရန္ႏုိင္ငံက ေက်ာေထာက္ေနာက္ခံေပးထားတဲ့ အီရတ္နဲ႔ ဆီးရီးယားႏိုင္ငံထဲက အရပ္ဘက္ တုိက္ခိုက္ေရးသမားေတြရဲ ႔ အေျခစိုက္စခန္းေတြကို အေမရိကန္က တနဂၤေႏြေန႔မွာ ေလေၾကာင္းထိုးစစ္ဆင္ခဲ့တဲ့အေပၚ ရႈတ္ခ်တဲ့အေနနဲ႔ ေထာင္နဲ႔ခ်ီတဲ့ ဆန္႔က်င္ဆႏၵျပတဲ့သူေတြက အေမရိကန္သံ႐ုံး အဓိက ၀င္ေပါက္ႀကီးေရွ ႔မွာ ၿပီးခဲ့တဲ့ အဂၤါေန႔ကစၿပီး ဆန္႔က်င္ကန္႔ကြက္ေနၾကတာ ျဖစ္ပါတယ္။

ဆႏၵျပသူတခ်ိဳ ႔က သံရုံးကို ေက်ာက္ခဲေတြနဲ႔ ပစ္ေပါက္ခဲ့သလို မီးရိႈ ႔ဖို႔လည္း ႀကိဳးစားခဲ့တာျဖစ္ပါတယ္။ အေမရိကန္ကေတာ့ သူ႔လုပ္ရပ္အေပၚ ခုခံေျပာဆိုခဲ့ၿပီး တိုက္ခိုက္မႈေတြ ထပ္ၿပီး လုပ္ေကာင္းလုပ္မယ္လို႔ ၿခိမ္းေျခာက္ေျပာဆိုခဲ့တာပါ။

အေမရိကန္သံ႐ုံးထဲကို ဆႏၵျပသူေတြ ၀င္ေရာက္ဖို႔ ႀကိဳးစားခဲ့တဲ့အေပၚ အီရန္ႏုိင္ငံကို သမၼတ Trump က ျပစ္တင္ေျပာဆိုပါတယ္။

အီရန္ရဲ့ လက္ခ်က္ေၾကာင့္ အေမရိကန္ contractor ၀န္ထမ္းကို ေသဆုံးရသလို လူအေတာ္မ်ားမ်ားလည္း ဒဏ္ရာရခဲ့တဲ့အတြက္ ခုလို အျပင္းအထန္ တံု႔ျပန္တာျဖစ္ၿပီး ဆက္ၿပီးတုိက္ခိုက္သြားမယ္လို႔ သမၼတ Trump ကေျပာပါတယ္။ တခါ အီရတ္က အေမရိကန္သံ႐ုံးကို တုိက္ခိုက္ဖို႔ အကြက္ခ်စီစဥ္ေနတဲ့ အီရန္အေနနဲ႔ အျပည့္အ၀ တာ၀န္ယူရလိမ့္မယ္လို႔ သမၼတ Trump ကတြစ္စတာ လူမႈကြန္ယက္စာမ်က္ႏွာမွာ ဒီကေန႔ပဲ ေရးသားခဲ့တာပါ။

အေမရိကန္သံ႐ုံးကို အီရတ္ရဲ ႔တပ္ဖြဲ႔ေတြ အကာအကြယ္ေပးဖို႔အေၾကာင္း ၾကားထားတယ္လို႔လည္း သမၼတ Trump က တြစ္တာမွာ ေရးသားထားပါတယ္။ အီရတ္နဲ႔ ဆီးရီးယားႏုိင္ငံအေရွ႕ပုိင္းေဒသေတြမွာ ရွိေနတဲ့ Kataeb Hezbollah အဖြဲ႔ရဲ႕ လက္နက္သုိေလွာင္႐ုံေတြနဲ႔ ကြပ္ကဲေရးစခန္းေတြကုိ အေမရိကန္က ေလေၾကာင္းကေန ၿပီးခဲ့တဲ့ တနဂၤေႏြေန႔မွာ ထိုးစစ္ဆင္တုိက္ခုိက္ခဲ့တာေၾကာင့္ အနည္းဆုံး လူ ၂၅ ဦး ေသဆုံးခဲ့ၿပီး ဒါဇင္နဲ႔ခ်ီ ဒဏ္ရာရခဲ့တာျဖစ္ပါတယ္။

အေမရိကန္ရဲ ႔ တုိက္ခိုက္မႈဟာ လက္ခံႏုိင္စရာ မ႐ွိဘူးလို႔ အီရတ္ ၀န္ႀကီးခ်ဳပ္ Adel Abdul Mahdi က တနလၤာေန႔က ျပစ္တင္ရႈတ္ခ်ခဲ့သလို ဒီလုပ္ရပ္အတြက္ အႏၱရာယ္ရွိတဲ့ အက်ိဳးဆက္ေတြနဲ႔ ရင္ဆုိင္ရလိမ့္မယ္လို႔ ေၾကျငာခ်က္ထုတ္ၿပီး သတိေပးခဲ့ပါတယ္။

[Unicode Version]

အီရတ်ဆန္ဒပြပွဲတွေကြောင့် အမေရိကန်သံအမတ်ကြီး ဘေးလွတ်ရာတိမ်းရှောင်

အီရတ်နိုင်ငံက ဘဂ္ဂဒတ်မြို့က အမေရိကန်သံရုံးအပြင်ဘက် ခြံဝင်းကို ချိုးဖျက်ဝင်ရောက်ဖို့ ကြိုးစားကြတဲ့ ဆန္ဒပြသူတွေကို သံရုံးလုံခြုံရေးဝန်ထမ်းတွေက ဒီကနေ့ မျက်ရည်ယိုဗုံးတွေ သုံးပြီး နှိမ်နှင်းခဲ့ပါတယ်။

အီရန်နိုင်ငံက ကျောထောက်နောက်ခံပေးထားတဲ့ အီရတ်နဲ့ ဆီးရီးယားနိုင်ငံထဲက အရပ်ဘက် တိုက်ခိုက်ရေးသမားတွေရဲ့ အခြေစိုက်စခန်းတွေကို အမေရိကန်က တနင်္ဂနွေနေ့မှာ လေကြောင်းထိုးစစ်ဆင်ခဲ့တဲ့အပေါ် ရှုတ်ချတဲ့အနေနဲ့ ထောင်နဲ့ချီတဲ့ ဆန့်ကျင်ဆန္ဒပြတဲ့သူတွေက အမေရိကန်သံရုံး အဓိက ဝင်ပေါက်ကြီးရှေ့မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့ကစပြီး ဆန့်ကျင်ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။

ဆန္ဒပြသူတချို့က သံရုံးကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့သလို မီးရှို့ဖို့လည်း ကြိုးစားခဲ့တာဖြစ်ပါတယ်။ အမေရိကန်ကတော့ သူ့လုပ်ရပ်အပေါ် ခုခံပြောဆိုခဲ့ပြီး တိုက်ခိုက်မှုတွေ ထပ်ပြီး လုပ်ကောင်းလုပ်မယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တာပါ။

အမေရိကန်သံရုံးထဲကို ဆန္ဒပြသူတွေ ဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့အပေါ် အီရန်နိုင်ငံကို သမ္မတ Trump က ပြစ်တင်ပြောဆိုပါတယ်။

အီရန်ရဲ့ လက်ချက်ကြောင့် အမေရိကန် contractor ဝန်ထမ်းကို သေဆုံးရသလို လူအတော်များများလည်း ဒဏ်ရာရခဲ့တဲ့အတွက် ခုလို အပြင်းအထန် တုံ့ပြန်တာဖြစ်ပြီး ဆက်ပြီးတိုက်ခိုက်သွားမယ်လို့ သမ္မတ Trump ကပြောပါတယ်။ တခါ အီရတ်က အမေရိကန်သံရုံးကို တိုက်ခိုက်ဖို့ အကွက်ချစီစဉ်နေတဲ့ အီရန်အနေနဲ့ အပြည့်အ၀ တာဝန်ယူရလိမ့်မယ်လို့ သမ္မတ Trump ကတွစ်စတာ လူမှုကွန်ယက်စာမျက်နှာမှာ ဒီကနေ့ပဲ ရေးသားခဲ့တာပါ။

အမေရိကန်သံရုံးကို အီရတ်ရဲ့တပ်ဖွဲ့တွေ အကာအကွယ်ပေးဖို့အကြောင်း ကြားထားတယ်လို့လည်း သမ္မတ Trump က တွစ်တာမှာ ရေးသားထားပါတယ်။ အီရတ်နဲ့ ဆီးရီးယားနိုင်ငံအရှေ့ပိုင်းဒေသတွေမှာ ရှိနေတဲ့ Kataeb Hezbollah အဖွဲ့ရဲ့ လက်နက်သိုလှောင်ရုံတွေနဲ့ ကွပ်ကဲရေးစခန်းတွေကို အမေရိကန်က လေကြောင်းကနေ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၂၅ ဦး သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

အမေရိကန်ရဲ့ တိုက်ခိုက်မှုဟာ လက်ခံနိုင်စရာ မရှိဘူးလို့ အီရတ် ဝန်ကြီးချုပ် Adel Abdul Mahdi က တနင်္လာနေ့က ပြစ်တင်ရှုတ်ချခဲ့သလို ဒီလုပ်ရပ်အတွက် အန္တရာယ်ရှိတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ကြေငြာချက်ထုတ်ပြီး သတိပေးခဲ့ပါတယ်။

VOA Burmese
https://burmese.voanews.com
အီရတ္ဆႏၵျပပဲြေတြေၾကာင့္ အေမရိကန္သံအမတ္ႀကီး ေဘးလြတ္ရာတိမ္းေရွာင္ အီရတ္ဆႏၵျပပဲြေတြေၾကာင့္ အေမရိကန္သံအမတ္ႀကီး ေဘးလြတ္ရာတိမ္းေရွာင္ Reviewed by THITHTOOLWIN on 23:12 Rating: 5
Powered by Blogger.