လက္နက္ႀကီးက်ည္ေၾကာင့္ ဘူးသီးေတာင္ ေနအိမ္တခ်ိဳ႕ မီးေလာင္

ရခိုင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕နယ္ ဆင္ေသျပင္ မြတ္စလင္ေက်း႐ြာအတြင္းက လက္နက္ႀကီးက်ည္ က်ေရာက္လို႔ မီးေလာင္ပ်က္စီးသြားတဲ့ ေနအိမ္တခ်ိဳ႕ကို ၂၀၁၉၊ ဒီဇင္ဘာ ၁၄ ရက္ေန႔က ေတြ႕ရစဥ္ / Photo: MP Oung Thaung Shway
(Zawgyi)⤵⤵⤵
ဘူးသီးေတာင္ၿမိဳ႕နယ္ ဆင္ေသျပင္ မြတ္စလင္ေက်း႐ြာမွာ မေန႔က လက္နက္ႀကီးက်ည္ သုံးလုံး  က်ေရာက္ေပါက္ကြဲလို႔ ေနအိမ္တစ္လုံး မီးေလာင္ပ်က္စီးခဲ့သလို ဒီေန႔မနက္ကလည္း လက္နက္ႀကီးက်ည္ေတြ ထပ္မံက်ေရာက္လို႔ ေနာက္ထပ္ ေနအိမ္ ႏွစ္လုံး မီးေလာင္ကာ ေဒသခံေတြ ထြက္ေျပးေနၾကပါတယ္။

ဆင္ေသျပင္႐ြာက ေဒသခံ ၁၀၀ ေက်ာ္ဟာ ထိပ္ထူးေပါက္ မြတ္စလင္ေက်း႐ြာဘက္ကို  ထြက္ေျပးေနၾကတယ္လို႔ လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ႐ြာသားတစ္ဦးက ေျပာပါတယ္။

၉ နာရီေလာက္က ၃၁ က လက္နက္ႀကီးေတြနဲ႔ ပစ္လို႔ အိမ္ ႏွစ္လုံးမီးေလာင္သြားပါတယ္ တိုက္ပြဲေတြျဖစ္တာ မရွိပါဘူး။ ေက်း႐ြာသားေတြက ထိပ္ထူးေပါက္ဘက္ကို ထြက္ေျပးေနၾကရတယ္။

လက္နက္ႀကီးက်ည္လာတဲ့ လမ္းေၾကာင္းဟာ ဆင္ေသျပင္ေက်း႐ြာအနီးက ၃၁ ဘုံ ဘုရားကုန္းေပၚ ကေနျဖစ္ၿပီး ဘယ္အဖြဲ႕က ပစ္ခတ္တာလဲဆိုတာကိုေတာ့ မသိရဘူးလို႔ ေဒသခံေတြ က ေျပာပါတယ္။

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦး က  ဆင္ေသျပင္႐ြာဘက္မွာ  မီးေလာင္ေနတယ္ ဆိုတာကိုေတာ့ ၾကားသိရၿပီး ေျမျပင္အေနအထား အေသးစိတ္ကို မသိရေသးေၾကာင္း ေျပာပါတယ္။

၃၁ ဘုံဘုရားကုန္းမွာ တပ္မေတာ္ တပ္စြဲထားတာ ရွိလားလို႔ RFA က ေမးျမန္းရာမွာေတာ့  ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦး တုံ႔ျပန္ေျပာတာက ---

“ေသခ်ာတာတစ္ခုက အဲနားမွာ က်ေနာ္တို႔တပ္ေတြမရွိဘူး က်ေနာ္တို႔တပ္ေတြက ေအာက္ဘက္ ကိုေရာက္ေနတယ္။ မီးေလာင္တာ ၾကားေတာ့ ၾကားတယ္၊ ေျမျပင္သတင္းကေတာ့ စုံစမ္းေနတုန္းပဲရွိေသးတယ္၊ အဲဒီနားမွာ နယ္ေျမလႈပ္ရွား ရွင္းလင္းေနတာေတာ့ရွိတယ္၊ တပ္စြဲတာေတာ့မရွိဘူး ရွင္းလင္းေရးလုပ္ေနတာေတာ့ရွိတယ္။”

ရကၡိဳင့္တပ္ေတာ္ AA ေျပာခြင့္ရသူ ခိုင္သုခကို RFA က ဒီေန႔ အႀကိမ္ႀကိမ္ဆက္သြယ္ေပမယ့္  ျပန္လည္ေျဖၾကားျခင္း မရွိပါဘူး။

ဆင္ေသျပင္ မြတ္စလင္ေက်း႐ြာအနီးက ရခိုင္ေက်း႐ြာေတြဟာ ၿပီးခဲ့တဲ့ ဇူလိုင္လထဲက  တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန႔္ခြာ ထြက္ေျပးသြားၾကတာျဖစ္ပါတယ္။ အဲဒီအနီးတဝိုက္မွာ မြတ္စလင္ေက်း႐ြာေတြသာ က်န္ရွိေနတာျဖစ္တယ္လို႔ ဘူးသီးေတာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္  ဦးေအာင္ေသာင္းေ႐ႊက ေျပာပါတယ္။

“ရခိုင္႐ြာ တစ္႐ြာမွ မရွိေတာ့ဘူး၊ အဲဒီဘက္မွာ ဘဂၤလီ ဆင္ေသျပင္႐ြာ တစ္႐ြာပဲရွိတယ္။ ရခိုင္ေတြ ေျပးသြားတာ ၾကာၿပီ ဥယာဥ္သာ၊ နယုန္ေတာင္ အဲ့႐ြာေတြက ေျပးသြားတာ ၾကာၿပီ။”

ရခိုင္ျပည္နယ္ထဲက ပုဏၰားကြၽန္း၊ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပား၊ ေျမပုံ၊ စစ္ေတြ၊ ရေသ့ေတာင္၊ ဘူးသီးေတာင္နဲ႔ ေမာင္ေတာၿမိဳ႕နယ္ေတြမွာ ရကၡိဳင့္တပ္ေတာ္ AA နဲ႔ တပ္မေတာ္တို႔ တိုက္ပြဲျဖစ္ပြားေနတာ တစ္ႏွစ္ဝန္းက်င္ရွိေနပါၿပီ။

အဲဒီတိုက္ပြဲေတြေၾကာင့္ ဘူးသီးေတာင္ၿမိဳ႕နယ္မွာဆိုရင္ ေနရပ္စြန႔္ခြာထြက္ေျပးၿပီး  ဒုကၡသည္စခန္းေတြကို ေရာက္ရွိေနၾကတဲ့ စစ္ေရွာင္ ၄၅၀၀ ခန႔္ ရွိသလို  စခန္းေတြဆီမေရာက္ဘဲ ထြက္ေျပးေနရသူ တစ္ေသာင္းဝန္းက်င္ရွိတယ္လို႔ ရခိုင္ျပည္နယ္အေျခစိုက္ ဒုကၡသည္ေတြ  အကူအညီေပးေနတဲ့ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံး REC စာရင္းေတြအရ သိရပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
လက်နက်ကြီးကျည်ကြောင့် ဘူးသီးတောင် နေအိမ်တချို့ မီးလောင်

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဆင်သေပြင် မွတ်စလင်ကျေးရွာအတွင်းက လက်နက်ကြီးကျည် ကျရောက်လို့ မီးလောင်ပျက်စီးသွားတဲ့ နေအိမ်တချို့ကို ၂၀၁၉၊ ဒီဇင်ဘာ ၁၄ ရက်နေ့က တွေ့ရစဉ်
Photo: MP Oung Thaung Shway

ဘူးသီးတောင်မြို့နယ် ဆင်သေပြင် မွတ်စလင်ကျေးရွာမှာ မနေ့က လက်နက်ကြီးကျည် သုံးလုံး  ကျရောက်ပေါက်ကွဲလို့ နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့သလို ဒီနေ့မနက်ကလည်း လက်နက်ကြီးကျည်တွေ ထပ်မံကျရောက်လို့ နောက်ထပ် နေအိမ် နှစ်လုံး မီးလောင်ကာ ဒေသခံတွေ ထွက်ပြေးနေကြပါတယ်။

ဆင်သေပြင်ရွာက ဒေသခံ ၁၀၀ ကျော်ဟာ ထိပ်ထူးပေါက် မွတ်စလင်ကျေးရွာဘက်ကို  ထွက်ပြေးနေကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက ပြောပါတယ်။

၉ နာရီလောက်က ၃၁ က လက်နက်ကြီးတွေနဲ့ ပစ်လို့ အိမ် နှစ်လုံးမီးလောင်သွားပါတယ် တိုက်ပွဲတွေဖြစ်တာ မရှိပါဘူး။ ကျေးရွာသားတွေက ထိပ်ထူးပေါက်ဘက်ကို ထွက်ပြေးနေကြရတယ်။

လက်နက်ကြီးကျည်လာတဲ့ လမ်းကြောင်းဟာ ဆင်သေပြင်ကျေးရွာအနီးက ၃၁ ဘုံ ဘုရားကုန်းပေါ် ကနေဖြစ်ပြီး ဘယ်အဖွဲ့က ပစ်ခတ်တာလဲဆိုတာကိုတော့ မသိရဘူးလို့ ဒေသခံတွေ က ပြောပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး က  ဆင်သေပြင်ရွာဘက်မှာ  မီးလောင်နေတယ် ဆိုတာကိုတော့ ကြားသိရပြီး မြေပြင်အနေအထား အသေးစိတ်ကို မသိရသေးကြောင်း ပြောပါတယ်။

၃၁ ဘုံဘုရားကုန်းမှာ တပ်မတော် တပ်စွဲထားတာ ရှိလားလို့ RFA က မေးမြန်းရာမှာတော့  ဗိုလ်မှူးကြီး ဝင်းဇော်ဦး တုံ့ပြန်ပြောတာက ---

“သေချာတာတစ်ခုက အဲနားမှာ ကျနော်တို့တပ်တွေမရှိဘူး ကျနော်တို့တပ်တွေက အောက်ဘက် ကိုရောက်နေတယ်။ မီးလောင်တာ ကြားတော့ ကြားတယ်၊ မြေပြင်သတင်းကတော့ စုံစမ်းနေတုန်းပဲရှိသေးတယ်၊ အဲဒီနားမှာ နယ်မြေလှုပ်ရှား ရှင်းလင်းနေတာတော့ရှိတယ်၊ တပ်စွဲတာတော့မရှိဘူး ရှင်းလင်းရေးလုပ်နေတာတော့ရှိတယ်။”

ရက္ခိုင့်တပ်တော် AA ပြောခွင့်ရသူ ခိုင်သုခကို RFA က ဒီနေ့ အကြိမ်ကြိမ်ဆက်သွယ်ပေမယ့်  ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

ဆင်သေပြင် မွတ်စလင်ကျေးရွာအနီးက ရခိုင်ကျေးရွာတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လထဲက  တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသွားကြတာဖြစ်ပါတယ်။ အဲဒီအနီးတဝိုက်မှာ မွတ်စလင်ကျေးရွာတွေသာ ကျန်ရှိနေတာဖြစ်တယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်  ဦးအောင်သောင်းရွှေက ပြောပါတယ်။

“ရခိုင်ရွာ တစ်ရွာမှ မရှိတော့ဘူး၊ အဲဒီဘက်မှာ ဘင်္ဂလီ ဆင်သေပြင်ရွာ တစ်ရွာပဲရှိတယ်။ ရခိုင်တွေ ပြေးသွားတာ ကြာပြီ ဥယာဉ်သာ၊ နယုန်တောင် အဲ့ရွာတွေက ပြေးသွားတာ ကြာပြီ။”

ရခိုင်ပြည်နယ်ထဲက ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေတာ တစ်နှစ်ဝန်းကျင်ရှိနေပါပြီ။

အဲဒီတိုက်ပွဲတွေကြောင့် ဘူးသီးတောင်မြို့နယ်မှာဆိုရင် နေရပ်စွန့်ခွာထွက်ပြေးပြီး  ဒုက္ခသည်စခန်းတွေကို ရောက်ရှိနေကြတဲ့ စစ်ရှောင် ၄၅၀၀ ခန့် ရှိသလို  စခန်းတွေဆီမရောက်ဘဲ ထွက်ပြေးနေရသူ တစ်သောင်းဝန်းကျင်ရှိတယ်လို့ ရခိုင်ပြည်နယ်အခြေစိုက် ဒုက္ခသည်တွေ  အကူအညီပေးနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC စာရင်းတွေအရ သိရပါတယ်။

RFA Burmese
https://www.rfa.org
လက္နက္ႀကီးက်ည္ေၾကာင့္ ဘူးသီးေတာင္ ေနအိမ္တခ်ိဳ႕ မီးေလာင္ လက္နက္ႀကီးက်ည္ေၾကာင့္ ဘူးသီးေတာင္ ေနအိမ္တခ်ိဳ႕ မီးေလာင္ Reviewed by THITHTOOLWIN on 02:48 Rating: 5
Powered by Blogger.