ဖဲြ႔စည္းပုံျပင္ဆင္ေရး ပူးေပါင္းေကာ္မတီက ျပည္ခုိင္ၿဖိဳးကို္ယ္စားလွယ္ ၂ ေယာက္ႏုတ္ထြက္

ျမန္မာႏိုင္ငံ ဖြဲ႔စည္းပံုအေျခခံဥပေဒစာအုပ္

(Zawgyi/Unicode)

၂၀၀၈ ဖဲြ႔စည္းပံု အေျခခံဥပေဒျပင္ဆင္ေရး ပူးေပါင္းေကာ္မတီကေန ျပည္ေထာင္စုၾကံ့ခိုင္ေရးနဲ႔ ဖံြ႔ျဖိဳးေရးပါတီက ကိုယ္စားလွယ္ ႏွစ္ ဦး ဒီကေန႔ပဲ ထပ္မံ ႏုတ္ထြက္သြားပါတယ္။ စတင္ဖဲြ႔စည္းခ်ိန္ကတည္းက ကန္႔ကြက္မႈေတြ ႀကံဳေနရတဲ့ အဖဲြ႔၀င္ ၄၅ ဦးပါ ေကာ္မတီကေန အခုလို ႏုတ္ထြက္ေနသူေတြ ရွိေနတဲ့အတြက္ ဖဲြ႔စည္းပုံျပင္ဆင္ေရးမွာ အခက္အခဲေတြ ႀကံဳရႏုိင္တယ္လုိ႔လည္း အကဲခတ္ေတြက ခန္႔မွန္းေနၾကပါတယ္။ ဒီသတင္းကို ဗီြအိုေအျမန္မာပိုင္းရဲ့ သတင္းေထာက္ ကိုမိုးေဇာ္က တင္ျပထားပါတယ္။

၂၀၀၈ ဖဲြ႔စည္းပံု အေျခခံဥပေဒျပင္ဆင္ေရး ပူးေပါင္းေကာ္မတီကေန ကိုယ္စားလွယ္ ႏွစ္ ဦး ႏုတ္ထြက္ ခြင့္ျပဳေၾကာင္း အမိန္႔ေၾကညာစာကို ဒီကေန႔ က်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေ၀းမွာ ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။

ဒီအမိန္႔ေၾကာညာစာမွာ ၂၀၀၈ ဖဲြ႔စည္းပံု အေျခခံဥပေဒ ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီအဖဲြ႔၀င္ ဦးစိုင္းေက်ာ္မိုး မိုင္းပန္မဲဆႏၵနယ္နဲ႔ ဦးဆီဟူးေဒြ႔၊ ကခ်င္ျပည္နယ္ မဲဆႏၵနယ္ အမွတ္၂ တို႔ကို ဒီလ ၁၆ ရက္ေန႔က စတင္ၿပီး သူတုိ႔ သေဘာဆႏၵအေလ်ာက္ ႏုတ္ထြက္ခြင့္ျပဳေၾကာင္း ေဖာ္ျပထားတာ ျဖစ္ပါတယ္။

ႏုတ္ထြက္သြားတ့ဲကိုယ္စားလွယ္ ႏွစ္ ဦးဟာ ျပည္ေထာင္စုၾကံ့ခိုင္ေရးနဲ႔ ဖံြ႔ျဖိဳးေရးပါတီက ျဖစ္ၿပီး ႏုတ္ထြက္ရတဲ့အေၾကာင္းကို ဦးဆီဟူးေဒြ႔က အခုလုိ ေျပာပါတယ္။

“ပူးေပါင္းေကာ္မတီဆိုတာကေတာ့ ပူးေပါင္းေကာ္မတီက စုစည္းၿပီးမွ ရရိွတဲ့ အေျဖ တခုကိုပဲ က်ေနာ္တုိ႔က သြားေစခ်င္တာေလ။ ဒါေပမဲ့ အခုက်ေတာ့ အဲလို မဟုတ္ဘဲနဲ႔ ပူးေပါင္းေကာ္မတီမွာ ပါ၀င္တဲ့ ပါတီအလိုက္ ေသာ္လည္းေကာင္း၊ အဖဲြ႔အစည္းလိုက္ ေသာ္လည္းေကာင္း သူ႔ရဲ့ ျပင္ဆင္ခ်က္ေတြကို သူက ဆႏၵမဲေပးၿပီးမွ လုပ္ေနတဲ့ အခ်ိန္က်ေတာ့ အဲဒီမွာ ဦးေရမ်ားမ်ားပါတဲ့ အဖဲြ႔အစည္းကေတာ့ ပါတီကေတာ့ ဘာပဲျဖစ္ျဖစ္ အႏိုင္ရေနမွာပဲေလ။ အဲေတာ့ အားလံုးရဲ့ ဆႏၵ မပါဘူးေပါ့။ အဲဒါေၾကာင့္မို႔ က်ေနာ္တုိ႔ ႏုတ္ထြက္ရတာပါ။”

၂၀၀၈ ဖဲြ႔စည္းပံု အေျခခံဥပေဒ ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီကို ၄၅ ဦးနဲ႔ ဖဲြ႔စည္းထားၿပီး အာဏာရ အမ်ိဳးသားဒီမုိကေရစီ အဖဲြ႔ခ်ဳပ္က ၁၈ ဦး၊ တပ္မေတာ္သား ကိုယ္စားလွယ္ ရွစ္ ဦး၊ ျပည္ခုိင္ျဖိဳး၊ ရွမ္းတိုင္းရင္းသားမ်ား ဒီမုိကေရစီအဖဲြ႔ခ်ဳပ္၊ ရခိုင္အမိ်ဳးသားပါတီက ႏွစ္ဦးစီ၊ တုိင္းရင္းသားပါတီေတြနဲ႔ တသီးပုဂၢလ ကိုယ္စားလွယ္ေတြက တဦးစီ ပါ၀င္တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာလက ရခိုင္အမ်ိဳးသားပါတီက ကိုယ္စားလွယ္ ႏွစ္ဦးနဲ႔ မအူပင္ၿမိဳ႕နယ္က ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိန္၀င္းတို႔ ႏုတ္ထြက္ခဲ့ၾကပါတယ္။

ႏိုင္ငံေရး ေလ့လာသံုးသပ္သူ ေဒါက္တာ ရန္မ်ိဳးသိမ္းက ေနာက္ထပ္ ကိုယ္စားလွယ္ေတြ ထပ္မံႏုတ္ထြက္မယ္ဆို လက္ရိွ ဖဲြ႔စည္းပံု ျပင္ဆင္ေရး လုပ္ငန္းေအာင္ျမင္ဖို႔ ခက္ခဲလာႏိုင္ေၾကာင္း အခုလို ေျပာပါတယ္။

“ဒီအက်ပ္အတည္းေတြ စိန္ေခၚမႈေတြကို ခ်ဥ္းကပ္ အေျဖရွာႏိုင္ဖုိ႔ဆုိရင္ အစုအဖဲြ႔ေတြအၾကားမွာ ပြင့္ပြင့္လင္းလင္းနဲ႔ ညိွႏိႈင္းေဆြးေႏြးႏိုင္ဖုိ႔က ပိုၿပီး အဓိက က်လိမ့္မယ္လုိ႔ ျမင္ပါတယ္။ ေနာက္ထပ္ေပါ့ေလ... ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီကေန ေနာက္ထပ္ကိုယ္စားလွယ္ေတြ ႏုတ္ထြက္တာမ်ိဳးေတြ ျဖစ္လာမယ္ဆိုရင္ ဒါ ျပင္ဆင္ေရးပူးေပါင္း ေကာ္မတီရဲ့ လုပ္ငန္းစဥ္အေပၚမွာ အႏုတ္လကၡဏာ သက္ေရာက္မႈမ်ိဳးေတြျဖစ္လာမယ္။ အဲဒီရဲ့ အက်ိဳးဆက္အျဖစ္ အခု လႊတ္ေတာ္ သက္တမ္းအတြင္းမွာ ဖဲြ႔စည္းပံုျပင္ဆင္ေရး လုပ္ငန္းစဥ္ကလည္း ေအာင္ျမင္မႈရဖို႔ အလားအလာ နည္းသထက္ နည္းလာမယ္။ ေနာက္ ထိထိေရာက္ေရာက္နဲ႔ က်ယ္က်ယ္ျပန္႔ျပန္႔ ျပင္ဆင္ႏိုင္ဖုိ႔လည္း အခြင့္အလမ္း နည္းသထက္ နည္းလာမယ္လို႔ ျမင္ပါတယ္။”

ေလာေလာဆယ္မွာေတာ့ ဖဲြ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီ အစည္းအေ၀းေတြကို ဆက္လက္ က်င္းပေနၿပီး ၂၀၀၈ ဖဲြ႔စည္းပံုအေျခခံဥပေဒမွာ အခန္း ၁၅ ခန္းရိွတဲ့အနက္ တနလၤာေန႔က ရွစ္ခန္း ၿပီးစီးခဲ့သလို ဒီကေန႔မွာလည္း ဆက္လက္ေဆြးေႏြးခဲ့ၾကပါတယ္။

ျပည္ေထာင္စုလႊတ္ေတာ္ နာယက ဦးတီခြန္ျမတ္ကေတာ့ ဖဲြ႔စည္းပံုျပင္ဆင္ေရးကို လက္ရိွ လႊတ္ေတာ္သက္တမ္းအတြင္းမွာ ၿပီးစီးေအာင္ ဦးစားေပး ေဆာင္ရြက္မွာျဖစ္ေၾကာင္း ေျပာဆုိထားၿပီး လႊတ္ေတာ္အစည္းအေ၀းေတြကိုေတာ့ လာမယ့္ႏွစ္ စက္တင္ဘာ ပထမပတ္အထိ က်င္းပသြားမွာျဖစ္ပါတယ္။

[Unicode Version]

ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီက ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ၂ ယောက်နုတ်ထွက်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကနေ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် နှစ် ဦး ဒီကနေ့ပဲ ထပ်မံ နုတ်ထွက်သွားပါတယ်။ စတင်ဖွဲ့စည်းချိန်ကတည်းက ကန့်ကွက်မှုတွေ ကြုံနေရတဲ့ အဖွဲ့ဝင် ၄၅ ဦးပါ ကော်မတီကနေ အခုလို နုတ်ထွက်နေသူတွေ ရှိနေတဲ့အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ အခက်အခဲတွေ ကြုံရနိုင်တယ်လို့လည်း အကဲခတ်တွေက ခန့်မှန်းနေကြပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကနေ ကိုယ်စားလှယ် နှစ် ဦး နုတ်ထွက် ခွင့်ပြုကြောင်း အမိန့်ကြေညာစာကို ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒီအမိန့်ကြော်ညာစာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီအဖွဲ့ဝင် ဦးစိုင်းကျော်မိုး မိုင်းပန်မဲဆန္ဒနယ်နဲ့ ဦးဆီဟူးဒွေ့၊ ကချင်ပြည်နယ်မဲဆန္ဒနယ် အမှတ်၂ တို့ကို ဒီလ ၁၆ ရက်နေ့က စတင်ပြီး သူတို့ရဲ့ သဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ်။

နုတ်ထွက်သွားတဲ့ကိုယ်စားလှယ် နှစ် ဦးဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဖြစ်ပြီး နုတ်ထွက်ရတဲ့အကြောင်းကို ဦးဆီဟူးဒွေ့က အခုလို ပြောပါတယ်။

“ပူးပေါင်းကော်မတီဆိုတာကတော့ ပူးပေါင်းကော်မတီက စုစည်းပြီးမှ ရရှိတဲ့ အဖြေ တခုကိုပဲ ကျနော်တို့က သွားစေချင်တာလေ။ ဒါပေမဲ့ အခုကျတော့ အဲလို မဟုတ်ဘဲနဲ့ ပူးပေါင်းကော်မတီမှာ ပါဝင်တဲ့ ပါတီအလိုက် သော်လည်းကောင်း၊ အဖွဲ့အစည်းလိုက် သော်လည်းကောင်း သူ့ရဲ့ ပြင်ဆင်ချက်တွေကို သူက ဆန္ဒမဲပေးပြီးမှ လုပ်နေတဲ့ အချိန်ကျတော့ အဲဒီမှာ ဦးရေများများပါတဲ့ အဖွဲ့အစည်းကတော့ ပါတီကတော့ ဘာပဲဖြစ်ဖြစ် အနိုင်ရနေမှာပဲလေ။ အဲတော့ အားလုံးရဲ့ ဆန္ဒ မပါဘူးပေါ့။ အဲဒါကြောင့်မို့ ကျနော်တို့ နုတ်ထွက်ရတာပါ။”

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ၄၅ ဦးနဲ့ ဖွဲ့စည်းထားပြီး အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၁၈ ဦး၊ တပ်မတော်သား ကိုယ်စားလှယ် ရှစ် ဦး၊ ပြည်ခိုင်ဖြိုး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီက နှစ်ဦးစီ၊ တိုင်းရင်းသားပါတီတွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေက တဦးစီ ပါဝင်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ် နှစ်ဦးနဲ့ မအူပင်မြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းတို့ နုတ်ထွက်ခဲ့ကြပါတယ်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက နောက်ထပ် ကိုယ်စားလှယ်တွေ ထပ်မံနုတ်ထွက်မယ်ဆို လက်ရှိ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်ငန်းအောင်မြင်ဖို့ ခက်ခဲလာနိုင်ကြောင်း အခုလို ပြောပါတယ်။

“ဒီအကျပ်အတည်းတွေ စိန်ခေါ်မှုတွေကို ချဉ်းကပ် အဖြေရှာနိုင်ဖို့ဆိုရင် အစုအဖွဲ့တွေအကြားမှာ ပွင့်ပွင့်လင်းလင်းနဲ့ ညှိနှိုင်းဆွေးနွေးနိုင်ဖို့က ပိုပြီး အဓိက ကျလိမ့်မယ်လို့ မြင်ပါတယ်။ နောက်ထပ်ပေါ့လေ... ပြင်ဆင်ရေး ပူးပေါင်းကော်မတီကနေ နောက်ထပ်ကိုယ်စားလှယ်တွေ နုတ်ထွက်တာမျိုးတွေ ဖြစ်လာမယ်ဆိုရင် ဒါ ပြင်ဆင်ရေးပူးပေါင်း ကော်မတီရဲ့ လုပ်ငန်းစဉ်အပေါ်မှာ အနုတ်လက္ခဏာ သက်ရောက်မှုမျိုးတွေဖြစ်လာမယ်။ အဲဒီရဲ့ အကျိုးဆက်အဖြစ် အခု လွှတ်တော် သက်တမ်းအတွင်းမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းစဉ်ကလည်း အောင်မြင်မှုရဖို့ အလားအလာ နည်းသထက် နည်းလာမယ်။ နောက် ထိထိရောက်ရောက်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ပြင်ဆင်နိုင်ဖို့လည်း အခွင့်အလမ်း နည်းသထက် နည်းလာမယ်လို့ မြင်ပါတယ်။”

လောလောဆယ်မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးတွေကို ဆက်လက် ကျင်းပနေပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အခန်း ၁၅ ခန်းရှိတဲ့အနက် တနင်္လာနေ့က ရှစ်ခန်း ပြီးစီးခဲ့သလို ဒီကနေ့မှာလည်း ဆက်လက်ဆွေးနွေးခဲ့ကြပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်ကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို လက်ရှိ လွှတ်တော်သက်တမ်းအတွင်းမှာ ပြီးစီးအောင် ဦးစားပေး ဆောင်ရွက်မှာဖြစ်ကြောင်း ပြောဆိုထားပြီး လွှတ်တော်အစည်းအဝေးတွေကိုတော့ လာမယ့်နှစ် စက်တင်ဘာ ပထမပတ်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

ကိုမိုးေဇာ္/VOA Burmese
https://burmese.voanews.com
ဖဲြ႔စည္းပုံျပင္ဆင္ေရး ပူးေပါင္းေကာ္မတီက ျပည္ခုိင္ၿဖိဳးကို္ယ္စားလွယ္ ၂ ေယာက္ႏုတ္ထြက္ ဖဲြ႔စည္းပုံျပင္ဆင္ေရး ပူးေပါင္းေကာ္မတီက ျပည္ခုိင္ၿဖိဳးကို္ယ္စားလွယ္ ၂ ေယာက္ႏုတ္ထြက္ Reviewed by THITHTOOLWIN on 23:32 Rating: 5
Powered by Blogger.