ကမ္းလွမ္းခ်က္သစ္ေပးဖုိ႔ အေမရိကန္ကုိ ေျမာက္ကုိရီးယား ထပ္မံသတိေပး


(Zawgyi/Unicode)

ႏွစ္မကုန္ခင္မွာ အေမရိကန္ဘက္က ကမ္းလွမ္းအသစ္ တစုံတရာေပးဖုိ႔ ေတာင္းဆုိထားတဲ့ ကန္႔သတ္ရက္ ကုန္ဆုံးခ်ိန္ နီးကပ္လာေနၿပီျဖစ္ေၾကာင္း ေျမာက္ကုိရီးယားက အေမရိကန္ကုိ ဒီကေန႔ သတိေပး ေျပာၾကားလုိက္ပါတယ္။

အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ဘယ္လုိ ခရစၥမတ္ လက္ေဆာင္မ်ဳိး ေရြးခ်ယ္ ရယူမလဲဆုိတာ သူတုိ႔ကုိယ္တုိင္ ဆုံးျဖတ္ရမွာျဖစ္ေၾကာင္း အေမရိကန္နဲ႔ ဆက္ဆံေရးကုိ တာ၀န္ယူရတဲ့ ေျမာက္ကုိရီးယား လက္ေထာက္ႏုိင္ငံျခားေရး၀န္ႀကီး Ri Thae Song ရဲ႕ ေျပာၾကားခ်က္ကုိ အစုိးရပုိင္ သတင္းဌာနက ေၾကညာခဲ့ပါတယ္။

အေမရိကန္တုိ႔ လုပ္ေဆာင္ေနတဲ့ ေတြ႔ဆုံ ေဆြးေႏြးမႈေတြဟာ ႏုိင္ငံေရးအျမတ္ထုတ္ဖုိ႔ လုပ္ေဆာင္ေနတဲ့ လွည့္စားမႈသာျဖစ္ေၾကာင္းလည္း လက္ေထာက္၀န္္ႀကီး Ri က ေ၀ဖန္ ေျပာၾကားလုိက္ပါတယ္။

ေျမာက္ကုိရီးယားနဲ႔ အေမရိကန္အၾကား ျပဳလုပ္ေနတဲ့ ႏ်ဴကလီးယားေဆြးေႏြးမႈေတြမွာ ေျမာက္ကုိရီးယားဘက္က သူတုိ႔ရဲ႕ ႏ်ဴကလီးယား ပုိင္ဆုိင္မႈေတြကုိ တခုမွ မဖ်က္ဆီးခင္ ပိတ္ဆုိ႔အေရးယူမႈေတြ ျပန္လည္ ရုပ္သိမ္းေပးဖုိ႔ လုိလားေနတာကုိ အေမရိကန္ဘက္က လုိက္ေလ်ာျခင္း မရွိတာေၾကာင့္ ၿပီးခဲ့တဲ့ ေဖေဖာ္၀ါရီလကတည္းက ေဆြးေႏြးမႈေတြ ဆုိင္ငံ့ေနခဲ့တာပါ။

ေျမာက္ကုိရီးယားက အဲဒီလုိ သတိေပးခ်က္ ထုတ္ျပန္တဲ့အေပၚ ေနတုိး ထိပ္သီးစည္းေ၀းပြဲ တက္ဖုိ႔ လန္ဒန္ၿမိဳ႕ကုိ ေရာက္ေနတဲ့ အေမရိကန္သမၼတ Donald Trump က တုိက္ရုိက္တုံ႔ျပန္ ေျပာဆုိတာမ်ဳိး မရွိေပမယ့္ သူနဲ႔ ေျမာက္ကုိရီးယား ေခါင္းေဆာင္အၾကား ေကာင္းမြန္တဲ့ ပုဂၢဳိလ္ေရးအရ ဆက္ဆံမႈရွိေၾကာင္း ျပန္လည္ ေျဖၾကားခဲ့ပါတယ္။

ဒါေပမဲ့ အေမရိကန္ရဲ႕ စစ္အား ေတာင့္တင္းခုိင္မာပုံကုိ ထည့္သြင္း ေျပာၾကားခဲ့ၿပီး စစ္တပ္ကုိ အသုံးျပဳဖုိ႔ မလုိအပ္ဘူးလုိ႔ ယူဆေၾကာင္း ဒါေပမဲ့ လုိအပ္ရင္ေတာ့ တပ္အင္အားကုိ သုံးသြားမွာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

[Unicode Version]

ကမ်းလှမ်းချက်သစ်ပေးဖို့ အမေရိကန်ကို မြောက်ကိုရီးယား ထပ်မံသတိပေး

နှစ်မကုန်ခင်မှာ အမေရိကန်ဘက်က ကမ်းလှမ်းအသစ် တစုံတရာပေးဖို့ တောင်းဆိုထားတဲ့ ကန့်သတ်ရက် ကုန်ဆုံးချိန် နီးကပ်လာနေပြီဖြစ်ကြောင်း မြောက်ကိုရီးယားက အမေရိကန်ကို ဒီကနေ့ သတိပေး ပြောကြားလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘယ်လို ခရစ္စမတ် လက်ဆောင်မျိုး ရွေးချယ် ရယူမလဲဆိုတာ သူတို့ကိုယ်တိုင် ဆုံးဖြတ်ရမှာဖြစ်ကြောင်း အမေရိကန်နဲ့ ဆက်ဆံရေးကို တာဝန်ယူရတဲ့ မြောက်ကိုရီးယား လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Ri Thae Song ရဲ့ ပြောကြားချက်ကို အစိုးရပိုင် သတင်းဌာနက ကြေညာခဲ့ပါတယ်။

အမေရိကန်တို့ လုပ်ဆောင်နေတဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေဟာ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ဆောင်နေတဲ့ လှည့်စားမှုသာဖြစ်ကြောင်းလည်း လက်ထောက်ဝန်ကြီး Ri က ဝေဖန် ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားနဲ့ အမေရိကန်အကြား ပြုလုပ်နေတဲ့ နျူကလီးယားဆွေးနွေးမှုတွေမှာ မြောက်ကိုရီးယားဘက်က သူတို့ရဲ့ နျူကလီးယား ပိုင်ဆိုင်မှုတွေကို တခုမှ မဖျက်ဆီးခင် ပိတ်ဆို့အရေးယူမှုတွေ ပြန်လည် ရုပ်သိမ်းပေးဖို့ လိုလားနေတာကို အမေရိကန်ဘက်က လိုက်လျောခြင်း မရှိတာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ဆွေးနွေးမှုတွေ ဆိုင်ငံ့နေခဲ့တာပါ။

မြောက်ကိုရီးယားက အဲဒီလို သတိပေးချက် ထုတ်ပြန်တဲ့အပေါ် နေတိုး ထိပ်သီးစည်းဝေးပွဲ တက်ဖို့ လန်ဒန်မြို့ကို ရောက်နေတဲ့ အမေရိကန်သမ္မတ Donald Trump က တိုက်ရိုက်တုံ့ပြန် ပြောဆိုတာမျိုး မရှိပေမယ့် သူနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်အကြား ကောင်းမွန်တဲ့ ပုဂ္ဂိုလ်ရေးအရ ဆက်ဆံမှုရှိကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန်ရဲ့ စစ်အား တောင့်တင်းခိုင်မာပုံကို ထည့်သွင်း ပြောကြားခဲ့ပြီး စစ်တပ်ကို အသုံးပြုဖို့ မလိုအပ်ဘူးလို့ ယူဆကြောင်း ဒါပေမဲ့ လိုအပ်ရင်တော့ တပ်အင်အားကို သုံးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 VOA Burmese
https://burmese.voanews.com
ကမ္းလွမ္းခ်က္သစ္ေပးဖုိ႔ အေမရိကန္ကုိ ေျမာက္ကုိရီးယား ထပ္မံသတိေပး ကမ္းလွမ္းခ်က္သစ္ေပးဖုိ႔ အေမရိကန္ကုိ ေျမာက္ကုိရီးယား ထပ္မံသတိေပး Reviewed by THITHTOOLWIN on 06:10 Rating: 5
Powered by Blogger.