
အကျဉ်းသားလဲလှယ်ရေး အစီအစဉ်အရ အစောင့်အရှောက်များဖြင့် ခေါ်ဆောင်လာသူတဦး။ (ဒီဇင်ဘာ ၂၉၊ ၂၀၁၉)

(Zawgyi / Unicode)





ယူကရိန်းအစိုးရ အနေနဲ့ ခွဲထွက်ရေးသူပုန် ၈၇ ယောက်ကို လွှဲပြောင်းပေးမှာဖြစ်ပြီး ယူကရိန်းနိုင်ငံ အရှေ့ဘက်ခြမ်းက ခွဲထွက်ရေးသူပုန်တွေ အနေနဲ့ ယူကရိန်းအစိုးရ တပ်ဖွဲ့ဝင် ၅၅ ယောက်ကို လွှဲပြောင်းပေးမှာ ဖြစ်တယ်လို့ ရုရှားနိုင်ငံက RIA သတင်းဌာနက ဒေါညက်ပြည်သူ့သမ္မတနိုင်ငံအဖြစ်နဲ့ သူတို့ဘာသာသူတို့ ကြေညာထားတဲ့အဖွဲ့က တာဝန်ရှိသူတယောက်ကို ကိုးကားပြီး ပြောဆိုလိုက်ပါတယ်။

ယူကရိန်းအစိုးရတပ်တွေနဲ့ ခွဲထွက်ရေးသမားတွေဟာ နိုင်ငံအရှေ့ပိုင်းက Dobass ဒေသမှာ ၂၀၁၄ ခုနှစ်ကတည်းက တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့တာဖြစ်ပြီး အဲဒီတိုက်ပွဲတွေအတွင်း လူပေါင်း ၁၃၀၀၀ လောက် သေဆုံးခဲ့ပါတယ်။

--------------------------------

(Unicode)

ယူကရိန်းအစိုးရတပ်နဲ့ ခွဲထွက်ရေးတပ် သုံ့ပန်းလဲလှယ်

ယူကရိန်းအစိုးရတပ်တွေနဲ့ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ ရုရှားအစိုးရကို ထောက်ခံတဲ့ ခွဲထွက်ရေးသမားတွေကြား အကျဉ်းသားတွေအားလုံး လဲလှယ်ရေး အစီအစဉ်ကို စတင်လိုက်ပြီဖြစ်ပါတယ်။

ယူကရိန်းပဋိပက္ခ ၅ နှစ်ကြာ ကာလအတွင်း နှစ်ဖက်စလုံးက ဖမ်းဆီးမိထားတဲ့ အကျဉ်းသားတွေအားလုံး သူတို့ရဲ့အိမ်ကို ပြန်နိုင်အောင် လဲလှယ်ဖို့ဖြစ်တယ်လို့ ယူကရိန်းသမ္မတက ဒီကနေ့မှာ ပြောလိုက်ပါတယ်။

နှစ်ဖက် ဒီသဘောတူညီချက်ကို ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskiey တို့ ပဲရစ်မြို့မှာ အခုလအတွင်း သဘောတူလိုက်ကြတာ ဖြစ်ပါတယ်။

နှစ်ဖက် အကျဉ်းသားလဲလှယ်ရေး အစီအစဉ်ကို ယူကရိန်းနိုင်ငံ Donetsk ဒေသက Horlivka မြို့နားက နယ်စပ်ဂိတ်မှာ လုပ်ဆောင်မှာဖြစ်ပါတယ်။

ယူကရိန်းအစိုးရ အနေနဲ့ ခွဲထွက်ရေးသူပုန် ၈၇ ယောက်ကို လွဲှပြောင်းပေးမှာဖြစ်ပြီး ယူကရိန်းနိုင်ငံ အရှေ့ဘက်ခြမ်းက ခွဲထွက်ရေးသူပုန်တွေ အနေနဲ့ ယူကရိန်းအစိုးရ တပ်ဖွဲ့ဝင် ၅၅ ယောက်ကို လွဲှပြောင်းပေးမှာ ဖြစ်တယ်လို့ ရုရှားနိုင်ငံက RIA သတင်းဌာနက ဒေါညက်ပြည်သူ့သမ္မတနိုင်ငံအဖြစ်နဲ့ သူတို့ဘာသာသူတို့ ကြေညာထားတဲ့အဖွဲ့က တာဝန်ရှိသူတယောက်ကို ကိုးကားပြီး ပြောဆိုလိုက်ပါတယ်။

ယူူကရိန်းအစိုးရတပ်တွေနဲ့ ခွဲထွက်ရေးသမားတွေဟာ နိုင်ငံအရှေ့ပိုင်းက Dobass ဒေသမှာ ၂၀၁၄ ခုနှစ်ကတည်းက တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့တာဖြစ်ပြီး အဲဒီတိုက်ပွဲတွေအတွင်း လူပေါင်း ၁၃၀၀၀ လောက် သေဆုံးခဲ့ပါတယ်။

VOA Burmese
https://burmese.voanews.com
ယူကရိန်းအစိုးရတပ်နဲ့ ခွဲထွက်ရေးတပ် သုံ့ပန်းလဲလှယ် ယူကရိန်းအစိုးရတပ်နဲ့ ခွဲထွက်ရေးတပ် သုံ့ပန်းလဲလှယ် Reviewed by THITHTOOLWIN on 21:42 Rating: 5
Powered by Blogger.