ဗစ္တိုးရီးယားကိစၥ အမႈမွန္ေပၚေရး မႏၲေလးမွာ ဆႏၵျပေတာင္းဆို

ဗစ္တိုးရီးယား အမႈမွန္အျမန္ဆုံးေပၚေရး မႏၲေလးၿမိဳ႕ မေနာ္ရမၼကြင္းမွာ ၂၀၁၉ ဒီဇင္ဘာ ၂၄ ရက္ေန႔က အရပ္ဘက္အဖြဲ႕မ်ား ဆႏၵျပေနၾကစဥ္
(Zawgyi)⤵⤵⤵
ေနျပည္ေတာ္က ကိုယ္ပိုင္ေက်ာင္းတစ္ခုမွာ ေက်ာင္းတက္ေနတဲ့ ဗစ္တိုးရီးယား ကေလးငယ္ လိင္အၾကမ္းဖက္ခံခဲ့ရတဲ့ ကိစၥနဲ႔ပတ္သက္ၿပီး ရဲတပ္ဖြဲ႕အေနနဲ႔ အမႈမွန္အျမန္ဆုံး ေပၚေပါက္လာေအာင္ ေဆာင္႐ြက္ဖို႔ မႏၲေလးၿမိဳ႕က အရပ္ဘက္အဖြဲ႕ေတြ စုေပါင္းၿပီး မေနာ္ရမၼကြင္းမွာ ဒီေန႔ ဆႏၵျပ ေတာင္းဆိုၾကပါတယ္။

ဆႏၵျပပြဲကို ဦးေဆာင္စီစဥ္သူ တစ္ေယာက္ျဖစ္တဲ့ ကိုဘိုဘိုက အမွန္တရားကိုလိုလားတဲ့ ျပည္သူေတြ ရွိေနတယ္ဆိုတာ သိေစခ်င္တာေၾကာင့္ ေတာင္းဆိုပြဲ က်င္းပတာျဖစ္ေၾကာင္း ေျပာပါတယ္။

“သက္ငယ္မႈဒိန္းေတြက ကြၽန္ေတာ္တို႔ႏိုင္ငံမွာ အၿမဲတမ္း ျဖစ္ေနတယ္။ အဲဒါနဲ႔ တစ္လက္စတည္း လက္ရွိ တရားစီရင္ေရး မ႑ိဳင္ကလည္း ေမးခြန္းထုတ္စရာေတြရွိေနတယ္။ တစ္ဖက္ကလည္း ႏိုင္ငံမွာက မႈခင္းေတြ အၿမဲျဖစ္ေနတယ္။ အဲဒီေတာ့ တရားမွ်တမႈ ရရွိေရးရယ္၊ အမွန္တရားကိုျမတ္ႏိုးတဲ့သူေတြ ဒီပြဲကို စီစဥ္ထားတာပါ။”

ဆႏၵျပပြဲကိုလာေရာက္ဝန္းရံတဲ့ မႏၲေလးၿမိဳ႕က မစူးရွရွင္းသန႔္က

“က်င့္ဝတ္ေဖာက္ၿပီးေျပာတဲ့ အာဏာပိုင္ေတြအေနနဲ႔ ကိုယ့္ရဲ႕က်င့္ဝတ္ကိုသိဖို႔၊ ေဖာက္ဖ်က္လိုက္တဲ့ ကိုယ့္ရဲ႕အျပစ္ကို ကိုယ္တိုင္ဝန္ခံၿပီးေတာ့ တရား႐ုံးမွာျပန္ေျဖရွင္းဖို႔၊ ဗစ္တိုးရီးယားတို႔ မိသားစုကို အႏူးၫြတ္ေတာင္းပန္ဖို႔၊ အမႈမွန္ေပၚဖို႔ ျပဳလုပ္ေပးဖို႔ ေတာင္းဆိုခ်င္တယ္။ က်မတို႔သိခ်င္တာ ဗစ္တိုးရီးယားရဲ႕ အခ်က္အလက္ေတြမဟုတ္ဘူး၊ သူ႔ကို က်ဴးလြန္တဲ့သူကို သိခ်င္တာ” လို႔‌ ေျပာပါတယ္။

ဗစ္တိုးရီးယားကိစၥ အမွန္တရားေပၚေပါက္ေရး ေတာင္းဆိုပြဲေတြကို မနက္ျဖန္မွာလည္း ျပင္ဦးလြင္မွာ ျပဳလုပ္သြားမယ္လို႔ သိရပါတယ္။

“မျဖစ္သင့္ဘူး ယူဆလို႔ ဆက္လုပ္ေဆာင္ေနပါမွာပါ၊ မနက္ျဖန္ ျပင္ဦးလြင္မွာဆိုလည္း ကန္ေတာ္ႀကီး ကန္ေဘာင္မွာ လမ္းေလွ်ာက္မယ္။ တရားဥပေဒမွ်တဖို႔ ဆႏၵေဖာ္ထုတ္မယ္”

ျပင္ဦးလြင္ၿမိဳ႕ကေန ဒီေန႔ ဆႏၵျပပြဲကို လာေရာက္ဝန္းရံတဲ့ ေဒၚျမေအးၿငိမ္း ေျပာသြားတာပါ။

ကေလးသူငယ္ဥပေဒအရ လုပ္ေဆာင္လို႔ရတဲ့ နည္းလမ္းေတြကို တရားလြတ္ေတာ္ေရွ႕ေန တစ္ေယာက္ျဖစ္တဲ့ ဦးစည္သူက အခုလို အႀကံေပးပါတယ္။

“ကေလးနဲ႔ပတ္သတ္လို႔ နစ္နာမႈရွိခဲ့မယ္ဆိုရင္ နစ္နာသူရဲ႕ကိုယ္စား တရားစြဲဆိုခြင့္ေတြ ရွိေနတယ္။ ကေလးသူငယ္ဥပေဒအရ  မည္သူမဆို ေဆာင္႐ြက္ခြင့္ရွိတယ္။ ဗစ္တိုးရီးယားေလး နစ္နာလား၊  နစ္နာရင္ သူကိုယ္တိုင္လည္း တရားစြဲႏိုင္တယ္။ မိဘအုပ္ထိန္းသူကလည္း စြဲႏိုင္တယ္။ နီးစပ္ရာ မိတ္ေဆြေတြကလည္း စြဲႏိုင္တယ္။ တိုက္႐ိုက္စြဲမလား၊ အစိုးရတင္ျပမလား၊ ေဆာင္႐ြက္ခြင့္ေတြရွိေနတယ္။ ”

အခုလို ဆႏၵထုတ္ေဖာ္ပြဲေတြကို မေန႔ကလည္း ရန္ကုန္ၿမိဳ႕မွာက်င္းပခဲ့ၿပီး ေနာက္ရက္ေတြမွာလည္း ျပင္ဦးလြင္ၿမိဳ႕အျပင္ ေ႐ႊဘိုၿမိဳ႕မွာလည္း က်င္းပသြားမယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚေနပါတယ္။

ဒီကေန႔ ေတာင္းဆိုတဲ့ပြဲမွာေတာ့ လူအင္အား ၁၀၀ ေက်ာ္ပါဝင္ခဲ့ၾကၿပီး က်င့္ဝတ္ေဖာက္ဖ်က္သူမ်ား အေရးယူေပးေရး၊ ကေလးသူငယ္ေတြရဲ႕အနာဂတ္ကိုစာနာဖို႔၊ ကေလးငယ္ေတြအေပၚ လိင္အလြဲသုံးစား ျပဳလုပ္တာေတြ အလိုမရွိ၊ ႏိုင္ငံသားတစ္ဦးခ်င္းစီရဲ႕ ပုဂၢိဳလ္ေရးဆိုင္ရာ လြတ္လပ္ခြင့္ေတြ မခ်ိဳးေဖာက္ေရးဆိုတဲ့ အခ်က္ေတြကို ေတာင္းဆိုခဲ့ၾကပါတယ္။

ဗစ္တိုးရီးယား အမႈကိစၥနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ၿပီးခဲ့တဲ့ ၁၉ ရက္ေန႔က ေနျပည္ေတာ္မွာ က်င္းပခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ကေလးအမည္ကို ထုတ္ေဖာ္ေျပာဆိုခဲ့တာေတြဟာ ကေလးသူငယ္ အခြင့္အေရးကို ခ်ိဳးေဖာက္ရာ ေရာက္တာေၾကာင့္ လိုအပ္သလို အေရးယူေပးဖို႔ဆိုတဲ့ ေတာင္းဆိုခ်က္ကို ဆႏၵျပပြဲ တက္ေရာက္လာသူေတြ လတ္မွတ္ထိုး ေတာင္းဆိုခဲ့ၾကပါတယ္။

ဒီေန႔ရရွိတဲ့ လက္မွတ္ေတြကို သိမ္းဆည္းထားၿပီး အျခားၿမိဳ႕ေတြက လတ္မွတ္ေတြနဲ႔ စုေပါင္းၿပီး ႏိုင္ငံေတာ္သမၼထံကို ေပးပို႔သြားမယ္လို႔ သိရပါတယ္။

ဗစ္တိုးရီးယားကိစၥ သတင္းစာရွင္းလင္းပြဲမွာ ရဲတပ္ဖြဲ႕တာဝန္ရွိသူေတြ ေျပာဆိုခ်က္နဲ႔ ပတ္သက္ၿပီး ေဝဖန္ ေျပာဆိုခ်က္ေတြ က်ယ္က်ယ္ေလာင္ေလာင္ ထြက္ေပၚေနေပမယ့္ ရဲတပ္ဖြဲ႕အေနနဲ႔ ဒီေန႔အခ်ိန္အထိ တစ္စုံတစ္ရာ တုံ႔ျပန္ေျပာဆိုတာကို မေတြ႕ရေသးပါဘူး။

ဒီေန႔မွာလည္း ရဲတပ္ဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ရဲမႉးႀကီး မ်ိဳးသူစိုးနဲ႔ ျပည္ထဲေရးဝန္ႀကီးဌာန သတင္းရဲတပ္ဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ရဲမႉးႀကီးေက်ာ္သီဟတို႔ကို RFA က ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံ ေျဖၾကားျခင္းမရွိပါဘူး။

RFA Burmese
https://www.rfa.org
--------
(Unicode)⤵⤵⤵
ဗစ်တိုးရီးယားကိစ္စ အမှုမှန်ပေါ်ရေး မန္တလေးမှာ ဆန္ဒပြတောင်းဆို

ဗစ်တိုးရီးယား အမှုမှန်အမြန်ဆုံးပေါ်ရေး မန္တလေးမြို့ မနော်ရမ္မကွင်းမှာ ၂၀၁၉ ဒီဇင်ဘာ ၂၄ ရက်နေ့က အရပ်ဘက်အဖွဲ့များ ဆန္ဒပြနေကြစဉ်
Photo: Khaymani Win/RFA

နေပြည်တော်က ကိုယ်ပိုင်ကျောင်းတစ်ခုမှာ ကျောင်းတက်နေတဲ့ ဗစ်တိုးရီးယား ကလေးငယ် လိင်အကြမ်းဖက်ခံခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့အနေနဲ့ အမှုမှန်အမြန်ဆုံး ပေါ်ပေါက်လာအောင် ဆောင်ရွက်ဖို့ မန္တလေးမြို့က အရပ်ဘက်အဖွဲ့တွေ စုပေါင်းပြီး မနော်ရမ္မကွင်းမှာ ဒီနေ့ ဆန္ဒပြ တောင်းဆိုကြပါတယ်။

ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်သူ တစ်ယောက်ဖြစ်တဲ့ ကိုဘိုဘိုက အမှန်တရားကိုလိုလားတဲ့ ပြည်သူတွေ ရှိနေတယ်ဆိုတာ သိစေချင်တာကြောင့် တောင်းဆိုပွဲ ကျင်းပတာဖြစ်ကြောင်း ပြောပါတယ်။

“သက်ငယ်မှုဒိန်းတွေက ကျွန်တော်တို့နိုင်ငံမှာ အမြဲတမ်း ဖြစ်နေတယ်။ အဲဒါနဲ့ တစ်လက်စတည်း လက်ရှိ တရားစီရင်ရေး မဏ္ဍိုင်ကလည်း မေးခွန်းထုတ်စရာတွေရှိနေတယ်။ တစ်ဖက်ကလည်း နိုင်ငံမှာက မှုခင်းတွေ အမြဲဖြစ်နေတယ်။ အဲဒီတော့ တရားမျှတမှု ရရှိရေးရယ်၊ အမှန်တရားကိုမြတ်နိုးတဲ့သူတွေ ဒီပွဲကို စီစဉ်ထားတာပါ။”

ဆန္ဒပြပွဲကိုလာရောက်ဝန်းရံတဲ့ မန္တလေးမြို့က မစူးရှရှင်းသန့်က

“ကျင့်ဝတ်ဖောက်ပြီးပြောတဲ့ အာဏာပိုင်တွေအနေနဲ့ ကိုယ့်ရဲ့ကျင့်ဝတ်ကိုသိဖို့၊ ဖောက်ဖျက်လိုက်တဲ့ ကိုယ့်ရဲ့အပြစ်ကို ကိုယ်တိုင်ဝန်ခံပြီးတော့ တရားရုံးမှာပြန်ဖြေရှင်းဖို့၊ ဗစ်တိုးရီးယားတို့ မိသားစုကို အနူးညွတ်တောင်းပန်ဖို့၊ အမှုမှန်ပေါ်ဖို့ ပြုလုပ်ပေးဖို့ တောင်းဆိုချင်တယ်။ ကျမတို့သိချင်တာ ဗစ်တိုးရီးယားရဲ့ အချက်အလက်တွေမဟုတ်ဘူး၊ သူ့ကို ကျူးလွန်တဲ့သူကို သိချင်တာ” လို့‌ ပြောပါတယ်။

ဗစ်တိုးရီးယားကိစ္စ အမှန်တရားပေါ်ပေါက်ရေး တောင်းဆိုပွဲတွေကို မနက်ဖြန်မှာလည်း ပြင်ဦးလွင်မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

“မဖြစ်သင့်ဘူး ယူဆလို့ ဆက်လုပ်ဆောင်နေပါမှာပါ၊ မနက်ဖြန် ပြင်ဦးလွင်မှာဆိုလည်း ကန်တော်ကြီး ကန်ဘောင်မှာ လမ်းလျှောက်မယ်။ တရားဥပဒေမျှတဖို့ ဆန္ဒဖော်ထုတ်မယ်”

ပြင်ဦးလွင်မြို့ကနေ ဒီနေ့ ဆန္ဒပြပွဲကို လာရောက်ဝန်းရံတဲ့ ဒေါ်မြအေးငြိမ်း ပြောသွားတာပါ။

ကလေးသူငယ်ဥပဒေအရ လုပ်ဆောင်လို့ရတဲ့ နည်းလမ်းတွေကို တရားလွတ်တော်ရှေ့နေ တစ်ယောက်ဖြစ်တဲ့ ဦးစည်သူက အခုလို အကြံပေးပါတယ်။

“ကလေးနဲ့ပတ်သတ်လို့ နစ်နာမှုရှိခဲ့မယ်ဆိုရင် နစ်နာသူရဲ့ကိုယ်စား တရားစွဲဆိုခွင့်တွေ ရှိနေတယ်။ ကလေးသူငယ်ဥပဒေအရ  မည်သူမဆို ဆောင်ရွက်ခွင့်ရှိတယ်။ ဗစ်တိုးရီးယားလေး နစ်နာလား၊  နစ်နာရင် သူကိုယ်တိုင်လည်း တရားစွဲနိုင်တယ်။ မိဘအုပ်ထိန်းသူကလည်း စွဲနိုင်တယ်။ နီးစပ်ရာ မိတ်ဆွေတွေကလည်း စွဲနိုင်တယ်။ တိုက်ရိုက်စွဲမလား၊ အစိုးရတင်ပြမလား၊ ဆောင်ရွက်ခွင့်တွေရှိနေတယ်။ ”

အခုလို ဆန္ဒထုတ်ဖော်ပွဲတွေကို မနေ့ကလည်း ရန်ကုန်မြို့မှာကျင်းပခဲ့ပြီး နောက်ရက်တွေမှာလည်း ပြင်ဦးလွင်မြို့အပြင် ရွှေဘိုမြို့မှာလည်း ကျင်းပသွားမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒီကနေ့ တောင်းဆိုတဲ့ပွဲမှာတော့ လူအင်အား ၁၀၀ ကျော်ပါဝင်ခဲ့ကြပြီး ကျင့်ဝတ်ဖောက်ဖျက်သူများ အရေးယူပေးရေး၊ ကလေးသူငယ်တွေရဲ့အနာဂတ်ကိုစာနာဖို့၊ ကလေးငယ်တွေအပေါ် လိင်အလွဲသုံးစား ပြုလုပ်တာတွေ အလိုမရှိ၊ နိုင်ငံသားတစ်ဦးချင်းစီရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်တွေ မချိုးဖောက်ရေးဆိုတဲ့ အချက်တွေကို တောင်းဆိုခဲ့ကြပါတယ်။

ဗစ်တိုးရီးယား အမှုကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ ၁၉ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကလေးအမည်ကို ထုတ်ဖော်ပြောဆိုခဲ့တာတွေဟာ ကလေးသူငယ် အခွင့်အရေးကို ချိုးဖောက်ရာ ရောက်တာကြောင့် လိုအပ်သလို အရေးယူပေးဖို့ဆိုတဲ့ တောင်းဆိုချက်ကို ဆန္ဒပြပွဲ တက်ရောက်လာသူတွေ လတ်မှတ်ထိုး တောင်းဆိုခဲ့ကြပါတယ်။

ဒီနေ့ရရှိတဲ့ လက်မှတ်တွေကို သိမ်းဆည်းထားပြီး အခြားမြို့တွေက လတ်မှတ်တွေနဲ့ စုပေါင်းပြီး နိုင်ငံတော်သမ္မထံကို ပေးပို့သွားမယ်လို့ သိရပါတယ်။

ဗစ်တိုးရီးယားကိစ္စ သတင်းစာရှင်းလင်းပွဲမှာ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ဝေဖန် ပြောဆိုချက်တွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပေမယ့် ရဲတပ်ဖွဲ့အနေနဲ့ ဒီနေ့အချိန်အထိ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုတာကို မတွေ့ရသေးပါဘူး။

ဒီနေ့မှာလည်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုးနဲ့ ပြည်ထဲရေးဝန်ကြီးဌာန သတင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးကျော်သီဟတို့ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပါဘူး။

RFA Burmese
https://www.rfa.org
ဗစ္တိုးရီးယားကိစၥ အမႈမွန္ေပၚေရး မႏၲေလးမွာ ဆႏၵျပေတာင္းဆို ဗစ္တိုးရီးယားကိစၥ အမႈမွန္ေပၚေရး မႏၲေလးမွာ ဆႏၵျပေတာင္းဆို Reviewed by THITHTOOLWIN on 00:11 Rating: 5
Powered by Blogger.