တနသၤာရီတြင္ လင္မယားခ်င္းရန္ျဖစ္ရာမွ ဓါးခုတ္မႈျဖစ္ပြား၊ လင္ျဖစ္သူေသဆုံး

(Zawgyi)⤵⤵⤵
တနသၤာရီၿမိဳ႕နယ္၊ တမုတ္ခ်ဳံးေက်း႐ြာအုပ္စု၊ ေရျဖဴေက်း႐ြာတြင္ ဒီဇင္ဘာလ ၁၅ ရက္ေန႔၊ နံနက္ပိုင္းက လင္မယားခ်င္းစကားမ်ားရန္ျဖစ္ရာ မယားျဖစ္သူမွ လင္ျဖစ္သူအား ေတာခုတ္ဓါးျဖင့္ခုတ္သတ္ခဲ့ေၾကာင္းသိရပါတယ္။

တမုတ္ခ်ဳံးေက်း႐ြာအုပ္စု၊ ေရျဖဴေက်း႐ြာတြင္ေနထိုင္တဲ့ မ်ိဳးခိုင္ႏွင့္ေမရီျမင့္ လင္မယားခ်င္းစကား မ်ားၿပီး မ်ိဳးခိုင္မွ ေမရီျမင့္၏၏ပါးအား လက္ျဖင့္႐ိုက္တာေၾကာင့္ ဇနီးျဖစ္သူမွ မီးဖိုခန္းရွိ ေတာခုတ္ထားျဖင့္ ခုတ္ခဲ့ေၾကာင္း သိရပါတယ္။

ဓါးခုတ္မႈေၾကာင့္ မ်ိဳးခိုင္တြင္ ယာဘက္ဦးေခါင္းျပတ္ရွဒဏ္ရာ(၂)ခ်က္၊ ယာဘက္ပါးေအာက္ပါးစပ္ ျပတ္ရွဒဏ္ရာ(၁)ခ်က္၊ ဝဲဘက္ပါးျပတ္ရွဒဏ္ရာ(၁)ခ်က္၊ ယာဘက္နားထင္ ျပတ္ရွဒဏ္ရာ(၁)ခ်က္၊ ယာဘက္ လက္သန္းေအာက္လက္ဖဝါးေစာင္း ျပတ္ရွဒဏ္ရာ(၁)ခ်က္ ရရွိၿပီး တနသၤာရီၿမိဳ႕နယ္ေဆး႐ုံမွတဆင့္ ၿမိတ္ျပည္သူ႔ေဆး႐ုံသို႔ပိုေဆာင္ကုသစဥ္ ညေန ၄ နာရီခန္႔တြင္ မ်ိဳးခိုင္မွာ ရရွိဒဏ္ရာျဖင့္ေသဆုံးသြားေၾကာင္းသိရပါတယ္။

ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး မ်ိဳးခိုင္(၄၀)ႏွစ္အားဓါးျဖင့္ခုတ္သူ ေမရီျမင့္(၃၅)ႏွစ္၊အား တနသၤာရီၿမိဳ႕မရဲစခန္းမွ ရာဇသတ္ႀကီးပုဒ္မ ၃၂၆ ျဖင့္ အမႈဖြင့္ထားရာမွ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ သို႔ ေျပာင္းလဲအမႈဖြင့္အေရးယူထားေၾကာင္းသိရပါတယ္။

Myat Htut - Myeik
https://www.facebook.com/pg/Myat-Htut-Myeik-222869948053294
-------------
(Unicode)⤵⤵⤵
တနင်္သာရီတွင် လင်မယားချင်းရန်ဖြစ်ရာမှ ဓါးခုတ်မှုဖြစ်ပွား၊ လင်ဖြစ်သူသေဆုံး

တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာအုပ်စု၊ ရေဖြူကျေးရွာတွင် ဒီဇင်ဘာလ ၁၅ ရက်နေ့၊ နံနက်ပိုင်းက လင်မယားချင်းစကားများရန်ဖြစ်ရာ မယားဖြစ်သူမှ လင်ဖြစ်သူအား တောခုတ်ဓါးဖြင့်ခုတ်သတ်ခဲ့ကြောင်းသိရပါတယ်။

တမုတ်ချုံးကျေးရွာအုပ်စု၊ ရေဖြူကျေးရွာတွင်နေထိုင်တဲ့ မျိုးခိုင်နှင့်မေရီမြင့် လင်မယားချင်းစကား များပြီး မျိုးခိုင်မှ မေရီမြင့်၏၏ပါးအား လက်ဖြင့်ရိုက်တာကြောင့် ဇနီးဖြစ်သူမှ မီးဖိုခန်းရှိ တောခုတ်ထားဖြင့် ခုတ်ခဲ့ကြောင်း သိရပါတယ်။

ဓါးခုတ်မှုကြောင့် မျိုးခိုင်တွင် ယာဘက်ဦးခေါင်းပြတ်ရှဒဏ်ရာ(၂)ချက်၊ ယာဘက်ပါးအောက်ပါးစပ် ပြတ်ရှဒဏ်ရာ(၁)ချက်၊ ဝဲဘက်ပါးပြတ်ရှဒဏ်ရာ(၁)ချက်၊ ယာဘက်နားထင် ပြတ်ရှဒဏ်ရာ(၁)ချက်၊ ယာဘက် လက်သန်း အောက်လက်ဖဝါးစောင်း ပြတ်ရှဒဏ်ရာ(၁)ချက် ရရှိပြီး တနင်္သာရီမြို့နယ်ဆေးရုံမှတဆင့် မြိတ်ပြည်သူ့ဆေးရုံသို့ပိုဆောင်ကုသစဉ် ညနေ ၄ နာရီခန့်တွင် မျိုးခိုင်မှာ ရရှိဒဏ်ရာဖြင့်သေဆုံးသွားကြောင်းသိရပါတယ်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မျိုးခိုင်(၄၀)နှစ်အားဓါးဖြင့်ခုတ်သူ မေရီမြင့်(၃၅)နှစ်၊အား တနင်္သာရီမြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ထားရာမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂ သို့ ပြောင်းလဲအမှုဖွင့်အရေးယူထားကြောင်းသိရပါတယ်။

Myat Htut - Myeik
https://www.facebook.com/pg/Myat-Htut-Myeik-222869948053294
တနသၤာရီတြင္ လင္မယားခ်င္းရန္ျဖစ္ရာမွ ဓါးခုတ္မႈျဖစ္ပြား၊ လင္ျဖစ္သူေသဆုံး တနသၤာရီတြင္ လင္မယားခ်င္းရန္ျဖစ္ရာမွ ဓါးခုတ္မႈျဖစ္ပြား၊ လင္ျဖစ္သူေသဆုံး Reviewed by THITHTOOLWIN on 21:30 Rating: 5
Powered by Blogger.