ကားႏွစ္စီး တိုက္မိလို႔ လူ(၁၀)ဦးေသဆုံးၿပီး ၅ ဦးဒဏ္ရာရတဲ့ မုဒုံၿမိဳ႕နယ္က ယာဥ္တိုက္မႈ

ဓါတ္ပုံ ေမာ္လၿမိဳင္လူမႈကယ္ဆယ္ေရးအသင္း
(Zawgyi)⤵⤵⤵
မုဒုံ ဒီဇင္ဘာ ၂၆-၂၀၁၉

မြန္ျပည္နယ္ မုဒုံၿမိဳ႕နယ္ ကြမ္တာေက်း႐ြာအနီးမွာဒီေန႔နံက္ ( ၁၀ ) နာရီ ဝန္းက်င္က မုဒုံဘက္ကေန ေမာ္လၿမိဳင္ဘက္သို႔ လားရာတူေမာင္းႏွင္လာတဲ့ေျမသယ္ကား BGO 8A - ကိုဟိုက္ဂ်က္ YGN 7E - ကား ႏွစ္စီးတိုက္မိလို႔ လူ ၁၀ ဦးေသဆုံးခဲ့ၿပီး ကားေအာက္ပိေနတဲ့ခေလးတစ္ဦးအား လူမႈကယ္ဆယ္ေရးအဖြဲ႕မွအသက္ရွင္လ်က္ကယ္ထုတ္ႏိုင္ခဲ့တယ္လို႔သိရပါတယ္။
ဓါတ္ပုံ ေမာ္လၿမိဳင္လူမႈကယ္ဆယ္ေရးအသင္း

‟ကားကလားရာတူလာတာ ဘုရားဖူးဟိုက္ဂ်က္ကားကေျခာက္ဘီးကားကိုေက်ာ္တက္ၿပီး မူလယဥ္လမ္းေၾကာင္းကိုျပန္ဝင္တာမွာ သဲကားနဲ႔တိုက္မိၾကတာပါ က်ေနာ္တို႔ေရာက္သြားေတာ့ဟိုက္ဂ်က္ကားက သဲကားေအာက္ေရာက္ေနၿပီ ရွင္တဲ့လူေရာ ေသတဲ့လူေရာအကုန္ကယ္ထုတ္ၾကရတယ္ကားေ အာက္မွာ ပိေသေနတာ (၄)ေလာင္းေပါ့ ကားေခါင္းထဲမွာေသတဲ့လူေရာ ယဥ္ေမာင္းလည္းေသေနတယ္ အဲဒီမွာအသက္(၁၃)ႏွစ္ေလာက္ရွိတဲ့အသက္ ရွင္ေနတဲ့ ခေလးတစ္ေယာက္ေတြ႕ရတယ္ကေလးကအရမ္းလန႔္ေနလို႔ေအာက္ဆီဂ်င္ေပး အားေပးစကားေျပာထားၿပီးမီးသတ္က ကတ္တာေတြနဲ႔ ျဖတ္ေတာက္ၿပီး ကယ္ထုတ္ခဲ့တာပါ အသက္ရွင္လ်က္ကယ္ထုတ္ႏိုင္ခဲ့တယ္ လို႔”ေမာ္လၿမိဳင္ လူမႈကယ္ဆယ္ေရး အဖြဲ႕ အတြင္းေရးမႉး ကိုဇင္မ်ိဳးကVOMကိုေျပာပါတယ္။
ဓါတ္ပုံ ေမာ္လၿမိဳင္လူမႈကယ္ဆယ္ေရးအသင္း

အဲဒီုျဖစ္စဥ္မွာ ဒဏ္ရာရေသဆုံးခဲ့သူေတြဟာ ဘားအံၿမိဳ႕ ေကာ့လႈိက္ေက်း႐ြာဘက္က ဘုရားဖူးလာၾကတဲ့ ခရီးသည္ ေတြ ျဖစ္ၿပီး ယဥ္ေပၚမွာ အမ်ိဳးသား (၇ )အမ်ိဳးသမီး(၈)ဦး ေပါင္း ၁၅ ဦးရွိရာမွ အခင္းျဖစ္ေနရာတြင္ အမ်ိဳးသား(၆)ဦး အမ်ိဳးသမီး(၃)ဦးပြဲခ်င္းၿပီးေသဆုံးခဲ့ၿပီး က်န္ရွိလူနာ ၆ဦးအနက္ ေမာ္လၿမိဳင္ေဆး႐ုံမွာ အမ်ိဳးသမီးတစ္ဦးထပ္မံေသဆုံးခဲ့ရာ ေသဆုံးသူစုစုေပါင္း ၁၀ ဦးထိရွိေၾကာင္း မုဒုံ ၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္တစ္ဦး ထံကသိရပါတယ္။

သူတို႔ဟာ ပဲခူးတိုင္း ႀကိဳပင္ေကာက္ၿမိဳ႕ ၊ ေအာင္လံၿမိဳ႕ ၊ ဇီးကုန္းၿမိဳ႕ ဘက္မွ ဘုရားဖူးဧည့္သည္မ်ားျဖစ္ၿပီး ဘားအံရွိ အမ်ိဳးျဖစ္သူထံလာလည္ၿပီး ဘားအံကတစ္ဆင့္က်ိဳကၡမီဘက္သို႔ ဘုရားဖူးရန္ သြားေရာက္ၾကတာလို႔သိရပါတယ္။

မုဒုံၿမိဳ႕၌၂၀၁၉ ခုႏွစ္အတြင္း ေသဆုံးမႈအမ်ားဆုံး ယာဥ္တိုက္မႈတစ္ခုျဖစ္ၿပီး ေသဆုံးသူ
က်ား( ၆) မ(၄)ဦး ေပါင္း(၁၀) ဦးရွိၿပီး ေမာ္လၿမိဳင္ေဆး႐ုံ၌ လက္ရွိ က်ား(၁)ဦး မ(၄)ဦး အသက္ရွင္ေနၿပီး ေဆးကုသမႈခံယူလွ်က္ရွိတယ္လို႔သိရပါတယ္။

မိုးယံ(VOM)
ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
-----------
(Unicode)⤵⤵⤵
ကားနှစ်စီး တိုက်မိလို့ လူ(၁၀)ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရတဲ့ မုဒုံမြို့နယ်က ယာဉ်တိုက်မှု

မုဒုံ ဒီဇင်ဘာ ၂၆-၂၀၁၉

မွန်ပြည်နယ် မုဒုံမြို့နယ် ကွမ်တာကျေးရွာအနီးမှာဒီနေ့နံက် ( ၁၀ ) နာရီ ဝန်းကျင်က မုဒုံဘက်ကနေ မော်လမြိုင်ဘက်သို့ လားရာတူမောင်းနှင်လာတဲ့မြေသယ်ကား BGO 8A - ကိုဟိုက်ဂျက် YGN 7E - ကား နှစ်စီးတိုက်မိလို့ လူ ၁၀ ဦးသေဆုံးခဲ့ပြီး ကားအောက်ပိနေတဲ့ခလေးတစ်ဦးအား လူမှုကယ်ဆယ်ရေးအဖွဲ့မှအသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။

‟ကားကလားရာတူလာတာ ဘုရားဖူးဟိုက်ဂျက်ကားကခြောက်ဘီးကားကို
ကျော်တက်ပြီး မူလယဉ်လမ်းကြောင်းကိုပြန်ဝင်တာမှာ သဲကားနဲ့တိုက်မိကြတာပါ ကျနော်တို့ရောက်သွားတော့ဟိုက်ဂျက်ကားက သဲကားအောက်ရောက်နေပြီ ရှင်တဲ့လူရော သေတဲ့လူရောအကုန်ကယ်ထုတ်ကြရတယ်ကားေ အာက်မှာ ပိသေနေတာ (၄)လောင်းပေါ့ ကားခေါင်းထဲမှာ
သေတဲ့လူရော ယဉ်မောင်းလည်းသေနေတယ် အဲဒီမှာအသက်(၁၃)နှစ်လောက်ရှိတဲ့အသက် ရှင်နေတဲ့ ခလေးတစ်ယောက်တွေ့ရတယ်ကလေးကအရမ်းလန့်နေလို့အောက်ဆီဂျင်ပေး အားပေးစကားပြောထားပြီးမီးသတ်က ကတ်တာတွေနဲ့ ဖြတ်တောက်ပြီး ကယ်ထုတ်ခဲ့တာပါ အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့တယ် လို့”မော်လမြိုင် လူမှုကယ်ဆယ်ရေး အဖွဲ့ အတွင်းရေးမှူး ကိုဇင်မျိုးကVOMကိုပြောပါတယ်။

အဲဒီုဖြစ်စဉ်မှာ ဒဏ်ရာရသေဆုံးခဲ့သူတွေဟာ ဘားအံမြို့ ကော့လှိုက်ကျေးရွာဘက်က ဘုရားဖူးလာကြတဲ့ ခရီးသည် တွေ ဖြစ်ပြီး ယဉ်ပေါ်မှာ အမျိုးသား (၇ )အမျိုးသမီး(၈)ဦး ပေါင်း ၁၅ ဦးရှိရာမှ အခင်းဖြစ်နေရာတွင် အမျိုးသား(၆)ဦး အမျိုးသမီး(၃)ဦးပွဲချင်းပြီးသေဆုံးခဲ့ပြီး ကျန်ရှိလူနာ ၆ဦးအနက် မော်လမြိုင်ဆေးရုံမှာ အမျိုးသမီးတစ်ဦးထပ်မံသေဆုံးခဲ့ရာ သေဆုံးသူစုစုပေါင်း ၁၀ ဦးထိရှိကြောင်း မုဒုံ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦး ထံကသိရပါတယ်။

သူတို့ဟာ ပဲခူးတိုင်း ကြိုပင်ကောက်မြို့ ၊ အောင်လံမြို့ ၊ ဇီးကုန်းမြို့ ဘက်မှ ဘုရားဖူးဧည့်သည်များဖြစ်ပြီး ဘားအံရှိ အမျိုးဖြစ်သူထံလာလည်ပြီး ဘားအံကတစ်ဆင့်ကျိုက္ခမီဘက်သို့ ဘုရားဖူးရန် သွားရောက်ကြတာလို့သိရပါတယ်။

မုဒုံမြို့၌၂၀၁၉ ခုနှစ်အတွင်း သေဆုံးမှုအများဆုံး ယာဉ်တိုက်မှုတစ်ခုဖြစ်ပြီး သေဆုံးသူ
ကျား( ၆) မ(၄)ဦး ပေါင်း(၁၀) ဦးရှိပြီး မော်လမြိုင်ဆေးရုံ၌ လက်ရှိ ကျား(၁)ဦး မ(၄)ဦး အသက်ရှင်နေပြီး ဆေးကုသမှုခံယူလျှက်ရှိတယ်လို့သိရပါတယ်။

မိုးယံ(VOM)
ဓါတ်ပုံ မော်လမြိုင်လူမှုကယ်ဆယ်ရေးအသင်း
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ကားႏွစ္စီး တိုက္မိလို႔ လူ(၁၀)ဦးေသဆုံးၿပီး ၅ ဦးဒဏ္ရာရတဲ့ မုဒုံၿမိဳ႕နယ္က ယာဥ္တိုက္မႈ ကားႏွစ္စီး တိုက္မိလို႔ လူ(၁၀)ဦးေသဆုံးၿပီး ၅ ဦးဒဏ္ရာရတဲ့ မုဒုံၿမိဳ႕နယ္က ယာဥ္တိုက္မႈ Reviewed by THITHTOOLWIN on 21:32 Rating: 5
Powered by Blogger.