ေဆးေျခာက္စိုက္ပ်ိဳးလို႔ တရားစြဲတဲ့အမႈ တိုင္းတရားလႊတ္ေတာ္မွာၾကားနာ

မႏၲေလးတိုင္း ငါန္းဇြန္ၿမိဳ႕နယ္ မႏၲေလးၿမိဳ႕သာစက္မႈဥယ်ာဥ္ၿမိဳ႕ေတာ္ဝင္းမွာ စိုက္ပ်ိဳးထားတဲ့ Hemp ဟမ့္ေခၚ သဘာဝေဆးဘက္ဝင္ သစ္ပင္စိုက္ခင္းကို ေတြ႕ရစဥ္ / ဓါတ္ပုံ - -ေဒၚသဲစုေဝ
(Zawgyi)⤵⤵⤵
မႏၲေလးတိုင္း၊ ငါန္းဇြန္ၿမိဳ႕နယ္က  ၿမိဳ႕သာစက္မႈဥယ်ာဥ္အတြင္းမွာ တိုင္းေဒသႀကီး အစိုးရ ခြင့္ျပဳခ်က္နဲ႔ စိုက္ပ်ိဳး ထားခဲ့တာ ျဖစ္ေပမယ့္ ေဆးေျခာက္အာနိသင္ ပါရွိတယ္ဆိုကာ ျမင္းၿခံၿမိဳ႕မရဲစခန္းက ရဲအုပ္ ေဇာ္ေအာင္က ၿပီးခဲ့တဲ့ဧၿပီလက တရားလို ျပဳလုပ္အမႈဖြင့္ခဲ့တာပါ။

အမႈတြဲေခ်ဖ်က္ဖို႔ ေတာ္႐ုံအဆင့္နဲ႔ တက္ေလ့မရွိေပမယ့္ ဒီအမႈမွာေတာ့ ထူးျခားခ်က္ေတြ ရွိေနလို႔ တက္ရတာ ျဖစ္တယ္လို႔ အမႈကို လိုက္ပါေဆာင္႐ြက္ေပးတဲ့ တရားလႊတ္ေတာ္ေရွ႕ေန ဦးသိန္းသန္းဦး ကေျပာပါတယ္။

“ဒီအမႈႀကီးတစ္ခုလုံးကို တည္ေဆာက္ထားတာက မခိုင္လုံတဲ့ ထြက္ခ်က္ေတြနဲ႔ လုပ္ထားတာျဖစ္တယ္။ အမႈမွာ ထင္ရွားတဲ့အခ်က္က သရီးအမ္ကုမၸဏီျဖစ္တယ္။ နယ္သမားေတြ ဝင္ေငြတိုးမယ္လို႔ ယုံၾကည္တဲ့အတြက္ ရည္႐ြယ္ခ်က္နဲ႔ ကိုက္ညီတဲ့အတြက္ တရားဝင္ေဆာင္႐ြက္တာပါ။  မႏၲေလးတိုင္းေဒသႀကီး အစိုးရဆီ စာေရးၿပီး ခြင့္ျပဳမိန႔္ေတာင္းခဲ့တယ္။ ဟိုကလည္း ခြင့္ျပဳတယ္”

မႏၲေလးၿမိဳ႕ ဓာတုေဗဒ စစ္ေဆးေရးဌာနက စစ္ေဆးရာမွာေတာ့ ေဆးေျခာက္ ( Cannabis ) ျဖစ္တယ္လို႔ စစ္ေဆး ေတြ႕ရွိေၾကာင္း အေၾကာင္းျပန္ခဲ့ေပမယ့္ အာနိသင္ ဘယ္ေလာက္ရာခိုင္ႏႈန္း ပါဝင္တယ္ဆိုတာကိုေတာ့ စစ္ေဆး မထားဘူးလို႔ ဆိုပါတယ္။

အခုလိုစိုက္ပ်ိဳးမႈေၾကာင့္ အေမရိကန္ႏိုင္ငံသား ေျခာက္ဦးနဲ႔ ျမန္မာႏိုင္ငံသား ႏွစ္ေယာက္ကို စိတ္ကိုေျပာင္းလဲ ေစတဲ့ မူးယစ္ပုဒ္မေတြနဲ႔ တရားစြဲဆိုထားပါတယ္။

အေမရိကန္ႏိုင္ငံသား ျဖစ္တဲ့ဂ်ပန္လူမ်ိဳး  Mr john ကေတာ့ အာမခံရရွိထားၿပီး ေနာက္ထပ္ငါးေယာက္ကေတာ့ တရားခံေျပး အျဖစ္သတ္မွတ္ထားပါတယ္။ ျမန္မာႏိုင္ငံသား ႏွစ္ေယာက္ေတာ့ ျမင္းၿခံေထာင္အတြင္းကေန တရား ရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။

စိုက္ခင္းမွာ အလုပ္လုပ္ကိုင္ေနစဥ္ ဖမ္းဆီးခံခဲ့ရတဲ့ မ႐ႊန္းလဲ့ျမတ္ႏိုးရဲ႕ဖခင္ျဖစ္တဲ့ ဦးမ်ိဳးမင္းေအာင္က “သမီးက အျပစ္မွမရွိတာ၊ လြတ္ေပးဖို႔ပဲေလ၊ အလုပ္သမားပါ၊ ပိုင္ရွင္လည္းမဟုတ္ပါဘူး” လို႔ေျပာပါတယ္။

စိုက္ပ်ိဳးဖို႔လက္ခံထားတဲ့ IIIM ကုမၸဏီဘက္ကထုတ္ျပခ်က္မွာေတာ့ တရားဝင္ခြင့္ျပဳခ်က္ရရွိထားေပမယ့္ စိုက္ခင္း တာဝန္ရွိသူေတြနဲ႔ သုေတသန ျပဳလုပ္သူေတြအေပၚ  ျမန္မာတရား႐ုံးက တရားစြဲဖို႔ ဆုံးျဖတ္တာက ဌာနဆိုင္ရာ ေတြၾကား ခ်ိတ္ဆက္မႈ လြဲမွားေနတာျဖစ္တယ္လို႔ ထုတ္ျပန္ထားပါတယ္။

ဒါေပမဲ့ တရားစြဲဆိုမႈမွာေတာ့ တာဝန္ရွိတဲ့အထဲမွာပါဝင္တဲ့ ကုမၸဏီသူေတြ တစ္ေယာက္မွမပါဝင္ဘူးလို႔ အမႈကို လိုက္ပါေဆာင္႐ြက္ေပးတဲ့ ေရွ႕ေနထံကသိရပါတယ္။

“အဂၤလိပ္စာေမဂ်ာနဲ႔ ၿပီးထားတဲ့သူက ဘယ္လိုလုပ္ ဓာတ္ခြဲခန္း လက္ေထာက္ျဖစ္မလဲ၊ လက္သမားက ဘယ္လိုလုပ္ စိုက္ခင္းမန္ေနဂ်ာျဖစ္မွာလဲ၊ သက္ေသခံ အေထာက္အထားရွိသလားဆိုေတာ့ ဘာမွမရွိဘူး၊ အလုပ္ ခန႔္စာလည္းမရွိဘူး၊ လစာေပးစာရင္းလည္းမရွိဘူး၊ ဝန္ထမ္းကတ္ျပားလည္းမရွိဘူး၊ ဘာအေထာက္အထား မွမရွိဘူး၊ တရားလိုျပသက္ေသေတြလည္း ဝန္ခံထားတယ္။”

မ႐ြန္းလဲ့ျမတ္ႏိုးရဲ႕ မိခင္ျဖစ္သူက

“က်မ မေျဖႏိုင္ဘူး၊ ေျပာလည္းမေျပာခ်င္ေတာ့ဘူး၊ ကေလးပဲျပန္လိုခ်င္တယ္။ အခုဘာထူးမတုန္းလို႔ လာေတာ့ လည္း ဘာမွမထူးဘူး၊ က်ဳပ္သမီးေလးသနားစရာပါ၊ က်န္းမာေရးလည္း  မေကာင္းဘူး” လို႔ေျပာပါတယ္။

အခုလို ေဆးေျခာက္အႏြယ္ဝင္အပင္ကို ျမန္မာႏိုင္ငံကို လာေရာက္စိုက္ပ်ိဳးဖို႔အတြက္ တ႐ုတ္ကုမၸဏီကလည္း ကမ္လွမ္းထားတယ္လို႔ သိရပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
ဆေးခြောက်စိုက်ပျိုးလို့ တရားစွဲတဲ့အမှု တိုင်းတရားလွှတ်တော်မှာကြားနာ

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် မန္တလေးမြို့သာစက်မှုဥယျာဉ်မြို့တော်ဝင်းမှာ စိုက်ပျိုးထားတဲ့ Hemp ဟမ့်ခေါ် သဘာဝဆေးဘက်ဝင် သစ်ပင်စိုက်ခင်းကို တွေ့ရစဉ်
ဓါတ်ပုံ - -ဒေါ်သဲစုဝေ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်က  မြို့သာစက်မှုဥယျာဉ်အတွင်းမှာ တိုင်းဒေသကြီး အစိုးရ ခွင့်ပြုချက်နဲ့ စိုက်ပျိုး ထားခဲ့တာ ဖြစ်ပေမယ့် ဆေးခြောက်အာနိသင် ပါရှိတယ်ဆိုကာ မြင်းခြံမြို့မရဲစခန်းက ရဲအုပ် ဇော်အောင်က ပြီးခဲ့တဲ့ဧပြီလက တရားလို ပြုလုပ်အမှုဖွင့်ခဲ့တာပါ။

အမှုတွဲချေဖျက်ဖို့ တော်ရုံအဆင့်နဲ့ တက်လေ့မရှိပေမယ့် ဒီအမှုမှာတော့ ထူးခြားချက်တွေ ရှိနေလို့ တက်ရတာ ဖြစ်တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး ကပြောပါတယ်။

“ဒီအမှုကြီးတစ်ခုလုံးကို တည်ဆောက်ထားတာက မခိုင်လုံတဲ့ ထွက်ချက်တွေနဲ့ လုပ်ထားတာဖြစ်တယ်။ အမှုမှာ ထင်ရှားတဲ့အချက်က သရီးအမ်ကုမ္ပဏီဖြစ်တယ်။ နယ်သမားတွေ ဝင်ငွေတိုးမယ်လို့ ယုံကြည်တဲ့အတွက် ရည်ရွယ်ချက်နဲ့ ကိုက်ညီတဲ့အတွက် တရားဝင်ဆောင်ရွက်တာပါ။  မန္တလေးတိုင်းဒေသကြီး အစိုးရဆီ စာရေးပြီး ခွင့်ပြုမိန့်တောင်းခဲ့တယ်။ ဟိုကလည်း ခွင့်ပြုတယ်”

မန္တလေးမြို့ ဓာတုဗေဒ စစ်ဆေးရေးဌာနက စစ်ဆေးရာမှာတော့ ဆေးခြောက် ( Cannabis ) ဖြစ်တယ်လို့ စစ်ဆေး တွေ့ရှိကြောင်း အကြောင်းပြန်ခဲ့ပေမယ့် အာနိသင် ဘယ်လောက်ရာခိုင်နှုန်း ပါဝင်တယ်ဆိုတာကိုတော့ စစ်ဆေး မထားဘူးလို့ ဆိုပါတယ်။

အခုလိုစိုက်ပျိုးမှုကြောင့် အမေရိကန်နိုင်ငံသား ခြောက်ဦးနဲ့ မြန်မာနိုင်ငံသား နှစ်ယောက်ကို စိတ်ကိုပြောင်းလဲ စေတဲ့ မူးယစ်ပုဒ်မတွေနဲ့ တရားစွဲဆိုထားပါတယ်။

အမေရိကန်နိုင်ငံသား ဖြစ်တဲ့ဂျပန်လူမျိုး  Mr john ကတော့ အာမခံရရှိထားပြီး နောက်ထပ်ငါးယောက်ကတော့ တရားခံပြေး အဖြစ်သတ်မှတ်ထားပါတယ်။ မြန်မာနိုင်ငံသား နှစ်ယောက်တော့ မြင်းခြံထောင်အတွင်းကနေ တရား ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

စိုက်ခင်းမှာ အလုပ်လုပ်ကိုင်နေစဉ် ဖမ်းဆီးခံခဲ့ရတဲ့ မရွှန်းလဲ့မြတ်နိုးရဲ့ဖခင်ဖြစ်တဲ့ ဦးမျိုးမင်းအောင်က “သမီးက အပြစ်မှမရှိတာ၊ လွတ်ပေးဖို့ပဲလေ၊ အလုပ်သမားပါ၊ ပိုင်ရှင်လည်းမဟုတ်ပါဘူး” လို့ပြောပါတယ်။

စိုက်ပျိုးဖို့လက်ခံထားတဲ့ IIIM ကုမ္ပဏီဘက်ကထုတ်ပြချက်မှာတော့ တရားဝင်ခွင့်ပြုချက်ရရှိထားပေမယ့် စိုက်ခင်း တာဝန်ရှိသူတွေနဲ့ သုတေသန ပြုလုပ်သူတွေအပေါ်  မြန်မာတရားရုံးက တရားစွဲဖို့ ဆုံးဖြတ်တာက ဌာနဆိုင်ရာ တွေကြား ချိတ်ဆက်မှု လွဲမှားနေတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ တရားစွဲဆိုမှုမှာတော့ တာဝန်ရှိတဲ့အထဲမှာပါဝင်တဲ့ ကုမ္ပဏီသူတွေ တစ်ယောက်မှမပါဝင်ဘူးလို့ အမှုကို လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေထံကသိရပါတယ်။

“အင်္ဂလိပ်စာမေဂျာနဲ့ ပြီးထားတဲ့သူက ဘယ်လိုလုပ် ဓာတ်ခွဲခန်း လက်ထောက်ဖြစ်မလဲ၊ လက်သမားက ဘယ်လိုလုပ် စိုက်ခင်းမန်နေဂျာဖြစ်မှာလဲ၊ သက်သေခံ အထောက်အထားရှိသလားဆိုတော့ ဘာမှမရှိဘူး၊ အလုပ် ခန့်စာလည်းမရှိဘူး၊ လစာပေးစာရင်းလည်းမရှိဘူး၊ ဝန်ထမ်းကတ်ပြားလည်းမရှိဘူး၊ ဘာအထောက်အထား မှမရှိဘူး၊ တရားလိုပြသက်သေတွေလည်း ဝန်ခံထားတယ်။”

မရွန်းလဲ့မြတ်နိုးရဲ့ မိခင်ဖြစ်သူက

“ကျမ မဖြေနိုင်ဘူး၊ ပြောလည်းမပြောချင်တော့ဘူး၊ ကလေးပဲပြန်လိုချင်တယ်။ အခုဘာထူးမတုန်းလို့ လာတော့ လည်း ဘာမှမထူးဘူး၊ ကျုပ်သမီးလေးသနားစရာပါ၊ ကျန်းမာရေးလည်း  မကောင်းဘူး” လို့ပြောပါတယ်။

အခုလို ဆေးခြောက်အနွယ်ဝင်အပင်ကို မြန်မာနိုင်ငံကို လာရောက်စိုက်ပျိုးဖို့အတွက် တရုတ်ကုမ္ပဏီကလည်း ကမ်လှမ်းထားတယ်လို့ သိရပါတယ်။

RFA Burmese
https://www.rfa.org
ေဆးေျခာက္စိုက္ပ်ိဳးလို႔ တရားစြဲတဲ့အမႈ တိုင္းတရားလႊတ္ေတာ္မွာၾကားနာ ေဆးေျခာက္စိုက္ပ်ိဳးလို႔ တရားစြဲတဲ့အမႈ တိုင္းတရားလႊတ္ေတာ္မွာၾကားနာ Reviewed by THITHTOOLWIN on 20:54 Rating: 5
Powered by Blogger.