ပရိေဘာဂေတြ အဝတ္ေလွ်ာ္စက္ေတြထဲပုန္းၿပီး အေမရိကန္ကိုဝင္ဖို႔ႀကိဳးစားတဲ့ တ႐ုတ္ႏိုင္ငံသားေတြ အဖမ္းခံရ

Photo: CBP San Diego
(Zawgyi)⤵⤵⤵
ဆန္ဒီယာဂို၊ ဒီဇင္ဘာ-၁၂-၂၀၁၉

ပရိေဘာဂပစၥည္းေတြ၊ အဝတ္ေလွ်ာ္စက္ေတြထဲမွာ ပုန္းေအာင္းလိုက္ပါလာတဲ့ လူ ၁၁ ဦးကို အေမရိကန္ႏိုင္ငံထဲ တရားမဝင္ခိုးသြင္းတဲ့ျဖစ္စဥ္တစ္ခုကို အေမရိကန္နယ္စပ္တာဝန္ရွိသူေတြက ေဖာ္ထုတ္ႏိုင္ခဲ့ပါတယ္။

မကၠဆီကိုႏိုင္ငံကေန ဆိုက္ေရာက္လာတဲ့ ကုန္တင္ကားတစ္စီးထဲမွာ ပုန္းေအာင္လိုက္ပါလာတဲ့ အဲဒီလူေတြအားလုံးဟာ တ႐ုတ္ႏိုင္ငံသားေတြျဖစ္တယ္လို႔ အေမရိကန္ အေကာက္ခြန္နဲ႔ နယ္စပ္လုံၿခဳံေရးအဖြဲ႕က ထုတ္ျပန္ပါတယ္။

အဲဒီတ႐ုတ္ႏိုင္ငံသားေတြကို ဆန္ဒီယာဂိုၿမိဳ႕မွာရွိတဲ့ ဆန္စီဒ႐ိုနယ္စပ္ျဖတ္ေက်ာ္ဂိတ္မွာ နယ္စပ္လုံၿခဳံေရးတာဝန္ရွိသူေတြက ဒီဇင္ဘာ ၇ ရက္ေန႔မွာ ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္စစ္ေဆးမႈေတြျပဳလုပ္ၿပီးခ်ိန္မွာေတာ့ အဝတ္ေလွ်ာ္စက္နဲ႔ ပရိေဘာဂေတြထဲကေန တ႐ုတ္ႏိုင္ငံသားအခ်ိဳ႕ကို ေတြ႕ရွိခဲ့ၿပီး သူတို႔ကို ကယ္ထုတ္ေပးခဲ့ၿပီး ဘယ္သူတစ္ဦးတစ္ေယာက္မွ ဒါဏ္ရာမရဖူးလို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။

လက္ရွိမွာေတာ့ အသက္ ၄၂ ႏွစ္အ႐ြယ္ အေမရိကန္ႏိုင္ငံသား ကုန္တင္ကားေမာင္းသူကို ဖမ္းဆီးထိန္းသိမ္းထားပါတယ္။ လူမႈဝင္မႈႀကီးၾကပ္ေရးဆိုင္ရာ ျပစ္မႈေတြနဲ႔တရားစြဲခံရမယ့္ တ႐ုတ္ႏိုင္ငံသား ၁၁ ဦးကိုေတာ့ လူဝင္မႈႀကီးၾကပ္ေရးစခန္းတစ္ခုမွာ ဖမ္းဆီးထိန္းသိမ္းထားပါတယ္။

ဆန္စီဒ႐ိုနယ္စပ္ျဖတ္ေက်ာ္ဂိတ္ကိုျဖတ္ေက်ာ္ၿပီး လူကုန္ကူးဖို႔ႀကိဳးစားမႈဟာ ပထမဆုံးအႀကိမ္ ေတာ့မဟုတ္ပါဘူး။ ႏိုဝင္ဘာလအတြင္းကလည္း ကုန္ကားတစ္စီးေပၚမွာ ပုန္းၿပီးလိုက္ပါလာတဲ့ တ႐ုတ္ႏိုင္ငံသား ၆ ဦးကို အေမရိကန္နယ္စပ္တာဝန္ရွိသူေတြက ရွာေဖြေတြ႕ရွိခဲ့ပါတယ္။

မ်ိဳးဆက္ (VOM)
Ref : CNA
ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
-------------
(Unicode)⤵⤵⤵
ပရိဘောဂတွေ အဝတ်လျှော်စက်တွေထဲပုန်းပြီး အမေရိကန်ကိုဝင်ဖို့ကြိုးစားတဲ့ တရုတ်နိုင်ငံသားတွေ အဖမ်းခံရ

ဆန်ဒီယာဂို၊ ဒီဇင်ဘာ-၁၂-၂၀၁၉

ပရိဘောဂပစ္စည်းတွေ၊ အဝတ်လျှော်စက်တွေထဲမှာ ပုန်းအောင်းလိုက်ပါလာတဲ့ လူ ၁၁ ဦးကို အမေရိကန်နိုင်ငံထဲ တရားမဝင်ခိုးသွင်းတဲ့ဖြစ်စဉ်တစ်ခုကို အမေရိကန်နယ်စပ်တာဝန်ရှိသူတွေက ဖော်ထုတ်နိုင်ခဲ့ပါတယ်။

မက္ကဆီကိုနိုင်ငံကနေ ဆိုက်ရောက်လာတဲ့ ကုန်တင်ကားတစ်စီးထဲမှာ ပုန်းအောင်လိုက်ပါလာတဲ့ အဲဒီလူတွေအားလုံးဟာ တရုတ်နိုင်ငံသားတွေဖြစ်တယ်လို့ အမေရိကန် အကောက်ခွန်နဲ့ နယ်စပ်လုံခြုံရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

အဲဒီတရုတ်နိုင်ငံသားတွေကို ဆန်ဒီယာဂိုမြို့မှာရှိတဲ့ ဆန်စီဒရိုနယ်စပ်ဖြတ်ကျော်ဂိတ်မှာ နယ်စပ်လုံခြုံရေးတာဝန်ရှိသူတွေက ဒီဇင်ဘာ ၇ ရက်နေ့မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

နောက်ထပ်စစ်ဆေးမှုတွေပြုလုပ်ပြီးချိန်မှာတော့ အဝတ်လျှော်စက်နဲ့ ပရိဘောဂတွေထဲကနေ တရုတ်နိုင်ငံသားအချို့ကို တွေ့ရှိခဲ့ပြီး သူတို့ကို ကယ်ထုတ်ပေးခဲ့ပြီး ဘယ်သူတစ်ဦးတစ်ယောက်မှ ဒါဏ်ရာမရဖူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိမှာတော့ အသက် ၄၂ နှစ်အရွယ် အမေရိကန်နိုင်ငံသား ကုန်တင်ကားမောင်းသူကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ လူမှုဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြစ်မှုတွေနဲ့တရားစွဲခံရမယ့် တရုတ်နိုင်ငံသား ၁၁ ဦးကိုတော့ လူဝင်မှုကြီးကြပ်ရေးစခန်းတစ်ခုမှာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

ဆန်စီဒရိုနယ်စပ်ဖြတ်ကျော်ဂိတ်ကိုဖြတ်ကျော်ပြီး လူကုန်ကူးဖို့ကြိုးစားမှုဟာ ပထမဆုံးအကြိမ် တော့မဟုတ်ပါဘူး။ နိုဝင်ဘာလအတွင်းကလည်း ကုန်ကားတစ်စီးပေါ်မှာ ပုန်းပြီးလိုက်ပါလာတဲ့ တရုတ်နိုင်ငံသား ၆ ဦးကို အမေရိကန်နယ်စပ်တာဝန်ရှိသူတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

မျိုးဆက် (VOM)
Ref : CNA
Photo: CBP San Diego
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ပရိေဘာဂေတြ အဝတ္ေလွ်ာ္စက္ေတြထဲပုန္းၿပီး အေမရိကန္ကိုဝင္ဖို႔ႀကိဳးစားတဲ့ တ႐ုတ္ႏိုင္ငံသားေတြ အဖမ္းခံရ ပရိေဘာဂေတြ အဝတ္ေလွ်ာ္စက္ေတြထဲပုန္းၿပီး အေမရိကန္ကိုဝင္ဖို႔ႀကိဳးစားတဲ့ တ႐ုတ္ႏိုင္ငံသားေတြ အဖမ္းခံရ Reviewed by THITHTOOLWIN on 20:47 Rating: 5
Powered by Blogger.