ျမစ္ႀကီးနားစီးပြားေရးဇုန္ ေဒသခံေတြ အစားထိုးေျမေတာင္းဆို

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ နန္က်င္ေက်း႐ြာက ေျမေနရာကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
နန္က်င္ စီးပြားဖြံ႕ၿဖိဳးေရးဇုန္စီမံကိန္းအတြင္း စိုက္ပ်ိဳးလုပ္ကိုင္ေနတဲ့ ေဒသခံ ေတာင္သူေတြကို အစိုးရက နစ္နာေၾကးအျဖစ္ စိုက္ပ်ိဳးထားတဲ့ သီးႏွံအပင္ အေရအတြက္အတိုင္းသာ ေလ်ာ္ေၾကး ေပးမွာျဖစ္တယ္လို႔  ျပည္နယ္ေျမစာရင္း ဦးစီးဌာန႐ုံးကေန သိရပါတယ္။

စီမံကိန္းအတြင္းက ေျမေတြဟာ ေျမလြတ္ေျမ႐ိုင္း ျဖစ္တဲ့အတြက္ ေျမေနရာအတြက္ေတာ့  ေလ်ာ္ေၾကးေပးမွာ မဟုတ္ဘူးလို႔ ျပည္နယ္ ေျမစာရင္းဌာန ၫႊန္ၾကားေရးမႉး ဦးသန္းလြင္က ေျပာပါတယ္။

ေလ်ာ္ေၾကးအတြက္ ကြင္းဆင္းစစ္ေဆးမႈေတြကို အခုဒီဇင္ဘာလ ကေန ျပဳလုပ္သြားမွာျဖစ္ၿပီး ဒီေလ်ာ္ေၾကး ကိစၥကို ေဖေဖာ္ဝါရီလမွာ အၿပီး လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔လည္း  ဦးသန္းလြင္က ေျပာပါတယ္။

ဒီစီမံကိန္းဟာ တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံ ပူးေပါင္းၿပီး နန္က်င္ေက်း႐ြာအုပ္စုက ေျမဧက ငါးေထာင္နီးပါးမွာ တည္ေဆာက္ အေကာင္အထည္ေဖာ္မွာပါ။

စီမံကိန္း လုပ္မယ့္ေနရာဟာ လုပ္ငန္းရွင္ ‌‌ေျခာက္ဦးရဲ႕ေျမေတြျဖစ္ၿပီး ေလးဦးရဲ႕ေျမေတြက တရားဝင္ ခြင့္ျပဳထားတဲ့ ေျမေတြျဖစ္ၿပီး ႏွစ္ဦးရဲ႕ေျမေတြကေတာ့ ယခင္စစ္အစိုးရ လက္ထက္က ခြင့္ျပဳထားတဲ့ ေျမေတြျဖစ္ပါတယ္။

ေအးခ်မ္းသာယာေရးႏွင့္ ဖြံ႕ၿဖိဳးေရး ေကာင္စီအစိုးရ လက္ထက္က ခြင့္ျပဳထားတဲ့ေျမ ဧက ၆၅၀ ထဲမွာ  ေတာင္သူ ၉၇ ဦး လုပ္ကိုင္ေနတာပါ။

ေတာင္သူတစ္ဦးျဖစ္တဲ့ ဦးခြန္ျမတ္မင္းေအာင္ကေတာ့ ေဒသခံေတြဟာ ဒီေျမေပၚမွာ အသက္ေမြးဝမ္းေက်ာင္း အတြက္ အဓိက လုပ္ကိုင္ေနတာ ျဖစ္တဲ့အတြက္  အစားထိုးေျမေနရာ ရသင့္တယ္လို႔ ေျပာပါတယ္။

လက္ရွိ အဲဒီေျမထဲမွာ ေဒသခံေတာင္သူေတြဟာ တညင္းသီး၊ ကြၽန္း၊ မက်န္ရွား၊ နဂါးေမာက္သီး အစရွိတဲ့ အပင္ေတြကို စိုက္ပ်ိဳး လုပ္ကိုင္ေနတာျဖစ္ပါတယ္။

ေဒသခံေတာင္သူ ေနာက္တစ္ဦးျဖစ္တဲ့ ဦးမေလာင္ဒီကလည္း ေျမအတြက္ပါ ေလ်ာ္ေၾကး ရခ်င္တယ္လို႔ ေျပာပါတယ္။

ျပည္နယ္ၿမိဳ႕ေတာ္မွာရွိတဲ့ ဒီစီမံကိန္းနဲ႔ ပတ္သက္တဲ့ ႏွစ္ႏိုင္ငံ နားလည္မႈစာခြၽန္လႊာကို ၂၀၁၈ ခုႏွစ္က သေဘာတူ လက္မွတ္ထိုးခဲ့ၿပီး ျဖစ္ပါတယ္။

အဓိက စိုက္ပ်ိဳးေရး ေမြးျမဴေရးကို အေျခခံတဲ့ စီးပြားေရးဇုန္ျဖစ္လာမွာျဖစ္ၿပီး စိုက္ပ်ိဳးေမြးျမဴေရးနဲ႔ ပတ္သက္တဲ့ လယ္ယာသုံးစက္ပစၥည္း၊ ခရီးသြားလုပ္ငန္း၊ သစ္အေခ်ာကိုင္စက္႐ုံ၊ အေသးစား စက္မႈလုပ္ငန္း၊ အီလထေရာနစ္ လုပ္ငန္း၊ လူေနအိမ္နဲ႔ အမ်ားသုံး ဝန္ေဆာင္မႈလုပ္ငန္း၊ လူသုံးကုန္ပစၥည္းေတြကို ထုတ္လုပ္မယ့္ စီမံကိန္း ျဖစ္ပါတယ္။

နန္က်င္ စီးပြားဖြံ႕ၿဖိဳးေရးဇုန္စီမံကိန္းဟာ ျမစ္ဆုံစီမံကိန္းအျပင္ ကခ်င္ျပည္နယ္မွာ တ႐ုတ္ရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈ အမ်ားဆုံးနဲ႔ အႀကီးဆုံးျဖစ္လာမယ့္ စီမံကိန္းျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
မြစ်ကြီးနားစီးပွားရေးဇုန် ဒေသခံတွေ အစားထိုးမြေတောင်းဆို

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နန်ကျင်ကျေးရွာက မြေနေရာကို တွေ့ရစဉ်
Photo: Elizabeth/ RFA

နန်ကျင် စီးပွားဖွံ့ဖြိုးရေးဇုန်စီမံကိန်းအတွင်း စိုက်ပျိုးလုပ်ကိုင်နေတဲ့ ဒေသခံ တောင်သူတွေကို အစိုးရက နစ်နာကြေးအဖြစ် စိုက်ပျိုးထားတဲ့ သီးနှံအပင် အရေအတွက်အတိုင်းသာ လျော်ကြေး ပေးမှာဖြစ်တယ်လို့  ပြည်နယ်မြေစာရင်း ဦးစီးဌာနရုံးကနေ သိရပါတယ်။

စီမံကိန်းအတွင်းက မြေတွေဟာ မြေလွတ်မြေရိုင်း ဖြစ်တဲ့အတွက် မြေနေရာအတွက်တော့  လျော်ကြေးပေးမှာ မဟုတ်ဘူးလို့ ပြည်နယ် မြေစာရင်းဌာန ညွှန်ကြားရေးမှူး ဦးသန်းလွင်က ပြောပါတယ်။

လျော်ကြေးအတွက် ကွင်းဆင်းစစ်ဆေးမှုတွေကို အခုဒီဇင်ဘာလ ကနေ ပြုလုပ်သွားမှာဖြစ်ပြီး ဒီလျော်ကြေး ကိစ္စကို ဖေဖော်ဝါရီလမှာ အပြီး လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း  ဦးသန်းလွင်က ပြောပါတယ်။

ဒီစီမံကိန်းဟာ တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းပြီး နန်ကျင်ကျေးရွာအုပ်စုက မြေဧက ငါးထောင်နီးပါးမှာ တည်ဆောက် အကောင်အထည်ဖော်မှာပါ။

စီမံကိန်း လုပ်မယ့်နေရာဟာ လုပ်ငန်းရှင် ‌‌ခြောက်ဦးရဲ့မြေတွေဖြစ်ပြီး လေးဦးရဲ့မြေတွေက တရားဝင် ခွင့်ပြုထားတဲ့ မြေတွေဖြစ်ပြီး နှစ်ဦးရဲ့မြေတွေကတော့ ယခင်စစ်အစိုးရ လက်ထက်က ခွင့်ပြုထားတဲ့ မြေတွေဖြစ်ပါတယ်။

အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီအစိုးရ လက်ထက်က ခွင့်ပြုထားတဲ့မြေ ဧက ၆၅၀ ထဲမှာ  တောင်သူ ၉၇ ဦး လုပ်ကိုင်နေတာပါ။

တောင်သူတစ်ဦးဖြစ်တဲ့ ဦးခွန်မြတ်မင်းအောင်ကတော့ ဒေသခံတွေဟာ ဒီမြေပေါ်မှာ အသက်မွေးဝမ်းကျောင်း အတွက် အဓိက လုပ်ကိုင်နေတာ ဖြစ်တဲ့အတွက်  အစားထိုးမြေနေရာ ရသင့်တယ်လို့ ပြောပါတယ်။

လက်ရှိ အဲဒီမြေထဲမှာ ဒေသခံတောင်သူတွေဟာ တညင်းသီး၊ ကျွန်း၊ မကျန်ရှား၊ နဂါးမောက်သီး အစရှိတဲ့ အပင်တွေကို စိုက်ပျိုး လုပ်ကိုင်နေတာဖြစ်ပါတယ်။

ဒေသခံတောင်သူ နောက်တစ်ဦးဖြစ်တဲ့ ဦးမလောင်ဒီကလည်း မြေအတွက်ပါ လျော်ကြေး ရချင်တယ်လို့ ပြောပါတယ်။

ပြည်နယ်မြို့တော်မှာရှိတဲ့ ဒီစီမံကိန်းနဲ့ ပတ်သက်တဲ့ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာကို ၂၀၁၈ ခုနှစ်က သဘောတူ လက်မှတ်ထိုးခဲ့ပြီး ဖြစ်ပါတယ်။

အဓိက စိုက်ပျိုးရေး မွေးမြူရေးကို အခြေခံတဲ့ စီးပွားရေးဇုန်ဖြစ်လာမှာဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးနဲ့ ပတ်သက်တဲ့ လယ်ယာသုံးစက်ပစ္စည်း၊ ခရီးသွားလုပ်ငန်း၊ သစ်အချောကိုင်စက်ရုံ၊ အသေးစား စက်မှုလုပ်ငန်း၊ အီလထရောနစ် လုပ်ငန်း၊ လူနေအိမ်နဲ့ အများသုံး ဝန်ဆောင်မှုလုပ်ငန်း၊ လူသုံးကုန်ပစ္စည်းတွေကို ထုတ်လုပ်မယ့် စီမံကိန်း ဖြစ်ပါတယ်။

နန်ကျင် စီးပွားဖွံ့ဖြိုးရေးဇုန်စီမံကိန်းဟာ မြစ်ဆုံစီမံကိန်းအပြင် ကချင်ပြည်နယ်မှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု အများဆုံးနဲ့ အကြီးဆုံးဖြစ်လာမယ့် စီမံကိန်းဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
ျမစ္ႀကီးနားစီးပြားေရးဇုန္ ေဒသခံေတြ အစားထိုးေျမေတာင္းဆို ျမစ္ႀကီးနားစီးပြားေရးဇုန္ ေဒသခံေတြ အစားထိုးေျမေတာင္းဆို Reviewed by THITHTOOLWIN on 00:52 Rating: 5
Powered by Blogger.