ႏိုင္ငံ့အႀကီးအကဲေတြအတြက္ က်ည္ကာကား

Toyota Land cruiser က်ည္ကာကား အမ်ိဳးအစားကို ေတြ႕ရစဥ္

အေမရိကန္ေဒၚလာ ခုႏွစ္သိန္းေက်ာ္ က်ပ္ေငြအားျဖင့္ ၁.၂ ဘီလီယံေက်ာ္ အကုန္က်ခံၿပီး ဝယ္ယူမယ့္ Toyota Land cruiser က်ည္ကာကား ေျခာက္စီးအေၾကာင္း RFA သတင္းေထာက္ ကိုသန႔္ဇင္ဦးက စုစည္းတင္ျပထားပါတယ္။

အခုျမင္ေနရာတာက က်ည္ကာကားတစ္စီးအရည္ေသြးျပည့္၊ မျပည့္ စမ္းသပ္တဲ့အဆင့္ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၁၇ ရက္ေန႔တုန္းက ျပည္ေထာင္စုလႊတ္ေတာ္မွာ ဒီလိုလင္ခ႐ူဇာ က်ည္ကာကား အမ်ိဳးအစား ေျခာက္စီးဝယ္ယူဖို႔ အတည္ျပဳေပးလိုက္ပါၿပီ။ ႏိုင္ငံ့အႀကီးအကဲေတြရဲ႕ ျပည္တြင္း ခရီးစဥ္ေတြမွာ ပိုမိုလုံၿခဳံေစဖို႔နဲ႔ ႏိုင္ငံေတာ္အဆင့္ အထူးဧည့္သည္ေတြကို ႀကိဳဆိုတဲ့ယာဥ္အျဖစ္ အသုံးျပဳဖို႔လည္း ရည္႐ြယ္တယ္လို႔ ဆိုပါတယ္။

ဂ်ပန္ႏိုင္ငံထုတ္ က်ည္ကာ တိုယိုတာလင္ခ႐ူဇာတစ္စီးရဲ႕ (Toyota Land cruiser)  တန္ဖိုးက အေမရိကန္ေဒၚလာ အနည္းဆုံး တစ္သိန္းႏွစ္ေသာင္းေက်ာ္ (၁၂၂၆၅၃) ရွိပါတယ္။ ျမန္မာက်ပ္ေငြနဲ႔ဆိုရင္ သိန္း ၁၈၀၀ ေက်ာ္ ကုန္ၾကမွာပါ။

ေသနဂၤဗ်ဴဟာအဖြဲ႕ရဲ႕ ဒါ႐ိုက္တာ ဦးသိန္းထြန္းဦးကေတာ့ ျမန္မာကဝယ္ယူမယ့္ ကားအမ်ိဳးအစားရဲ႕ ႀကံ့ခိုင္မႈအပိုင္းဟာ စက္ေသနတ္နဲ႔ သာမန္က်ည္အမ်ိဳးအစားေတြကို ကာကြယ္ႏိုင္ေပမယ့္၊ လက္နက္ႀကီးေတြျဖစ္တဲ့ RPG လို ေပါက္ကြဲအားျပင္းထန္တဲ့ တိုက္ခိုက္မႈမ်ိဳးကိုေတာ့ ကာကြယ္ႏိုင္မွာမဟုတ္ဘူးလို႔ သုံးသပ္ပါတယ္။

က်ည္ကာကားအမ်ိဳးအစားကို အထူးသျဖင့္ ပဋိပကၡျဖစ္ပြားရာေနရာလိုမ်ိဳးေတြမွာသာ အသုံးျပဳသင့္ၿပီးေတာ့ သာမန္ၿမိဳ႕ႀကီးေတြမွာ သြားလာမယ့္အခါမ်ိဳးေတာ့ မလိုအပ္ဘူးလို႔လည္း သူက ဆိုပါတယ္။

ဒါေပမဲ့ တဖန္ တိုင္းရင္းသားေဒသကို သြားမယ္ဆိုရင္လည္း ကားကိုအသုံးျပဳမလား၊ ေလေၾကာင္းအသုံးျပဳမလားဆိုတာ စဥ္းစားသင့္တယ္လို႔လည္း ဆိုပါတယ္။

ဒီကား ေျခာက္စီးကို သမၼတ႐ုံးက ဝယ္ယူမယ္ဆိုေပမယ့္ အသုံးျပဳမယ့္ဝန္ႀကီးဌာန သို႔မဟုတ္ လူပုဂၢိဳလ္ေတြကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

ဦးသိန္းထြန္းဦးကေတာ့ လတ္တေလာျဖစ္ပြားခဲ့တဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ရခိုင္ျပည္နယ္၊ မာန္ေအာင္ၿမိဳ႕ ခရီးစဥ္လိုမ်ိဳးဆိုရင္ေတာ့ လိုအပ္တယ္လို႔ ျမင္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ မာန္ေအာင္ၿမိဳ႕ကိုမေရာက္ခင္ နာရီပိုင္းအလိုမွာ မိုင္း သုံးလုံး ေပါက္ကြဲခဲ့ပါတယ္။ ဒါေၾကာင့္လည္း လူထုေတြ႕ဆုံပြဲေတြ မလုပ္ခဲ့ဘဲ၊ လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံ ဖြင့္ပြဲတက္ၿပီး ခ်က္ခ်င္းျပန္ခဲ့ပါတယ္။

လင္ခ႐ူဇာ ေျခာက္စီး ဝယ္ယူမွာမို႔ စုစုေပါင္းကက်ပ္ေငြ အနည္းဆုံး ၁.၂ ဘီလီယံကုန္က်မွာပါ။ ဒါဟာကားတစ္စီးရဲ႕ အၾကမ္းဖ်င္းတန္ဖိုးပဲရွိပါေသးတယ္။ သာမန္ျပည္သူေတြ ဝယ္ယူသလို အခြန္ေပးေဆာင္ရမယ္ဆိုရင္ ကား ေျခာက္စီးစာအတြက္ အခြန္ေဆာင္ရမယ့္ ပမာဏက အေမရိကန္ေဒၚလာ ေလးသိန္းေက်ာ္ပါတယ္။ ဒါကက်ပ္ေငြ သိန္းေျခာက္ေထာင္နဲ႔ ညီမွ်ပါတယ္။

ဒါေၾကာင့္ အထူးကုန္သြယ္ခြန္ ကင္းလြတ္ခြင့္ေပးဖို႔ဆိုၿပီး စီမံကိန္း၊ ဘ႑ာေရးနဲ႔ စက္မႈဝန္ႀကီးဌာန ဒုဝန္ႀကီး ဦးေမာင္ေမာင္ဝင္းက လႊတ္ေတာ္မွာတင္ျပခဲ့တာပါ။ သူတင္ခဲ့တဲ့ ၁၁ ရက္ေန႔မွာပဲ ၿပီးခဲ့တဲ့ သမၼတေဟာင္း ဦးသိန္းစိန္ လက္ထက္တုန္းက သမၼတ႐ုံးဝန္ႀကီးတစ္ပါးျဖစ္ခဲ့ဖူးတဲ့ ဦးစိုးသိန္းက သူတို႔အစိုးရလက္ထက္တုန္းက ႏွစ္စီးဝယ္ယူထားၿပီးသားမို႔လို႔ ေနာက္ထပ္ ႏွစ္စီးပဲ ဝယ္ယူဖို႔၊ ဘ႑ာေငြေခြၽတာဖို႔ လႊတ္ေတာ္မွာေဆြးေႏြးခဲ့ပါတယ္။

ႏိုင္ငံေတာ္သမၼတ႐ုံးက ဝယ္ယူမယ့္ က်ည္ကာကား ေျခာက္စီးကို ကနဦး ဂ်ာမနီႏိုင္ငံထုတ္ မာစီဒီး Mercedes အမ်ိဳးအစား ကိုရည္႐ြယ္ခဲ့ေပမယ့္ ဘ႑ေငြကိုေခြၽတာတဲ့အေနနဲ႔ ဂ်ပန္ႏိုင္ငံထုတ္ Toyota Landcruiser က်ည္ကာအမ်ိဳးအစားကို ဝယ္ယူဖို႔ေ႐ြးခ်ယ္ခဲ့တာလို႔ ဒုဝန္ႀကီးက ကာကြယ္ေျပာဆိုခဲ့ပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
နိုင်ငံ့အကြီးအကဲတွေအတွက် ကျည်ကာကား

Toyota Land cruiser ကျည်ကာကား အမျိုးအစားကို တွေ့ရစဉ်

အမေရိကန်ဒေါ်လာ ခုနှစ်သိန်းကျော် ကျပ်ငွေအားဖြင့် ၁.၂ ဘီလီယံကျော် အကုန်ကျခံပြီး ဝယ်ယူမယ့် Toyota Land cruiser ကျည်ကာကား ခြောက်စီးအကြောင်း RFA သတင်းထောက် ကိုသန့်ဇင်ဦးက စုစည်းတင်ပြထားပါတယ်။

အခုမြင်နေရာတာက ကျည်ကာကားတစ်စီးအရည်သွေးပြည့်၊ မပြည့် စမ်းသပ်တဲ့အဆင့်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့တုန်းက ပြည်ထောင်စုလွှတ်တော်မှာ ဒီလိုလင်ခရူဇာ ကျည်ကာကား အမျိုးအစား ခြောက်စီးဝယ်ယူဖို့ အတည်ပြုပေးလိုက်ပါပြီ။ နိုင်ငံ့အကြီးအကဲတွေရဲ့ ပြည်တွင်း ခရီးစဉ်တွေမှာ ပိုမိုလုံခြုံစေဖို့နဲ့ နိုင်ငံတော်အဆင့် အထူးဧည့်သည်တွေကို ကြိုဆိုတဲ့ယာဉ်အဖြစ် အသုံးပြုဖို့လည်း ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံထုတ် ကျည်ကာ တိုယိုတာလင်ခရူဇာတစ်စီးရဲ့ (Toyota Land cruiser)  တန်ဖိုးက အမေရိကန်ဒေါ်လာ အနည်းဆုံး တစ်သိန်းနှစ်သောင်းကျော် (၁၂၂၆၅၃) ရှိပါတယ်။ မြန်မာကျပ်ငွေနဲ့ဆိုရင် သိန်း ၁၈၀၀ ကျော် ကုန်ကြမှာပါ။

သေနင်္ဂဗျူဟာအဖွဲ့ရဲ့ ဒါရိုက်တာ ဦးသိန်းထွန်းဦးကတော့ မြန်မာကဝယ်ယူမယ့် ကားအမျိုးအစားရဲ့ ကြံ့ခိုင်မှုအပိုင်းဟာ စက်သေနတ်နဲ့ သာမန်ကျည်အမျိုးအစားတွေကို ကာကွယ်နိုင်ပေမယ့်၊ လက်နက်ကြီးတွေဖြစ်တဲ့ RPG လို ပေါက်ကွဲအားပြင်းထန်တဲ့ တိုက်ခိုက်မှုမျိုးကိုတော့ ကာကွယ်နိုင်မှာမဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

ကျည်ကာကားအမျိုးအစားကို အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာနေရာလိုမျိုးတွေမှာသာ အသုံးပြုသင့်ပြီးတော့ သာမန်မြို့ကြီးတွေမှာ သွားလာမယ့်အခါမျိုးတော့ မလိုအပ်ဘူးလို့လည်း သူက ဆိုပါတယ်။

ဒါပေမဲ့ တဖန် တိုင်းရင်းသားဒေသကို သွားမယ်ဆိုရင်လည်း ကားကိုအသုံးပြုမလား၊ လေကြောင်းအသုံးပြုမလားဆိုတာ စဉ်းစားသင့်တယ်လို့လည်း ဆိုပါတယ်။

ဒီကား ခြောက်စီးကို သမ္မတရုံးက ဝယ်ယူမယ်ဆိုပေမယ့် အသုံးပြုမယ့်ဝန်ကြီးဌာန သို့မဟုတ် လူပုဂ္ဂိုလ်တွေကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဦးသိန်းထွန်းဦးကတော့ လတ်တလောဖြစ်ပွားခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့ ခရီးစဉ်လိုမျိုးဆိုရင်တော့ လိုအပ်တယ်လို့ မြင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မာန်အောင်မြို့ကိုမရောက်ခင် နာရီပိုင်းအလိုမှာ မိုင်း သုံးလုံး ပေါက်ကွဲခဲ့ပါတယ်။ ဒါကြောင့်လည်း လူထုတွေ့ဆုံပွဲတွေ မလုပ်ခဲ့ဘဲ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲတက်ပြီး ချက်ချင်းပြန်ခဲ့ပါတယ်။



လင်ခရူဇာ ခြောက်စီး ဝယ်ယူမှာမို့ စုစုပေါင်းကကျပ်ငွေ အနည်းဆုံး ၁.၂ ဘီလီယံကုန်ကျမှာပါ။ ဒါဟာကားတစ်စီးရဲ့ အကြမ်းဖျင်းတန်ဖိုးပဲရှိပါသေးတယ်။ သာမန်ပြည်သူတွေ ဝယ်ယူသလို အခွန်ပေးဆောင်ရမယ်ဆိုရင် ကား ခြောက်စီးစာအတွက် အခွန်ဆောင်ရမယ့် ပမာဏက အမေရိကန်ဒေါ်လာ လေးသိန်းကျော်ပါတယ်။ ဒါကကျပ်ငွေ သိန်းခြောက်ထောင်နဲ့ ညီမျှပါတယ်။

ဒါကြောင့် အထူးကုန်သွယ်ခွန် ကင်းလွတ်ခွင့်ပေးဖို့ဆိုပြီး စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်မှာတင်ပြခဲ့တာပါ။ သူတင်ခဲ့တဲ့ ၁၁ ရက်နေ့မှာပဲ ပြီးခဲ့တဲ့ သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်တုန်းက သမ္မတရုံးဝန်ကြီးတစ်ပါးဖြစ်ခဲ့ဖူးတဲ့ ဦးစိုးသိန်းက သူတို့အစိုးရလက်ထက်တုန်းက နှစ်စီးဝယ်ယူထားပြီးသားမို့လို့ နောက်ထပ် နှစ်စီးပဲ ဝယ်ယူဖို့၊ ဘဏ္ဍာငွေချွေတာဖို့ လွှတ်တော်မှာဆွေးနွေးခဲ့ပါတယ်။

နိုင်ငံတော်သမ္မတရုံးက ဝယ်ယူမယ့် ကျည်ကာကား ခြောက်စီးကို ကနဦး ဂျာမနီနိုင်ငံထုတ် မာစီဒီး Mercedes အမျိုးအစား ကိုရည်ရွယ်ခဲ့ပေမယ့် ဘဏ္ဍငွေကိုချွေတာတဲ့အနေနဲ့ ဂျပန်နိုင်ငံထုတ် Toyota Landcruiser ကျည်ကာအမျိုးအစားကို ဝယ်ယူဖို့ရွေးချယ်ခဲ့တာလို့ ဒုဝန်ကြီးက ကာကွယ်ပြောဆိုခဲ့ပါတယ်။

RFA Burmese
https://www.rfa.org
ႏိုင္ငံ့အႀကီးအကဲေတြအတြက္ က်ည္ကာကား ႏိုင္ငံ့အႀကီးအကဲေတြအတြက္ က်ည္ကာကား Reviewed by THITHTOOLWIN on 03:42 Rating: 5
Powered by Blogger.