ရာထူးတိုးျမႇင့္တဲ့စနစ္ ျပန္စိစစ္ဖို႔ တကၠသိုလ္ဆရာေတြေတာင္းဆို

ရန္ကုန္တကၠသိုလ္ကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
တကၠသိုလ္ ဆရာ/ဆရာမေတြ ရာထူးတိုးေပးတာနဲ႔  တာဝန္က်ေဒသ ေ႐ႊ႕ေျပာင္းတဲ့ကိစၥေတြမွာ မွ်တမႈမရွိတဲ့အတြက္ ျပန္ၿပီးစိစစ္ ျပင္ဆင္ေပးဖို႔ RCUTA တကၠသိုလ္ဆရာ/ဆရာမမ်ားအသင္း ကိုယ္စားျပဳ ေကာ္မတီက ဒီဇင္ဘာလ ၃ ရက္ေန႔စြဲနဲ႔ ေၾကညာခ်က္ထုတ္ျပန္ ေတာင္းဆိုထားပါတယ္။

၂ဝဝ၉ ခုႏွစ္က ခန႔္ထားခဲ့တဲ့ ဆရာဆရာမေတြကို လက္ေထာက္ကထိက ရာထူးကေန ကထိကရာထူး တိုးျမႇင့္ေပးလိုက္ေၾကာင္း မၾကာေသးခင္သီတင္းပတ္က ထုတ္ျပန္ခဲ့တဲ့စာရင္းမွာ အရည္အခ်င္းျပည့္မီၿပီး ရာထူးတိုးသင့္တဲ့သူေတြ ပါမလာဘူးလို႔ ကိုယ္စားျပဳေကာ္မတီက ေထာက္ျပပါတယ္။

ဒါနဲ႔ပတ္သက္လို႔ ေကာ္မတီဝင္တဦးျဖစ္တဲ့ သမိုင္းဆရာ ေဒါက္တာသန္းထိုက္ေအာင္က...

“တခ်ိဳ႕က သုေတသနလုပ္ၿပီးေတာ့မွ ရာထူးတိုးသင့္တဲ့သူ ျဖစ္ပါလ်က္နဲ႔ သုေတသနမလုပ္ဘဲနဲ႔ ရာထူးတိုးသြားတဲ့သူလည္း ရွိတယ္။ တိုးသြားတဲ့သူေတြအတြက္ေတာ့ က်ေနာ္တို႔က မေျပာေတာ့ဘူး။ မတိုးေသးတဲ့ သူေတြကေတာ့ တကယ္လည္း အလုပ္လုပ္ရဲ႕သားနဲ႔ သူ႔အတြက္ ပိုၿပီးဆုံးရႈံးတယ္၊ နစ္နာတယ္။ အဲဒါေၾကာင့္ သူတို႔အတြက္ကိုလည္း ျပန္ၿပီးလုပ္ေပးဖို႔ေျပာတာ။ တိုးေပးရင္အတူတူပဲ တိုးေပးရမွာကို၊ ထားခဲ့လိုက္တဲ့အတြက္ က်န္တဲ့သူအတြက္က ဝန္ထမ္းလုပ္သက္ တစ္သက္လုံး ဘယ္ေတာ့မွမီေတာ့မွာမဟုတ္ဘူး”... လို႔ေျပာပါတယ္။

တစ္ႏိုင္ငံလုံးမွာရွိတဲ့ တကၠသိုလ္ေတြအားလုံးရဲ႕ ႐ူပေဗဒဘာသာရပ္ဌာနမွာ အေယာက္ ၆ဝ ေက်ာ္ ေလာက္က ရာထူးမတိုးပဲက်န္ခဲ့တယ္၊ တျခားဘာသာရပ္ဆိုင္ရာ ဌာနေတြမွာလည္း အလားတူ ရာထူးတိုးသင့္ၿပီး က်န္ခဲ့တဲ့သူေတြလည္း ရွိေနတယ္လို႔ ေျပာပါတယ္။

ဒီလို အျငင္းပြားစရာေတြ ျဖစ္ေနတဲ့အတြက္ အဆင့္ျမင့္ပညာဦးစီးဌာနက ဘယ္လိုေဆာင္႐ြက္ခဲ့သလဲ ဆိုတာနဲ႔ပတ္သက္လို႔  ဒုတိၫႊန္ၾကားေရးမႉးခ်ဳပ္တာဝန္ကေန ျပည္တကၠသိုလ္ ပါေမာကၡခ်ဳပ္ တာဝန္ထမ္းေဆာင္ေနတဲ့ ဆရာေဒါက္တာေအာင္ေအာင္မင္းကို ေမးၾကည့္ေတာ့ သူကအခုလို ေျပာျပပါတယ္။

“အဆညက ပထမ လုပ္တာေတာ့ ဆရာ/ဆရာမေတြရဲ႕ ပါေဖာမန႔္စ္တန္းစီဇယား ထုတ္ေပးတယ္ေပါ့။ တန္းစီဇယား ထုတ္ေပးၿပီးေတာ့ အဲဒီမွာ ကန႔္ကြက္စရာရွိ ကန႔္ကြက္ၾကေပါ့ေလ။ ေျပာၿပီးေတာ့ တေက်ာင္းကို ကိုယ္စားလွယ္ေပါ့ေလ ၃ ေယာက္တို႔ ၅ ေယာက္တို႔၊ က်ေနာ့္ျပည္တကၠသိုလ္ကလည္း လႊတ္တယ္။ ဆရာ/ဆရာမကိုယ္စားလွယ္ေတြ လႊတ္၊ ေနျပည္ေတာ္မွာစု၊ လူငါးရာေလာက္ရွိတယ္။ သူတို႔အုပ္စုနဲ႔ တခါျပန္စိစစ္၊စိစစ္ၿပီးေတာ့မွ ေနာက္တဆင့္က်မွ ပါေမာကၡခ်ဳပ္ေတြနဲ႔လုပ္၊ လုပ္ၿပီးေတာ့ အဲဒီၫႊန္ၾကားခ်က္ ထြက္လာတာပဲ။ အဲဒီေတာ့ သူတို႔လုပ္ခဲ့တဲ့အဆင့္မွာ ဆရာေတြ ဆရာမေတြ ပါေတာ့ ပါတယ္။ ဒါေပမယ့္ အခုထြက္လာတာနဲ႔ သူတို႔သိထားတာနဲ႔ ဘာကြဲျပားမႈရွိလည္းေတာ့ မသိဘူး။ က်ေနာ္က လုပ္တဲ့အစီအစဥ္ကို ေျပာျပတာပါ”

ဒီလိုျဖစ္ေနရတာေတြရဲ႕ အႏွစ္ခ်ဳပ္က အမ်ိဳးသားပညာေရးဥပေဒ ျပင္ဖို႔လိုအပ္ေနတဲ့အခ်က္နဲ႔ တကၠသိုလ္ေတြမွာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ မရေသးတာေၾကာင့္လို႔ ကိုယ္စားျပဳေကာ္မတီဝင္ ဆရာ ေဒါက္တာသန္းထိုက္ေအာင္က ေျပာပါတယ္။

တကၠသိုလ္ေတြမွာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရွိလာရင္ ဘယ္လိုျဖစ္လာမလဲဆိုတာကို ရန္ကုန္တကၠသိုလ္ ႏိုင္ငံတကာဆက္ဆံေရးဌာနက ကထိကေဒါက္တာ သန္းလြင္ဦးက...

“ေအာ္တိုေနာ္မီ ဆိုတဲ့စကားလုံးမွာ Management စီမံခန႔္ခြဲတဲ့သူေတြကို က်ေနာ္တို႔က ျပန္ေ႐ြးခ်ယ္ပိုင္ ခြင့္ရွိရမယ္။ သူသည္ အစိုးရခန႔္တာ မဟုတ္ဘူး၊ ဒီ Institution မွာရွိတဲ့ ေက်ာင္းသူေက်ာင္းသားေတြ ျပန္ခန႔္တာ။ သူ႔ရဲ႕ပါေဖာမန႔္ေကာင္းရင္ ျပန္အေ႐ြးခံလို႔ရတယ္။ ပါေဖာမန႔္မေကာင္းရင္ သက္တမ္းတခုၿပီးရင္ ထြက္ရမယ္ေလ။ ဒီေန႔ ထိပ္ပိုင္းမွာရွိေနတဲ့သူေတြ အားလုံးက အစိုးရခန႔္ေတြပဲ ျဖစ္ေနတယ္ေလ။ အစိုးရခန႔္ေတြပဲ ျဖစ္ေနတဲ့အတြက္ေၾကာင့္ အစိုးရၫႊန္ၾကားခ်က္အတိုင္းပဲ သြားတယ္။ သြားေနတဲ့အတြက္ေၾကာင့္ ပညာေရးမွာ တိုးတက္ရမယ္လို႔သာေျပာေနတာ ခုခ်ိန္ထိ ေျပာမယ္ဆိုရင္ မေတြ႕ေသးဘူး”... လို႔ေျပာပါတယ္။

တကၠသိုလ္ေတြမွာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ မၾကာခင္ ရေတာ့မယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ၿပီးခဲ့တဲ့ သီတင္းပတ္က က်င္းပခဲ့တဲ့ ရန္ကုန္တကၠသိုလ္ရာျပည့္အခမ္းအနား ဖြင့္ပြဲမွာ ေျပာထားပါတယ္။

ဒါေပမယ့္ အဲဒီအတြက္ အမ်ိဳးသားပညာေရးဥပေဒ ျပင္ဖို႔၊ အဲဒီကမွတဆင့္ အဆင့္ျမင့္ပညာေရးဥပေဒ ျပဌာန္း အတည္ျပဳဖို႔၊ အဲဒီဥပေဒေတြၿပီးမွ တကၠသိုလ္ဥပေဒေတြ၊ ပဋိဉာဥ္ေတြ ေရးဆြဲမွာျဖစ္လို႔ လာမယ့္ ၂ဝ၂ဝ ေ႐ြးေကာက္ပြဲမတိုင္ခင္မွာ ၿပီးဖို႔ လမ္းစမျမင္ဘူးလို႔ ေျပာၾကပါတယ္။

RFA Burmese
https://www.rfa.org
----------------
(Unicode)⤵⤵⤵
ရာထူးတိုးမြှင့်တဲ့စနစ် ပြန်စိစစ်ဖို့ တက္ကသိုလ်ဆရာတွေတောင်းဆို

ရန်ကုန်တက္ကသိုလ်ကို တွေ့ရစဉ်

တက္ကသိုလ် ဆရာ/ဆရာမတွေ ရာထူးတိုးပေးတာနဲ့  တာဝန်ကျဒေသ ရွှေ့ပြောင်းတဲ့ကိစ္စတွေမှာ မျှတမှုမရှိတဲ့အတွက် ပြန်ပြီးစိစစ် ပြင်ဆင်ပေးဖို့ RCUTA တက္ကသိုလ်ဆရာ/ဆရာမများအသင်း ကိုယ်စားပြု ကော်မတီက ဒီဇင်ဘာလ ၃ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

၂ဝဝ၉ ခုနှစ်က ခန့်ထားခဲ့တဲ့ ဆရာဆရာမတွေကို လက်ထောက်ကထိက ရာထူးကနေ ကထိကရာထူး တိုးမြှင့်ပေးလိုက်ကြောင်း မကြာသေးခင်သီတင်းပတ်က ထုတ်ပြန်ခဲ့တဲ့စာရင်းမှာ အရည်အချင်းပြည့်မီပြီး ရာထူးတိုးသင့်တဲ့သူတွေ ပါမလာဘူးလို့ ကိုယ်စားပြုကော်မတီက ထောက်ပြပါတယ်။

ဒါနဲ့ပတ်သက်လို့ ကော်မတီဝင်တဦးဖြစ်တဲ့ သမိုင်းဆရာ ဒေါက်တာသန်းထိုက်အောင်က...

“တချို့က သုတေသနလုပ်ပြီးတော့မှ ရာထူးတိုးသင့်တဲ့သူ ဖြစ်ပါလျက်နဲ့ သုတေသနမလုပ်ဘဲနဲ့ ရာထူးတိုးသွားတဲ့သူလည်း ရှိတယ်။ တိုးသွားတဲ့သူတွေအတွက်တော့ ကျနော်တို့က မပြောတော့ဘူး။ မတိုးသေးတဲ့ သူတွေကတော့ တကယ်လည်း အလုပ်လုပ်ရဲ့သားနဲ့ သူ့အတွက် ပိုပြီးဆုံးရှုံးတယ်၊ နစ်နာတယ်။ အဲဒါကြောင့် သူတို့အတွက်ကိုလည်း ပြန်ပြီးလုပ်ပေးဖို့ပြောတာ။ တိုးပေးရင်အတူတူပဲ တိုးပေးရမှာကို၊ ထားခဲ့လိုက်တဲ့အတွက် ကျန်တဲ့သူအတွက်က ဝန်ထမ်းလုပ်သက် တစ်သက်လုံး ဘယ်တော့မှမီတော့မှာမဟုတ်ဘူး”... လို့ပြောပါတယ်။

တစ်နိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်တွေအားလုံးရဲ့ ရူပဗေဒဘာသာရပ်ဌာနမှာ အယောက် ၆ဝ ကျော် လောက်က ရာထူးမတိုးပဲကျန်ခဲ့တယ်၊ တခြားဘာသာရပ်ဆိုင်ရာ ဌာနတွေမှာလည်း အလားတူ ရာထူးတိုးသင့်ပြီး ကျန်ခဲ့တဲ့သူတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။

ဒီလို အငြင်းပွားစရာတွေ ဖြစ်နေတဲ့အတွက် အဆင့်မြင့်ပညာဦးစီးဌာနက ဘယ်လိုဆောင်ရွက်ခဲ့သလဲ ဆိုတာနဲ့ပတ်သက်လို့  ဒုတိညွှန်ကြားရေးမှူးချုပ်တာဝန်ကနေ ပြည်တက္ကသိုလ် ပါမောက္ခချုပ် တာဝန်ထမ်းဆောင်နေတဲ့ ဆရာဒေါက်တာအောင်အောင်မင်းကို မေးကြည့်တော့ သူကအခုလို ပြောပြပါတယ်။

“အဆညက ပထမ လုပ်တာတော့ ဆရာ/ဆရာမတွေရဲ့ ပါဖောမန့်စ်တန်းစီဇယား ထုတ်ပေးတယ်ပေါ့။ တန်းစီဇယား ထုတ်ပေးပြီးတော့ အဲဒီမှာ ကန့်ကွက်စရာရှိ ကန့်ကွက်ကြပေါ့လေ။ ပြောပြီးတော့ တကျောင်းကို ကိုယ်စားလှယ်ပေါ့လေ ၃ ယောက်တို့ ၅ ယောက်တို့၊ ကျနော့်ပြည်တက္ကသိုလ်ကလည်း လွှတ်တယ်။ ဆရာ/ဆရာမကိုယ်စားလှယ်တွေ လွှတ်၊ နေပြည်တော်မှာစု၊ လူငါးရာလောက်ရှိတယ်။ သူတို့အုပ်စုနဲ့ တခါပြန်စိစစ်၊စိစစ်ပြီးတော့မှ နောက်တဆင့်ကျမှ ပါမောက္ခချုပ်တွေနဲ့လုပ်၊ လုပ်ပြီးတော့ အဲဒီညွှန်ကြားချက် ထွက်လာတာပဲ။ အဲဒီတော့ သူတို့လုပ်ခဲ့တဲ့အဆင့်မှာ ဆရာတွေ ဆရာမတွေ ပါတော့ ပါတယ်။ ဒါပေမယ့် အခုထွက်လာတာနဲ့ သူတို့သိထားတာနဲ့ ဘာကွဲပြားမှုရှိလည်းတော့ မသိဘူး။ ကျနော်က လုပ်တဲ့အစီအစဉ်ကို ပြောပြတာပါ”

ဒီလိုဖြစ်နေရတာတွေရဲ့ အနှစ်ချုပ်က အမျိုးသားပညာရေးဥပဒေ ပြင်ဖို့လိုအပ်နေတဲ့အချက်နဲ့ တက္ကသိုလ်တွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် မရသေးတာကြောင့်လို့ ကိုယ်စားပြုကော်မတီဝင် ဆရာ ဒေါက်တာသန်းထိုက်အောင်က ပြောပါတယ်။

တက္ကသိုလ်တွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိလာရင် ဘယ်လိုဖြစ်လာမလဲဆိုတာကို ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာနက ကထိကဒေါက်တာ သန်းလွင်ဦးက...

“အော်တိုနော်မီ ဆိုတဲ့စကားလုံးမှာ Management စီမံခန့်ခွဲတဲ့သူတွေကို ကျနော်တို့က ပြန်ရွေးချယ်ပိုင် ခွင့်ရှိရမယ်။ သူသည် အစိုးရခန့်တာ မဟုတ်ဘူး၊ ဒီ Institution မှာရှိတဲ့ ကျောင်းသူကျောင်းသားတွေ ပြန်ခန့်တာ။ သူ့ရဲ့ပါဖောမန့်ကောင်းရင် ပြန်အရွေးခံလို့ရတယ်။ ပါဖောမန့်မကောင်းရင် သက်တမ်းတခုပြီးရင် ထွက်ရမယ်လေ။ ဒီနေ့ ထိပ်ပိုင်းမှာရှိနေတဲ့သူတွေ အားလုံးက အစိုးရခန့်တွေပဲ ဖြစ်နေတယ်လေ။ အစိုးရခန့်တွေပဲ ဖြစ်နေတဲ့အတွက်ကြောင့် အစိုးရညွှန်ကြားချက်အတိုင်းပဲ သွားတယ်။ သွားနေတဲ့အတွက်ကြောင့် ပညာရေးမှာ တိုးတက်ရမယ်လို့သာပြောနေတာ ခုချိန်ထိ ပြောမယ်ဆိုရင် မတွေ့သေးဘူး”... လို့ပြောပါတယ်။

တက္ကသိုလ်တွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် မကြာခင် ရတော့မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ရာပြည့်အခမ်းအနား ဖွင့်ပွဲမှာ ပြောထားပါတယ်။

ဒါပေမယ့် အဲဒီအတွက် အမျိုးသားပညာရေးဥပဒေ ပြင်ဖို့၊ အဲဒီကမှတဆင့် အဆင့်မြင့်ပညာရေးဥပဒေ ပြဌာန်း အတည်ပြုဖို့၊ အဲဒီဥပဒေတွေပြီးမှ တက္ကသိုလ်ဥပဒေတွေ၊ ပဋိဉာဉ်တွေ ရေးဆွဲမှာဖြစ်လို့ လာမယ့် ၂ဝ၂ဝ ရွေးကောက်ပွဲမတိုင်ခင်မှာ ပြီးဖို့ လမ်းစမမြင်ဘူးလို့ ပြောကြပါတယ်။

RFA Burmese
https://www.rfa.org
ရာထူးတိုးျမႇင့္တဲ့စနစ္ ျပန္စိစစ္ဖို႔ တကၠသိုလ္ဆရာေတြေတာင္းဆို ရာထူးတိုးျမႇင့္တဲ့စနစ္ ျပန္စိစစ္ဖို႔ တကၠသိုလ္ဆရာေတြေတာင္းဆို Reviewed by THITHTOOLWIN on 12:00 Rating: 5
Powered by Blogger.