မင္းျပားၿမိဳ႕နယ္ တိုက္ပြဲအတြင္း ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ေသဆုံးမႈ ကြဲလြဲမႈေတြရွိေန

မင္းျပားၿမိဳ႕နယ္ထဲ တိုက္ပြဲ ျပင္းထန္
(Zawgyi)⤵⤵⤵
တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ ေအေအတို႔အၾကား တိုက္ပြဲေတြအျပင္းအထန္ျဖစ္ပြားေနတဲ့ မင္းျပားၿမိဳ႕နယ္ စိတၱရေက်း႐ြာမွာ ဒီဇင္ဘာ ၁၁ ရက္ေန႔ ည ၁၁ နရီခြဲေက်ာ္အခ်ိန္မွာ ပစ္ခတ္မႈတစ္ခုျဖစ္ပြားခဲ့ၿပီး ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးနဲ႔ အမ်ိဳးသမီးတစ္ဦးေသဆုံးသြားခဲ့ပါတယ္။

ဒီဇင္ဘာ ၁၁ ရက္ေန႔ ည ပိုင္း တပ္မေတာ္စစ္ေၾကာင္း စိတၱရေက်း႐ြာအတြင္း ဝင္ေရာက္လာစဥ္မွာ အသက္ ၄၂ ႏွစ္အ႐ြယ္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးညာဏ္သိန္းေနအိမ္အေနာက္ဘက္မွာ ဖုန္းေျပာေနစဥ္ အုပ္ခ်ဳပ္ေရးမႉးကို အပစ္ခံရ တယ္လို႔မ်က္ျမင္ေက်း႐ြာသားတစ္ဦးက ေျပာပါတယ္။

ဒီဇင္ဘာလ ၁၃ ရက္ေန႔ ရာေမာင္းတံတားအနီး နယ္ေျမလုံၿခဳံေရး ေဆာင္႐ြက္ေနတဲ့ တပ္မေတာ္စစ္ေၾကာင္း စိတၱရေက်း႐ြာအနီး အေရာက္မွာ ေက်း႐ြာအတြင္းေနအိမ္တစ္လုံးေပၚက ေအေအ က လက္နက္ငယ္နဲ႔စတင္ပစ္ခတ္ တိုက္ခိုက္လို႔ ျပန္လည္ပစ္ခတ္ တိုက္ခိုက္ခဲ့ရာတာရွိတယ္လို႔ တပ္မေတာ္ က ထုတ္ျပန္ထားပါတယ္။

တပ္မေတာ္က အရာရွိတစ္ဦး လက္နက္ငယ္က်ည္ ထိမွန္ဒဏ္ရာရရွိခဲ့သလို တပ္မေတာ္စစ္ေၾကာင္းကို စတင္ပစ္ခတ္ခဲ့ တဲ့ေနအိမ္ကို ဝင္ေရာက္စစ္ေဆးရာမွာ ဖုံသာေက်း႐ြာမွဦးဉာဏ္သိန္း နဲ႔ ေက်ာက္ေမာ္ေက်း႐ြာမွ ဦးေက်ာ္ေအးေမာင္တို႔ ႏွစ္ဦးအား လက္နက္ငယ္က်ည္ ထိမွန္ေသဆုံးလ်က္ ေတြ႕ရွိရ ၿပီး မသကၤာဖြယ္ရာ စုေဝးေရာက္ရွိေန တဲ့ ေမာင္ေမာင္သန္း (ဘ) ဦးထြန္းေအးႀကိဳင္ အပါအဝင္ အမ်ိဳးသား ခုနစ္ဦး ကိုဖမ္းဆီး ထိန္းသိမ္းခဲ့ေၾကာင္း၊ လုပ္ထုံးလုပ္နည္းႏွင့္ အညီ စစ္ေဆးႏိုင္ဖို႔ မင္းျပားၿမိဳ႕မ ရဲစခန္းသို႔ လႊဲေျပာင္း အပ္ႏွံသြားမယ္လို႔လည္းသတင္းထုတ္ျပန္ထားပါတယ္။
 တပ္မေတာ္ထုတ္ျပန္ခ်က္

ေသဆုံးသြားတဲ့အုပ္ခ်ဳပ္ေရးမႉးေနအိမ္အနီးကအသက္၃၉ႏွစ္အ႐ြယ္ေဒၚျဖဴျဖဴဝင္းလည္းေသနတ္ထိမွန္ေသဆုံးခဲ့တယ္လို႔႐ႊာသားေတြကေျပာေပမယ့္ တပ္မေတာ္ထုတ္ျပန္ခ်က္မွာ ေတာ့ ေဒၚျဖဴျဖဴဝင္း ေသဆုံးတယ္လို႔ေဖာ္ျပထားတာ မေတြ႕ရပါဘူး။

အသက္ ၃၉ ႏွစ္အ႐ြယ္ ေဒၚျဖဴျဖဴဝင္းက မိသားစုေတြဘယ္ေရာက္ေနလဲ ပစ္သံၾကားတယ္ဆိုၿပီး ေအာ္ေခၚတဲ့အခ်ိန္မွာ အဲ့ဒီအိမ္ကို ထပ္မံပစ္ခတ္လိုက္တဲ့အတြက္ ေဒၚျဖဴျဖဴဝင္းရဲ႕ ညာဘက္ ႏို႔အုံကို က်ည္ေဖာက္ဝင္ၿပီး ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့တာ ျဖစ္တယ္လို႔ ေဆြမ်ိဳးေတာ္စပ္သူတစ္ဦးက ေျပာပါတယ္။

"သူတို႔က ႐ြာကိုဘယ္ဘက္ကေန ဘယ္လိုဝင္လာၾကလဲမသိဘူး။ အုပ္ခ်ဳပ္ေရးမႉးအိမ္ကို တံခါးဖြင့္ၿပီးေတာ့ ဝင္လာတယ္။ အဲ့ဒီအခ်ိန္မွာ အုပ္ခ်ဳပ္ေရးမႉးက ေခ်ာင္းကမ္းနားမွာ ဖုန္းေျပာေနတယ္။ အုပ္ခ်ဳပ္ေရးမႉးကိုေမးတယ္။ ဒီမွာရွိတယ္လို႔ေျပာ ေတာ့ အဲ့ဒီမွာ တစ္ခါတည္းေသနတ္နဲ႔ပစ္တာလို႔ေျပာတယ္။"လို႔ ေက်း႐ြာသားတစ္ဦးက ျပန္လည္ေျပာျပပါ တယ္။

အဲ့ဒီစစ္ေၾကာင္းဟာ မင္းျပားၿမိဳ႕အေျခစိုက္ ခလရ ၃၈၀ တပ္မေတာ္စစ္ေၾကာင္းျဖစ္ၿပီး အင္အား ၁၀၀ ဝန္းက်င္ခန႔္ ပါရွိတယ္လို႔ ႐ြာသားေတြရဲ႕ ေျပာျပခ်က္အရသိရပါတယ္။
တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ ေအေအတို႔အၾကား တိုက္ပြဲေတြအျပင္းအထန္ျဖစ္ပြားေနတဲ့ ေနရာမ်ား

လက္ရွိမွာေတာ့ အဲ့ဒီေသဆုံးသြားသူေတြကို မင္းျပားေဆး႐ုံကိုပို႔ေဆာင္ဖို႔အတြက္ ၿမိဳ႕က သက္ဆိုင္ရာအဖြဲ႕အစည္းေတြကို အေၾကာင္းၾကားထားေပမယ့္ လာေရာက္ယူေဆာင္ဖို႔ အခက္အခဲရွိေနတာေၾကာင့္ မပို႔ေဆာင္ရေသးဘူးလို႔ ႐ြာသားေတြကေျပာပါတယ္။

စစ္ေၾကာင္းဟာ စိတၱရေက်း႐ြာကေန သေယြေခ်ာင္းတစ္ဖက္ကမ္းကို ညတြင္းခ်င္းထြက္သြားခဲ့ၾကတာျဖစ္ၿပီး အနည္းဆုံး ေက်း႐ြာသား ၈ ဦးခန႔္ကို ဖမ္းဆီးသြားၿပီး ဆိုပါတယ္။

တပ္မေတာ္ဘက္ကေတာ့ ညအခ်ိန္ မသကၤာဖြယ္ရာစုေဝးေနလို႔ စစ္ေဆးဖို႔ ရဲစခန္းကို လြဲမယ္ လို႔လည္းထုတ္ျပန္ထားပါတယ္။

စိတၱရေက်း႐ြာဟာ ဖုန္သာေခ်ာင္းအထက္ပိုင္း သေယြေခ်ာင္းအတြင္းကေက်း႐ြာတစ္႐ြာျဖစ္ၿပီး အိမ္ေျခ ၁၉၀ ေက်ာ္ရွိပါတယ္ ။

အဲ့ဒီေက်း႐ြာနဲ႔ ႏွစ္မိုင္ခန႔္အကြာမွာရွိတဲ့ မင္းပုန္းေတာင္တန္းေပၚမွာ မနက္ပိုင္းကစတင္ၿပီးေတာ့ တိုက္ပြဲေတြျဖစ္ပြားေနၿပီး လက္နက္ႀကီးပစ္ခတ္သံေတြကိုလည္း ၾကားေနရတယ္လို႔ အဲ့ဒီေက်း႐ြာသားက ေျပာပါတယ္။

ဒီဇင္ဘာ ၁၁ ရက္ေန႔မနက္ပိုင္း ၆ နာရီေလာက္ကစတင္ၿပီး ၉ နာရီခြဲအထိ မင္းျပားၿမိဳ႕ရဲ႕အေရွ႕ေျမာက္ဘက္ ငါးမိုင္ခန႔္အကြာ ရန္ကုန္-စစ္ေတြအေဝးေျပးလမ္းမ ရာေမာင္းတံတားအေရွ႕ဘက္ ဖားေပ်ာ္ေက်း႐ြာအနီးေတာင္တန္းမွာ ရွိတဲ့ တပ္မေတာ္တပ္စခန္းတစ္ခုကို ေအေအဘက္က ဝင္ေရာက္တိုက္ခိုက္မႈေတြျဖစ္ပြားခဲ့တယ္လို႔ ေအေအရဲ႕ေျပာခြင့္ရသူ ခိုင္သုခက ဘီဘီစီကို အတည္ျပဳေျပာဆိုပါတယ္။

တိုက္ပြဲျဖစ္ပြားၿပီး လက္နက္ႀကီးေတြနဲ႔ပစ္ခတ္မႈေတြရွိေနတာေၾကာင့္ အဲ့ဒီအနီးဝန္းက်င္က ဖုန္သာေခ်ာင္းနဲ႔ သေယြေခ်ာင္းအတြင္းက ေက်း႐ြာအမ်ားစုတို႔ဟာ ေဘးလြတ္ရာကိုထြက္ေျပးေနၾကရတယ္လို႔ဆိုပါတယ္။

BBC Burmese
https://www.bbc.com
---------------
(Unicode)⤵⤵⤵
မင်းပြားမြို့နယ် တိုက်ပွဲအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူး သေဆုံးမှု ကွဲလွဲမှုတွေရှိနေ

ဓာတ်ပုံ မူပိုင် Narinjara
Image caption မင်းပြားမြို့နယ်ထဲ တိုက်ပွဲ ပြင်းထန်

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတဲ့ မင်းပြားမြို့နယ် စိတ္တရကျေးရွာမှာ ဒီဇင်ဘာ ၁၁ ရက်နေ့ ည ၁၁ နရီခွဲကျော်အချိန်မှာ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အမျိုးသမီးတစ်ဦးသေဆုံးသွားခဲ့ပါတယ်။

ဒီဇင်ဘာ ၁၁ ရက်နေ့ ည ပိုင်း တပ်မတော်စစ်ကြောင်း စိတ္တရကျေးရွာအတွင်း ဝင်ရောက်လာစဉ်မှာ အသက် ၄၂ နှစ်အရွယ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးညာဏ်သိန်းနေအိမ်အနောက်ဘက်မှာ ဖုန်းပြောနေစဉ် အုပ်ချုပ်ရေးမှူးကို အပစ်ခံရ တယ်လို့မျက်မြင်ကျေးရွာသားတစ်ဦးက ပြောပါတယ်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ ရာမောင်းတံတားအနီး နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်း စိတ္တရကျေးရွာအနီး အရောက်မှာ ကျေးရွာအတွင်းနေအိမ်တစ်လုံးပေါ်က အေအေ က လက်နက်ငယ်နဲ့စတင်ပစ်ခတ် တိုက်ခိုက်လို့ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာတာရှိတယ်လို့ တပ်မတော် က ထုတ်ပြန်ထားပါတယ်။

တပ်မတော်က အရာရှိတစ်ဦး လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာရရှိခဲ့သလို တပ်မတော်စစ်ကြောင်းကို စတင်ပစ်ခတ်ခဲ့ တဲ့နေအိမ်ကို ဝင်ရောက်စစ်ဆေးရာမှာ ဖုံသာကျေးရွာမှဦးဉာဏ်သိန်း နဲ့ ကျောက်မော်ကျေးရွာမှ ဦးကျော်အေးမောင်တို့ နှစ်ဦးအား လက်နက်ငယ်ကျည် ထိမှန်သေဆုံးလျက် တွေ့ရှိရ ပြီး မသင်္ကာဖွယ်ရာ စုဝေးရောက်ရှိနေ တဲ့ မောင်မောင်သန်း (ဘ) ဦးထွန်းအေးကြိုင် အပါအဝင် အမျိုးသား ခုနစ်ဦး ကိုဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း၊ လုပ်ထုံးလုပ်နည်းနှင့် အညီ စစ်ဆေးနိုင်ဖို့ မင်းပြားမြို့မ ရဲစခန်းသို့ လွှဲပြောင်း အပ်နှံသွားမယ်လို့လည်းသတင်းထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ မူပိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံး
Image caption တပ်မတော်ထုတ်ပြန်ချက်

သေဆုံးသွားတဲ့အုပ်ချုပ်ရေးမှူးနေအိမ်အနီးကအသက်၃၉နှစ်အရွယ်ဒေါ်ဖြူဖြူဝင်းလည်းသေနတ်ထိမှန်သေဆုံးခဲ့တယ်လို့ရွှာသားတွေကပြောပေမယ့် တပ်မတော်ထုတ်ပြန်ချက်မှာ တော့ ဒေါ်ဖြူဖြူဝင်း သေဆုံးတယ်လို့ဖော်ပြထားတာ မတွေ့ရပါဘူး။

အသက် ၃၉ နှစ်အရွယ် ဒေါ်ဖြူဖြူဝင်းက မိသားစုတွေဘယ်ရောက်နေလဲ ပစ်သံကြားတယ်ဆိုပြီး အော်ခေါ်တဲ့အချိန်မှာ အဲ့ဒီအိမ်ကို ထပ်မံပစ်ခတ်လိုက်တဲ့အတွက် ဒေါ်ဖြူဖြူဝင်းရဲ့ ညာဘက် နို့အုံကို ကျည်ဖောက်ဝင်ပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောပါတယ်။

"သူတို့က ရွာကိုဘယ်ဘက်ကနေ ဘယ်လိုဝင်လာကြလဲမသိဘူး။ အုပ်ချုပ်ရေးမှူးအိမ်ကို တံခါးဖွင့်ပြီးတော့ ဝင်လာတယ်။ အဲ့ဒီအချိန်မှာ အုပ်ချုပ်ရေးမှူးက ချောင်းကမ်းနားမှာ ဖုန်းပြောနေတယ်။ အုပ်ချုပ်ရေးမှူးကိုမေးတယ်။ ဒီမှာရှိတယ်လို့ပြော တော့ အဲ့ဒီမှာ တစ်ခါတည်းသေနတ်နဲ့ပစ်တာလို့ပြောတယ်။"လို့ ကျေးရွာသားတစ်ဦးက ပြန်လည်ပြောပြပါ တယ်။

အဲ့ဒီစစ်ကြောင်းဟာ မင်းပြားမြို့အခြေစိုက် ခလရ ၃၈၀ တပ်မတော်စစ်ကြောင်းဖြစ်ပြီး အင်အား ၁၀၀ ဝန်းကျင်ခန့် ပါရှိတယ်လို့ ရွာသားတွေရဲ့ ပြောပြချက်အရသိရပါတယ်။
ဓာတ်ပုံ မူပိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံး
Image caption တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတဲ့ နေရာများ

လက်ရှိမှာတော့ အဲ့ဒီသေဆုံးသွားသူတွေကို မင်းပြားဆေးရုံကိုပို့ဆောင်ဖို့အတွက် မြို့က သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အကြောင်းကြားထားပေမယ့် လာရောက်ယူဆောင်ဖို့ အခက်အခဲရှိနေတာကြောင့် မပို့ဆောင်ရသေးဘူးလို့ ရွာသားတွေကပြောပါတယ်။

စစ်ကြောင်းဟာ စိတ္တရကျေးရွာကနေ သယွေချောင်းတစ်ဖက်ကမ်းကို ညတွင်းချင်းထွက်သွားခဲ့ကြတာဖြစ်ပြီး အနည်းဆုံး ကျေးရွာသား ၈ ဦးခန့်ကို ဖမ်းဆီးသွားပြီး ဆိုပါတယ်။

တပ်မတော်ဘက်ကတော့ ညအချိန် မသင်္ကာဖွယ်ရာစုဝေးနေလို့ စစ်ဆေးဖို့ ရဲစခန်းကို လွဲမယ် လို့လည်းထုတ်ပြန်ထားပါတယ်။

စိတ္တရကျေးရွာဟာ ဖုန်သာချောင်းအထက်ပိုင်း သယွေချောင်းအတွင်းကကျေးရွာတစ်ရွာဖြစ်ပြီး အိမ်ခြေ ၁၉၀ ကျော်ရှိပါတယ် ။

အဲ့ဒီကျေးရွာနဲ့ နှစ်မိုင်ခန့်အကွာမှာရှိတဲ့ မင်းပုန်းတောင်တန်းပေါ်မှာ မနက်ပိုင်းကစတင်ပြီးတော့ တိုက်ပွဲတွေဖြစ်ပွားနေပြီး လက်နက်ကြီးပစ်ခတ်သံတွေကိုလည်း ကြားနေရတယ်လို့ အဲ့ဒီကျေးရွာသားက ပြောပါတယ်။

ဒီဇင်ဘာ ၁၁ ရက်နေ့မနက်ပိုင်း ၆ နာရီလောက်ကစတင်ပြီး ၉ နာရီခွဲအထိ မင်းပြားမြို့ရဲ့အရှေ့မြောက်ဘက် ငါးမိုင်ခန့်အကွာ ရန်ကုန်-စစ်တွေအဝေးပြေးလမ်းမ ရာမောင်းတံတားအရှေ့ဘက် ဖားပျော်ကျေးရွာအနီးတောင်တန်းမှာ ရှိတဲ့ တပ်မတော်တပ်စခန်းတစ်ခုကို အေအေဘက်က ဝင်ရောက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တယ်လို့ အေအေရဲ့ပြောခွင့်ရသူ ခိုင်သုခက ဘီဘီစီကို အတည်ပြုပြောဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေရှိနေတာကြောင့် အဲ့ဒီအနီးဝန်းကျင်က ဖုန်သာချောင်းနဲ့ သယွေချောင်းအတွင်းက ကျေးရွာအများစုတို့ဟာ ဘေးလွတ်ရာကိုထွက်ပြေးနေကြရတယ်လို့ဆိုပါတယ်။

BBC Burmese
https://www.bbc.com
မင္းျပားၿမိဳ႕နယ္ တိုက္ပြဲအတြင္း ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ေသဆုံးမႈ ကြဲလြဲမႈေတြရွိေန မင္းျပားၿမိဳ႕နယ္ တိုက္ပြဲအတြင္း ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ေသဆုံးမႈ ကြဲလြဲမႈေတြရွိေန Reviewed by THITHTOOLWIN on 21:34 Rating: 5
Powered by Blogger.