အိုင္စီေဂ်မွာတရားစြဲထားတဲ့အမႈကို ေျဖရွင္းဖို႔ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္သြားတဲ့ အဖြဲ႕မွာ တပ္ကိုယ္စားလွယ္ မပါ

 ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့အဖြဲ႕ နယ္သာလန္ႏိုင္ငံ သည္ဟိတ္ဂ္ၿမိဳ႕ကို သြားဖို႔ ေနျပည္ေတာ္ကေနထြက္ခြာ
(Zawgyi)⤵⤵⤵
ဂမ္ဘီယာႏိုင္ငံက ျမန္မာႏိုင္ငံအေပၚ အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ)မွာ တရားစြဲဆိုေလွ်ာက္ထားမႈကို တုံ႔ျပန္ရန္ ဒီကေန႔ ဒီဇင္ဘာ၈ရက္ေန႔မနက္ပိုင္းမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့အဖြဲ႕ဟာ ေနျပည္ေတာ္ကေန နယ္သာလန္ႏိုင္ငံ သည္ဟိတ္ဂ္ၿမိဳ႕ကို အထူး ေလယာဥ္နဲ႔ထြက္ခြာသြားၿပီျဖစ္ပါတယ္။

ျမန္မာႏိုင္ငံ အေနနဲ႔ ႐ိုဟင္ဂ်ာ မြတ္ဆလင္ေတြ လူမ်ိဳးတုံး သတ္ျဖတ္ ခံရမႈကို တားဆီးဖို႔၊ အျပစ္ေပး အေရး ယူဖို႔ ပ်က္ကြက္ခဲ့တယ္ဆိုတဲ့ စြဲခ်က္နဲ႔ ဂမ္ဘီယာက ႏိုဝင္ဘာ ၁၁ ရက္ေန႔မွာ အမႈဖြင့္တရားစြဲခဲ့တာျဖစ္ ပါတယ္။

ဒီစြပ္စြဲခ်က္ကို ျပန္လည္ေျဖရွင္းဖို႔အတြက္ နယ္သာလန္ႏိုင္ငံကို ဒီကေန႔ ဒီဇင္ဘာ ၈ရက္ေန႔မွာ စတင္ ထြက္ခြာသြားတဲ့ျမန္မာအဖြဲ႕မွာ တပ္ဘက္က ကိုယ္စားလွယ္တစ္ဦးမွ ပါဝင္ခဲ့ျခင္းမရွိပါဘူး။

ျမန္မာ့တပ္မေတာ္အေနနဲ႔ ဂမ္ဘီယာႏိုင္ငံရဲ႕စြပ္စြဲမႈကို သြားေရာက္ေျဖရွင္းရာမွာ လိုအပ္ရင္ တပ္ကိုယ္စားလွယ္ေတြ လိုက္ပါဖို႔ရွိတယ္လို႔ အေစာပိုင္းသတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုထားဖူးပါတယ္။

ႏိုဝင္ဘာ ၂၆ ရက္ ရက္စြဲနဲ႔ ဖြဲ႕စည္းထုတ္ျပန္ခဲ့တဲ့ ႏိုင္ငံတကာခုံ႐ုံး ICJ မွာ တရားရင္ဆိုင္တဲ့အခါ ဥပေဒေၾကာင္းအရ အေထာက္အကူျပဳႏိုင္မယ့္ ႏိုင္ငံတကာရာဇဝတ္မႈတရားစီရင္ေရးဆိုင္ရာ အထူးအဖြဲ႕ထဲမွာေတာ့ တပ္ဘက္ကကိုယ္စားလွယ္ ၂ဦးပါဝင္တယ္လို႔ သိရပါ တယ္။

အဲဒီအထူးအဖြဲ႕ကို ျပည္ေထာင္စုေရွ႕ေနခ်ဳပ္႐ုံးက ဦးေဆာင္ၿပီးေတာ့ ႏိုင္ငံျခားေရး၊ ျပည္ေထာင္စုေရွ႕ ေနခ်ဳပ္႐ုံးနဲ႔ စစ္ဥပေဒခ်ဳပ္႐ုံးတို႔က ဥပေဒပညာရွင္ေတြနဲ႔ ဖြဲ႕စည္းထားတယ္လို႔ သတင္းထုတ္ျပန္ပါတယ္။

အထူးအဖြဲ႕မွာ ဘယ္ႏွစ္ဦးပါဝင္ၿပီး ဘယ္လို လူပုဂၢိဳလ္မ်ိဳးေတြပါတယ္ဆိုတာကိုေတာ့ ထုတ္ျပန္ခ်က္ထဲမွာ အေသးစိတ္မေဖာ္ျပခဲ့ပါဘူး။

ဂမ္ဘီယာရဲ႕တရားစြဲဆိုမႈအေပၚ အစိုးရအဖြဲ႕နဲ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္တို႔ ေတြ႕ဆုံေဆြးေႏြးခဲ့
ဂမ္ဘီယာရဲ႕စြပ္စြဲမႈကို ေျဖရွင္းရာမွာ တပ္ကဘယ္လိုကူညီမွာလဲ

ဒီဇင္ဘာ ၈ ရက္ေန႔မွာသြားေရာက္တဲ့ ျမန္မာအဖြဲ႕ကို ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးအေနနဲ႔ ဦးေဆာင္ၿပီး အဖြဲ႕ဝင္ေတြအေနနဲ႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံ႐ုံးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင့္ေဆြ၊ အျပည္ျပည္ ဆိုင္ရာပူးေပါင္း ေဆာင္႐ြက္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင္၊ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနနဲ႔ ျပည္ေထာင္ စုေရွ႕ေနခ်ဳပ္႐ုံးတို႔က တာဝန္ရွိသူေတြလိုက္ပါသြားပါတယ္။

သည္ဟိတ္ဂ္ကိုသြားတဲ့အဖြဲ႕မွာ တပ္ဘက္က ကိုယ္စားလွယ္ေတြလိုက္ပါသြားျခင္းမရွိေပမဲ့လည္း တပ္အေနနဲ႔ လိုအပ္တာေတြကို ျပည္တြင္းကေနဆက္သြယ္ေထာက္ပံ့ေပးဖို႔ရွိတယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ရဲ႕အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ဘီဘီစီကိုေျပာပါတယ္။

' ' ဟိုဘက္မွာ လိုအပ္တာရွိရင္ ေရွ႕ေနခ်ဳပ္႐ုံးကေခၚသြားတဲ့ ၫႊန္ၾကားေရးမႉးခ်ဳပ္တစ္ေယာက္ပါတယ္။ သူကတဆင့္ ဒီဘက္ကိုဆက္သြယ္မယ္လို႔သိရတယ္။ ျပည္တြင္းမွာေတာ့ အႀကိမ္ႀကိမ္အစည္းအေဝးေခၚၿပီး ေဆာင္႐ြက္ၿပီးၿပီ။ ဟိုဘက္မွာထပ္မံလိုအပ္လာရင္ လိုအပ္တဲ့အခ်က္အလက္ေတြအေၾကာင္းအရာေတြနဲ႔ ပတ္သက္ရင္ဆက္သြယ္ေဆာင္႐ြက္ပါမယ္။''လို႔ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းဘီဘီစီကိုေျပာပါတယ္။

 သေဟ့ဂ္ၿမိဳ႕ ၿငိမ္းခ်မ္းေရး နန္းေတာ္မွာ ႐ုံးစိုက္တဲ့ ICJ
ဒီဇင္ဘာ ၁၀ ရက္ေန ၁၂ ရက္ေန႔အထိ ၃ရက္တာ အတြင္း ႏွစ္ႏိုင္ငံ ေလွ်ာက္လဲၾကမယ္

ဂမ္ဘီယာႏိုင္ငံရဲ႕ ၾကားျဖတ္စီမံေဆာင္႐ြက္ခ်က္ (Provisional Measures) ခ်မွတ္ေပးဖို႔ ေလွ်ာက္ထားခ်က္ နဲ႔ပတ္သက္ၿပီးႏွစ္ဘက္စလုံးက ႏႈတ္နဲ႔ေလွ်ာက္လဲ တင္သြင္းတာကို အျပည္ျပည္ဆိုင္ရာတရား႐ုံးမွာ ဒီဇင္ဘာ ၁၀ ရက္၊ ၁၁ ရက္ နဲ႔ ၁၂ ရက္တို႔မွာ ျပဳလုပ္သြားမွာျဖစ္ပါတယ္။

ပထမရက္ ဒီဇင္ဘာ ၁ဝ ရက္ေန႔မွာ ဂမ္ဘီယာက မနက္ ၁ဝ နာရီကေန ေန႔လယ္ ၁ နာရီထိ ထြက္ဆိုခ်က္ ေပးရမွာ ျဖစ္ၿပီး၊ ဒုတိယရက္ ဒီဇင္ဘာ ၁၁ ရက္မွာေတာ့ အလားတူ အခ်ိန္ အတြင္းမွာပဲ ျမန္မာက ထြက္ဆိုခ်က္ ေပးဖို႔ ICJ က သတ္မွတ္ထားပါတယ္။

ဒီဇင္ဘာ ၁၂ ရက္၊ ၃ ရက္ေျမာက္မွာေတာ့ ႏွစ္ႏိုင္ငံစလုံး ဒုတိယအေက်ာ့ အေနနဲ႔ ကိုယ္စီ ထြက္ခ်က္ေတြ ေပးဖို႔ ရွိတာမွာ ဂမ္ဘီယာက မနက္ ၁ဝ နာရီကေန ၁၁ ခြဲ၊ ျမန္မာက ညေန ၄နာရီခြဲကေန ၆ နာရီထိ ထြက္ဆိုခ်က္ေတြ ေပးရမယ္လို႔ စီစဥ္ထားပါတယ္။

ဒီလိုေလွ်ာက္လဲရာမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က ႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး အေနနဲ႔ အဆိုပါ တရား႐ုံးမွာျမန္မာႏိုင္ငံရဲ႕ အက်ိဳးစီးပြားကို ဦးေဆာင္ကာကြယ္ ေျပာၾကားသြားမွာျဖစ္တယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးကထုတ္ျပန္ထားပါတယ္။

ဒါ့အျပင္ ျမန္မာႏိုင္ငံဘက္က ကာကြယ္ေလွ်ာက္လဲဖို႔ ႏိုင္ငံတကာက ကြၽမ္းက်င္တဲ့ ဥပေဒပညာရွင္ ေရွ႕ေနႀကီးေတြကို ငွားရမ္းထားၿပီးျဖစ္ တယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးဝန္ႀကီး ဦးေက်ာ္တင့္ေဆြက ႏိုဝင္ဘာလ ၂၃ ရက္ေန႔ကေျပာထားပါတယ္။

ဒါေပမယ့္ ဒီကေန႔ ဒီဇင္ဘာ ၈ရက္ေန႔အထိ ျမန္မာဘက္က ငွားရမ္းထားတဲ့ေရွ႕ေနေတြက ဘယ္သူဘယ္ဝါ ဆိုတာကို ထုတ္ေဖာ္ေျပာၾကားျခင္းမရွိေသးပါဘူး။

ဂမ္ဘီယာႏိုင္ငံဘက္ကေတာ့ ဖိုလီေဟာ့ဂ္ Foley Hoag ဆိုတဲ့ အေမရိကန္ ေရွ႕ေန အဖြဲ႕ကိုေ႐ြးခ်ယ္ထား ပါတယ္။

ဖိုလီေဟာ့ဂ္ဟာ ICJ အပါအဝင္၊ ႏိုင္ငံတကာ တရား႐ုံး၊ အႏုညာတခုံ႐ုံးေတြမွာ ႏိုင္ငံေတြကို ကိုယ္စားျပဳၿပီး ေရွ႕ေနလိုက္ေပးတဲ့ ေနရာမွာ အထူးျပဳ ကြၽမ္းက်င္တဲ့ အဖြဲ႕လည္း ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
-------------------
(Unicode)⤵⤵⤵
အိုင်စီဂျေမှာတရားစွဲထားတဲ့အမှုကို ဖြေရှင်းဖို့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သွားတဲ့ အဖွဲ့မှာ တပ်ကိုယ်စားလှယ် မပါ

ဓာတ်ပုံ မူပိုင် Myanmar State Counsellor'Office
Image caption ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အဖွဲ့ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ကို သွားဖို့ နေပြည်တော်ကနေထွက်ခွာ

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ တရားစွဲဆိုလျှောက်ထားမှုကို တုံ့ပြန်ရန် ဒီကနေ့ ဒီဇင်ဘာ၈ရက်နေ့မနက်ပိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အဖွဲ့ဟာ နေပြည်တော်ကနေ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ကို အထူး လေယာဉ်နဲ့ထွက်ခွာသွားပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံ အနေနဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေ လူမျိုးတုံး သတ်ဖြတ် ခံရမှုကို တားဆီးဖို့၊ အပြစ်ပေး အရေး ယူဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဂမ်ဘီယာက နိုဝင်ဘာ ၁၁ ရက်နေ့မှာ အမှုဖွင့်တရားစွဲခဲ့တာဖြစ် ပါတယ်။

ဒီစွပ်စွဲချက်ကို ပြန်လည်ဖြေရှင်းဖို့အတွက် နယ်သာလန်နိုင်ငံကို ဒီကနေ့ ဒီဇင်ဘာ ၈ရက်နေ့မှာ စတင် ထွက်ခွာသွားတဲ့မြန်မာအဖွဲ့မှာ တပ်ဘက်က ကိုယ်စားလှယ်တစ်ဦးမှ ပါဝင်ခဲ့ခြင်းမရှိပါဘူး။

မြန်မာ့တပ်မတော်အနေနဲ့ ဂမ်ဘီယာနိုင်ငံရဲ့စွပ်စွဲမှုကို သွားရောက်ဖြေရှင်းရာမှာ လိုအပ်ရင် တပ်ကိုယ်စားလှယ်တွေ လိုက်ပါဖို့ရှိတယ်လို့ အစောပိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားဖူးပါတယ်။

နိုဝင်ဘာ ၂၆ ရက် ရက်စွဲနဲ့ ဖွဲ့စည်းထုတ်ပြန်ခဲ့တဲ့ နိုင်ငံတကာခုံရုံး ICJ မှာ တရားရင်ဆိုင်တဲ့အခါ ဥပဒေကြောင်းအရ အထောက်အကူပြုနိုင်မယ့် နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့ထဲမှာတော့ တပ်ဘက်ကကိုယ်စားလှယ် ၂ဦးပါဝင်တယ်လို့ သိရပါ တယ်။

အဲဒီအထူးအဖွဲ့ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဦးဆောင်ပြီးတော့ နိုင်ငံခြားရေး၊ ပြည်ထောင်စုရှေ့ နေချုပ်ရုံးနဲ့ စစ်ဥပဒေချုပ်ရုံးတို့က ဥပဒေပညာရှင်တွေနဲ့ ဖွဲ့စည်းထားတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

အထူးအဖွဲ့မှာ ဘယ်နှစ်ဦးပါဝင်ပြီး ဘယ်လို လူပုဂ္ဂိုလ်မျိုးတွေပါတယ်ဆိုတာကိုတော့ ထုတ်ပြန်ချက်ထဲမှာ အသေးစိတ်မဖော်ပြခဲ့ပါဘူး။
ဓာတ်ပုံ မူပိုင် MYANMAR STATE COUNSELLOR OFFICE
Image caption ဂမ်ဘီယာရဲ့တရားစွဲဆိုမှုအပေါ် အစိုးရအဖွဲ့နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံဆွေးနွေးခဲ့
ဂမ်ဘီယာရဲ့စွပ်စွဲမှုကို ဖြေရှင်းရာမှာ တပ်ကဘယ်လိုကူညီမှာလဲ

ဒီဇင်ဘာ ၈ ရက်နေ့မှာသွားရောက်တဲ့ မြန်မာအဖွဲ့ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေနဲ့ ဦးဆောင်ပြီး အဖွဲ့ဝင်တွေအနေနဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ အပြည်ပြည် ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ပြည်ထောင် စုရှေ့နေချုပ်ရုံးတို့က တာဝန်ရှိသူတွေလိုက်ပါသွားပါတယ်။

သည်ဟိတ်ဂ်ကိုသွားတဲ့အဖွဲ့မှာ တပ်ဘက်က ကိုယ်စားလှယ်တွေလိုက်ပါသွားခြင်းမရှိပေမဲ့လည်း တပ်အနေနဲ့ လိုအပ်တာတွေကို ပြည်တွင်းကနေဆက်သွယ်ထောက်ပံ့ပေးဖို့ရှိတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။

' ' ဟိုဘက်မှာ လိုအပ်တာရှိရင် ရှေ့နေချုပ်ရုံးကခေါ်သွားတဲ့ ညွှန်ကြားရေးမှူးချုပ်တစ်ယောက်ပါတယ်။ သူကတဆင့် ဒီဘက်ကိုဆက်သွယ်မယ်လို့သိရတယ်။ ပြည်တွင်းမှာတော့ အကြိမ်ကြိမ်အစည်းအဝေးခေါ်ပြီး ဆောင်ရွက်ပြီးပြီ။ ဟိုဘက်မှာထပ်မံလိုအပ်လာရင် လိုအပ်တဲ့အချက်အလက်တွေအကြောင်းအရာတွေနဲ့ ပတ်သက်ရင်ဆက်သွယ်ဆောင်ရွက်ပါမယ်။''လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းဘီဘီစီကိုပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption သဟေ့ဂ်မြို့ ငြိမ်းချမ်းရေး နန်းတော်မှာ ရုံးစိုက်တဲ့ ICJ
ဒီဇင်ဘာ ၁၀ ရက်နေ ၁၂ ရက်နေ့အထိ ၃ရက်တာ အတွင်း နှစ်နိုင်ငံ လျှောက်လဲကြမယ်

ဂမ်ဘီယာနိုင်ငံရဲ့ ကြားဖြတ်စီမံဆောင်ရွက်ချက် (Provisional Measures) ချမှတ်ပေးဖို့ လျှောက်ထားချက် နဲ့ပတ်သက်ပြီးနှစ်ဘက်စလုံးက နှုတ်နဲ့လျှောက်လဲ တင်သွင်းတာကို အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဒီဇင်ဘာ ၁၀ ရက်၊ ၁၁ ရက် နဲ့ ၁၂ ရက်တို့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ပထမရက် ဒီဇင်ဘာ ၁ဝ ရက်နေ့မှာ ဂမ်ဘီယာက မနက် ၁ဝ နာရီကနေ နေ့လယ် ၁ နာရီထိ ထွက်ဆိုချက် ပေးရမှာ ဖြစ်ပြီး၊ ဒုတိယရက် ဒီဇင်ဘာ ၁၁ ရက်မှာတော့ အလားတူ အချိန် အတွင်းမှာပဲ မြန်မာက ထွက်ဆိုချက် ပေးဖို့ ICJ က သတ်မှတ်ထားပါတယ်။

ဒီဇင်ဘာ ၁၂ ရက်၊ ၃ ရက်မြောက်မှာတော့ နှစ်နိုင်ငံစလုံး ဒုတိယအကျော့ အနေနဲ့ ကိုယ်စီ ထွက်ချက်တွေ ပေးဖို့ ရှိတာမှာ ဂမ်ဘီယာက မနက် ၁ဝ နာရီကနေ ၁၁ ခွဲ၊ မြန်မာက ညနေ ၄နာရီခွဲကနေ ၆ နာရီထိ ထွက်ဆိုချက်တွေ ပေးရမယ်လို့ စီစဉ်ထားပါတယ်။

ဒီလိုလျှောက်လဲရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အနေနဲ့ အဆိုပါ တရားရုံးမှာမြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို ဦးဆောင်ကာကွယ် ပြောကြားသွားမှာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးကထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဘက်က ကာကွယ်လျှောက်လဲဖို့ နိုင်ငံတကာက ကျွမ်းကျင်တဲ့ ဥပဒေပညာရှင် ရှေ့နေကြီးတွေကို ငှားရမ်းထားပြီးဖြစ် တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက နိုဝင်ဘာလ ၂၃ ရက်နေ့ကပြောထားပါတယ်။

ဒါပေမယ့် ဒီကနေ့ ဒီဇင်ဘာ ၈ရက်နေ့အထိ မြန်မာဘက်က ငှားရမ်းထားတဲ့ရှေ့နေတွေက ဘယ်သူဘယ်ဝါ ဆိုတာကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။

ဂမ်ဘီယာနိုင်ငံဘက်ကတော့ ဖိုလီဟော့ဂ် Foley Hoag ဆိုတဲ့ အမေရိကန် ရှေ့နေ အဖွဲ့ကိုရွေးချယ်ထား ပါတယ်။

ဖိုလီဟော့ဂ်ဟာ ICJ အပါအဝင်၊ နိုင်ငံတကာ တရားရုံး၊ အနုညာတခုံရုံးတွေမှာ နိုင်ငံတွေကို ကိုယ်စားပြုပြီး ရှေ့နေလိုက်ပေးတဲ့ နေရာမှာ အထူးပြု ကျွမ်းကျင်တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
အိုင္စီေဂ်မွာတရားစြဲထားတဲ့အမႈကို ေျဖရွင္းဖို႔ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္သြားတဲ့ အဖြဲ႕မွာ တပ္ကိုယ္စားလွယ္ မပါ အိုင္စီေဂ်မွာတရားစြဲထားတဲ့အမႈကို ေျဖရွင္းဖို႔ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္သြားတဲ့ အဖြဲ႕မွာ တပ္ကိုယ္စားလွယ္ မပါ Reviewed by THITHTOOLWIN on 02:30 Rating: 5
Powered by Blogger.