႐ြာသားေလးဦး ရိကၡာေတြ တပ္မေတာ္ သိမ္းဆည္း

ပဲခူးတိုင္း ေက်ာက္ႀကီးၿမိဳ႕ တည္ေနရာကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၂၁ ရက္ေန႔က ပဲခူးတိုင္း ေက်ာက္ႀကီးၿမိဳ႕နယ္က ေဈးဝယ္ၿပီးျပန္လာတဲ့ ေစာမီးလူေက်း႐ြာက ႐ြာသား ေလးဦးဆီက ဆန္အိတ္ ၁၅၀ ကို ျမန္မာ့တပ္မေတာ္ေျချမန္တပ္ရင္း ၃၉ က သိမ္းဆည္းသြားခဲ့တာလို႔ ေက်ာက္ႀကီးေဒသခံ ေစာဝါးေလးက ေျပာပါတယ္။ ေက်း႐ြာသားေတြရဲ႕ ဆန္အိတ္ေတြ သိမ္းဆည္းခံရတာနဲ႔ ပတ္သက္လို႔ ေက်း႐ြာအာဏာပိုင္က ေက်ာက္ႀကီးၿမိဳ႕က KNU ဆက္ဆံေရး႐ုံးကို တိုင္ၾကားခဲ့တယ္လို႔လည္း ေစာဝါးေလးက ေျပာပါတယ္။

    ႐ြာသားေတြက မယူရဲဘူး အဆိပ္ခတ္မွာေၾကာက္လို႔

“စစ္တပ္ကသိမ္းသြားတယ္၊ သိမ္းသြားၿပီးေတာ့ စခန္းမွာပဲ ပစ္ထားတယ္။ ဗိုလ္မႉး မ်ိဳးကိုကိုက သိမ္းတာ။ KNU ဆက္ဆံေရး႐ုံးကို တိုင္တယ္၊ KNU ကျပန္ေတာင္းေပးတယ္၊ သူတို႔ကျပန္ေပးတယ္ေျပာတယ္။ ဒါေပမဲ့ ႐ြာသားေတြက မယူရဲဘူး အဆိပ္ခတ္မွာေၾကာက္လို႔”

စားနပ္ရိကၡာေတြ သိမ္းဆည္းခံရတဲ့အတြက္ မိသားစုေတြအတြက္ ေထာက္ပံ့ေပးဖို႔ ကရင္ေခါင္းေဆာင္ေတြ ကိုလည္း ေတာင္းဆိုထားတယ္လို႔ ဆိုပါတယ္။ အဲဒီေဒသက ေက်း႐ြာသားေတြဟာ သူတို႔ရဲ႕စိုက္ခင္းေတြ ႂကြက္ေတြဖ်က္ဆီးခံရလို႔ ေက်ာက္ႀကီးၿမိဳ႕ေပၚတက္ၿပီး တစ္ႏွစ္စာအတြက္ ဆန္၊ ဆီ၊ ဆား ငါးပိ စတဲ့ စားနပ္ရိကၡာေတြကို ဝယ္ယူၾကရတယ္လို႔ ဆိုပါတယ္။ အရင္က အဲဒီလိုသိမ္းဆည္းတာေတြမရွိဘဲ အခု ဒီတစ္လအတြင္း ျမန္မာ့တပ္မေတာ္က အဲဒီေဒသမွာ စစ္ေဆးေရးဂိတ္ေတြ တိုးၿပီးခ်လာသလို ႐ြာသြားေတြရဲ႕ သြားလာမႈေတြကိုလည္း စစ္ေဆးေမးျမန္းတာေတြရွိတယ္လို႔ ဆိုပါတယ္။

ေဒသခံေတြရဲ႕ ဆန္အိတ္ေတြကို ခမရ ၃၉ တပ္က ခုလို သိမ္းဆည္းသြားတာနဲ႔ပတ္သက္ၿပီး တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကို RFA က ဆက္သြယ္ေမးျမန္းၾကည့္ေတာ့

“က်ေနာ္လည္း မသိရေသးဘူး၊ အဲဒီဘက္မွာ စစ္ဆင္ေရးဝင္ေနတဲ့တပ္ေတြရွိတယ္၊ အေၾကာင္းရွိလို႔ ျဖစ္မွာပါ။ က်န္တဲ့ဟာေတာ့ မရွိႏိုင္ဘူး။ KNU နဲ႔ က်ေနာ္တို႔ၾကားမွာက ဒီေအာက္ေျခအဆင့္ေတြေရာ JMC-S အဆင့္ေတြေရာ ညႇိႏႈိင္းမႈေတြရွိပါတယ္၊ အရင္တခါကလည္း ေက်ာက္ႀကီးမွာ ညႇိႏႈိင္းခဲ့ၿပီးၿပီ၊ လမ္းကိစၥေတြ ညႇိႏႈိင္းခဲ့တာရွိတယ္ ဒါေၾကာင့္မို႔ ေအာက္ေျခမွာျဖစ္တဲ့ျပႆနာေတြကို ညႇိႏႈိင္းလို႔ရမွာပါ”

႐ြာသားေတြရဲ႕ ရိကၡာေတြ ခုလိုသိမ္းဆည္းခံရတာေတြ၊ သူတို႔ကို ကူညီေထာက္ပံ့ေပးဖို႔ေတြ နဲ႔ ပတ္သက္ၿပီး ေက်ာက္ႀကီး KNU ဆက္ဆံေရး႐ုံးနဲ႔ KNU အဖြဲ႕က တာဝန္ရွိသူေတြကို RFA က ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

အဲဒီေဒသမွာ ကရင္တပ္ဖြဲ႕ေတြနဲ႔ ျမန္မာတပ္ဖြဲ႕ေတြ တိုက္ပြဲေတြျဖစ္ပြားေနၿပီး ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၂၆ ရက္ေန႔ ကလည္း ျမန္မာ့တပ္မေတာ္ ေျခလ်င္တပ္ရင္း ၃၅၀ နဲ႔ ကရင္တပ္ဖြဲ႕ေတြ တိုက္ခိုက္မႈျဖစ္ခဲ့တယ္လို႔ Free Burma Rangers အဖြဲ႕ရဲ႕ထုတ္ျပန္ခ်က္အရ သိရပါတယ္။

RFA Burmese
https://www.rfa.org
-----------
(Unicode)⤵⤵⤵
ရွာသားလေးဦး ရိက္ခာတွေ တပ်မတော် သိမ်းဆည်း

ပဲခူးတိုင်း ကျောက်ကြီးမြို့ တည်နေရာကို တွေ့ရစဉ်
Photo: Google Map


ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့က ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်က ဈေးဝယ်ပြီးပြန်လာတဲ့ စောမီးလူကျေးရွာက ရွာသား လေးဦးဆီက ဆန်အိတ် ၁၅၀ ကို မြန်မာ့တပ်မတော်ခြေမြန်တပ်ရင်း ၃၉ က သိမ်းဆည်းသွားခဲ့တာလို့ ကျောက်ကြီးဒေသခံ စောဝါးလေးက ပြောပါတယ်။ ကျေးရွာသားတွေရဲ့ ဆန်အိတ်တွေ သိမ်းဆည်းခံရတာနဲ့ ပတ်သက်လို့ ကျေးရွာအာဏာပိုင်က ကျောက်ကြီးမြို့က KNU ဆက်ဆံရေးရုံးကို တိုင်ကြားခဲ့တယ်လို့လည်း စောဝါးလေးက ပြောပါတယ်။

    ရွာသားတွေက မယူရဲဘူး အဆိပ်ခတ်မှာကြောက်လို့

“စစ်တပ်ကသိမ်းသွားတယ်၊ သိမ်းသွားပြီးတော့ စခန်းမှာပဲ ပစ်ထားတယ်။ ဗိုလ်မှူး မျိုးကိုကိုက သိမ်းတာ။ KNU ဆက်ဆံရေးရုံးကို တိုင်တယ်၊ KNU ကပြန်တောင်းပေးတယ်၊ သူတို့ကပြန်ပေးတယ်ပြောတယ်။ ဒါပေမဲ့ ရွာသားတွေက မယူရဲဘူး အဆိပ်ခတ်မှာကြောက်လို့”

စားနပ်ရိက္ခာတွေ သိမ်းဆည်းခံရတဲ့အတွက် မိသားစုတွေအတွက် ထောက်ပံ့ပေးဖို့ ကရင်ခေါင်းဆောင်တွေ ကိုလည်း တောင်းဆိုထားတယ်လို့ ဆိုပါတယ်။ အဲဒီဒေသက ကျေးရွာသားတွေဟာ သူတို့ရဲ့စိုက်ခင်းတွေ ကြွက်တွေဖျက်ဆီးခံရလို့ ကျောက်ကြီးမြို့ပေါ်တက်ပြီး တစ်နှစ်စာအတွက် ဆန်၊ ဆီ၊ ဆား ငါးပိ စတဲ့ စားနပ်ရိက္ခာတွေကို ဝယ်ယူကြရတယ်လို့ ဆိုပါတယ်။ အရင်က အဲဒီလိုသိမ်းဆည်းတာတွေမရှိဘဲ အခု ဒီတစ်လအတွင်း မြန်မာ့တပ်မတော်က အဲဒီဒေသမှာ စစ်ဆေးရေးဂိတ်တွေ တိုးပြီးချလာသလို ရွာသွားတွေရဲ့ သွားလာမှုတွေကိုလည်း စစ်ဆေးမေးမြန်းတာတွေရှိတယ်လို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ ဆန်အိတ်တွေကို ခမရ ၃၉ တပ်က ခုလို သိမ်းဆည်းသွားတာနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းကြည့်တော့

“ကျနော်လည်း မသိရသေးဘူး၊ အဲဒီဘက်မှာ စစ်ဆင်ရေးဝင်နေတဲ့တပ်တွေရှိတယ်၊ အကြောင်းရှိလို့ ဖြစ်မှာပါ။ ကျန်တဲ့ဟာတော့ မရှိနိုင်ဘူး။ KNU နဲ့ ကျနော်တို့ကြားမှာက ဒီအောက်ခြေအဆင့်တွေရော JMC-S အဆင့်တွေရော ညှိနှိုင်းမှုတွေရှိပါတယ်၊ အရင်တခါကလည်း ကျောက်ကြီးမှာ ညှိနှိုင်းခဲ့ပြီးပြီ၊ လမ်းကိစ္စတွေ ညှိနှိုင်းခဲ့တာရှိတယ် ဒါကြောင့်မို့ အောက်ခြေမှာဖြစ်တဲ့ပြဿနာတွေကို ညှိနှိုင်းလို့ရမှာပါ”

ရွာသားတွေရဲ့ ရိက္ခာတွေ ခုလိုသိမ်းဆည်းခံရတာတွေ၊ သူတို့ကို ကူညီထောက်ပံ့ပေးဖို့တွေ နဲ့ ပတ်သက်ပြီး ကျောက်ကြီး KNU ဆက်ဆံရေးရုံးနဲ့ KNU အဖွဲ့က တာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

အဲဒီဒေသမှာ ကရင်တပ်ဖွဲ့တွေနဲ့ မြန်မာတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့ ကလည်း မြန်မာ့တပ်မတော် ခြေလျင်တပ်ရင်း ၃၅၀ နဲ့ ကရင်တပ်ဖွဲ့တွေ တိုက်ခိုက်မှုဖြစ်ခဲ့တယ်လို့ Free Burma Rangers အဖွဲ့ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

RFA Burmese
https://www.rfa.org
႐ြာသားေလးဦး ရိကၡာေတြ တပ္မေတာ္ သိမ္းဆည္း ႐ြာသားေလးဦး ရိကၡာေတြ တပ္မေတာ္ သိမ္းဆည္း Reviewed by THITHTOOLWIN on 23:03 Rating: 5
Powered by Blogger.