ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ ဗ်တၱပန္းဆက္လမ္းတြင္ အမ်ိဳးသမီးႀကီးတစ္ဦးအား အိမ္စီးကားငယ္တစ္စီးမွ တိုက္မိၿပီး ေမာင္းႏွင္ထြက္ေျပး

(Zawgyi)⤵⤵⤵
ေက်ာက္ပန္းေတာင္း ၃၁ ဒီဇင္ဘာ

မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ ပုပၸားရဲစခန္းအပိုင္ ေညာင္ဦး-ပုပၸားသြား ဗ်တၱပန္းဆက္လမ္း ေဒါင္းလည္ေက်း႐ြာအနီး မိုင္တိုင္ ၁၀/၉ ႏွင့္ ၁၀/၈ အၾကားတြင္၊ ဒီဇင္ဘာ ၃၀ ရက္ ညေန ၅ နာရီခန႔္က အသက္(၅၈)ႏွစ္အ႐ြယ္ အမ်ိဳးသမီးႀကီးတစ္ဦးအား အိမ္စီးကားငယ္တစ္စီးက ဝင္ေရာက္တိုက္မိၿပီး ေမာင္းႏွင္ထြက္ေျပးသြားေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ေညာင္ဦး-ပုပၸားသြား ဗ်တၱပန္းဆက္လမ္း၊ ေဒါင္းလည္ေက်း႐ြာအနီး မိုင္တိုင္ ၁၀/၉ ႏွင့္ ၁၀/၈ အၾကားတြင္ ေဒၚလွတင္(၅၈)ႏွစ္ ကုန္းေပၚနက္ေက်း႐ြာေနသူသည္ ခရီးသြားယာဥ္မ်ားမွ လမ္းေပၚသို႔ ပစ္ခ်စြန႔္ႀကဲခဲ့သည့္ေငြကို သြားေရာက္ေကာက္ယူစဥ္ ပုပၸားဘက္မွ ေညာင္ဦးဘက္သို႔ ယာဥ္နံပါတ္မမွတ္မိ၊ အေရာင္မမွတ္မိ၊ အိမ္စီးကားအေသးတစ္စီးမွ တိုက္မိၿပီး ေမာင္းႏွင္ထြက္ေျပးသြားေၾကာင္း တစ္႐ြာတည္းေန သိန္းထြန္း ကုန္းေပၚနက္ေက်း႐ြာေနသူမွ ေျပာျပသျဖင့္ သိရွိရေၾကာင္း သိရသည္။

အဆိုပါယာဥ္တိုက္မႈေၾကာင့္ ေဒၚလွတင္တြင္ ဦးေခါင္းေနာက္ေစ့ ေသြးထြက္ေပါက္ၿပဲဒဏ္ရာ (စိုးရိမ္ရ) ရရွိခဲ့သျဖင့္ ေက်ာက္ပန္းေတာင္း ျပည္သူ႔ေဆး႐ုံသို႔ရဲေဆးစာျဖင့္ ပို႔ေဆာင္ကုသလ်က္ရွိေၾကာင္းသိရၿပီး ေဒၚလွတင္၏ တူေတာ္သူ မင္းသူ ေတာင္သူ၊ ကုန္းေပၚနက္ေက်း႐ြာက တရားလိုအျဖစ္ အမႈဖြင့္တိုင္ၾကားထားေၾကာင္း သိရသည္။

အဆိုပါယာဥ္တိုက္မႈႏွင့္ ပတ္သက္၍ ပုပၸားရဲကင္းစခန္းမွ အမႈဖြင့္လွစ္၍ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ေနေအာင္(ျပန္/ဆက္)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
-------------
(Unicode)⤵⤵⤵
ကျောက်ပန်းတောင်းမြို့နယ် ဗျတ္တပန်းဆက်လမ်းတွင် အမျိုးသမီးကြီးတစ်ဦးအား အိမ်စီးကားငယ်တစ်စီးမှ တိုက်မိပြီး မောင်းနှင်ထွက်ပြေး

ကျောက်ပန်းတောင်း ၃၁ ဒီဇင်ဘာ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားရဲစခန်းအပိုင် ညောင်ဦး-ပုပ္ပားသွား ဗျတ္တပန်းဆက်လမ်း ဒေါင်းလည်ကျေးရွာအနီး မိုင်တိုင် ၁၀/၉ နှင့် ၁၀/၈ အကြားတွင်၊ ဒီဇင်ဘာ ၃၀ ရက် ညနေ ၅ နာရီခန့်က အသက်(၅၈)နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးအား အိမ်စီးကားငယ်တစ်စီးက ဝင်ရောက်တိုက်မိပြီး မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ညောင်ဦး-ပုပ္ပားသွား ဗျတ္တပန်းဆက်လမ်း၊ ဒေါင်းလည်ကျေးရွာအနီး မိုင်တိုင် ၁၀/၉ နှင့် ၁၀/၈ အကြားတွင် ဒေါ်လှတင်(၅၈)နှစ် ကုန်းပေါ်နက်ကျေးရွာနေသူသည် ခရီးသွားယာဉ်များမှ လမ်းပေါ်သို့ ပစ်ချစွန့်ကြဲခဲ့သည့်ငွေကို သွားရောက်ကောက်ယူစဉ် ပုပ္ပားဘက်မှ ညောင်ဦးဘက်သို့ ယာဉ်နံပါတ်မမှတ်မိ၊ အရောင်မမှတ်မိ၊ အိမ်စီးကားအသေးတစ်စီးမှ တိုက်မိပြီး မောင်းနှင်ထွက်ပြေးသွားကြောင်း တစ်ရွာတည်းနေ သိန်းထွန်း ကုန်းပေါ်နက်ကျေးရွာနေသူမှ ပြောပြသဖြင့် သိရှိရကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ဒေါ်လှတင်တွင် ဦးခေါင်းနောက်စေ့ သွေးထွက်ပေါက်ပြဲဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့သဖြင့် ကျောက်ပန်းတောင်း ပြည်သူ့ဆေးရုံသို့ရဲဆေးစာဖြင့် ပို့ဆောင်ကုသလျက်ရှိကြောင်းသိရပြီး ဒေါ်လှတင်၏ တူတော်သူ မင်းသူ တောင်သူ၊ ကုန်းပေါ်နက်ကျေးရွာက တရားလိုအဖြစ် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုနှင့် ပတ်သက်၍ ပုပ္ပားရဲကင်းစခန်းမှ အမှုဖွင့်လှစ်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ ဗ်တၱပန္းဆက္လမ္းတြင္ အမ်ိဳးသမီးႀကီးတစ္ဦးအား အိမ္စီးကားငယ္တစ္စီးမွ တိုက္မိၿပီး ေမာင္းႏွင္ထြက္ေျပး ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ ဗ်တၱပန္းဆက္လမ္းတြင္ အမ်ိဳးသမီးႀကီးတစ္ဦးအား အိမ္စီးကားငယ္တစ္စီးမွ တိုက္မိၿပီး ေမာင္းႏွင္ထြက္ေျပး Reviewed by THITHTOOLWIN on 22:35 Rating: 5
Powered by Blogger.