ျမန္မာဗီယက္နမ္ ႏွစ္ႏိုင္ငံ ရက္သုံးဆယ္ ဗီဇာကင္းလြတ္ခြင့္ သေဘာတူဖို႔ရွိ

အတိုင္ပင္ခံကို ဗီယက္နမ္ဝန္ႀကီးခ်ဳပ္က ဂုဏ္ျပဳတပ္ဖြဲ႕နဲ႔ ႀကိဳဆိုခဲ့ပါတယ္။
(Zawgyi)⤵⤵⤵
ျမန္မာ ဗီယက္နမ္ ႏွစ္ႏိုင္ငံၾကား သာမန္ႏိုင္ငံကူးလက္မွတ္ကိုင္ေဆာင္ထားသူေတြအေနနဲ႔ ဗီဇာမလိုဘဲ ရက္သုံးဆယ္ အျပန္အလွန္သြားလာခြင့္ကို ႏွစ္ႏိုင္ငံလက္မွတ္ေရးထိုးသြားဖို႔ရွိတယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဘီဘီစီကိုေျပာပါတယ္။

ဗီယက္နမ္ဝန္ႀကီးခ်ဳပ္ မစၥတာ ငုယင္စြမ္းဖုဟာ ဒီဇင္ဘာ ၁၆ ရက္ကေန ၁၈ ရက္အထိ သုံးရက္ၾကာ လာ ေရာက္တဲ့ ျမန္မာႏိုင္ငံခရီးစဥ္အတြင္း ဒီသေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးဖို႔ရွိေနတာပါ။

အရင္က ႏွစ္ႏိုင္ငံျပည္သူေတြ ဗီဇာမလိုဘဲ သြားလာခြင့္ ႏွစ္ပတ္ၾကာ ခြင့္ျပဳထားရာကေန အခု ရက္သုံးဆယ္ တစ္လ သတ္မွတ္မွာျဖစ္ပါတယ္။

"ႏွစ္ႏိုင္ငံႏိုင္ငံျခားေရးဝန္ႀကီးဌာနမ်ားအၾကား ပူးေပါင္းေဆာင္႐ြက္ေရး MoU(ႏွစ္ႏိုင္ငံနားလည္မႈစာခြၽန္လႊာ) ရွိပါတယ္။ ေနာက္တစ္ခုက comprehensive cooperative partnership (ႏွစ္ႏိုင္ငံ ဘက္စုံပူးေပါင္း ေဆာင္႐ြက္မႈ မိတ္ဖက္ဆက္ဆံေရး)၂၀၁၉-၂၀၂၄ ငါးႏွစ္စာ Action Plan တစ္ခု လက္မွတ္ထိုးဖို႔ ရွိပါတယ္။ ေနာက္ၿပီးေတာ့ ကြၽန္ေတာ္တို႔ Visa extension agreement အရ သာမန္ႏိုင္ငံကူးလက္မွတ္ ကိုင္ေဆာင္ထားတဲ့ ႏွစ္ႏိုင္ငံျပည္သူေတြ ၁၄ ရက္ရထားတာကေန ရက္သုံးဆယ္အထိ တိုးဖို႔ရွိပါတယ္" လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ႏိုင္ငံေရးရာဦးစီး ဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေအာင္ကိုက ဘီဘီစီကို ေျပာပါတယ္။

ခုလို ဗီဇာရက္ေတြတိုးေပးတာက ျမန္မာ့ခရီးသြားလုပ္ငန္းအတြက္ေတာ့ ေကာင္းတဲ့အလားအလာ ျဖစ္တယ္လို႔ျပည္တြင္းျပည္ပ ခရီးသည္ပို႔ေဆာင္ေရး လုပ္ကိုင္ေနတဲ့ AM star ခရီးသြားလုပ္ငန္းရဲ႕ မန္းေနဂ်င္းဒါ႐ိုက္တာ မျဖဴေဖြးသန႔္က ေျပာပါတယ္။

"ျမန္မာ့ခရီးသြားလုပ္ငန္းအတြက္ ေကာင္းတဲ့အလားအလာတစ္ခုပါ။ ဒါေပမဲ့ ညီမတို႔လို ခရီးသည္ ပို႔ေဆာင္ ေရး လုပ္ငန္းလုပ္တဲ့သူေတြ အတြက္ေတာ့ ရက္တိုေလးေတြ ေလးညအိပ္ငါးရက္တို႔လို ခရီးေတြ ပို႔ေနတဲ့ သူေတြအတြက္ေတာ့ အရမ္းႀကီးေတာ့ မထူးျခားဘူးေပါ့။ ဒါေပမဲ့ Long Stay ရက္ရွည္ရွည္ေနခ်င္တဲ့ သူေတြအတြက္ကေတာ့ အခုလို ဗီဇာကင္းလြတ္ခြင့္ရက္တိုးေပးတာက တကယ္အက်ိဳးရွိပါတယ္။ တျခား စင္ကာပူတို႔လို ႏိုင္ငံေတြပါ ခုလို ရက္ေတြထပ္တိုးေပးေစခ်င္ပါတယ္" လို႔ သူက ဆိုပါတယ္။
 ဗီယက္နမ္ဝန္ႀကီးခ်ဳပ္နဲ႔ ဇနီးဟာ ျမန္မာႏိုင္ငံကို သုံးရက္ၾကာ ခ်စ္ၾကည္ေရးခရီးလာေရာက္တာျဖစ္
ဗီယက္နမ္ဝန္ႀကီးခ်ဳပ္ဟာ သုံးရက္ၾကာခရီးစဥ္အတြင္း ေနျပည္ေတာ္သမၼတအိမ္ေတာ္မွာ သမၼတဦးဝင္းျမင့္၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ လႊတ္ေတာ္ ဥကၠ႒တို႔နဲ႔ ေတြ႕ဆုံဖို႔ရွိေနပါတယ္။

အဲဒီေနာက္ ဒီဇင္ဘာ ၁၇ ရက္ညေနပိုင္းမွာ ရန္ကုန္ကို သြားေရာက္မွာျဖစ္ၿပီး ရန္ကုန္မွာ ဗီယက္နမ္ ဘဏ္တစ္ခုကို တက္ေရာက္ဖြင့္လွစ္မွာျဖစ္တယ္လို႔ ျမန္မာႏိုင္ငံ ကုန္သည္မ်ားနဲ႔ စက္မႈ လက္မႈ လုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ UMFCCI တြဲဖက္အတြင္းေရးမႉး ဦးမ်ိဳးသန႔္က ဘီဘီစီကိုေျပာပါတယ္။ ဗီယက္နမ္လုပ္ငန္းရွင္ေတြနဲ႔ ျမန္မာစီးပြားေရးလုပ္ငန္းရွင္ေတြ ေဆြးေႏြးပြဲကို ဒီဇင္ဘာ ၂၀ ရက္မွာ လုပ္ဖို႔ ရွိေနေပမယ့္ ဒါက ဝန္ႀကီးခ်ဳပ္ခရီးစဥ္နဲ႔ သက္ဆိုင္မႈေတာ့ မရွိဘူးလို႔ သူက ဆက္ေျပာပါတယ္။

"ဗီယက္နမ္ကုန္စည္ျပပြဲက ဒီဇင္ဘာ ၁၉ က၂၂ ထိ လုပ္မွာ။ အဲဒီမွာ ဗီယက္နမ္စီးပြားေရးလုပ္ငန္း ရွင္ေတြက လာၿပီး ႏွစ္ႏိုင္ငံစီးပြားေရးလုပ္ငန္းရွင္ေတြ ေဆြးေႏြးပြဲရွိတာကေတာ့ သတ္သတ္ေပါ့။ ဒီပြဲမွာေတာ့ အဓိကက ကုန္သြယ္ေရးနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈပိုင္းကိုပဲ ေဆြးေႏြးဖို႔ရွိပါတယ္" လို႔ သူက ဆိုပါတယ္။
 ေဒၚေအာင္ဆန္းစုၾကည္ဟာ ဗီယက္နမ္ကို ႏွစ္ႏွစ္အတြင္း သုံးႀကိမ္ သြားေရာက္ထားပါတယ္။


ျမန္မာမွာ ဗီယက္နမ္ရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈက တစ္ႏွစ္ထက္တစ္ႏွစ္ ပိုမ်ားလာၿပီး ဟိုတယ္လုပ္ငန္း၊ Interior decoration လုပ္ငန္း၊ ဗီယက္နမ္ ထုတ္ကုန္အေရာင္းဆိုင္ေတြ တိုးခ်ဲ႕ရင္းႏွီးျမႇဳပ္ႏွံလာတယ္လို႔ ဦးမ်ိဳးသန႔္က ေျပာပါတယ္။ ဒါ့အျပင္ လက္ရွိမွာ ဗီယက္နမ္လုပ္ငန္းရွင္ေတြအေနနဲ႔ အေဆာက္အဦးေတြကို ျပန္လည္ငွားရမ္းၿပီး ဟိုတယ္လုပ္ငန္းျပန္ဖြင့္တဲ့ လုပ္ငန္းလို ဝန္ေဆာင္မႈေပးရတဲ့ လုပ္ငန္းေတြမွာ ရင္းႏွီးျမႇဳပ္ႏွံဖို႔ ပိုစိတ္ဝင္ စားေနတယ္လို႔ သူက ဆက္ေျပာပါတယ္။

ဗီယက္နမ္လုပ္ငန္းရွင္ေတြက ျမန္မာမွာ ရာႏႈန္းျပည့္ရင္းႏွီးျမႇဳပ္ႏွံတာမ်ိဳးရွိသလို တခ်ိဳ႕ကလည္း အစိုးရ၊ ပုဂၢလိက ျပည္တြင္းလုပ္ငန္းရွင္ေတြနဲ႔ ဖက္စပ္လုပ္ကိုင္တာမ်ိဳးေတြရွိေနတယ္လို႔ ဦးမ်ိဳးသန႔္က ဆိုပါတယ္။

ဗီယက္နမ္ႏိုင္ငံဟာ ျမန္မာႏိုင္ငံမွာရင္းႏွီးျမႇဳပ္ႏွံတဲ့ထိပ္တန္း ဆယ္ႏိုင္ငံထဲမွာ တစ္ႏိုင္ငံအပါအဝင္ျဖစ္ၿပီး ရန္ကုန္ၿမိဳ႕က မလီယာဟိုတယ္နဲ႔ ျမန္မာပလာဇာလို႔လူသိမ်ားတဲ့ ေဟာင္းအင္းဂရီလာလုပ္ငန္းစုဟာ ဗီယက္နမ္ရင္းႏွီးျမႇဳပ္ႏွံမႈတစ္ခု ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
မြန်မာဗီယက်နမ် နှစ်နိုင်ငံ ရက်သုံးဆယ် ဗီဇာကင်းလွတ်ခွင့် သဘောတူဖို့ရှိ

Image caption အတိုင်ပင်ခံကို ဗီယက်နမ်ဝန်ကြီးချုပ်က ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ပါတယ်။

မြန်မာ ဗီယက်နမ် နှစ်နိုင်ငံကြား သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတွေအနေနဲ့ ဗီဇာမလိုဘဲ ရက်သုံးဆယ် အပြန်အလှန်သွားလာခွင့်ကို နှစ်နိုင်ငံလက်မှတ်ရေးထိုးသွားဖို့ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဘီဘီစီကိုပြောပါတယ်။

ဗီယက်နမ်ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖုဟာ ဒီဇင်ဘာ ၁၆ ရက်ကနေ ၁၈ ရက်အထိ သုံးရက်ကြာ လာ ရောက်တဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒီသဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ရှိနေတာပါ။

အရင်က နှစ်နိုင်ငံပြည်သူတွေ ဗီဇာမလိုဘဲ သွားလာခွင့် နှစ်ပတ်ကြာ ခွင့်ပြုထားရာကနေ အခု ရက်သုံးဆယ် တစ်လ သတ်မှတ်မှာဖြစ်ပါတယ်။

"နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်ရေး MoU(နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ) ရှိပါတယ်။ နောက်တစ်ခုက comprehensive cooperative partnership (နှစ်နိုင်ငံ ဘက်စုံပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး)၂၀၁၉-၂၀၂၄ ငါးနှစ်စာ Action Plan တစ်ခု လက်မှတ်ထိုးဖို့ ရှိပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ Visa extension agreement အရ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ နှစ်နိုင်ငံပြည်သူတွေ ၁၄ ရက်ရထားတာကနေ ရက်သုံးဆယ်အထိ တိုးဖို့ရှိပါတယ်" လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုက ဘီဘီစီကို ပြောပါတယ်။

ခုလို ဗီဇာရက်တွေတိုးပေးတာက မြန်မာ့ခရီးသွားလုပ်ငန်းအတွက်တော့ ကောင်းတဲ့အလားအလာ ဖြစ်တယ်လို့ပြည်တွင်းပြည်ပ ခရီးသည်ပို့ဆောင်ရေး လုပ်ကိုင်နေတဲ့ AM star ခရီးသွားလုပ်ငန်းရဲ့ မန်းနေဂျင်းဒါရိုက်တာ မဖြူဖွေးသန့်က ပြောပါတယ်။

"မြန်မာ့ခရီးသွားလုပ်ငန်းအတွက် ကောင်းတဲ့အလားအလာတစ်ခုပါ။ ဒါပေမဲ့ ညီမတို့လို ခရီးသည် ပို့ဆောင် ရေး လုပ်ငန်းလုပ်တဲ့သူတွေ အတွက်တော့ ရက်တိုလေးတွေ လေးညအိပ်ငါးရက်တို့လို ခရီးတွေ ပို့နေတဲ့ သူတွေအတွက်တော့ အရမ်းကြီးတော့ မထူးခြားဘူးပေါ့။ ဒါပေမဲ့ Long Stay ရက်ရှည်ရှည်နေချင်တဲ့ သူတွေအတွက်ကတော့ အခုလို ဗီဇာကင်းလွတ်ခွင့်ရက်တိုးပေးတာက တကယ်အကျိုးရှိပါတယ်။ တခြား စင်ကာပူတို့လို နိုင်ငံတွေပါ ခုလို ရက်တွေထပ်တိုးပေးစေချင်ပါတယ်" လို့ သူက ဆိုပါတယ်။
ဓာတ်ပုံ မူပိုင် MONEY SHARMA
Image caption ဗီယက်နမ်ဝန်ကြီးချုပ်နဲ့ ဇနီးဟာ မြန်မာနိုင်ငံကို သုံးရက်ကြာ ချစ်ကြည်ရေးခရီးလာရောက်တာဖြစ်

ဗီယက်နမ်ဝန်ကြီးချုပ်ဟာ သုံးရက်ကြာခရီးစဉ်အတွင်း နေပြည်တော်သမ္မတအိမ်တော်မှာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော် ဥက္ကဋ္ဌတို့နဲ့ တွေ့ဆုံဖို့ရှိနေပါတယ်။

အဲဒီနောက် ဒီဇင်ဘာ ၁၇ ရက်ညနေပိုင်းမှာ ရန်ကုန်ကို သွားရောက်မှာဖြစ်ပြီး ရန်ကုန်မှာ ဗီယက်နမ် ဘဏ်တစ်ခုကို တက်ရောက်ဖွင့်လှစ်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI တွဲဖက်အတွင်းရေးမှူး ဦးမျိုးသန့်က ဘီဘီစီကိုပြောပါတယ်။ ဗီယက်နမ်လုပ်ငန်းရှင်တွေနဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေ ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၀ ရက်မှာ လုပ်ဖို့ ရှိနေပေမယ့် ဒါက ဝန်ကြီးချုပ်ခရီးစဉ်နဲ့ သက်ဆိုင်မှုတော့ မရှိဘူးလို့ သူက ဆက်ပြောပါတယ်။

"ဗီယက်နမ်ကုန်စည်ပြပွဲက ဒီဇင်ဘာ ၁၉ က၂၂ ထိ လုပ်မှာ။ အဲဒီမှာ ဗီယက်နမ်စီးပွားရေးလုပ်ငန်း ရှင်တွေက လာပြီး နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်တွေ ဆွေးနွေးပွဲရှိတာကတော့ သတ်သတ်ပေါ့။ ဒီပွဲမှာတော့ အဓိကက ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုပိုင်းကိုပဲ ဆွေးနွေးဖို့ရှိပါတယ်" လို့ သူက ဆိုပါတယ်။
ဓာတ်ပုံ မူပိုင် BULLIT MARQUEZ
Image caption ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်ကို နှစ်နှစ်အတွင်း သုံးကြိမ် သွားရောက်ထားပါတယ်။

မြန်မာမှာ ဗီယက်နမ်ရဲ့ ရင်းနှီးမြှုပ်နှံမှုက တစ်နှစ်ထက်တစ်နှစ် ပိုများလာပြီး ဟိုတယ်လုပ်ငန်း၊ Interior decoration လုပ်ငန်း၊ ဗီယက်နမ် ထုတ်ကုန်အရောင်းဆိုင်တွေ တိုးချဲ့ရင်းနှီးမြှုပ်နှံလာတယ်လို့ ဦးမျိုးသန့်က ပြောပါတယ်။ ဒါ့အပြင် လက်ရှိမှာ ဗီယက်နမ်လုပ်ငန်းရှင်တွေအနေနဲ့ အဆောက်အဦးတွေကို ပြန်လည်ငှားရမ်းပြီး ဟိုတယ်လုပ်ငန်းပြန်ဖွင့်တဲ့ လုပ်ငန်းလို ဝန်ဆောင်မှုပေးရတဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ပိုစိတ်ဝင် စားနေတယ်လို့ သူက ဆက်ပြောပါတယ်။

ဗီယက်နမ်လုပ်ငန်းရှင်တွေက မြန်မာမှာ ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံတာမျိုးရှိသလို တချို့ကလည်း အစိုးရ၊ ပုဂ္ဂလိက ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ ဖက်စပ်လုပ်ကိုင်တာမျိုးတွေရှိနေတယ်လို့ ဦးမျိုးသန့်က ဆိုပါတယ်။

ဗီယက်နမ်နိုင်ငံဟာ မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံတဲ့ထိပ်တန်း ဆယ်နိုင်ငံထဲမှာ တစ်နိုင်ငံအပါအဝင်ဖြစ်ပြီး ရန်ကုန်မြို့က မလီယာဟိုတယ်နဲ့ မြန်မာပလာဇာလို့လူသိများတဲ့ ဟောင်းအင်းဂရီလာလုပ်ငန်းစုဟာ ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ျမန္မာဗီယက္နမ္ ႏွစ္ႏိုင္ငံ ရက္သုံးဆယ္ ဗီဇာကင္းလြတ္ခြင့္ သေဘာတူဖို႔ရွိ ျမန္မာဗီယက္နမ္ ႏွစ္ႏိုင္ငံ ရက္သုံးဆယ္ ဗီဇာကင္းလြတ္ခြင့္ သေဘာတူဖို႔ရွိ Reviewed by THITHTOOLWIN on 22:18 Rating: 5
Powered by Blogger.