နမ့္စန္မွာ လူငယ္တစ္ဦး ႀကိဳးဆြဲခ်ေသဆုံး

(Zawgyi)⤵⤵⤵
ေတာင္ႀကီး၊ ဒီဇင္ဘာ ၁၂

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ နမ့္စန္ၿမိဳ႕နယ္၊ ရပ္ကြက္(၄)မွာ ဒီကေန႔ ဒီဇင္ဘာလ ၁၂ရက္၊ မနက္ပိုင္းအခ်ိန္က လူငယ္တစ္ဦးႀကိဳးဆြဲခ်ေသဆုံးမႈျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

နမ့္စန္ၿမိဳ႕နယ္၊ ရပ္ကြက္(၄)ရွိ ကန္ထ႐ိုက္တိုက္ေဆာက္လုပ္ေနတဲ့ ၿခံဝင္းအတြင္းမွာ
မိတၳီလာၿမိဳ႕မွ လာေရာက္အလုပ္လုပ္ကိုင္ေနသူ ကိုမင္းထြန္း၊ အသက္(၂၃)ႏွစ္ဆိုသူက ျပင္ပဒဏ္ရာတစ္စုံတစ္ရာမေတြ႕ရဘဲ ႀကိဳးဆြဲခ်ေသဆုံးေနတာ ျဖစ္တယ္လို႔ သိရပါတယ္။

"သူက မိတၳီလာကေန အလုပ္လာလုပ္ေနတာ။ သူ႔‌ေဆႊမ်ိဳးေတြကိုလည္း လွမ္းအေၾကာင္းၾကားေပးလိုက္ေတာ့ အခုထြက္လာေနၾကၿပီ။ မေန႔ညကေတာ့ အားလုံးကို ႏႈတ္ဆက္ပါတယ္။ သူငယ္ခ်င္းေတြကို ႏႈတ္ဆက္ပါတယ္။ သူ႔ညီမ‌ေလးကို လိမ္လိမ္မာမာေနပါဆိုၿပီး ေဖ့စ္ဘုတ္မွာ တင္ထားေသးတယ္။ ဘာေၾကာင့္ ျဖစ္တာလဲဆိုတာကိုေတာ့ မသိရဘူး"လို႔ အခင္းျဖစ္ပြားရာေနရာကို ေရာက္ရွိခဲ့တဲ့ ေ႐ႊႀတိဂံေဒသ သတင္းဌာနရဲ႕ သတင္းရင္းျမစ္တစ္ဦးက ေျပာပါတယ္။

အဲဒီျဖစ္စဥ္နဲ႔ ပါတ္သက္ၿပီး နမ့္စန္ၿမိဳ႕မရဲစခန္းမွာ ေသမႈေသခင္းအရ အမႈေရးဖြင့္ထားၿပီး အေလာင္းကို နမ့္စန္ျပည္သူ႔ေဆး႐ုံကို ပို႔ေဆာင္ကာ အေသးစိတ္ကို စစ္ေဆးလ်က္ရွိတယ္လို႔လည္း သိရပါတယ္။

သတင္း-ရဲရင့္ဇြဲ(ေ႐ႊႀတိဂံ)
ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
--------
(Unicode)⤵⤵⤵
နမ့်စန်မှာ လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံး

တောင်ကြီး၊ ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ရပ်ကွက်(၄)မှာ ဒီကနေ့ ဒီဇင်ဘာလ ၁၂ရက်၊ မနက်ပိုင်းအချိန်က လူငယ်တစ်ဦးကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

နမ့်စန်မြို့နယ်၊ ရပ်ကွက်(၄)ရှိ ကန်ထရိုက်တိုက်ဆောက်လုပ်နေတဲ့ ခြံဝင်းအတွင်းမှာ
မိတ္ထီလာမြို့မှ လာရောက်အလုပ်လုပ်ကိုင်နေသူ ကိုမင်းထွန်း၊ အသက်(၂၃)နှစ်ဆိုသူက ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရဘဲ ကြိုးဆွဲချသေဆုံးနေတာ ဖြစ်တယ်လို့ သိရပါတယ်။

"သူက မိတ္ထီလာကနေ အလုပ်လာလုပ်နေတာ။ သူ့‌ဆွှေမျိုးတွေကိုလည်း လှမ်းအကြောင်းကြားပေးလိုက်တော့ အခုထွက်လာနေကြပြီ။ မနေ့ညကတော့ အားလုံးကို နှုတ်ဆက်ပါတယ်။ သူငယ်ချင်းတွေကို နှုတ်ဆက်ပါတယ်။ သူ့ညီမ‌လေးကို လိမ်လိမ်မာမာနေပါဆိုပြီး ဖေ့စ်ဘုတ်မှာ တင်ထားသေးတယ်။ ဘာကြောင့် ဖြစ်တာလဲဆိုတာကိုတော့ မသိရဘူး"လို့ အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိခဲ့တဲ့ ရွှေတြိဂံဒေသ သတင်းဌာနရဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပါတ်သက်ပြီး နမ့်စန်မြို့မရဲစခန်းမှာ သေမှုသေခင်းအရ အမှုရေးဖွင့်ထားပြီး အလောင်းကို နမ့်စန်ပြည်သူ့ဆေးရုံကို ပို့ဆောင်ကာ အသေးစိတ်ကို စစ်ဆေးလျက်ရှိတယ်လို့လည်း သိရပါတယ်။

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
နမ့္စန္မွာ လူငယ္တစ္ဦး ႀကိဳးဆြဲခ်ေသဆုံး နမ့္စန္မွာ လူငယ္တစ္ဦး ႀကိဳးဆြဲခ်ေသဆုံး Reviewed by THITHTOOLWIN on 21:02 Rating: 5
Powered by Blogger.