ျမန္မာအမ်ိဳးသား ျပည့္တန္ဆာ ၄ ဦး ထိုင္းမွာဖမ္းမိ

ဘန္ေကာက္ၿမိဳ႕လယ္တေနရာ ျမင္ကြင္း။ (ဒီဇင္ဘာ ၁၇၊ ၂၀၁၉)

(Zawgyi / Unicode)

ဘန္ေကာက္ၿမိဳ႕က လိင္တူဆက္ဆံသူမ်ား ေပ်ာ္ပါးေနတဲ့ နာမည္ႀကီး ကလပ္တခုျဖစ္တဲ့ THE PRINCE အႏွိပ္ခန္းကုိ ရဲက ၀င္ဖမ္းရာမွာ အမ်ိဳးသား ျပည့္တန္ဆာအျဖစ္ လုပ္ကုိင္ေနတဲ့ ျမန္မာေလးဦး အပါအ၀င္ အမ်ိဳးသား ျပည့္တန္ဆာ ၃၅ ဦးကို ဖမ္းဆီးခ့ဲပါတယ္။ အျပည့္အစုံကို ဗြီအိုေအ ျမန္မာပုိင္းသတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ထားပါတယ္။

ထိုင္းႏုိင္ငံ ဘန္ေကာက္ၿမိဳ႕လယ္ စိြဳင္အာရီ ၄ လမ္းမွာ ဖြင့္ထားတဲ့ နာမည္ႀကီး VIP ကလပ္ျဖစ္တဲ့ အႏွိပ္ခန္းကို ရဲတပ္ဖြဲ႔ေတြ ၀င္ေရာက္စီးနင္းတဲ့အခ်ိန္မွာ အမ်ိဳးသားေတြဟာ အေပၚပိုင္း အ၀တ္ဗလာနဲ႔ ဧည့္သည္ေတြကို ေစာင့္ေနၾကတာ ေတြ႔ခဲ့ရတယ္လို႔ ထုိင္းရဲတပ္ဖဲြ႔က ေျပာခဲ့တာပါ။ ထိုင္းလူ၀င္မႈႀကီးၾကပ္ေရး အႀကီးအကဲ ဒုရဲခ်ဳပ္ စြန္ဖုန္းခ်င္ဒူ၀မ္က သတင္းစာရွင္းလင္းပြဲမွာ ထုိင္းဘာသာနဲ႔ အခုလို ေျပာဆိုသြားပါတယ္။

“ေယာက္်ားျပည့္တန္ဆာခန္းဟာ မွတ္ပံုတင္တုန္းကေတာ့ သာမန္အႏွိပ္ခန္းဆုိၿပီး ဖြင့္ထားတာျဖစ္တယ္။ တကယ္ေတာ့ အြန္လိုင္းကေန ႏုိင္ငံျခားသားေတြက အသင္း၀င္ၿပီး အဲဒီမွာလာၿပီး ေပ်ာ္ပါးေနၾကတာျဖစ္တယ္။ VIP ဧည့္သည္ေတြျဖစ္တယ္။ မွတ္ပံုတင္ထားတာကေတာ့ ႐ုိး႐ုိးက်န္းမာေရးလုပ္တဲ့ Spa အျဖစ္ ဖြင့္ထားတာျဖစ္တယ္။ အြန္လိုင္းကေန လိင္တူဆက္ဆံခ်င္သူေတြဟာ ဒီေနရာမွာ ခ်ိတ္ဆက္ၿပီးမွ လာေရာက္ေပ်ာ္ပါးၾကတာျဖစ္တယ္။”

အခုဖမ္းဆီးခံရတဲ့ အမ်ိဳးသား ၃၅ ဦးထဲမွာ တရားမ၀င္ ေနထိုင္ေနၾကတဲ့ ျမန္မာႏုိင္ငံသား ၄ ဦးပါ၀င္ၿပီး ထိုင္း ၂၄ ဦးနဲ႔ လာအိုအမ်ိဳးသားေတြ ပါ၀င္သလို ဗီယက္နမ္ႏုိင္ငံသား ေမာ္ဒယ္သ႐ုပ္ေဆာင္တဦးပါ ပါ၀င္ေနတယ္လို႔ ဆိုပါတယ္။

ႏုိင္ငံျခားသား အမ်ိဳးသား ျပည့္တန္ဆာေတြဟာ တရား၀င္ဗီဇာနဲ႔ လာေရာက္ၿပီး တျခားအလုပ္ေတြကို လာေရာက္လုပ္ကိုင္ေနၾကတာကို စစ္ေဆးေတြ႔ရွိရတယ္လို႔လည္း ေျပာသြားပါတယ္။

ျပည့္တန္ဆာအျဖစ္ လုပ္ကိုင္ဖို႔အတြက္ ထိုင္းႏုိင္ငံမွာ တရား၀င္ခြင့္ျပဳထားတာ မရွိတာေၾကာင့္ ဖမ္းဆီးခံရသူေတြနဲ႔ ဒီလိုလုပ္ငန္း လုပ္ကိုင္ေနသူေတြကို တရားဥပေဒေၾကာင္းအရ အေရးယူသြားမွာျဖစ္ေၾကာင္း လ၀က အႀကီးအကဲ ဒုရဲခ်ဳပ္ စြန္ဖုန္းခ်င္ဒူ၀မ္က ေျပာဆုိသြားပါတယ္။

လ၀က သတင္းစာရွင္းလင္းပဲြအတြင္း ေယာက္်ားျပည့္တန္ဆာခန္းကို ၀င္ေရာက္ဖမ္းဆီးႏုိင္ဖို႔အတြက္ ရဲတပ္ဖြဲ႔၀င္ေတြဟာ ဧည့္သည္အျဖစ္ အသြင္ေဆာင္ လည္ပတ္ခဲ့တာပါ။ ေပ်ာ္ပါးဖို႔အတြက္ ေငြေခ်ၿပီးမွ အခန္းအျပင္က ေစာင့္ေနၾကတဲ့ တျခားရဲတပ္ဖြဲ႔ဝင္ေတြကို အခ်က္ေပးခဲ့တာလို႔ ဆိုပါတယ္။

အြန္လိုင္းကေန VIP အသင္း၀င္ထားသူေတြသာ အမ်ိဳးသားျပည့္တန္ဆာေတြကုိ ေပ်ာ္ပါးႏုိင္တဲ့ ကလပ္ကုိ လာတဲ့အခါမွာ အခေၾကးေငြႀကီးႀကီး ေပးရတယ္လို႔ ဆိုပါတယ္။

ေယာက်္ားျပည့္တန္ဆာေတြဟာ တနာရီကို ထိုင္းဘတ္ေငြ ၃၅၀၀ (ျမန္မာက်ပ္ေငြ တသိန္းခုႏွစ္ေသာင္းကေန ဘတ္ေငြ ၆၀၀၀ (က်ပ္သံုးသိန္း) အထိ ရရွိၾကတာပါ။ အမ်ားဆံုး ငွားရမ္းခံရသူေတြကေတာ့ တေန႔ ဘတ္ေငြ ၅၀၀၀၀ (ျမန္မာက်ပ္ေငြ ၂၅ သိန္းေလာက္) အထိ ၀င္ေငြရေနၾကေၾကာင္း ထိုင္းရဲတပ္ဖြဲ႔ စစ္ေဆးခ်က္ေတြမွာ ေဖာ္ျပထားပါတယ္။

လက္ရိွမွာေတာ့ ေယာက္်ားျပည့္တန္ဆာ ကလပ္ပိုင္ရွင္ ထိုင္းႏုိင္ငံသား ႏွစ္ဦးကိုလည္း ဖမ္းဆီး အေရးယူထားေၾကာင္း ထုိင္းအာဏာပုိင္ေတြက ေျပာဆုိခဲ့ပါတယ္။

---------------------------------

(Unicode)

မြန်မာအမျိုးသား ပြည့်တန်ဆာ ၄ ဦး ထိုင်းမှာဖမ်းမိ

ဘန်ကောက်မြို့က လိင်တူဆက်ဆံသူများ ပျော်ပါးနေတဲ့ နာမည်ကြီး ကလပ်တခုဖြစ်တဲ့ THE PRINCE အနှိပ်ခန်းကို ရဲက ဝင်ဖမ်းရာမှာ အမျိုးသား ပြည့်တန်ဆာအဖြစ် လုပ်ကိုင်နေတဲ့ မြန်မာလေးဦး အပါအဝင် အမျိုးသား ပြည့်တန်ဆာ ၃၅ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ် စွိုင်အာရီ ၄ လမ်းမှာ ဖွင့်ထားတဲ့ နာမည်ကြီး VIP ကလပ်ဖြစ်တဲ့ အနှိပ်ခန်းကို ရဲတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းတဲ့အချိန်မှာ အမျိုးသားတွေဟာ အပေါ်ပိုင်း အဝတ်ဗလာနဲ့ ဧည့်သည်တွေကို စောင့်နေကြတာတွေ့ခဲ့ရတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောခဲ့တာပါ။ ထိုင်းလူဝင်မှုကြီးကြပ်ရေး အကြီးအကဲ ဒုရဲချုပ် စွန်ဖုန်းချင်ဒူဝမ်က သတင်းစာရှင်းလင်းပွဲမှာ ထိုင်းဘာသာနဲ့ အခုလို ပြောဆိုသွားပါတယ်။

“ယောက်ျားပြည့်တန်ဆာခန်းဟာ မှတ်ပုံတင်တုန်းကတော့ သာမန်အနှိပ်ခန်းဆိုပြီး ဖွင့်ထားတာဖြစ်တယ်။ တကယ်တော့ အွန်လိုင်းကနေ နိုင်ငံခြားသားတွေက အသင်းဝင်ပြီး အဲဒီမှာလာပြီး ပျော်ပါးနေကြတာဖြစ်တယ်။ VIP ဧည့်သည်တွေဖြစ်တယ်။ မှတ်ပုံတင်ထားတာကတော့ ရိုးရိုးကျန်းမာရေးလုပ်တဲ့ Spa အဖြစ် ဖွင့်ထားတာဖြစ်တယ်။ အွန်လိုင်းကနေ လိင်တူဆက်ဆံချင်သူတွေဟာ ဒီနေရာမှာ ချိတ်ဆက်ပြီးမှ လာရောက်ပျော်ပါးကြတာဖြစ်တယ်။”

အခုဖမ်းဆီးခံရတဲ့ အမျိုးသား ၃၅ ဦးထဲမှာ တရားမဝင် နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသား ၄ ဦးပါဝင်ပြီး ထိုင်း ၂၄ ဦးနဲ့ လာအိုအမျိုးသားတွေ ပါဝင်သလို ဗီယက်နမ်နိုင်ငံသား မော်ဒယ်သရုပ်ဆောင်တဦးပါ ပါဝင်နေတယ်လို့ ဆိုပါတယ်။

နိုင်ငံခြားသား အမျိုးသား ပြည့်တန်ဆာတွေဟာ တရားဝင်ဗီဇာနဲ့ လာရောက်ပြီး တခြားအလုပ်တွေကို လာရောက်လုပ်ကိုင်နေကြတာကို စစ်ဆေးတွေ့ရှိရတယ်လို့လည်း ပြောသွားပါတယ်။
ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ဖို့အတွက် ထိုင်းနိုင်ငံမှာ တရားဝင်ခွင့်ပြုထားတာ မရှိတာကြောင့် ဖမ်းဆီးခံရသူတွေနဲ့ ဒီလိုလုပ်ငန်း လုပ်ကိုင်နေသူတွေကို တရားဥပဒေကြောင်းအရ အရေးယူသွားမှာဖြစ်ကြောင်း လဝက အကြီးအကဲ ဒုရဲချုပ် စွန်ဖုန်းချင်ဒူဝမ်က ပြောဆိုသွားပါတယ်။

လဝက သတင်းစာရှင်းလင်းပွဲအတွင်း ယောက်ျားပြည့်တန်ဆာခန်းကို ဝင်ရောက်ဖမ်းဆီးနိုင်ဖို့အတွက် ရဲတပ်ဖွဲ့ဝင်တွေဟာ ဧည့်သည်အဖြစ် အသွင်ဆောင် လည်ပတ်ခဲ့တာပါ။ ပျော်ပါးဖို့အတွက် ငွေချေပြီးမှ အခန်းအပြင်က စောင့်နေကြတဲ့ တခြားရဲတပ်ဖွဲ့ဝင်တွေကို အချက်ပေးခဲ့တာလို့ ဆိုပါတယ်။

အွန်လိုင်းကနေ VIP အသင်းဝင်ထားသူတွေသာ အမျိုးသားပြည့်တန်ဆာတွေကို ပျော်ပါးနိုင်တဲ့ ကလပ်ကို လာတဲ့အခါမှာ အခကြေးငွေကြီးကြီး ပေးရတယ်လို့ ဆိုပါတယ်။

ယောကျ်ားပြည့်တန်ဆာတွေဟာ တနာရီကို ထိုင်းဘတ်ငွေ ၃၅၀၀ (မြန်မာကျပ်ငွေ တသိန်းခုနှစ်သောင်းကနေ ဘတ်ငွေ ၆၀၀၀ (ကျပ်သုံးသိန်း) အထိ ရရှိကြတာပါ။ အများဆုံး ငှားရမ်းခံရသူတွေကတော့ တနေ့ ဘတ်ငွေ ၅၀၀၀၀ (မြန်မာကျပ်ငွေ ၂၅ သိန်းလောက်) အထိ ဝင်ငွေရနေကြကြောင်း ထိုင်းရဲတပ်ဖွဲ့ စစ်ဆေးချက်တွေမှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ ယောက်ျားပြည့်တန်ဆာ ကလပ်ပိုင်ရှင် ထိုင်းနိုင်ငံသား နှစ်ဦးကိုလည်း ဖမ်းဆီး အရေးယူထားကြောင်း ထိုင်းအာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။

မေအးေအးမာ/VOA Burmese
https://burmese.voanews.com
ျမန္မာအမ်ိဳးသား ျပည့္တန္ဆာ ၄ ဦး ထိုင္းမွာဖမ္းမိ ျမန္မာအမ်ိဳးသား ျပည့္တန္ဆာ ၄ ဦး ထိုင္းမွာဖမ္းမိ Reviewed by THITHTOOLWIN on 21:27 Rating: 5
Powered by Blogger.